31 w - Translate

ချစ်ရသူတွေနဲ့ အတူတူနေထိုင်နိုင်ခွင့်ကိုလည်း
လူတိုင်းကို ရရှိစေချင်တယ်

မချစ်တဲ့သူတွေရဲ့ ဒဏ်ခတ်ခြင်းတွေမှလည်း
လူတိုင်းကို ကင်းဝေးစေချင်တယ်

ဒီနှစ်ခုသော လူသားအခွင့်အရေးကလေးကိုသော်မျှ
လူတိုင်းရရှိရန်မလွယ်ကူတဲ့ ကမ္ဘာကြီးရယ် ..

ဒီနှစ်ခုသော မျှော်လင့်ချက်နဲ့သာ
ဘ၀တိုက်ပွဲတွေကြား
ရုန်းကန်နစ်မြုပ်နေရတဲ့ လူတွေရယ် ..

လှပသောကမ္ဘာကြီးထဲ
ချစ်ခြင်းတရားဟာ
အရုပ်ဆိုးစွာ သူစိမ်းဆန်လွန်းနေလိုက်ပုံများ

ပင့်သက်ရှိုက်သံတွေဟာ အထပ်ထပ်
မငြိမ်းသောမီးလျှံတွေဟာ တလှပ်လှပ်

တသက်လုံး ဝေးမနေချင်တဲ့အတွက်ကြောင့်ပဲ
ဝေးသထက်ဝေးရာ ပြေးထွက်နေခဲ့ရတဲ့အဖြစ်တွေ ..

တသက်လုံး ပြေးမနေချင်တဲ့အတွက်ကြောင့်ပဲ
ရောက်တဲ့အရပ်မှာ ပျော်ချင်‌ယောင်ဆောင်လိုက်ရတဲ့အဖြစ်တွေ ..

အမှောင်ညတွေဟာ
ရှည်လျားလွန်းလှပါကလားကွယ် ... ။

image
31 w - Translate

ဘဝမှာ …
လူတစ်ယောက်ရဲ့ အနာကျင်ရဆုံး
အချိန်ကို ပြောပါဆို

ကိုယ် သံယောဇဉ်ဖြစ်မိတဲ့လူတွေကို
ဆုံးရူံးလိုက်ရတဲ့အချိန်နဲ့ ..!!

သံယောဇဉ်ဖြတ်ရတဲ့ အချိန်ပါပဲ။ ။

image
31 w - Translate - Youtube

မြန်မာ့ကောဇာနှစ်သစ် ၁၃၈၆ခုနှစ် တစ်နှစ်တာ ကံကြမ္မာ >>
##ဆရာကြီးဦးကောင်းစံလင်း ဟောပြောထားတဲ့ မြန်မာ့ကောဇာနှစ်သစ် ၁၃၈၆ခုနှစ် တစ်နှစ်တာ ကံကြမ္မာ အပြည့်အစုံ Videoကို ဗျို့ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
##ဆရာကြီးဦးကောင်းစံလင်း

31 w - Translate - Youtube

ပြိဿရာသီဖွားအတွက် (၁၈.၄.၂၀၂၄ မှ ၂၄.၄.၂၀၂၄) အထိ ဟောစာတမ်း
ဧပြီ ၂၁ မှ မေ ၂၁ အတွင်း မွေးဖွားသူတွေဟာ ပြိဿရာသီဖွား ဖြစ်ပါတယ်။
##ဆရာကောင်းစံလင်း

31 w - Translate

သင့်ဘဝရဲ့အခရာ

CoCa Cola ရဲ့ CEO ဟောင်း Mr Bryan Dyson ကပြောဖူးပါတယ်။

“ ဘောလုံးငါးလုံးကို လေပေါ်ပစ်တင်ပြီး ဖမ်းထိန်းလိုက် ပြန်မြှောက်လိုက်လုပ်ရတဲ့ ကစားနည်းတစ်ခုကို စိတ်ကူးယဉ်ကြည့်စမ်းပါ။ အဲဒီဘောလုံးငါးလုံးကို အလုပ်၊ မိသားစု၊ ကျန်းမာရေး ၊ သူငယ်ချင်းနဲ့ စိတ်ဝိညာည်လို့ သဘောထားကြမယ်။

သင်ကစားနေရင်းနဲ့ အလုပ်ဆိုတာဟာ ရာဘာဘောလုံးလိုပဲဆိုတာကို နားလည်လာလိမ့်မယ်။ ပြုတ်ကျသွားလည်း ပြန်ကန်တက်လာမှာပဲ။

ဒါပေမဲ့ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေသူငယ်ချင်းနဲ့ စိတ်ဝိညာည် ဆိုတာတွေက ဖန်ဘောလုံးတွေနဲ့ တူတယ်။ တစ်ခါလွတ်ကျသွားရင် ကွဲသွားတာဖြစ်ရင်ဖြစ်မယ် အက်သွားတာလည်းဖြစ်ရင်ဖြစ်မယ် ပွန်းပဲ့တာမျိုး လုံးဝကြေမွသွားတာမျိုးလည်း ဖြစ်သွားနိုင်တယ်။

သေချာတာက ဘယ်တော့မှ အကောင်းအတိုင်းပြန်ရတာမျိုး မဖြစ်နိုင်တော့ဘူး။ ဒါကို သေသေချာချာနားလည်ပြီး ဂရုစိုက်ထိန်းသိမ်းနိုင်ဖို့ကြိုးစားပါ။

