Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Tesla ရဲ့ မောင်းသူမဲ့ကားဝင်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းသူ လူငယ်တစ်ဦး ကွယ်-လွန်
ဖုန်းသုံးနေတဲ့ Tesla ကားပိုင်ရှင်ဟာ မောင်းသူမဲ့စနစ်ကို ဖွင့်ပြီး မောင်းနှင်ရာမှ မော်တော်ဆိုင်ကယ်ကို ဝင်တိုက်ခဲ့တာကြောင့် မော်တော်ဆိုင်ကယ်သမား ကွယ်-လွန်ခဲ့တာပါ။ ဒီယာဉ်တိုက်မှုဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဝါရှင်တန်ပြည်နယ် မော်လ်ဘီမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အသက် ၅၆ နှစ်အရွယ်ရှိ Tesla ကားပိုင်ရှင်ဟာ 2022 Tesla Model S ကို advanced driver assist system ကို ဖွင့်ပြီး ဖုန်းအသုံးပြုရင်း မောင်းနှင်နေစဉ် ကားရဲ့ Auto pilot system က ဆိုင်ကယ်ကို မတွေ့ပဲ အရှိန်နဲ့ အနောက်ကနေ ဝင်တိုက်ခဲ့တာပါ။ ဆိုင်ကယ်သမားဟာ ၂၈ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာတင် ကွယ်-လွန်သွားတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကတော့ ယာဉ်မောင်းဟာ အရက်သေစာနှင့် မူးယစ်ဆေးသုံးစွဲထားခြင်းမရှိပေမဲ့ ကားလမ်းမပေါ် အာရုံစိုက်ထားခြင်းမရှိပဲ ပေ့ါဆစွာ ကားမောင်းနှင်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။ ယာဉ်မောင်းကိုတော့ ပေါ့ဆစွာ ကားမောင်းနှင်မှုကြောင့် ဖြစ်တဲ့ ယာဉ်တိုက်မှု ((Vehicular Ho_micide) ဖြင့် စွဲချက်တင်ထားပေမဲ့ ဒေါ်လာ ၁ သိန်းအာမခံကြေးပေးဆောင်ပြီးနောက်မှာတော့ ပြန်လွှတ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း Tesla ကားတွေကို Autopilot နဲ့ မောင်းနှင်ချိန်တွေမှာ မတော်တဆမှုပေါင်း (၁၀၀၀) ကျော်ဖြစ်ပွားခဲ့ပါတယ်။ Tesla အနေနဲ့လည်း Auto pilot မဖွင့်ခင် သတိပေးချက်များကို ပိုမိုထည့်သွင်းဖော်ပြလာခဲ့ပေမဲ့ ကားပိုင်ရှင်တွေဟာ ယုံကြည်မှုလွန်ကဲတဲ့အပြင် ပေါ့ဆလွန်းကြတာကြောင့် အခုလို မတော်တဆမှုတွေ ဆက်လက်ဖြစ်ပွားနေတာပဲဖြစ်ပါတယ်။
သူများထက် သာချင်ရင် သူများလို မတွေးနဲ့
၁၉၂၅ ခုနှစ်မှာ ဟားဘတ်ချပ်မန်း (Herbert Chapman) ဆိုသူဟာ အာဆင်နယ်အသင်းရဲ့ မန်နေဂျာ ဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ်မတိုင်ခင်ထိ အာဆင်နယ်ဟာ ဘာဆုဖလားမှ မရဖူးခဲ့ပါဘူး။
ချပ်မန်းကတော့ ဒီကလပ်အသင်းအတွက် မျှော်မှန်းချက်တစ်ခုကို ထားခဲ့တယ်။ နောက်ငါးနှစ်လောက် နေရင် ဒီမျှော်မှန်းချက် အောင်မြင်လာမယ်လို့ သူက ဆိုတယ်။
တကယ်လည်း နောက် ငါးနှစ် အကြာမှာ စ အောင်မြင်ပါတယ်။ ၁၉၃၀-၃၁ လိဂ် မှာ ဆုဖလား စ ရတယ်။ အဲဒီနောက်မှာတော့ ၁၉၃၂-၃၃၊ ၁၉၃၃-၃၄၊ ၁၉၃၄-၃၅ မှာ သုံးနှစ်ဆက်တိုက် ဆုဖလားရတဲ့ ပထမဦးဆုံးအသင်း ဖြစ်လာတယ်။ အဲဒီနောက် ၁၉၃၇-၃၈ မှာ ဆက် အနိုင်ရပြန်ပါတယ်။ ဒီနည်းနဲ့ အာဆင်နယ်ဟာ အသင်းကြီးတွေထဲက တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။
