30 w - Translate

မည်သူ့ကိုမှ အပူမပေးခြင်းဖြင့်
ကိုယ့်ဘဝနဲ့ကိုယ် အေးဆေးနေထိုင်ပါတယ်

စိတ်ပင်ပန်းမှုတွေကို မုန်းတဲ့သူမို့

အပူပေးတဲ့သူတွေကို တတ်နိုင်သမျှရှောင်ပါတယ်

ကိုယ့်စိတ်အေးချမ်းစေတဲ့ အတိုင်းပဲနေတာမို့

မေတ္တာပေးနိုင်ရင် ပေးမယ်
မပေးနိုင်ရင် တိတ်ဆိတ်မှုတွေ ပေးလိုက်မယ်

ကိုယ်ကလေ
လူတစ်ယောက်ကို ဘဝထဲခေါ်မယ်အစား

စာအုပ်တွေကိုပဲ ပိုစုဆောင်းဖြစ်လာတော့တယ်...🖤
#ဖားစည်ရည်ကျော်
22.4.2024.

image
30 w - Translate

လူတိုင်းလူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ်
ဖြတ်သန်းနေကြတာချည်းပဲ

အမြဲတမ်းပျော်နေတဲ့ လူလဲ ရှိမနေသလို
အချိန်တိုင်း ဝမ်းနည်းနေတဲ့ လူလဲ မရှိပါဘူး

ကိုယ်မလိုချင်တဲ့အရာတွေကို ရလာတဲ့အခါမှာ
လောကကြီးကို အပြစ်တင်နေမဲ့အစား
အကောင်းဆုံ အသုံးချတတ်ဖို့ပဲ လိုတယ်

မလိုချင်တဲ့ အခြေနေကို ရင်မဆိုင်ရဲရင်
ကိုယ်လိုချင်တဲ့ ဘဝကိုရောက်ဖို့ အလှမ်းဝေနေဦးမှာပဲ

လှပတဲ့ဘဝတခုကို ရချင်ရင် အခက်ခဲဆိုတာ
အရင်ဆုံးကြုံရမယ် ဘဝသင်ခန်းစာပဲ

ကိုယ်ကြုံလာမဲ့အရာဟာ ဒုက္ခပဲဖြစ်ဖြစ်
သုခပဲ ဖြစ်ဖြစ် လက်ခံနိုင်ဖို့ပဲလိုတယ်

အရှုံးမပေချင်တဲ့အခါ
အကောင်းဆုံးကျော်ဖြတ်နိုင်ရမယ်

အဆင်မပြေတဲ့အခါ ခက်ယဲ့ယဲ့လေး
ပြုံးတတ်ရမယ်

နာကျင်ရတဲ့အခါ ဒဏ်ရာဟာ
သန်မာဖို့ပဲ ဖြစ်ရမယ်

#crd

image
30 w - Translate

ဒီအချိန်တော့ အချစ်လည်း အေးစက်စက်ပဲကောင်းပါတယ်ဟယ်။ ဒီလောက်ပူနေတာကို

image
30 w - Translate

ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူပါ
______________________

နှလုံးသားလှသူလေးရေ..

လူတစ်ယောက်ရဲ့ ..
လက်ငါးချောင်းတောင် အရွယ်စားမတူညီတဲ့လောကကြီးထဲ
သူမှန်တယ် ငါမှန်တယ်ဆိုတဲ့ အငြင်းတရားတွေနဲ့
မရှင်သန်ချင်ဘူး ။

ကိုယ်ပိုင်တဲ့ ခန္ဓာကိုယ်ပေါ်က လက်ငါးချောင်းတောင်
အရွယ်စားမတူညီနိုင်မှ ကိုယ်မဟုတ်တဲ့ တခြားလူရဲ့စိတ်
ဆိုတာ ကိုယ်နဲ့ ဘယ်လိုထပ်တူကျ နိုင်မှာလည်း ။

ကိုယ့်စိတ်နဲ့ကိုယ်ရှင်သန်နေတဲ့လူတွေကို
ကိုယ့်အပေါ် ကောက်ကျစ်သွားရင်တောင်
ဘယ်သူမကောင်းဘူး ဘယ်ဝါမကောင်းဘူးလို့
အပြစ်မပြောချင်ပါဘူး သူ့အပြစ်နဲ့သူ တူသောအကျိုးခံစား
ရလိမ့်မယ်လို့ ဥပေက္ခာပြုထားလိုက်ပါတယ် ။

နေ့စဉ်နဲ့အမျှ ဘဝရပ်တည်ရှင်သန်ရေးအတွက်
ရုန်းကန်နေသူ လူသားတွေတိုင်း
ပြစ်ကင်းတဲ့သူ ဘယ်သူရှိမလည်း
ကိုယ်လည်း အပြစ်ကင်းသူလို့ မခံယူထားပါဘူး
အမှားဆိုတာရှိနိုင်သလို အပြစ်ဆိုတာလည်း
လုပ်မိမှာပါ ကိုယ်ကမသိလိုက်တာပဲ ရှိလိမ့်မယ် ။

ဒါပေမယ့်
လူရယ်လို့ ဖြစ်လာရင် လူတွေကြားထဲ ဖြူနေဖို့တော့
လိုအပ်တယ် အမှားနည်သူဖြစ်အောင် နေတတ်ရပါမယ် ။

ဒါကြောင့်..
နှလုံးသားလှသူလေးရေ...