အလုပ်ချိန်မှာ အလုပ်ကိုအာရုံစိုက်ပြီး အချိန်မီပြီးအောင်လုပ်ပါ။ ကျန်တဲ့အချိန်မှာတော့ ဘဝအတွက် အရေးကြီးတဲ့အရာတွေဖြစ်တဲ့ မိသားစု၊ မိတ်ဆွေ၊ သင့်ကျန်းမာရေး နဲ့ စိတ်ချမ်းသာမှု အတွက်အချိန်ပေးပါ” တဲ့။

ဟုတ်ပါတယ်။ ငယ်ရွယ်တုန်းအချိန်မှာ အလုပ်ဆိုတာကိုပဲ အာရုံစိုက်ပြီး တခြားသောအရာတွေကို မေ့လျော့ထားတတ်လာကြတယ်။ ကိုယ့်ကိုငံ့လင့်နေတဲ့ နှလုံးသားတချို့ကိုလည်း မမြင်တတ်တော့ဘူး။

တခါတလေများ အလုပ်ကအဆင်မပြေမှုတွေအတွက် ကိုယ်နဲ့အနီးဆုံးလူတွေ ကိုယ့်ကိုမေတ္တာစစ်ပေးနေသူတွေအပေါ် နာကျင်စေတတ်ကြသေးတယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်း အစစ်အမှန်တွေနဲ့ ဝေးလာ အထီးကျန်လာတတ်ပါတယ်။

အလုပ်မှအလုပ် အအိပ်အစားမမှန်လုပ်နေတဲ့အခါ ကိုယ့်ကျန်းမာရေးကိုပါ ရင်းနေရတယ်ဆိုတာလည်း သိသင့်ပါတယ်။ ကိုယ်လည်းသတိပြုမိလာရော ခန္ဓာကိုယ်ကြီးက ကိုယ့်အလိုမလိုက်တော့ဘူး။ ချည့်နဲ့လာတဲ့အခါ ချစ်လှပါချည်ဆိုတဲ့အလုပ်က ကိုယ့်ကိုမချစ်တော့ဘူး။

တကယ်တော့ ဘဝကတိုတိုလေးပါ။ ဘယ်အချိန်ဘယ်ပုံနဲ့ုသေရမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

ဒါကိုလည်း အားလုံးက သိကြပြီးသားပါ။

ကိုယ်ရှင်သန်နေရတုန်း တစ်နေ့တစ်ရက်လေးမှာ အလုပ်နဲ့ စစ်မှန်သောချစ်ခြင်းတရားတွေကို ဘယ်လို Balance မျှအောင် ထိန်းသိမ်းကြမလဲ။ ဒီလို ထိန်းညှိတတ်မှလည်း ပျော်ရွှင်အောင်မြင်တဲ့ဘဝဆိုတဲ့ အနှစ်သာရကို ခံစားမိသူဖြစ်နိုင်မှာပါဆိုတာမျှဝေရင်း…။

အခရာပရိသတ်ကြီးလည်း ကိုယ့်ဘဝအတွက် အခရာကျတဲ့အရာကဘာလဲဆိုတာကို သဘောပေါက်သိရှိပြီး တန်ဖိုးထားနိုင်ကြပါစေ။

image
31 w - Translate

Vape တွေက လူငယ်တွေ အထာကျဖို့ တစ်ခုတည်းအတွက် လက်တည့်စမ်းသင့်တဲ့အရာလား?

ပုံမှန်​ဆေးလိပ်​သောက်တာထက် Safeဖြစ်တယ်ဆိုတာ​ရော ဟုတ်လား?

အခုခေတ်မှာဆိုရင် Vape သောက်တာက လူငယ်တွေကြားထဲမှာအများဆုံး​တွေ့ရပြီး အထူးအဆန်းမဟုတ်​တော့သလို မ​သောက်သုံးတာကမှ ထူးဆန်းသည်အထိ ရေပန်းစားလာပါတယ်။

အနံ့ မျိုးစုံနဲ့ ဆွဲဆောင်နေတဲ့အတွက် Vape ကိုအသုံးပြုတဲ့သူတွေက 2015 နှစ်​နောက်ပိုင်းတွေထဲမှာ ပိုပြီးသိသိသာသာတိုးလာပါတယ်။ လူငယ်တွေကြားမှာ ပုံမှန်ဆေးလိပ်ထက် Vape ကိုသုံးစွဲတဲ့သူပိုများပြီး Vape ကိုသုံးစွဲတဲ့သူတွေကလည်း လူကြီးတွေထက်စာရင် လူငယ်တွေကပိုပြီးများပါတယ်။

လေ့လာမှု​​တွေအရ Vape ​တွေက အထူးသဖြင့် လူငယ်များကို ဆွဲဆောင်နိုင်တဲ့ အကြောင်းရင်း က​တော့ Vape ဟာဆေးလိပ်သောက်ခြင်းထက် အန္တရာယ်နည်းပါးသည်ဟု ယုံကြည်​နေကြခြင်းပဲဖြစ်ပါတယ်။ ပုံမှန်​ဆေးလိပ်အစားထိုး​သောက်ကြတဲ့သူ​တွေရှိသလို၊​သောက်ချင်လို့​သောက်တဲ့သူ၊အထာကျချင်လို့​သောက်တဲ့သူ​တွေ ​လည်းရှိပါတယ်။

