14 w - Translate

သွင်းဂိုး ၂ဂိုး ၊ Motm ဆု နဲ့ ဒေါက်တာ
နောက်ဆုံးတော့ ရပ်ရှ်ဖို့ဒ် ပြန်လာနိုင်ခဲ့ပြီ 💪

image
14 w - Translate

မနေ့ည လီဂါနက်နဲ့ ပွဲမတိုင်ခင် ၁ မိနစ် ငြိမ်သက်မှုဟာ မြန်မာ နဲ့ ထိုင်းနိုင်ငံက ငလျင်ဘေးအတွက် ရည်ရွယ်ကြောင်း ရီးရဲလ်မက်ဒရစ် အသင်းက ဖော်ပြသွားခဲ့ပါတယ် ။
ဒီပွဲမှာ ရီးရဲလ် က ၃ဂိုး ၂ဂိုးနဲ့ အနိုင်ကစားရင်း ဆုဖလားအတွက် ဘာစီလိုနာ ကို ဆက်လက်ဖိအားပေးထားနိုင်ခဲ့ပါတယ် ။

image

မြန်မာပြည်သူ ၊ မြန်မာပြည်သားအားလုံး သဘာဝဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးလွတ်ကင်းကြပါစေ။ ကပ်ဘေးအမျိုးမျိုးမှကင်းဝေးကြပါစေ၊ရန်သူမျိုးငါးပါးဘေးမှလည်းလွတ်ကင်းနိုင်ကြပါစေ။

❝ဘုရားဂုဏ်​တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ​ဘေးရန်ကင်းကြ ပါ​စေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊​ ချမ်းသာကြပါစေ။
​ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါ​စေ။
အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ...
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်ပိုင်ရှင်များ ဖြစ်ကြပါ​စေ။❞
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞
❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှ​ဝေကူညီနိုင်​လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်း​မြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်။❞

image

လမကုန်သေးပဲလစာကုန်သွားသောနှစ်ယောက်အကြည့်ချင်းဆုံနေပုံ

image
14 w - Translate

ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိဟု စစ်ကောင်စီက ထုတ်ပြန်နေသော်လည်း မြေပြင်တွင် သေဆုံးသူအရေ အတွက် အလွန်များနိုင်ဟု ကယ်ဆယ်ရေးအဖွဲ့တချို့ပြော
ရန်ကုန်၊ မတ် ၃၁
အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့အထိ ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိကြောင်း ထုတ်ပြန် ပြောဆိုထားသော်လည်း အဆိုပါပမာဏမှာ မြေပြင်တွင်ဖြစ်ပေါ်နေသော အရေအတွက်က ပိုမိုများပြားနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃၄၀၀ ကျော်ရှိကြောင်း၊ ပျောက်ဆုံးနေသူ ၃၀၀ ကျော်ရှိကြောင်း ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။
မန္တလေးတွင် ကယ်ဆယ်ရေးဆောင်ရွက်နေသော အဖွဲ့တချို့ကမူ မန္တလေးတွင် အလောင်းများကို နေ့စဉ် ၂၀၀ နှင့် ၃၀၀ အကြား သယ်ထုတ်နေရပြီး သေဆုံးသူအရေအတွက်မှာ စာရင်းအတိအကျ ရရန် ခက်ခဲကြောင်း ပြောဆိုသည်။
"အလောင်းတွေက အနံ့တွေ ထွက်နေပြီ။ ရတာနဲ့ သုဿာန်တွေပို့ တစ်ခါတည်း သဂြိုလ်လုပ်နေရတာ။ ဘယ်လိုမှ စာရင်းလည်း မမှတ်နိုင်ဘူး။ သေဆုံးသူက နေ့စဉ်ကို သုဿာန်မှာ ရာဂဏန်းအထက်ပဲ။ စာရင်းအတိအကျက ရဖို့ ခက်ပါတယ်။ ကျနော်တို့ အဖွဲ့ စာရင်း၊ အခြားအဖွဲ့စာရင်း အဲဒီလိုမျိုးအကုန်ပေါင်းမှ စာရင်းအမှန်ထွက်မယ်။ မန္တလေးအနေနဲ့ ဆိုရင် ဒီ ၃ ရက်အတွင်းကို သဂြိုလ်တာ ရာကြီးဂဏန်းရှိတယ်" ဟု မန္တလေးတွင် ကယ်ဆယ်ရေး လုပ်ဆောင်နေသော အဖွဲ့တစ်ခုက ပြောဆိုသည်။
စစ်ကိုင်းတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူတချို့ကလည်း စစ်ကိုင်းမြို့အတိုင်း အတာဖြင့် သေဆုံးသူ ၁၆၀ ကျော်ရှိပြီး အရေအတွက်မှာ ပိုမိုများပြားနိုင်ကြောင်း ပြောဆိုကြသည်။
ဓာတ်ပုံ- မန္တလေးတွင် ငလျင်ကြောင့် သေဆုံးသွားကြရသည့် ပြည်သူများ။

