Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၀၇ ခုနှစ်ဆိုတာ ဘောလုံးလောကရဲ့အကူးအပြောင်းကာလလို့ ပြောရမလားပဲ။ မြက်ခင်းစိမ်းတွေပေါ်မှာ ဩဇာသက်ရောက်မှု အတော်လေး ကြီးမားခဲ့တဲ့ ဂန္တဝင် ကတုံးကြီး ဇီးဒန်းက အနားယူသွားခဲ့ပြီ။ ရော်နယ်ဒို (ဒိုကြီး) တို့၊ ရော်နယ်ဒင်ညိုတို့က
လည်း အသက် ၃၀ ထဲဝင်လာကြပြီဖြစ်သလို၊ ဘရာဇီးလ်သားတွေရဲ့ထုံးစံအတိုင်း အောင်မြင်လာတဲ့နောက်ပိုင်းမှာ ဘောလုံးကို ကောင်းကောင်းမကန်ကြတော့ဘူး။
လူးဝစ်ဖီဂိုတို့၊ ရီဗယ်ဒိုတို့ဆိုတာလည်း အသက် ၃၅ ကျော်လာကြလို့ ခြေစွမ်းတွေက ထိုးကျနေပြီ။ ဆိုလိုတာက ဘောလုံးလောကအတွက် သွေးသစ်လောင်းပေးမဲ့ ပါရမီရှင်လူငယ်ခြေတက် ကစားသမားတွေ လိုအပ်နေချိန်ပေါ့။
အဲ့တုန်းက ခရစ်စတီယာနို ရော်နယ်ဒို၊ ဆံရှည်မက်ဆီတို့ဆိုတာလည်း တော-က်မဲ့မီးခဲ အရှိန်တရဲရဲ အဆင့်မှာပဲ ရှိနေသေးတယ်။ ဒီလိုနဲ့ စင်မြင့်ထက်ကိုရောက်လာတဲ့သူက ကာကာ။
ဘောလုံးသမားတစ်ယောက်ရဲ့ဥပဓိရုပ်မျိုး လုံးဝမရှိပဲ ပျိုမဒီတွေ အသဲစွဲ မင်းသားတစ်ယောက်ရဲ့ရုပ်ရည်မျိုးနဲ့ ဘရာဇီးလ်ကစားသမားတစ်ယောက်က အေစီမီလန်ကိုရောက်လာတော့ ပုရိသတွေတင်မကပဲ ဘဲလေးတွေရော၊ ဘဲကြီးတွေပါ စတင်သတိထားမိခဲ့ကြတယ်။ အဲ့တုန်းက ဘရာဇီးလ်ဘောလုံးမင်းသားက အသက် ၂၅ လောက်ရှိနေပြီ။
ဒါကြောင့် သူ့မှာ အရည်အသွေးတစ်ခုရှိတယ်ဆိုတာကို ပရိသတ်တွေက သိထားကြတယ်၊ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာထိ ခြေစွမ်းပြနိုင်လဲဆိုတာကို မခန့်မှန်းနိုင်ကြသေးဘူး။ ကာကာအတွက် အရည်အချင်းစစ် စာမေးပွဲ လိုအပ်နေတယ်။
အဲ့စာမေးပွဲက ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့အတူ ကာကာဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ရောက်လာပါလေရော။ အဲ့ဒီအချိန်က ရွှေထီးဆောင်း သရဲနီတို့နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ကြတယ်။
ပွဲစပြီး သိပ်မကြာခင် ၅ မိနစ်လောက်မှာပဲ ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ ရော်နယ်ဒိုက အဖွင့်ဂိုးကို ကောက်သွင်းလိုက်တယ်။ ဒါပေမဲ့ ၂၂ မိနစ်မှာ ကာကာက မီလန်အတွက် ချေပဂိုးပြန်သွင်းပေးခဲ့တယ်။ ဒီဂိုးက သိပ်တော့ မထူးဆန်းပါဘူး။
ထူးဆန်းတဲ့ဂိုးက ပွဲချိန် ၃၇ မိနစ်မှာ ဖြစ်ပျက်သွားတာ။ ယူနိုက်တက်ဘက် ဂိုးစည်းနားမှာ ဘောလုံးရသွားတဲ့အချိန် ကာကာက ဘောလုံးကိုခေါင်းတိုက်ပြီး ဖလက်ချာကို ကျော်ပြေးတယ်။ ဘောလုံးက ခုန်ဆွခုန်ဆွနဲ့ ဖြစ်နေတုန်း Heinze က ဝင်ဖြ-တ်လုဖို့ ကြိုးစားတယ်။
အဲ့တာလည်း မရဘူး၊ ဘရာဇီးစတိုင်လ်နဲ့ ဘောလုံးကို တော့ယူပြီး ညာဘက်ကို ထပ်လှည့်ထွက်တယ်၊ အနောက်ကနေ အီဗရာဝင်လာတော့ ဘောလုံးကို ခေါင်းနဲ့ကုန်းတိုက်ပြီး ဖြ-တ်ကျော်သွားပါလေရော။ ပြီးတာနဲ့ ဂိုးသမား ဗန်ဒါဆာကြီးနဲ့ နှစ်ယောက်တည်း တွေ့တဲ့အချိန် အေးအေးဆေးဆေးပဲ ကန်သွင်းယူလိုက်တယ်။