Vape နှင့် ဆေးလိပ်သောက်ခြင်း နှစ်ခုစလုံးကတော့ အဆုတ်ထဲသို့ နီကိုတင်းနှင့် အခြားအရာများကို ရှူရှိုက်ရတာခြင်းက​တော့ အတူတူပါပဲ။

စိုးရိမ်စရာတစ်ခုက​တော့ ​ဆေးလိပ်​တောင် မ​​သောက်ဖူးတဲ့လူငယ်​လေး​တွေ​တောင် Vape ကို​ရွေးချယ်​နေကြတာကို​တွေ့ရပါတယ်။

ဒီ​တော့ လက်တည့်မစမ်းခင်မှာ Vape ​သောက်ခြင်းရဲ့ ​နောက်ဆက်တွဲ အရာတွေကို သိထား​စေရန်အတွက် ရည်ရွယ်ပြီး ​ပြောပြပေးချင်ပါတယ်။

(၁) Vape​ သောက်ခြင်းက ဆေးလိပ်သောက်ခြင်းထက် အန္တရာယ်နည်းသော်လည်း safe မဖြစ်သေးပါ

Vape တွေက နီကိုတင်း (ဆေးရွက်ကြီးမှ ထုတ်ယူထားသော)၊ အနံ့အရသာနှင့် ဓာတုပစ္စည်းများပါဝင်ပါတယ်။

ပုံမှန်စီးကရက်များတွင် ဓာတုပစ္စည်း 7,000 ပါဝင်ပြီး အများစုမှာ အဆိပ်ဖြစ်စေသည်။
2021 ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော The Johns Hopkins University မှ သုတေသနပြုချက်အရ vape ထုတ်ကုန်များတွင် ဓာတုပါဝင်ပစ္စည်းများ ထောင်ပေါင်းများစွာကို တွေ့ရှိခဲ့ပြီး အများစုမှာ နာမည်ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ပစ္စည်း​တွေ​တောင်ပါဝင်​ကြောင်း​ပြောထားပါတယ်။

အဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့သော ကဖိန်းဓာတ် အပါအဝင် အန္တရာယ်ဖြစ်နိုင်ချေရှိသော အရာများ၊ Vape များတွင် ယခင်က မတွေ့ဖူးသော ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများပါဝင်​နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ယားယံမှုတို့နှင့် ဆက်စပ်နေသော အနံ့အရသာနှစ်​တွေလည်းပါဝင်ကြောင်း​ပြောထားပါတယ်။

ဓါတု​ဗေဒပစ္စည်း​တွေပါဝင်​နေခြင်းအတူတူ Vape ​သောက်တာကပိုပြီးSafe ဖြစ်တယ်ဆိုတဲ့စကားကလည်း ယုံတမ်းစကားတစ်ခွန်းသာဖြစ်ပါတယ်။
နောက်ထပ် vaping နှင့်ဆက်စပ်သောအဆုတ်​ရောဂါနှင့်သေဆုံးမှု​တွေကလည်းရှိ​နေပါ​သေးတယ်။

2020 ခုနှစ် ဖေဖော်ဝါရီလတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ Vape အသုံးပြုမှုနှင့်ဆက်စပ်သည့် အဆုတ်ဒဏ်ရာ (EVALI) ဖြစ်ပွားမှု 2,807 မှုရှိပြီး အဆိုပါအခြေအနေကြောင့် သေဆုံးသူ 68 ဦးကိုလည်း အတည်ပြုခဲ့ပါတယ်။

(၂) သုတေသနပြုချက်အရ Vape ​သောက်ခြင်းကလည်း နှလုံးနှင့် အဆုတ်အတွက် မကောင်းပါ

နီကိုတင်းက ပုံမှန်စီးကရက်နှင့် Vape များတွင် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး လူကိုအလွန်စွဲလမ်း​စေပါတယ်။ နီကိုတင်းသည် အဆိပ်အတောက်ဖြစ်စေသော အရာဖြစ်ပြီး
နာတာရှည် အဆုတ်ရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါနဲ့ ချိတ်ဆက်မှုတွေအပြင် အီး-စီးကရက် သွေးပေါင်ချိန်ကို မြင့်တက်စော နှလုံးခုန်နှုန်းနှင့် နှလုံးဖောက်ပြန်နိုင်ခြေကို တိုးစေသည့် adrenaline ပမာဏ ကို တိုးစေပါတယ်။

(၃) Vape က ဆေးလိပ်သောက်ခြင်းထက် safe မဖြစ်ပါ

Vaping နှင့် ဆေးလိပ်သောက်ခြင်း နှစ်မျိုးလုံးသည် စွဲလမ်းစေပြီး အန္တရာယ်ရှိနိုင်သော ဓာတုပစ္စည်းများကို သင့်ခန္ဓာကိုယ်ထဲသို့ ယူဆောင်လာပါတယ်။

