Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ သရဖူဆောင်းခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီး
အာဂျင်တီးနားအမျိုးသမီးတစ်ဦးဟာ အသက် ၆၀ အရွယ်ရှိနေပေမဲ့ ငယ်ရွယ်နုပျိုတဲ့ ရုပ်ဆင်းသွင်ပြင်ကြောင့် ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ သရဖူဆောင်းခဲ့ပြီး အာဂျင်တီးနားအလှမယ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
မာရီဆာရိုဒရီဂွက်ဇ်ဟာ ရှေ့နေတစ်ဦးဖြစ်သလို ဂျာနယ်လစ်အလုပ်လည်း လုပ်ကိုင်သူပါ။ ပြီးခဲ့တဲ့နှစ်ကစပြီး မယ်စကြဝဠာပြိုင်ပွဲမှာ (၁၉၅၈ ခုနှစ်ကတည်းက ကျင့်သုံးလာခဲ့တဲ့) အသက်ကန့်သတ်ချက်စည်းမျဉ်းကို ဖယ်ရှားခဲ့လို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသူ ပိုများလာခဲ့တာပါ။ မာရီဆာဟာ ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ သူ့ထက် အသက်အများကြီးငယ်သူတွေနဲ့ ယှဉ်ပြိုင်ပြီး သရဖူဆောင်းနိုင်ခဲ့တာပါ။
'' ဗျူနိုအေရိစ်အလှမယ်ရွေးပွဲမှာ အနိုင်ရခဲ့လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဂုဏ်လည်း ယူတယ်။ လှပမှုဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူး၊ အတားအဆီးတွေ အားလုံးကို ချိုးဖျက်နိုင်စွမ်း ရှိတယ်ဆိုတာ အမျိုးသမီးတွေအားလုံးကို ပြသချင်တာပါ''လို့ မာရီဆာက ဆိုပါတယ်။
အာဂျင်တီးနားအလှမယ်ပြိုင်ပွဲကို (Miss Argentina) မေလ ၂၅ ရက်နေ့မှ စတင်ကျင်းပမှာဖြစ်ပြီး မာရစ်ဆာဟာ အာဂျင်တီးနားနိုင်ငံတစ်ဝှမ်းမှ အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ အရွယ်နဲ့မလိုက်အောင် နုပျိုနေတဲ့ လျှို့ဝှက်ချက်ကတော့ တစ်ပတ်ကို လေ့ကျင့်ခန်း ၃ ကြိမ် လုပ်တာ၊ မကြာခဏ ညစာစားခြင်းကို ရှောင်ကျဉ်ပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ စားစရာတွေကိုပဲ စားတာ၊ အမျိုးအစားကောင်းတဲ့ skin cream တွေ အသုံးပြုတာလို့ မာရစ်ဆာက ဆိုပါတယ်။ မာရစ်ဆာဟာ အိမ်ထောင်ကွာရှင်းထားသူဖြစ်ပြီး ဒီအချက်က သူ့ကို အောင်မြင်မှု ရစေတာဖြစ်မယ်လို့ အရွှန်းဖောက်ခဲ့ပါတယ်။
Ref: 60-Year-Old Woman Qualifies for Miss Argentina Contest Thanks to Shockingly Youthful Looks
ကောင်းမွန်တဲ့ လူတွေကို ဘယ်တော့မှ နှစ်ခါ ပြန်မရနိုင်ဘူးတဲ့။
အသစ်အသစ်သော သူတွေနဲ့ ဆုံရင် ဆုံနိုင်တယ်။
ကိုယ့်အပေါ် ကောင်းမွန်တဲ့ လူတွေကိုတော့ အစားထိုး ပြန်မရတော့ဘူး။
ဒီစကားကို အသက်ကြီးမှ နားလည်လာတယ်။ ငယ်ရွယ်တုန်း အချိန်တွေမှာတော့ ခွဲခွါမှုတွေအပေါ် ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့မိတယ်။ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းအပေါ်လည်း သိပ်ပြီး ခံစားပူဆွေးမနေတတ်ဘဲ တစ်ယောက်ထွက်သွားရင် တစ်ယောက် ဝင်လာမှာပေါ့လို့ တွေးခဲ့တာ။
တကယ်တော့ မဟုတ်ဘူး။
ကိုယ်ဆုံးရှုံးလိုက်ရတဲ့သူဟာ ကိုယ့်အတွက် သိပ်ကို ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေတတ်တယ်။ သူ့ကို ဆုံးရှုံးပြီးနောက်ပိုင်းမှာ လူတွေအများကြီးနဲ့ ထပ်တွေ့နိုင်တယ်။ ကိုယ့်အပေါ်လည်း ကောင်းချင်ကောင်းနိုင်တယ်။ ဒါပေမဲ့လို့ မတူတော့ဘူး။ လူလည်းမတူတော့သလို၊ ခံစားချက်တွေလည်း မတူတော့ဘူး။
