ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ
အဝးကြီးလဲမသွားချင်ဘူးဒီရုံးပိတ်ရက်ရှည်လေးမှာရန်ကုန်မြီု့ထဲဘဲလည်ချင်တဲ့သူလေးတွေအတွက်ဝင်ကြေး(၁၀၀၀)ကျပ်တည်းနဲ့တိုင်းရင်းသားကျေးရွာသွားလည်ကြမယ်။
တိုင်းရင်းသားကျေးရွာကိုတော့ ရန်ကုန်သူ၊ ရန်ကုန်သားတွေနဲ့ ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတွေ အများစု ရောက်ဖူးကြပေမယ့် မရောက်ဖူးသေးတဲ့သူတွေ၊ အခြားမြို့တွေကနေ လာရောက်မယ့်သူတွေအတွက်သွားလည်လို့ရအောင်တင်ပြပေးခြင်းဖြစ်ပါတယ်
ရန်ကုန်မြို့၊ သန်လျင်တံတား အမှတ်(၁) သာကေတဘက်ခြမ်း တံတားအရှေ့မှာ တည်ရှိတာဖြစ်ပါတယ်
#သွားမယ်
#photocrd

image

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ
အဝးကြီးလဲမသွားချင်ဘူးဒီရုံးပိတ်ရက်ရှည်လေးမှာရန်ကုန်မြီု့ထဲဘဲလည်ချင်တဲ့သူလေးတွေအတွက်ဝင်ကြေး(၁၀၀၀)ကျပ်တည်းနဲ့တိုင်းရင်းသားကျေးရွာသွားလည်ကြမယ်။
တိုင်းရင်းသားကျေးရွာကိုတော့ ရန်ကုန်သူ၊ ရန်ကုန်သားတွေနဲ့ ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတွေ အများစု ရောက်ဖူးကြပေမယ့် မရောက်ဖူးသေးတဲ့သူတွေ၊ အခြားမြို့တွေကနေ လာရောက်မယ့်သူတွေအတွက်သွားလည်လို့ရအောင်တင်ပြပေးခြင်းဖြစ်ပါတယ်
ရန်ကုန်မြို့၊ သန်လျင်တံတား အမှတ်(၁) သာကေတဘက်ခြမ်း တံတားအရှေ့မှာ တည်ရှိတာဖြစ်ပါတယ်
#သွားမယ်
#photocrd

image

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ
အဝးကြီးလဲမသွားချင်ဘူးဒီရုံးပိတ်ရက်ရှည်လေးမှာရန်ကုန်မြီု့ထဲဘဲလည်ချင်တဲ့သူလေးတွေအတွက်ဝင်ကြေး(၁၀၀၀)ကျပ်တည်းနဲ့တိုင်းရင်းသားကျေးရွာသွားလည်ကြမယ်။
တိုင်းရင်းသားကျေးရွာကိုတော့ ရန်ကုန်သူ၊ ရန်ကုန်သားတွေနဲ့ ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတွေ အများစု ရောက်ဖူးကြပေမယ့် မရောက်ဖူးသေးတဲ့သူတွေ၊ အခြားမြို့တွေကနေ လာရောက်မယ့်သူတွေအတွက်သွားလည်လို့ရအောင်တင်ပြပေးခြင်းဖြစ်ပါတယ်
ရန်ကုန်မြို့၊ သန်လျင်တံတား အမှတ်(၁) သာကေတဘက်ခြမ်း တံတားအရှေ့မှာ တည်ရှိတာဖြစ်ပါတယ်
#သွားမယ်
#photocrd

image

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ
အဝးကြီးလဲမသွားချင်ဘူးဒီရုံးပိတ်ရက်ရှည်လေးမှာရန်ကုန်မြီု့ထဲဘဲလည်ချင်တဲ့သူလေးတွေအတွက်ဝင်ကြေး(၁၀၀၀)ကျပ်တည်းနဲ့တိုင်းရင်းသားကျေးရွာသွားလည်ကြမယ်။
တိုင်းရင်းသားကျေးရွာကိုတော့ ရန်ကုန်သူ၊ ရန်ကုန်သားတွေနဲ့ ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတွေ အများစု ရောက်ဖူးကြပေမယ့် မရောက်ဖူးသေးတဲ့သူတွေ၊ အခြားမြို့တွေကနေ လာရောက်မယ့်သူတွေအတွက်သွားလည်လို့ရအောင်တင်ပြပေးခြင်းဖြစ်ပါတယ်
ရန်ကုန်မြို့၊ သန်လျင်တံတား အမှတ်(၁) သာကေတဘက်ခြမ်း တံတားအရှေ့မှာ တည်ရှိတာဖြစ်ပါတယ်
#သွားမယ်
#photocrd