လူအခြင်းခြင်းဆက်ဆံရေးမှာ
ငါ ဆိုတဲ့အတ္တနဲ့ ရှင်သန်နေမဲ့အစား သူ့ဖက်ကိုလည်း
မြင်တတ်သူ ကိုယ့်ဖက်ကိုလည်းပြန်ကြည့်တတ်သူ
ဖြစ်အောင် နေထိုင်လိုက်ရင်
မုန်းသူလည်းကင်းမယ် ၊
ပြဿနာဆိုတာလည်း ရောက်မလာဘူး
လူဖြစ်ရလာခြင်းအတွက်လည်း အဓျိပါယျ ပြည့်စုံစေပါတယ်။

တချို့ အရာတွေက ခွင့်မလွှတ်သင့်နေရင်တောင်
ခွင့်လွှတ်ခြင်းနဲ့သာ အနိုင်ယူလိုက်ပါ ။

#စာပေဗဟုသုတ##
# .
မူရင်းစာရေးသူ ကိုလေးစားစွာဖြင့် credit ပေးပါသည်။
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည် #credit_မူရင်း #htwehtweပုဂံမြေစာပေချစ်သူ #htweandaung #htwehtweblog #htwehtwe #ht #htwe #htht

image
30 w - Translate

ပန်းတွေကို ချစ်တယ် 🖤❤️💙
#ပန်း

image
image
image
image
30 w - Translate

လမ်းဘေးက ပန်း
ဘယ်သူမှ လက်မသရမ်း
ဘုရားပန်းကပ်ဖို့
ခေါင်းမှာပန်ဖို့ မမှန်း
သဘာဝအတိုင်း အလှဆင်မြန်း

image
30 w - Translate

နွေဦးရယ် လက်ပံရယ်🍁🌺
ရာသီချိန်မှီပွင့်ခဲ့တဲ့ ပန်း🍁

အညာမြေနဲ့ခွဲထားလို့မရတဲ့ အညာမြေရဲ့ အမှတ်အသားလက်ပံပင်နဲ့ လက်ပံပွင့်🌺

imageimage
30 w - Translate

တစ်ပူပေါ်တစ်ပူဆင့်တော့မယ်😁😁😁

image
ksu thet is feeling Hot
30 w

30 w - Translate

ဘဝမှာ
- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့
- ဖွင့်မပြောဖြစ်ခဲ့တဲ့
-အမှန်တရားတွေ ရှိဖူးခဲ့တယ်။

ဘဝမှာ
- တစ်ခါတစ်လေ ငေးကြည့်နေရုံကလွဲပြီး
- ဘာဆို ဘာမှမတတ်နိုင်ခဲ့တဲ့
- အရာတွေ ရှိခဲ့ဖူးတယ်။

ဘဝမှာ
- နှိမ်ချတတ်သူတွေရဲ့ စကားလုံးကြောင့်
- ဆွဲနှုတ်ရခက်တဲ့ မြှားတစ်စင်း စိုက်ဝင် သလိုမျိုး
- ဒဏ်ရာတွေရခဲ့ဖူးတယ်။

ဒါကြောင့်...

ကိုယ့်အနား မနေချင်လို့ ထွက်သွား သူတွေကို
- တစ်ချက်လောက်တော့ ငဲ့ကြည့် သင့်တယ်လို့
- ပြန်မတမ်းတတော့ဘူး။

အပြုံးနဲ့ ကြည့်နေသူတွေရဲ့
- လက်ထဲကဓါးနောက်ကျောကို ထိုးဖို့လား
- ရင်ဘက် ထဲထိုးဖို့လား
- ပြန်လှည့် မကြည့်တော့ဘူး။

လက်ကမ်းမလိုနဲ့ လက်ကာသွားသူတွေရဲ့
- အရောင်ပြောင်းတတ်တဲ့ စိတ်ထဲမှာ
- ကိုယ်ချင်းစာတရား အစအနလေးများ ရှိလေမလားလို့
- ဝင်ချောင်းမကြည့်တော့ဘူး။

တစ်ကယ်တော့...
- တစ်ချို့ မျက်လုံးနဲ့ ကြည့်လည်း
- မမြင်နိုင်တဲ့ အရာတွေကို
- ကိုယ့်နှလုံးသားနဲ့ မြင်ခဲ့ရပြီးပြီပဲ။

#credit

image