Vape သောက်လိုက်တဲ့အခါ ဓာတုပစ္စည်းတွေ အများအပြားဟာ ခန္ဓာကိုယ်ထဲကို ​ရောက်လာပြီးကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒီ​တော့ ဆေးလိပ်ဖြတ်ဖို့အတွက် Vape အစားထိုးခြင်းက​ ကောင်းမွန်တဲ့​ရွေးချယ်မှု​တစ်ခု​တော့မဟုတ်သလို Vape သောက်ခြင်းဟာလည်း ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါတယ်။

image
31 w - Translate

သင့်ကိုယ်သင် ဦးဆောင်သူအမျိုးသမီးအဖြစ်ခံယူထားရင် ဒီအချက်တွေသိဖို့လိုတယ်

၂၁ရာစုထဲမှာ ခေါင်းဆောင်နေရာဟာ အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ အရည်အချင်းရှိတဲ့လူတိုင်း ဦးဆောင်နိုင်တဲ့လူတိုင်းအတွက်ဆိုတာ သိလာကြတဲ့နောက် အမျိုးသမီးတွေဟာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လာကြပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေမှာ သွေးရင်သွေးသလောက် တောက်ပလာမယ့် အခွင့်အရေးရှိကြတဲ့အတွက် တစ်ချို့နယ်ပယ်တွေမှာဆိုရင် အမျိုးသမီးတွေက ခေါင်းဆောင်နေရာ ကို ယူထားနိုင်ကြပါပြီ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ အဲဒီလိုထူးချွန်ထက်မြက်ပြီး ခေါင်းဆောင်နေရာရောက်ဖို့ဆိုတာ တော်ရုံကြိုးစားမှုမျိုး၊ ပြင်ဆင်မှုမျိုးနဲ့တော့မရပါဘူး။

အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့်ပဲ လိုအပ်ချက်တွေကို သူများထက်ပိုပြီးပြင်ဆင်ဖို့လိုပါတယ်။ တကယ်လို့ သင့်ကိုယ်သင် အဲဒီလိုလုပ်ငန်းနယ်ပယ်တစ်ခုခုမှာပဲဖြစ်ဖြစ် အရာရာမှာဦးဆောင်နေရတဲ့ အမျိုးသမီးဘော့စ်တစ်ယောက်အဖြစ်ခံယူထားတယ်ဆိုရင်တော့ ဒီလိုပြင်ဆင်မှုတွေရှိဖို့လိုပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့လိုတယ်

သင်ဟာ ဦးဆောင်သူဖြစ်တဲ့အတွက် သူများတွေအတွက် စံနမူဖြစ်နေတော့မှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားမှ သူများကလည်း သင့်ကိုလေးစားတန်ဖိုးထားမှာပါ။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေရမယ်၊ ဂရုစိုက်ရမယ်၊ ကိုယ်လုပ်လိုက်တဲ့အပြုအမူကို အများကစောင့်ကြည့်နေတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမယ့် အလုပ်မျိုးကိုမလုပ်မိဖို့ သတိထားတာက သင့်ကိုယ်သင်ချစ်ရာရောက်စေပါတယ်။

(၂) ကျန်းမာရေးလိုက်စားဖို့လိုတယ်

ကမ္ဘာကျော်စီးပွါးရေးလုပ်ငန်းရှင်တွေ၊ နာမည်ကျော်မင်းသားမင်းသမီးတွေ ဘာကြောင့် ကျန်းမာရေးကို တစ်ခုတ်တရလုပ်ပြီး လိုက်စားကြတယ်လို့သင်ထင်ပါသလဲ။ သူတို့ဟာ အလုပ်ကြိုးစားသူတွေ၊ ထူးချွန်ထက်မြက်သူတွေဖြစ်တဲ့အတွက် အမြဲကျန်းမာဖို့လိုပါတယ်။ ကျန်းမာမှ အလုပ်တွေပိုလုပ်နိုင်ပြီး သူတို့ရဲ့လုပ်ငန်းကို အမြဲမပြတ်စောင့်ကြည့်ထိန်းကျောင်းနိုင်မှာပါ။ ဥပမာ သင်ကကုမ္ပဏီကြီးတစ်ခုကိုဦးဆောင်နေရ တဲ့သူဆိုပါတော့ သင်ခဏခဏနေမကောင်းဖြစ်နေရင် သင့်ကုမ္ပဏီကိုသွားနိုင်မှာမဟုတ်သလို သင့်ရဲ့ဝန်ထမ်းတွေနဲ့လည်း ချိတ်ဆက်မိမှာမဟုတ်ပါဘူး။ ဘယ်လောက်ယုံကြည်စိတ်ချရပြီး လွှဲထားလို့ရတဲ့လူယုံပဲဖြစ်ပါစေ အဲဒီလူယုံဟာ သင်ကိုယ်တိုင်မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။

ဒါကြောင့် သင့်ကိုယ်သင် ဦးဆောင်သူ အမျိုးသမီးတစ်ယောက်လို့ခံယူထားတယ်ဆိုရင် ဘယ်လောက်အလုပ်များများ တစ်နေ့ကို တစ်နာရီခန့်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားအားကစားလုပ်သင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေလည်းစားဖို့မမေ့ပါနဲ့။