ဟားဘတ်ချပ်မန်းလုပ်ခဲ့တာက creativity လို့ ခေါ်တဲ့ တီထွင်ဆန်းသစ်မှုပါပဲ။ သူက တခြားသူတွေ ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲလို့ သမားရိုးကျ တွေးနည်းအတိုင်းတွေးတာ မဟုတ်ပါဘူး။ တခြားသူတွေ ဘယ်လိုလုပ်နေသလဲဆိုတာ လိုက်ကြည့်ပြီး လုံးဝ ဆန့်ကျင်ဘက်ကို ပြောင်းလဲလိုက်တာပါ။
အဲဒီနှစ်တွေတုန်းက ဘောလုံးမှာ အရေးကြီးတာက ဘောလုံးကန်နိုင်စွမ်းပါပဲ၊ ဗျူဟာတွေကို အဲဒီလောက် အသားမပေးကြသေးပါဘူး။ တစ်ဖက်အသင်းရဲ့ ဘက်ခြမ်းမှာ ကိုယ့် ဘောလုံးအသင်းသားတွေ များများ ရှိနေလေလေ၊ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးပိုများလေ ဆိုပြီးပဲ တွေးကြတာပါ။ ဒါကြောင့်မို့ အဲဒီတုန်းက အကောင်းဆုံးအသင်းတွေက တစ်ဖက်ဂိုးဘက်မှာ ကိုယ့်လူတွေ များများထားကန်ပြီး ဖိကစားကြတာ များပါတယ်။
ဒါပေမဲ့ ဟားဘတ်ချပ်မန်းကတော့ ဒါ အခွင့်အရေးပဲလို့ မြင်ပါတယ်။ တခြားဘက်အသင်းက လူတွေ ကိုယ့်ဘက်မှာ များများရှိနေတယ်ဆိုတာ သူတို့ နောက်တန်း အင်အားနည်းနေတယ်ဆိုတဲ့ သဘောပဲလို့ သူတွေးမိတယ်။ အဲဒီ အားနည်းနေတဲ့ သူတို့ နောက်တန်းဘက်ကို ဖောက်ကစားနိုင်ရင် ဂိုးသွင်းနိုင်ဖို့ အခွင့်အရေး ပိုများတယ်လေ။ “တန်ပြန်တိုက်စစ်ဆင်မှု” (counter-attack) ဟာ သူတို့ ပထမဦးဆုံးသုံးတဲ့ ဗျူဟာ ဖြစ်လာခဲ့ပါတယ်။
ဒီ ဗျူဟာကို စ သုံးချိန်တုန်းက ဆိုရင် “ပျင်းစရာ ကောင်းအောင် ကစားနေတဲ့ အာဆင်နယ်“၊ “ကံကောင်းပြီး ဖောက်ထွက်ဂိုးသွင်းနိုင်သွားတဲ့ အာဆင်နယ်” ဆိုပြီး ခဏခဏ ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၁၉၃၁ ပွဲစဉ်တွေ မှာတော့ ၁၂၇ ဂိုးအထိ သွင်းပြီး ဒါဟာ မတော်တဆ ကံကောင်းမှုသက်သက် မဟုတ်ဘူးဆိုတာ ပြသနိုင်ခဲ့ပါတယ်။
“Dave Trott” ၏ “ Don’t Play the Game” ကို အကျဉ်းချုံး ပြန်ဆိုပါသည်။
သုံးစွဲသူတွေ အသုံးဝင်တဲ့ စနစ်တွေကိုပဲ ထည့်ပေးလေ့ရှိတဲ့ Apple က iPad မှာ Official Calculator App ထည့်ပေးလာတော့မယ်လို့ သတင်းကြားနေရတယ်
iPad တွေထွက်တာ ဆယ်စုနှစ် တစ်ခုကျော်ရှိနေပေမဲ့ Calculator App ကတော့စထွက်ထဲက မပါခဲ့တာပါ
အကြောင်းကတော့ iPhone ကနေ Scaled-Up လုပ်ထားတဲ့ Calculator App Design ကို Steve Jobs က မကြိုက်တာကြောင့် ဖြုတ်ချခဲ့တာလို့ဆိုပါတယ်
လက်ရှိမှာတော့ ထည့်ပေးမယ်သတင်းကြားလာရတော့ ဘယ်လိုပုံစံထွက်လာမလဲဆိုတာကို စိတ်ဝင်စားမိပါရဲ့
စျေးကြီးပေးဝယ်ထားရတဲ့ iPad မှာ ဂဏန်းပေါင်းစက်သုံးလို့ရလာတော့မှာဆိုတော့ iPadOS 18 မှာ တကယ်ပါလာရင် အသုံးဝင်တဲ့ စနစ်တစ်ခုထပ်ပါလာတယ်ပဲပြောရတော့မှာပါ...