imageimage
+5

ထမင်းပေါင်းအိုးနဲ့ ငါးသလောက်ပေါင်းနည်း

ထမင်းပေါင်းအိုးနဲ့ပေါင်းတာပါ ...အရမ်းလွယ်ပါတယ်

ငါးသလောက်ကို လိုသလိုတုံး။ဆေးကြောသန့်စင်ပြီးရင် ဆား ဆနွင်းငံပြာရည်သကြားထည့် ရှောက်သီးကိုအရည်ညှစ်ပြီးထည့် နယ်ပြီးနှပ်ထားပါ။ပေါင်းမမယ့်အိုးထဲမှာဇပလင်ကိုအနေတော်ဖြတ်ထည့်ပြီး ဒါးပြားရိုက်ပြီးခင်းပါတယ်။

ခရမ်းချဉ်သီးငါးလုံးကိုလည်း လေးစိတ် စိတ်ပြီးခင်း အဲ့အပေါ်ကနေမှ ငါးတွေကိုနေရာချ။ရေ နည်းနည်းထည့်ပြီး ပေါင်းပါတယ် ရေခမ်းရင် တော့ ငါးမြုတ်ရုံထည့်ပေးပါတယ် ။ရေထည့်တဲ့အခါ ငါးအပေါ်ကိုလောင်းမထည့်ပါနဲ့ ..ဘေးကနေ ညင်ညင်သာသာလောင်းထည့်ပေးပါ

လေးကြိမ်လောက်ထည့်ပြီးရေခမ်းရင်အရိုးလည်း
နူးလောက်ပါပြီ။ ကြက်သွန်ဥလေးတွေထည့် ..ရေထပ်ထည့်ပြီး ဆူအောင်တည်..။အရိုးနူးမနူးလည်းစစ်ပါ ။အရိုးနူးလောက်ပြီဆိုရင်ဒယ်အိုးတအိုးထဲမှာဆီကိုဆူနေအောင်တည်..ငြုပ်သီးလေးတောင့်လောက်ကို ညက်အောင်ထောင်းပြီး ဆီသတ်။ ဆီသတ်ရင်ရေလေးနည်းနည်းထည့်ပြီးသတ်ပါ ။ငြုပ်သီးလည်းမတူးသလို အရသာလည်းပိုကောင်းပါတယ်။

ပြီးရင်အအေးခံပြီး ငါးသလောက်အိုးထဲထည့်ပါ။ ရေခမ်းပြိးဆီပြန်လာရင် အရသာရှိရှိသုံးဆောင် နိုင်ပါပြီ။

ကြာချိန် (2) နာရီမှ (4)နာရီအတွင်းဖြစ်ပါတယ်

Credit to original

image

image

၂၀၂၁ နောက်ပိုင်း မန္တလေးမှာ ရွှေဆိုင်ဓားပြတိုက်ခံရမှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့

ဒီဇင်ဘာ ၂၇

မန္တလေးမြို့မှာ ၂၀၂၁ခုနှစ် နိုင်ငံ ရေးဖြစ်စဉ်‌ တွေ ပြောင်းလဲပြီးနောက်ပိုင်း ရွှေဆိုင် ဓားပြတိုက်ခံရမှု (၁၅)ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ မန္တလေးမြို့ခံနဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဖြစ်စဉ်တွေကတော့ ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၇ရက် နေ့က ၆၂လမ်းနဲ့ ၁၃၄လမ်းထောင့်က မောသစ်ရွှေဆိုင် ဆိုင်ခွဲ(၁)မှာ ရွှေသား သိန်း ၁၁၈၀ ခန့် ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသမီး သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရရရှိခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၂၄ ရက် မနက် ၁၀ နာရီမှာ နွားထိုးကြီးမြို့၊ ရွှေလွန်းနဒီရွှေဆိုင်ကို အမည်အသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး ရွှေဝယ်ဟန် ဆောင်ကာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်ခဲ့တာကြောင့် ၁၀ သိန်းဖိုးလောက် ပါသွားတယ်လို့သိရပါတယ်။ အဲ့ဒီနောက်၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၁၉ ရက် ည ၉ နာရီ မိနစ် ၃၀ ခန့်က နွားထိုးကြီးမြို့၊ ရွှေလွန်းနဒီရွှေဆိုင်ပိုင်ရှင် နေထိုင်တဲ့ ငွေဇင်ဦးဆီစက်မှာလည်း ဒုတိယအကြိမ် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၂ခုနှစ်၊ ဇူလိုင် ၂၄ရက်ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅လမ်း ၅၈နဲ့၅၉လမ်းကြားက မောသစ်ရွှေဆိုင်မှာ သေနတ်နဲ့ပစ်ခတ်ပြီး ရွှေသား သိန်း၂ထောင်ခန့်တန်ဖိုးနဲ့ ငွေကျပ် သိန်း ၆၀ခန့် ဓားပြတိုက်ခံခဲ့ရပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေး၀န်ထမ်း အသက် ၄၀အရွယ် အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံတဦးကတော့ " ဖြစ်စဉ်တွေက များနေတော့ ဓားပြတိုက်ခံရချိန် စိုးရိမ်မှုကတော့ လူတိုင်းရှိမှာပဲ၊ တခြား ရွှေဆိုင်ရှင် တွေလည်း လန့် နေမှာပဲ၊ အခုဖြစ်တာတွေက သေနတ်ပြပြီး လုပ်နေတော့ အကုန် ကြောက်ကြတာပေါ့၊ တိုက်တဲ့သူတွေကလည်း ကလေးကစားသလိုကို လုပ်နေကြသလိုပဲ၊ လုံခြုံရေးပိုင်းက ကိုယ်တိုင်ရော သက်ဆိုင်ရာကပါ သေသေချာချာလုပ်မှ ရမှာပဲ၊ မလုပ်ရင် ဒီကိစ္စက ထပ်ဖြစ်နမှာပဲ"လို့ သူရဲ့ထင်မြင်ချက်ကို ပြောပါတယ်။