ကိုယ်ဘာပဲ လုပ်လုပ် အမြဲ ပြုံးပြီး ကြည့်နေတတ်သူ၊ ကိုယ်လိုအပ်ချိန်တိုင်းမှာ အမြဲ အနားမှာ ရှိနေပေးတဲ့သူ၊ ကိုယ့်ရဲ့ စိတ်အတက်အကျတိုင်းမှာ မညည်းမညူ ရှိနေပေးတတ်သူ၊ ပြိုလဲချိန်တိုင်းမှာ ဆွဲထူပေးတဲ့သူ... ဒီလိုမျိုး လူတွေဟာ နှစ်ခါပြန်ပြီး မရနိုင်တော့ဘူး။ အစားထိုးလို့လည်း မရဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဖြစ်တည်မှုလေးကိုက သူများနဲ့ မတူလို့ပဲ။
နောင်တတွေဆိုတာ နောင်မှ ရတာဆိုတဲ့ စကားကလည်း အမှန်ပဲ။ အဲ့ဒါကြောင့် ကိုယ့်ဘဝမှာ ကောင်းတဲ့ လူတွေနဲ့ ဆုံစည်းရတဲ့အခါ တန်ဖိုးထားပါ။ ရှိနေတုန်းမှာ ချစ်ခင်ကြပါ။
လူကောင်းတွေဟာ နှစ်ခါပြန်မရဘူး မဟုတ်လား။
ပိုက်ဆံအကြွေ ဆယ်ပြား တစ်မတ်နဲ့
အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချ စားလို့ရတဲ့
ခေတ်ကို
မှီခဲ့ဘူးတယ်....
လက်ဖက်ရည်တစ်ခွက်၊
ခေါက်ဆွဲကြော်တစ်ပွဲဆိုတာနေမကောင်းတဲ့
အခါမှစားရတဲ့ အလွန်အရသာရှိတဲ့
အစားအစာဖြစ်တဲ့ ခေတ်ကို မှီ ခဲ့ဘူးတယ်....
အယုတ် အလတ် အမြတ်မရွေး
ကျွေးတဲ့ စတုဒီသာကို ဘာရောဂါမှ မကြောက်ရ
ဘဲ
အလုအယက် ပျော်ပျော်ရွှင်ရွှင်
စားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်.....
မိုးရာသီ မိုးရည်ထဲမှာ
ဘယ်ကားအန္တရယ်မှမရှိဘဲ
ရပ်ကွက်ထဲကလမ်းပေါ်မှာ လွတ်လွတ်လပ်လပ်
ပြေားလွှားဆော့လို့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်....
ဘာအကြောင်းကြောင့်
နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို
ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ပြောက်တဲ့
ခေတ်ကိုမှီခဲ့ဘူးတယ်....
ကိုယ်ပိုင်ကားမပြောနဲ့စက်ဘီးတောင်
လူတိုင်း မစီးနိုင်အခြေအနေမှာ သူငယ်ချင်းတွေ
နဲ့ကျောင်းတတ် ကျောင်းဆင်း လမ်းလျှောက်
ရင်
ပျော်ရွှင်ခဲ့ရတဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်.....
ကျောင်းထမင်းချိုင့်ထဲမှာ ပဲပြုတ်သုတ်
ဒါမှမဟုတ် ဘဲဥပြုတ်တစ်လုံးပါရုံနဲ့
မိဘကို မညိုငြင်တဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်.....
(ခုခေတ်ကအာ့လိုမျိုးဆို
သေသွားမယ် ရှင်သွားမယ်
မသေမရှင်ဖြစ်သွားမယ်ဆိုတဲ့ခေတ်)
နွေရာသီကျောင်းပိတ်ရက်မှာ
ညစဥ်ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်း
မျိုးစုံကို ပျော်ရွှင်စွာ
ကစားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်....
တစ်ဆွေလုံး တစ်မျိုးလုံးမှာမှ
တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTV ကို
ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်.....
ဘုရားပွဲမှာတဲ့ဇာတ်ကို
ကျား/မ မရွေး မိုးအလင်းကြည့်ပြီး
(အိပ်ပြီး ) မနက်မိုးစင်စင်လင်းမှ
ထပြန်လည်း ဘာအကြောင်းကြီးငယ်မှ
မဖြစ်ခဲ့တဲ့ခေတ်ကို မှီခဲ့ဘူးတယ်...
သွေးသားမတော်စပ်ကြပေမယ့်
ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့
မောင်နှမရင်းပမာ
ဆက်ဆံခြင်းတွေရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်.......
ကြီးသူကိုရိုသေး ရွယ်တူကိုလေးစား
ငယ်သူကိုသနားရမယ်ဆိုတဲ့
မြတ်နိုးစရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့ခေတ်
ကို
မှီခဲ့ဘူးတယ်.....
ပြန်တွေးလိုက်ရင် အရာရာတွေဟာ
လွမ်းစရာတွေပါပဲလေ......😔😔😔