(၃) ဖက်ရှင်ပိုင်းမှာရင်းနှီးမြှုပ်နှံဖို့လိုတယ်

အမျိုးသမီးဖြစ်တဲ့အတွက် အလှအပနဲ့ဖက်ရှင်ကလည်း ချန်လှပ်ထားလို့မရပါဘူး။ သင်ဟာ သာမန်လူမဟုတ်ဘဲ ဦးဆောင်နေရတဲ့သူဖြစ်တဲ့အတွက် သင့်ရဲ့ဝတ်စားဆင်ယင်မှု၊ ဖက်ရှင်တို့ကလည်း သာမန်လူနဲ့တူလို့မရပါဘူး။ ဥပမာသင်ဟာ အစည်းအဝေးကို ပေ့ါပေါ့ပါးပါးတီရှပ်၊ ဘောင်းဘီနဲ့လာတာမသင့်တော်သလို သင့်ရဲ့ရာထူးဂုဏ်ပုဒ်ကို ထိခိုက်စေမယ့် ဝတ်စားဆင်ယင်မှုမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒါကြောင့် ဈေးကြီးပေးရတဲ့ ဝတ်စုံဝတ်သင့်တဲ့နေရာမှာ မနှမြောသင့်သလို နေရာဒေသအလိုက် လိုက်ဖက်ညီမှုရှိပြီး သင့်ရဲ့ရာထူးဂုဏ်ပုဒ်ကိုပေါ်လွင်စေမယ့် ဖက်ရှင်မျိုးဖြစ်ဖို့ အရေးကြီးပါတယ်။

(၄) စာဖတ်ဖို့လိုတယ်
အောင်မြင်တဲ့လုပ်ငန်ရှင်အများစုက သူတို့ရဲ့အားလပ်ချိန်တွေကို စာဖတ်ခြင်းနဲ့ပဲ အချိန်ကုန်လေ့ရှိပါတယ်။ စိတ်ခွန်အားဖြည့်စာတွေဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်အားတင်းတယ်၊ အလုပ်နဲ့ဆိုင်တဲ့ ဗဟုသုတတွေရှာပြီး အလုပ်မှာအကျိုးရှိအောင် ပြန်ပြီးအသုံးချတယ်။ ရသစာပေတွေဖတ်တယ် စိတ်နှလုံးလှအောင်၊ သမာဓိအားကောင်းအောင်ကြိုးစားကြတယ်။ ဦးဆောင်သူတွေဟာ သူများထက် အစစအရာရာသာပြီး စံနမူနာဖြစ်ဖို့လိုပါတယ်။

သင်ဟာအမျိုးသမီး ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြဿနာတွေကို ပါးပါးနပ်နပ်ချဉ်းကပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့လိုသလို အမျိုးသမီးဖြစ်လို့ သွေးတိုးစမ်းချင်တဲ့လူတွေကိုလည်း စိတ်သမာဓိအားကောင်းကောင်းနဲ့ ပြန်လည်တုန့်ပြန်နိုင်ဖို့လိုပါတယ်။ ဒီလိုခွန်အားတွေကို အကျိုးရှိတဲ့စာပေတွေကနေ ရယူရမှာဖြစ်ပါတယ်။

(၅) ရည်မှန်းချက်ပန်းတိုင်ရှိဖို့လိုတယ်

ဦးဆောင်သူတစ်ယောက်ဖြစ်ပြီဆိုတာနဲ့ သင့်မှာတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိဖို့လိုပါတယ်။ ဒါမှကိစ္စတိုင်းကို အစီအစဉ်တကျ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မှာပါ။ ရည်မှန်းချက်ပန်းတိုင်ထားပြီးပြီဆိုရင်တော့ အသေးစိတ်ကအစ ပြင်ဆင်ဖို့လည်းမမေ့ပါနဲ့။ ဥပမာ နေ့စဉ်မှတ်တမ်းပြုစုပြီး တစ်နေ့တာ သင့်ရဲ့လုပ်ဆောင်ချက်တွေရဲ့ ရလဒ်တွေကိုတိုင်းတာတာမျိုး၊ လအလိုက် နှစ်အလိုက် Target ထားပြီး လုပ်တာမျိုးတွေက သင့်ကို စမတ်ကျတဲ့ အမျိုးသမီး ဦးဆောင်သူတစ်ယောက်အဖြစ် အမြဲတမ်းပုံဖော်ပေးနေပါလိမ့်မယ်။

စာဖတ်ပရိသတ်တွေအတွက် အခုဖော်ပြပေးခဲ့အချက်တွေဟာ ဒီတိုင်းဖတ်ကြည့်ရင်တော့ မှန်တင်ခုံပေါ်အလှကြည့်ဖို့ တင်ထားတဲ့အလှကုန်ပစ္စည်းတွေလိုဖြစ်နေမှာဖြစ်ပြီး ကိုယ်တိုင်ပြင်ကြည့်တော့မှ မှန်ထဲမှာ လှပတဲ့သွင်ပြင်ကို မြင်ရသလိုမျိုး ဒီအချက်တွေကိုလည်း လက်တွေ့အသုံးချကြည့်မှ သင့်ကိုယ်တိုင် စမတ်ကျတဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