အီဗရာနဲ့ Heinze တို့ကတော့ ကာကာရဲ့ပြုစားမှုမှာ အချင်းချင်း ဝင်တိုက်မိပြီး လဲကျသွားလို့ ဒီတိုင်းရပ်ကြည့်နေရုံကလွဲပြီး တခြားဘာမှမလုပ်နိုင်ခဲ့.....။
ဒီနေ့မှာတော့ ကာကာရဲ့အဆိုပါ သမိုင်းဝင်သွင်းဂိုးက ၁၇ နှစ်တိတိ ပြည့်သွားခဲ့ပါပြီ။
Credit to football corner
မသန်စွမ်းသူတွေကို အလုပ်ခန့်ဖို့ရည်ရွယ်ပြီး ကော်ဖီဆိုင်ဖွင့်ထားတဲ့ အမျိုးသမီး
မော်ရင်း စတန်ကို လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ အော်တစ်ဇင်ဖြစ်နေတဲ့ အသက် ၂၀ အရွယ် သူ့သားဖြစ်သူနစ်ခ်ရဲ့အနာဂတ်အတွက် အမြဲတွေးပူနေခဲ့ရတာပါ။ သူ နေထိုင်တဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ မသန်စွမ်းကျောင်းသား/သူတွေက အသက် ၂၂ နှစ်အထိ ကျောင်းတက်လို့ရပါတယ်။ မော်ရင်းက မသန်စွမ်းကလေးတော်တော်များများရဲ့မိဘတွေဆီက သူတို့ကလေးရဲ့အနာဂတ်အကြောင်း တွေးပူနေသံတွေလည်း ကြားခဲ့ရတယ်။
အခြားမိဘတွေလို သူ့သားနစ်ခ်အတွက် သူ့စိုးရိမ်ပူပန်မှုကို နစ်ခ်ရဲ့ကုထုံးပညာရှင် တေလာ ကမ်မာလီသိတော့ သူ့မှာ မသန်စွမ်းသူတွေကို အလုပ်ခန့်ပေးမယ့် ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ရည်ရွယ်ချက်ရှိတာကို ပြောပြခဲ့ပါတယ်။ သူတို့နှစ်ဦးနဲ့အတူ ပရဟိတသမား ကေသီ အိုပါမန်းတို့ပူးပေါင်းပြီး အဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ "So Much To Give" အမည်နဲ့ ကော်ဖီဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။
ဝန်ထမ်း ၆၃ ဦးကို ခန့်အပ်ထားပြီး ဝန်ထမ်း ၈၀ ရာခိုင်နှုန်းက မသန်စွမ်းတဲ့သူတွေပါ။ သူတို့တွေက စားပွဲထိုး၊ ဧည့်ကြို၊ မုန့်ပို့သမား၊ စားဖိုမှူး၊ ပန်းကန်ဆေးသူတွေအဖြစ် လုပ်ကိုင်ကြပါတယ်။ နစ်ခ်ရဲ့မသန်စွမ်းမှုနဲ့ အစားအသောက်ဓာတ်မတည့်မှုတွေကြောင့် ကော်ဖီဆိုင်မှာ အလုပ်လုပ်နိုင်မလားဆိုတာကိုတော့ မော်ရင်း မသိခဲ့ဘူး။ ဒါပေမဲ့ နစ်ခ်က သူ့ရဲ့မျှော်လင့်ချက်မပျက်စေခဲ့ပါဘူး။ ကော်ဖီဆိုင်မဖွင့်ခင် စားသုံးသူမလာခင် စားပွဲတွေကို ခင်းကျင်းပေးတဲ့နေရာမှာ ကူညီပေးခဲ့ပါတယ်။
မော်ရင်းက ကော်ဖီဆိုင်တင်မဟုတ်ဘဲ မသန်စွမ်းသူတွေကို သင်ကြားပေးတဲ့နေရာလေးတစ်ခု ဖန်တီးပေးချင်တဲ့ အိပ်မက်ရှိခဲ့တဲ့အတွက် လမ်းတစ်ဖက်ခြမ်းမှာ ဂီတ၊ ဘဝနေထိုင်မှုစွမ်းရည်တွေ၊ လက်မှုပညာနဲ့ အခြားသင်တန်းတွေကို သင်ကြားပေးတဲ့ Inspiration Studio ကိုလည်း ဖွင့်ထားပါတယ်။
Ref: She knew her son and other people with disabilities have so much to give. So, she opened a cafe to employ them.