13 w - Translate

ချစ်တဲ့သူတွေကို
မိုးလေကင်းလွတ်စေချင်တယ်
အချစ်ရေ အနာတရကင်းကင်း
ပန်းတွေပွင့်တဲ့ဘက်မှာပဲနေပါ
ကိုယ့်ကိုလည်း ပျော်နေတယ်လို့ပဲ
မြင်စေချင်တယ် ...။
#မြကျေး

image

အက်ရှင်မင်းသား ဗန်ဒိန်း နာမည်ရစေခဲ့တဲ့ Blood Sport ရုပ်ရှင်ကို A24 ကနေပြီး remake ပြန်ရိုက်ဖို့ ပြောဆိုမှုတွေလုပ်နေတယ်ဆိုတယ်။ စိတ်ဝင်စားစရာ။ 🤔

image
13 w - Translate

ချန်ပီယံလိဂ်ဘုရင်ရီးရဲလ်မက်ဒရစ်အသင်း အာဆင်နယ်ကို အရှုံးပေးခဲ့ရသလို ဂျာမန်ဘီလူးအသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကလည်း အင်တာမီလန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ရေးလမ်းကြောင်း မှေးမှိန်သွားခဲ့ပါတယ်။

တိုက်စစ်မှာမွှေနှောက်ကစားပြီး ဂိုးအခွင့်အလမ်းတွေ ဖန်တီးတတ်တဲ့ မူဆီယာလာမပါတာ၊ နောက်တန်းမှာ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ အူပါမီကာနိုတို့ဒဏ်ရာရနေတာကြောင့် ခံစစ်အထိုင်ပျက်သွားခံ့တာတွေက ဘိုင်ယန်မြူးနစ် ရှုံးရတဲ့အဓိကအကြောင်းအရင်းလို့ဆိုရမှာဖြစ်သလို အင်တာဂိုးသမားဆွန်းမား လက်စွမ်းပြခဲ့တာကလည်း ဘိုင်ယန်မြူးနစ်အတွက် ရသင့်တဲ့ဂိုးတွေ ဆုံးရှုံံးစေဖို့ ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ အင်တာမီလန်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်က အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ပွဲချိန်(၃၈)မိနစ်မှာ အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ဒီဂိုးနဲ့ အင်တာက ပွဲပြီးခါနီးအထိ ဦးဆောင်ခဲ့ပြီး ပွဲချိန်(၈၅)မိနစ်မှ မူလာက ချေပဂိုးသွင်းခဲ့တာပါ။ ဒီဂိုးက (၃)မိနစ်သာခံခဲ့ပြီး ပွဲချိန်(၈၈)မိနစ်မှာ အင်တာမီလန်အသင်းအတွက် လူစားဝင်ကွင်းလယ်လူ ဖရက်တီစီက အနိုင်ဂိုးသွင်းသွားခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ လွန်ခဲ့တဲ့(၄)နှစ်တိတိက PSG ကို အိမ်ကွင်းမှာ ရှုံးပြီးနောက်ပိုင်း ချန်ပီယံလိဂ်မှာ (၂၂)ပွဲဆက်တိုက် အရှုံးမရှိ(၁၇ ပွဲနိုင် ၅ ပွဲသရေ)ကစားထားတဲ့မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့ပါတယ်။

image
13 w - Translate

CBF ရဲ့ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြသစ်ဆန်ခါတင်စာရင်းထဲမှာ မော်ရင်ဟိုပါဝင်လာ
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ရဲ့ဘရာဇီးလ်အသင်းနည်းပြသစ်ဆန်ခါတင်(၄)ဦးစာရင်းထဲမှာ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုလည်း ပါဝင်လာပါတယ်။

ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အာဂျင်တီးနားအသင်းကို(၁-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် နည်းပြဒိုရီဗယ်လ်ဂျူနီယာကို ရာထူးကထုတ်ပယ်ခဲ့ပြီး နည်းပြသစ်ခန့်အပ်ဖို့ ရှာဖွေနေတာပါ။

ဘရာဇီးလ်သတင်းမီဒီယာ Globo က ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုဟာ ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ် CBF က စဉ်းစားနေတဲ့ ထိပ်တန်းနည်းပြ(၄)ဦးထဲက တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ CBF ရဲ့ဆန်ခါတင်နည်းပြ(၄)ဦးစာရင်းထဲမှာ မော်ရင်ဟိုအပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီ၊ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ခ်ျဂျီးဆပ်နဲ့ ပါလ်မီးရပ်စ်အသင်းနည်းပြ အေဘယ်လ်ဖာရဲရားတို့ပါဝင်နေတာပါ။

CBF ဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဓိပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်အသင်းနည်းပြရာထူးဟာ သူ့ရဲ့နောက်ဆုံးနည်းပြအလုပ်အကိုင်ဖြစ်တယ်လို့ ထုတ်ပြောထားတာပါ။ ဒါပေမယ့် CBF က ဒါကိုလက်မလျှော့သေးဘဲ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဥရောပထိပ်တန်းကလပ်တွေကို ကိုင်တွယ်ခဲ့တဲ့ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုဟာ နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်ချင်တဲ့ ဆန္ဒရှိနေတာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ခ်ျဂျီးဆပ်ဟာ ဘရာဇီးလ်အသင်းနည်းပြရာထူးကို ရယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

image
13 w - Translate

ရော်နယ်ဒင်ညို “အမ်ဘာပေ က ငါသိမ်ကိုကြိုက်တဲ့ကစားသမားတွေထဲက တစ်ဦးဆိုတာဝန်ခံတယ်၊ ဒီကောင်နဲ့က တကယ့်သူငယ်ချင်းကောင်းတွေပါ။ ဒီကောင် သူ့ဘဝမှာလုပ်သမျှတိုင်းကို ငါအတော်ကို လေစားရတယ်။