image
31 w - Translate

လူလုပ်တဲ့ အမှိုက်တွေကြောင့် ဧဝရက်တောင်ပါ ရှုပ်ပွလာရ

ဧဝရက်တောင်ဟာ လူသူအရောက်အပေါက်နည်းလို့ အမှိုက်နည်းလိမ့်မယ်လို့ ထင်နေတယ်ဆိုရင် ကျွန်တော်တို့ ထင်မြင်ချက် မှားသွားခဲ့ပါပြီ။ ဧဝရက်တောင်ဟာလည်း သူ့အတိုင်းအတာနဲ့ သူ အမှိုက်တွေ ပွရှုပ်နေခဲ့ပြီ ဖြစ်ပါတယ်။
ဧဝရက်တောင်ပေါ်ကို ဆယ်စုနှစ်ပေါင်းအများကြီး ချီပြီး တက်ရောက်ခဲ့တဲ့ တောင်တက်သမားတွေရဲ့ အမှိုက်တွေဟာ တစ်စထက် တစ်စပိုများလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို အမှိုက်တွေကို ကိုယ့်စရိတ်ကိုယ်စားပြီး Volunteer လုပ် အမှိုက်ကောက်ပေးတဲ့ အဖွဲ့တွေဟာလည်း ရှိနေပါတယ်။ သူတို့ဟာ အမှိုက်ကောက်ဖို့ လုပ်ထားတဲ့ အစီအစဉ်ရဲ့ ရှေ့နှစ်ပတ်အတွင်းမှာပဲ အမှိုက်ပမာဏ မက်ထရစ်တန် ၃ တန် (၆,၆၁၃ ပေါင်) လောက် ကောက်နိုင်ခဲ့ပါတယ်။ ဒီလို အမှိုက်ကောက်တဲ့ လုပ်ငန်းကို လူပေါင်း ၁၄ ဦးပါတဲ့ အဖွဲ့နဲ့ လုပ်ခဲ့တာ ဖြစ်ပြီး ရက်ပေါင်း ၄၅ ရက်အတွင်း အမှိုက်မက်ထရစ်တန် ၁၀ တန် ကောက်မယ်လို့ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

ဧဝရက်တောင် ရှင်းလင်းရေးအစီအစဉ်မှာ စည်သွပ်ဘူးခွံတွေ၊ ပလပ်စတစ်ပစ္စည်းတွေနဲ့ တောင်တက်ရာမှာ သုံးတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ စစ်တပ်သုံးရဟတ်ယာဉ်တစ်စီးဟာလည်း ဒီလို အမှိုက်ကောက်တဲ့နေရာမှာ ကူညီပေးခဲ့ပြီး အဖွဲ့ဟာ အမှိုက်များများပိုကောက်နိုင်ဖို့အတွက် နောက်ထပ်မြင့်တဲ့ စခန်းတွေကို တက်ဖို့ ရည်ရွယ်ထားကြပါတယ်။

အမှိုက်ကောက်ရင်းနဲ့ တွေ့တာကတော့ တောင်တက်ရင်းနဲ့ တိမ်းပါးသွားခဲ့တဲ့ သူတွေရဲ့ ရုပ်အလောင်းတွေ ဖြစ်ပါတယ်။ နီပေါ အစိုးရနဲ့ ဒေသခံအဖွဲ့အစည်းတွေဟာ တောင်ပေါ်က အမှိုက်ပြဿနာကို ဖြေရှင်းထိန်းချုပ်ဖို့ ရင်ဆိုင်နေကြရပြီး တကမ္ဘာလုံးက တောင်တက်သမားတွေကလည်း ရာသီချိန်တိုင်း ဧဝရက်တောင်ကို တက်ဖို့ လာကြိုးစားနေကြလို့ပဲ ဖြစ်ပါတယ်။

ဒီလို အမှိုက်တွေကို ထိန်းချုပ်ဖို့ လုပ်တဲ့အထဲမှာ ၂၀၁၄ ခုနှစ်မှာ တောင်တက်သမားတွေကို Deposit ကောက်တဲ့ စနစ်လည်း ပါဝင်ပါတယ်။ တောင်ပေါ်ကပြန်ဆင်းလို့ အမှိုက် ၈ ကီလိုဂရမ်ပြန်သယ်လာခဲ့ရင် Deposit ပြန်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။

အမှိုက်ကောက်တဲ့ အဖွဲ့အတွက် အမှိုက်ပြီးတော့ နောက်ထပ်ပြဿနာရှိတာက ရာသီဥတု ပြောင်းလဲမှုပါပဲ၊ တောင်ပေါ်မှာ ရှိတဲ့ ရေခဲတွေဟာ အရည်ပျော်တာ မြန်တဲ့အတွက် နှင်းဖုံးနေတဲ့ ရုပ်အလောင်းတွေ တစ်ဦးပြီး တစ်ဦးပေါ်လာတာကိုလည်း ကြုံတွေ့နေရပါတယ်။

၁၉၂၂ ခုနှစ်တည်းကဆိုရင် တောင်တက်သမား ၂၀၀ ကျော်လောက် ဧဝရက်တောင် တက်ရင်း အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမှာ ရုပ်အလောင်းပြန်သယ်နိုင်တဲ့သူတွေက သယ်သွားပြီး ရုပ်အလောင်းအများစုကတော့ နှင်းဖုံးပြီး ကျန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမှိုက်ကောက်တဲ့ အဖွဲ့တွေဟာ အမှိုက်ပြဿနာအပြင် ရုပ်အလောင်းတွေကိုပါ ပြန်သယ်ဖို့ ပြဿနာ ကြုံနေရတာ ဖြစ်ပါတယ်။