၂၀၂၁ ၊ ဧပြီ ၁၉ရက်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)စျေးရှေ့က ထိပ်တန်း ရတနာရွှေဆိုင် သိန်း(၂၇၀၀)တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံခဲ့ရပါတယ်။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်ရှိ “ ဝိန့်လီ ” ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်ကလည်းမန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်၊ နာရီစင်အနီးရှိ အောင်သပြေရွှေဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ ကာလတန်ဖိုးငွေ သိန်း ၁၅၀၀ ခန့် ဓားပြတိုက်ခံခဲ့ရပါတယ်။

၂၀၂၃ခုနှစ် မတ်လ ၂၇ ရက်ကလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ အေ လမ်း၊ ၃၁×၃၂ လမ်းကြားရှိ စိန်ကျော်မိုး ရွှေသန့်စင်ရောင်းဝယ်ရေးဆိုင် သေနတ်ပစ်ဖောက်ပြီး သိန်း ၁ ထောင်ကျော် ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉ ရက်မှာလည်း ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ စက်မှုစျေးအနီးရှိ ထိပ်တန်းရွှေဆိုင်မှာ ‌‌‌‌‌‌‌‌‌‌သေနတ်ပြခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ ကာလတန်ဖိုး ကျပ်သိန်း ၂၇၀၀ ခန့် ဓားပြတိုက်ခံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်တွင်လည်း မန္တလေး မြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း ၄၁ နှင့် ၄၂ လမ်းကြားရှိ “ပေါ်ဦး “ရွှေဆိုင်ကို ဓားပြတိုက်သောကြောင့် ရွှေထည်ပစ္စည်းမျိုးစုံ သိန်း(၁)ထောင်ကျော် ဆုံးရှုံးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၂နဲ့ ၇၃ လမ်းကြားရှိ 'အောင်'ရွှေဆိုင်မှာ သိန်းပေါင်း (၁၁၀၀၀)ကျော် ဓားပြတိုက်ခံခဲ့ရပါတယ်။

၂၀၂၄၊ ဇန်နဝါရီ ၁၉ ရက်က မန္တလေးမြို့၊ မဟာအာင်မြေမြို့နယ်၊ ၃၉ လမ်း၊ ၈၄နဲ့ ၈၅ လမ်းကြားရှိ ဆယ်သန်း ရွှေဆိုင်မှာ သိန်း ၆၀၀၀ ကျော် ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံခဲ့ရပါတယ်

ဒါ့အပြင်၂၀၂၄၊ မေ ၃၁ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ရွှေ ၂ပိဿာခန့် ဓားပြတိုက်ခံခဲ့ရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၄၊ စက်တင်ဘာ ၁၀ ရက်က မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၁ လမ်းနဲ့ ၁၀၁(လမ်းထောင့်နေ ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူရဲ့ နေအိမ်မှာ မြို့ထဲကို ရွှေဆိုင်သွားဖွင့်ဖို့ ပြင်နေချိန် အမျိုးသား (၇) ဦးက သေနတ်တွေကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရွှေ (၁၀)ပိဿာကျော်နဲ့ ကျပ်သိန်း (၁၀၀၀)ခန့်တို့ ဓားပြတိုက်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၄၊ ဒီဇင်ဘာ ၁၈ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ မြောက် ရပ်ကွက်၊ ၇၇လမ်း ၃၆-၃၇လမ်းကြားရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင်မှာ ရွှေ ၄ ပိဿာခန့် ဓားပြတိုက်ခံခဲ့ရပါတယ်။

