သာမန်အခြေအနေမှာ လူတွေက ကျွန်တော်တို့ကို အသိအမှတ် ပြုချင်မှ ပြုလိမ့်မယ် ။ လိုအပ်ချင်မှ လိုအပ်ပါလိမ့်မယ်။
ဒါပေမယ့် လူတွေ မထင်မှတ်လောက်အောင် ၊ မျက်ကွယ်ပြုလို့ မရလောက်အောင် ထူးချွန်နေတယ်ဆိုရင်တော့ ကျွန်တော်တို့ကို လူတွေဟာ အသိအမှတ်မပြုဘဲ မနေနိုင်တော့ပါဘူး ။ အဓိက က ကိုယ်က သူများနဲ့ မတူအောင် ထူးချွန်ထက်မြက်နေဖို့ပဲ လိုပါတယ် ။
အလုပ် နဲ့ ဝါသနာ ထပ်တူကျဖို့ထက် ကိုယ်ကသာ မျက်ကွယ်ပြုလို့မရတဲ့ ထူးချွန်မှုမျိုး ရှိနေမယ်ဆိုရင် အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ခွင့် ရကြမှာပါ ။
ဒီစာအုပ်ဟာ ဝါသနာနောက် လိုက်လုပ်မှ ပျော်မယ်ဆိုတဲ့ အတွေးကို ဆန့်ကျင်ထားပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေး ထူးချွန်ပြောင်မြောက်နေမယ်ဆိုရင် ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းတဲ့ အလုပ်အကိုင်တွေကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း အတွေးအမြင်သစ်တွေကို ဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ် ။
ဝါသနာထက် အရည်အချင်း နဲ့ စွမ်းဆောင်ရည်တို့ကသာ ကိုယ့်ဘဝအတွက် အရေးကြီးလှပါတယ် ။ ဒီစာအုပ်ဟာ ကိုယ် အရင်က လက်ခံထားတဲ့ အတွေးအမြင်တွေကို ဖောက်ထွက်ပြီး တမူထူးခြားတဲ့ အသိတွေကို ရရှိစေတဲ့စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။
တကယ်တော့ ဘဝမှာ ဘာမှအများကြီး မလိုပါဘူး ။ လူတွေ မျက်ကွယ်ပြုလို့ မရလောက်အောင် ထူးချွန်နေဖို့ပဲ လိုပါတယ် ။ ဒါကြောင့် လူတွေမျက်ကွယ်ပြုလို့ မရလောက်အောင် ထူးချွန်ပြလိုက်ပါ ။