အမှိုက်ပြဿနာတွေဟာ ကျွန်တော်တို့ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာတင်မဟုတ်ဘဲ ဧဝရက်တောင်လို နေရာမျိုးထိ ရိုက်ခတ်လာပြီဖြစ်တဲ့အတွက် ကိုယ့်ကြောင့် ပတ်ဝန်းကျင်မထိခိုက်အောင် သတိထားရတော့မှာ ဖြစ်ပါတယ်။

အခရာမိတ်ဆွေများလည်း ခရီးသွားလာဖို့ ကြုံတဲ့အခါ ကိုယ်သွားတဲ့ နေရာမှာ အမှိုက်များမဖွခဲ့ဖို့ မေတ္တာရပ်ခံချင်ပါတယ်။

image
31 w - Translate

ဘူဖေး ဘယ်ကဆင်းသက်လာသလဲ

ဘူဖေးစားတာက ဆွီဒင်လူမျိုးတွေကနေ ဆင်းသက်လာတာပါ။ အစကတော့ပေါင်မုန့်၊ ချိစ်နဲ့ အသားတွေကို သွားရေစာအနေနဲ့ တည်ခင်းရာကနေ ၁၉၁၂ ခုနစ်မှာတော့ ဒီစနစ်ကို စတော့ဟုမ်း အိုလံပစ်ပွဲတော်ကြီးမှာ စတင် အသုံးချပါတယ်။ အဲဒီမှာတော့ သွားရေစာတင်မကတော့ဘဲ နေ့လယ်စာလို အဓိကအစားအစာကြီးတွေအတွက်ပါ ပြင်ဆင်လာကြတာပါ။

ဘူဖေးအလေ့အထ

အခုနောက်ပိုင်း ဘူဖေးတည်ခင်းရတာက တချို့ဆိုင်တွေအတွက်တော့ အရှုံးပိုများတယ်လို့ဆိုပါတယ်။ အစားအသောက်အများကြီးကို တည်ခင်းရတယ်။ ချက်ပြုတ်ထားတဲ့ အစားအစာတွေက ဆုံးရှူံးမှုပိုများပါတယ်။ အားသာတာကတော့ အစားအသောက်ခင်းကျင်းဖို့ စားပွဲထိုးအများကြီး မလိုတော့ဘူး။ Customer တွေက သူကိုယ်တိုင် အစားအသောက်တွေကို ကြိုက်သလောက် ကြိုက်သလိုယူစားနိုင်ပါတယ်။ တချို့နေရာတွေဆို ကိုယ်တိုင်ချက်ပြုတ်နိုင်ပါသေးတယ်။

လျှို့ဝှက်ချက်များ

-တခါတလေမှာ ဈေးပေါတဲ့ အသီးအရွက် အသားတွေနဲ့ တည်ခင်းထားကြတာမို့ ဘူဖေးဆိုတိုင်းလည်း ကောင်းချင်မှကောင်းနိုင်မယ်။

-တကယ်တော့ ဗိုက်အရမ်းဆာနေချိန်မှာ သူတို့ကျွေးတာတွေက Carbohydrate မြင့်မားပြီး ဈေးသက်သာတဲ့ အစားအသောက်တွေပါ။ ဗိုက်ဆာနေချိန်မှာ မျက်စိရှေ့မှာမြင်ရတဲ့ အစားအသောက်တွေကို အကောင်းအဆိုးမခွဲခြားနိုင်ဘဲ စားမိမှာပါပဲ။ တရုတ်စာကျွေးတဲ့အချိန်ဆို ခေါက်ဆွဲကြော် ထမင်းကြော်လိုမျိုးကို အခြားအရာတွေထက် ပမာဏအများကြီးတည်ခင်းသလို အာလူးကြော် အာလူးထောင်းတွေဆို ဇွန်းအကြီးကြီးတွေတပ်ထားကြတာကိုတွေ့ရမှာပါ။

-ဘူဖေးတည်ခင်းရာမှာ ပန်းကန်ခပ်သေးသေး ဟင်းချိုပန်းကန်လုံးခပ်သေးသေးတွေကိုသာ သုံးပါတယ်။

-ဈေးကြီးတဲ့ အစားအသောက်တွေဘေးမှာဆို ဈေးပေါတဲ့ အစားအစာတွေဝန်းရံထားတာ တွေ့ရမှာပါ။ ဒါက ဈေးကြီးတာတွေကို များများမယူမိစေဖို့ပါ။

-ဇွန်းတွေ ခက်ရင်းတွေရှာရခက်ပြီး တူလေးတွေပဲထားကြတာက အစားအစာကိုဖြည်းဖြည်းစားစေဖို့ ပြုလုပ်ထားတာပါ။

-ဘူဖေးစားမယ်ဆိုရင် All You Can Eat လို့ဆိုရမှာထက် All You Care To Eat လို့ဆိုရမှာပါ။ ဘာလို့လဲဆို ဆိုရင် အများကြီးတွေ့တိုင်း စားခွင့်ရှိတိုင်းစွတ်စားမိတဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တာတွေ အစားများပြီး သင့်ရဲ့ Diet ကို ထိခိုက်စေလို့ပါ။

