ယမကာလုလင်နဲ့ အသပြာလုလင်ဆိုတာကတော့
အထူးမိတ်ဆက်ပေးဖို့မလိုတဲ့ စာအုပ်နှစ်အုပ်ပါ ။
ဆရာမင်းလူရဲ့ လက်ရာတွေထဲမှာ လူကြိုက်အများဆုံး စာအုပ်တွေထဲက နှစ်အုပ်ပါပဲ ။
ထူးခြားတာကတော့ စာပေအမျိုးအစားပါ ။ ဝတ္ထုလား၊ အက်ဆေးလား၊ ကိုယ်တွေ့ အတ္ထုပ္ပတ္တိလား၊ ဆောင်းပါးလား အစရှိတဲ့ ပုံသေတံဆိပ်ကပ်ဖို့ မလွယ်တဲ့ စာအုပ်တွေ ဖြစ်ပါတယ် ။
အဲ့ဒီအကြောင်းကိုလည်း ဆရာက အမှာစာထဲမှာ
သေချာရေးသားခဲ့ပါသေးတယ် ။ သေချာတာကတော့ ဆရာမင်းလူရဲ့ ထုံးစံအတိုင်း ကပ်သီးကပ်ဖဲ့ အတွေးလေးတွေ၊ တစိမ့်စိမ့်တွေးပြီး တခစ်ခစ်ရယ်ရတဲ့ အသော့အထေ့လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ စာအုပ်တွေပါပဲ။
#မင်းလူ
#အသပြာလုလင်
#ယမကာလုလင်

image