PSG ရဲ့အလွန်ကို ကြည့်လိုက်ရင် ကျွန်တော်တို့မှာ တူညီတဲ့ လမ်းကြောင်းနည်းနည်းရှိတယ်။ ကလပ်အသင်းအတွက်ကလွဲရင်ပေါ့လေ(ရယ်လျက်)။

ဒါပေမယ့် အခုတော့ သူ့မှာလုံးဝ ပျောက်ဆုံးနေတဲ့ အရေးကြီးတဲ့ အရာတွေကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်စေမယ့် သမိုင်းဝင် ကလပ်မှာ ရှိနေပါတယ်”

image

နေ့စဉ်မိုးလေဝသသတင်း
==================
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ ၁၀-၄-၂၀၂၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈ဝ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈ဝ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

image

မြေငလျင်သတင်းအမှတ်စဉ် ၁၀၈
=====================
နေ့စွဲ ၉-၄-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၀၄း၅၁း၄၈
အင်အားပမာဏ - ၃.၆ ရစ်(ခ်)တာစကေး
အနက် - ၁၀ ကီလိုမီတာ
ဗဟိုချက်တည်နေရာ - မြစ်သားမြို့၏ အရှေ့တောင်ဘက် (၁၃) မိုင်ခ

🌺သူတော်ကောင်းတွေ~လူ့ဘဝ
ပြန်ရမှာ~ကြောက်နေကြရတဲ့
ခေတ်တောင်ရောက်နေပြီ~မိ
ဘ~ဆရာသမား~ရဟန်းသံဃာ
ကိုတောင်~ ပြန် သတ် နေ တဲ့
ခေတ်ကိုး~
သာသနာနဲ့ကြုံတုန်း~ဆုံတုန်း~
ဝိပဿနာပါရမီတွေ~စုဆောင်း
သွားသင့်တယ်~🌺
*******
ဖါးအောက်ဆရာတော်ဘုရားကြီး

image

image
13 w - Translate

POCO F7 PRO & POCO F7 ULTRA

POCO F7 Pro နှင့် POCO F7 Ultra တို့ကိုမတ်လအကုန်နားမှာမိတ်ဆက်ပေးခဲ့သည်။အဆိုပါဖုန်း၂လုံး​၏အချက်အလက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(Display)ဖုန်းနှစ်လုံးစလုံးတွင် 6.67 လက်မအရွယ် 2K AMOLED မျက်နှာပြင်ပါရှိပြီး၊ 3200 nits နှင့် 120Hz တို့ဖြစ်ပြီးထို့အပြင် HDR10+ နှင့် Dolby Vision တို့ကို ထောက်ပံ့ပေးပါသည်။

SOC အနေနဲ့ POCO F7 Ultra တွင်Qualcomm Snapdragon 8 Elite ပရိုဆက်ဆာနှင့် VisionBoost D7 ဂရပ်ဖစ်ကို အသုံးပြုထားပြီး၊ 120FPS တွင် 2K resolution ဖြင့် ဂိမ်းများကို ကစားနိုင်စွမ်းရှိသည်။ POCO F7 Pro: Snapdragon 8 Gen 3 ပရိုဆက်ဆာကို အသုံးပြုထားသည်။

Storage အနေနဲ့ဖုန်းနှစ်လုံးစလုံးတွင် 12GB သို့မဟုတ် 16GB LPDDR5X RAM နှင့် 256GB ၊512GB UFS 4.0 တို့အသီးသီးဖြစ်ပါတယ်။

Camera အတွက် POCO F7 Ultra မှာ50MP main camera (OIS ပါဝင်သည်)၊ 32MP ultrawide၊50MP 2.5x opticalzoom နှင့် selfie အတွက် 32MP တို့ပါဝင်သည်။POCO F7 Pro: 50MP main camera (OIS ပါဝင်သည်) ၊8MP ultrawide နှင့် selfie အတွက် 20MPတို့ပါဝင်သည်။

Battery အတွက် POCO F7 Ultra မှာဆိုရင် 5,300mAh ဘက်ထရီနှင့် 120W fast charging ၊ 50W wireless chargingတို့ပါဝင်ပြီး POCO F7 Pro မှာဆိုရင် 6,000mAh ဘက်ထရီနှင့် 90W fast charging တို့ပါဝင်မှာဖြစ်ပါတယ်။

စျေးနှုန်းနှင့်storageတွေကတော့ POCO F7 Pro မှာ 12GB+256GB အတွက် $499၊ 12GB+512GB မော်ဒယ်အတွက် $549 ဖြစ်ပြီး POCO F7 Ultra မှာတော့ 12GB+256GB မော်ဒယ်အတွက် $649၊ 16GB+512GB မော်ဒယ်အတွက် $699 ဖြစ်သည်။ ဖုန်းများသည် မတ်လ 27 ရက်နေ့မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ အစောပိုင်း ဝယ်ယူသူများအတွက် လျှော့စျေးများနှင့် အခြားလက်ဆောင်များပေးအပ်သွားမယ်လို့သိရပါတယ်။

image