image
14 w - Translate

စစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေး တက်ခွင့်မပေးရန်
အဖွဲ့အစည်း ၃၁၉ ဖွဲ့က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆို
________________________________
Defend Myanmar Democracy အပါအဝင် မြန်မာနိုင်ငံ စစ်အာဏာရှင် ဆန့်ကျင်ရေး ၃၁၉ ဖွဲ့က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဘန်ကောက်မြို့တွင် ဧပြီ ၂ ရက်မှ ၄ ရက်အထိ ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးမျာသို့ တက်ရောက်ခွင့်မပြုရန် ထိုင်းအစိုးရအား တောင်းဆိုလိုက်ကြောင်း Thai Enquirer သတင်းတွင် ယနေ့ (မတ်လ ၃၀ ရက်က) ဖော်ပြထားသည်။
ထိုင်း ဝန်ကြီးချုပ် ပက်ထောင်တန် ရှင်နာဝပ်နှင့် BIMSTEC ခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံမှ တရားမဝင် စစ်အစိုးရအား ကန့်ကွက်သည့် ခိုင်မာသောရပ်တည်ချက်များဖြင့် မင်းအောင်လှိုင်အား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းမှ တားဆီးရန်နှင့် BIMSTEC ၏ အစည်းအဝေးများနှင့် ဆောင်ရွက်ချက်အားလုံးမှ မြန်မာစစ်တပ်ကိုယ်စားလှယ်များကို ဖယ်ရှားရန်ပစ်ရန် အဆိုပါ အဖွဲ့များက တောင်းဆိုထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှစ၍ မြန်မာစစ်တပ်သည် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အရပ်သားများနေထိုင်ရာဒေသများအား လေကြောင်းတိုက်ခိုက်မှု ၄၆၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး လူပေါင်း ၂၈၉၀၀ ကျော်ကို ဖမ်းဆီးခဲ့သလို လူပေါင်း ၃ သန်းကျော်မှာလည်း နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
စစ်တပ်သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွဲချက်တင်ခံထားရပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများလည်း လုပ်ဆောင်နေသည်။ အာဂျင်တီးနားနိုင်ငံက မင်းအောင်လှိုင်အပါအဝင် မြန်မာနိုင်ငံသား ၂၅ ဦးအတွက် ဖမ်းဝရမ်းများ ထုတ်ပြန်ထားသည်။
မြန်မာစစ်တပ်သည် တရားဝင်အစိုးရမဟုတ်ကြောင်းနှင့် မည်သည့် BIMSTEC လှုပ်ရှားမှုတွင်မဆို မြန်မာနိုင်ငံကို ကိုယ်စားမပြုသင့်ကြောင်း အဖွဲ့ပေါင်း ၃၁၉ ဖွဲ့၏ တိုက်တွန်းချက်တွင်ဖော်ပြထားသည်။ စစ်တပ်နှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်ခြင်းသည် ၎င်းတို့၏ ရပ်တည်ချက်ကို အားကောင်းလာစေပြီး လုပ်ရပ်များကိုလည်း တရားဝင်ဖြစ်စေကြောင်း အဖွဲ့များက သတိပေးသည်။
အာဆီယံနှင့် ကုလသမဂ္ဂကဲ့သို့သော အခြားနိုင်ငံတကာအဖွဲ့အစည်းများကလည်း မြန်မာစစ်တပ်ကို ဖယ်ကျဉ်သည့် အဆင့်များ လုပ်ဆောင်ထားပြီးဖြစ်သည်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့်အညီ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ထောက်ခံပေးရန်အတွက် မြန်မာစစ်တပ်အပေါ် ထပ်မံ အရေးယူမှုရန် လိုအပ်ကြောင်း ၎င်းတို့က ပြောကြားသည်။
မြန်မာနိုင်ငံတွင် သောကြာနေ့က ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့သော်လည်း စစ်အာဏာရှင်အဖွဲ့က တော်လှန်ရေးအဖွဲ့များအားကောင်းသည့် စစ်ကိုင်းတိုင်း ပေါက်မြို့နယ် (ငလျင်ဗဟိုချက်ဒေသ) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တို့တွင် ယနေ့ (မတ် ၃၀ရက်)နေ့က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။
ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးဒဏ်ရာရရှိမှု ပမာဏကို မသိရသေးပေ။ ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်ကလည်း ငလျင်လှုပ်ပြီးမကြာခင် စစ်တပ်က နောင်ချိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။