မနေ့ ၂၀၂၄ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်း ၃၂ နဲ့ ၃၃လမ်းကြားရှိ နဂါးနန်းတော် ရွှေဆိုင်မှာ ရွှေ ၁ ပိဿာ‌ ကျော် ဓားပြတိုက်ခံခဲ့ရပါတယ်။
အဲ့ဒီ နဂါးနန်းတော် ရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာလည်း အမျိုးသားတဦးက ဓားပြတိုက်ဖို့ လာခဲ့ချိန် ဖမ်းဆီးရမိခဲ့တယ်လို့လည်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အထက်ပါဖြစ်စဉ် တွေထဲက အချို့ဓားပြမှု တွေကတော့ တရားခံဖမ်းဆီးရမိတာ ရှိခဲ့ပြီး အချို့က‌ တော့ လက်ရှိအချိန်ထိ တရားခံမပေါ်သေးဘူးလို့လည်း မြို့ခံတွေနဲ့ သတင်းမှတ်တမ်း တွေအရ သိရပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
16 w - Translate

မင်းမှာ လှပတဲ့နှလုံးသားရှိရင်တောင် ရုပ်ဆိုးနေရင် အသုံးမဝင်ဘူး။
''အလကားဘဲ"
#စာတို

စစ်အသုံးစရိတ်လျှော့ချမှုကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေး

တိုင်ပေ၊ ဒီဇင်ဘာ ၂၇

ထိုင်ဝမ်၏ စစ်အသုံးစရိတ်ကို ဒေါ်လာ ၂ ဒသမ ၄၅ ဘီလျံအထိ လျှော့ချရမည့် ဥပဒေများကို အတိုက်အခံ ပါတီများက အတည်ပြုခဲ့ပြီးနောက် လုံခြုံရေးကဏ္ဍအတွက် ကြီးမားသည့် သက်ရောက်မှု ရှိလာလိမ့်မည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများ မြင့်တက်လာသည့် အခြေအနေနှင့် ရင်ဆိုင်နေရချိန်၌ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်၏ နေရာအများစုကို ထိန်းချုပ်ထားသည့် ထိုင်ဝမ် အတိုက်အခံပါတီများသည် ပြီးခဲ့သည့် သီတင်းပတ် က ဗဟိုအစိုးရမှ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များအထိ အသုံးစရိတ်များ ပြောင်းလဲမည့် ဥပဒေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အတိုက်အခံများ၏ လုပ်ဆောင်ချက်ကို အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) က ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး တိုင်ပေ (Taipei) မြို့တော်တွင်လည်း အတိုက်အခံများကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ သည်။

ဒီဇင်ဘာ ၂၅ ရက်က ထုတ်ပြန်ချက်တွင် အတိုက်အခံများ အတည်ပြုသည့် ဥပဒေအရ လာမည့်နှစ်အတွက် ထိုင်ဝမ်၏ ကာကွယ်ရေးအသုံးစရိတ်ကို ၂၈ ရာခိုင်နှုန်း (ဒေါ်လာ ၂ ဒသမ ၄၅ ဘီလျံ) လျှော့ချရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုဥပဒေသည် ထိုင်ဝမ်စစ်တပ်၏ စစ်အင်အား တည်ဆောက်မှုနှင့် တိုက်ပွဲအတွက် အသင့်အနေအထား ပြင်ဆင်မှု တို့အပေါ် ကြီးမားစွာ သက်ရောက်လိမ့်မည်ဖြစ်ပြီး စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း၊ စစ်တပ်ကို အဆင့် မြှင့်တင်ခြင်းတို့အတွက် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လာမည့်နှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် လျှော့ချမှုသည် ထိုင်ဝမ်၏ ဂျီဒီပီ ၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် ပမာဏ တူညီနေကြောင်း၊ အချို့နိုင်ငံများသည် ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်နေချိန်တွင် ထိုင်ဝမ်က ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအောက်အထိ လျှော့ချဖွယ်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရန်သူသည် မိမိတို့အား ကျူးကျော်လာမည့် သေရေးရှင်ရေး အခြေအနေမျိုးတွင် နိုင်ငံတကာ မိတ်ဆွေများထံမှ အကူအညီတောင်းခံရန် ခက်ခဲလိမ့်မည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

တရုတ်သည် ထိုင်ဝမ်အား ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ် အပေါ် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။

Source: ရိုက်တာ

ပုံ - ထိုင်ဝမ်တပ်ဖွဲ့ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
16 w - Translate

We can always start again 💕

image