-ဘူဖေးစားတတ်သူတော်တော်များများကို မေးကြည့်တဲ့အခါ သူတို့ခံစားမှုတွေက ကျေနပ်တယ် အဆင်ပြေတယ်ဆိုတာထက် မအီမသာဖြစ်မှုတွေ အလေးချိန်တိုးလာမှုတွေကိုကြုံရပြီး နောင်တရမိတယ်လို့ ပြောဆိုသူက ပိုများပါတယ်တဲ့။

image
31 w - Translate

အမျိုးသားတွေက ဘာလို့ မမတွေကို ပိုသဘောကျကြတာလဲ

အမျိုးသားတော်တော်များများရဲ့ စိတ်ကူးအိပ်မက်ထဲမှာ ကြိတ်သဘောကျရတဲ့ မမတစ်ယောက်ရှိမယ်ဆိုရင် မငြင်းပါနဲ့။

မမတွေကို မောင်လေးတွေ ဘာလို့ စွဲလမ်းရပါသလဲ။ အတွေ့အကြုံများလို့၊ အသိကြွယ်လို့ ဆိုတာထက်ပိုတဲ့ မမတွေရဲ့ တခြားတန်ဖိုးတွေ ရှိနေပါသေးတယ်။

ဒါတွေကတော့ မမတွေဟာ သူတို့ ဘာလိုချင်လဲဆိုတာ သေချာသိပါတယ်။ ညီမလေးတွေလို ဟိုဟာ ဖြစ်ချင်သလို ၊ ဒီဟာ ဖြစ်ချင်သလို မဟုတ်ဘဲ မမတွေမှာ ပြတ်သားတဲ့ အာရုံစူးစိုက်မှုရှိပါတယ်။ ညီမလေးတွေက RS တစ်ခုမှာ Drama တွေ များနေချိန်မှာ မမတွေကတော့ ဘဝတိုးတက်ဖို့နဲ့ သူ့ချစ်သူဘဝကို မြှင့်တင်ပေးဖို့ပဲ အာရုံရှိကြပါတယ်။

ဒါကြောင့် အမျိုးသားတွေဟာ သူတို့ စိတ်ထဲ ဘာရှိနိုင်မလဲ လိုက်ခန့်မှန်းစိတ်ရှုပ်မနေရတော့ဘဲ ချစ်သူဘဝကို ဖြောင့်ဖြောင့်တန်းတန်းလျှောက်နိုင်တာကြောင့် ဖြစ်ပါတယ်။

(၁) ဘဝအကြောင်းကို ပိုသိကြတယ်
�မမတွေဟာ အချစ်ရေးအချစ်ရာမှာရော ဘဝမှာရော အတွေ့အကြုံတွေ ရှိသင့်သလောက်ရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေကို သူတို့ ဘဝအတွက် လိုအပ်တဲ့ အကြံဉာဏ်တွေကို လမ်းညွှန်ပေးနိုင်ကြပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး အမှီအခိုကင်းကြတယ်
�ညီမလေးတွေက ပတ်ဝန်းကျင်က Attention တွေ တောင်းပြီး စပ်စလူးစိန် ဓာတ်ဗူးပိန်ဖြစ်နေချိန်မှာ မမတွေကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ နေတတ်နေကြပါပြီ။ သူလှတယ်ဆိုတာ သူသိဖို့ တခြားတစ်ယောက်ရဲ့ ခွင့်ပြုချက်မလိုအပ်တော့ဘဲ တည်တည်ငြိမ်ငြိမ်ရှိနေတာမျိုး ဖြစ်ပါတယ်။

(၃) ရင့်ကျက်ပြီး စကားပြောကောင်းကြတယ်
�အမျိုးသားတွေဟာ တီတီတာတာပုံစံကြိုက်ကြပါတယ်။ ဒါပေမယ့် တချို့အမျိုးသားတွေကတော့ ရင့်ကျက်တည်ငြိမ်တဲ့ပုံရှိတဲ့ မိန်းကလေးတွေကို စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ ဒါဟာ မမတွေရဲ့ ဆွဲဆောင်ချက်ပဲ ဖြစ်ပြီး မမတွေဟာ စကားပြောကောင်းကြသူတွေလည်း ဖြစ်ပါတယ်။

ညီမလေးတွေက မင်းသား၊မင်းသမီးတွေ ဘယ်သွား၊ဘာလုပ်နဲ့ တိုင်ပတ်နေချိန်မှာ မမတွေကတော့ အမျိုးသားတွေနဲ့ တူတူ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်အကြောင်းနဲ့ ခရီးသွားလာရေးအကြောင်းတွေ ဆွေးနွေးလို့ ရပါတယ်။

(၄) မိခင်လို ကြင်နာတတ်ကြတယ်
�တချို့အမျိုးသားတွေ ရှာနေတဲ့ မိခင်နဲ့ တူတဲ့ မိန်းမတွေကို မမတွေဆီမှာ တွေ့ရများပါတယ်။ မိခင်တစ်ယောက်ဆီမှာ တွေ့ရများတဲ့ ကြင်နာဂရုစိုက်တတ်တာရော၊ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ဝေယျာဝစ္စကူလုပ်ပေးတာ၊ ဂရုစိုက်တတ်တာတွေကိုလည်း မမတွေဆီမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဒီလောက်ဆိုရင် အမျိုးသားတွေ မမတွေကို ဘာလို့ စွဲလမ်းလဲဆိုတာ အကြမ်းဖျဉ်းသိလောက်ပြီထင်ပါတယ်။

image