1. I do wish you would talk sense.
တည်တည်တံ့တံ့ စကားပဲပြောစေချင်တယ်။
2. This passes my understanding.
ငါလိုက်မမီဘူးဟေ့။
3. They are hand(s) in glove.
သူတို့တွေ က တကျိတ်တည်းတဥာဏ် တည်း။
4.Good counsel has no price.
ကောင်းမွန်သော အကြံပေးချက်ဟာ အဖိုးမဖြတ်နိုင်ပါဘူး။
5. Nothing endures but personal qualities.
ကိုယ်ပိုင်အရေအသွေးကလွဲပြီးဘာမှကြာကြာမခံပါဘူး။
6. A single conversation across the table with a wise man is better than ten year's study of book.
ပညာရှိတစ်ယောက်နဲ့စကားပြောရတာဟာ ဆယ်နှစ်စာအုပ်တွေဖတ်ရတာထက်ပိုကောင်းမွန်တယ်။
7. Familiarity breeds contempt.
ရင်းနှီးမှုဟာ အထင်သေးမှုကိုဖြစ်ပေါ်စေတယ်။
8. All that glitters is not gold.
ဝင်းလက်သောအရာတိုင်းရွှေမဟုတ်။(အပြအလှကောင်းတိုင်းအကောင်းစား မဟုတ်)။
9. It is said that gifts persuade even the gods.
နတ်တွေတောင်မှလက်ဆောင်တွေကဖျား ယောင်းတတ်တယ်လို့ဆိုကြပါတယ်။
10. It is in great dangers that we see great courage.
သိပ်အန္တရယ်ကြုံတွေ့တဲ့အခါမှာတကယ် သတ္တိရှိမရှိသိတော့တာပဲ။
11. Don't put your words into my mouth.
မင်းစကားကို ငါ့ စကားမလုပ်နဲ့
12. Do you take me for a fool?
ငါ့ကိုအရူးများမှတ်နေလား
13. Look before you leap'' is a wise motto.
မလုပ်မီကြိုတင်စဉ်းစားဆိုတာဟာသင့်မြတ်တဲ့ဆောင်ပုဒ်တစ်ခုပဲ။
14. l like the way you have done your hair.
မင်းဆံပင် လုပ်ထားတာ ငါကြိုက်တယ်။
15. lt's no use sending him to school.
သူကို ကျောင်းထားနေလို့ အလကားပဲ။
16. It's your turn to do it.
မင်းလုပ်ရမဲ့ အလှည့်။
17. Through hard work and ability,she made good.
လုပ်ရည်ကိုင်ရည်နှင့် ကြိုစားမှုအပေါ်မှာ သူကြီးပွားသွားတယ်။
18. He told me briefly what he knew.
သူသိသမျှအတိုချုပ်ပြောပြတယ်။
19. In brief,we are all learners.
အချုပ်အားဖြင့်ပြောရရင် တို့တွေက သင်ယူသူတွေပဲ
20. He was deaf to all arguments.
သူက အကျိုးသင့်အကြောင်းသင့်ပြောသမျှကို နားမဝင်ပါ။
21. I'll be quite plain with you.
ငါမင်းကိုရှင်းရှင်းပဲပြောပြမယ်။
22. You've no call to say such things.
ဒါမျိုးတွေပြောဖို့ အကြောင်းမရှိဘူး။
23. Now this is what happened.
အဖြစ်အပျက်ကတော့ ဒါပါပဲ။
24. Delay is the greatest remedy for anger.
ကြန့်ကြာစေခြင်းဟာ ဒေါသဖြစ်မှုအတွက် အကောင်းဆုံး ကုစားမှုဖြစ်တယ်။
25. We sometimes do things in anger that we are sorry for afterwards.
ကိုယ်တို့ဟာတစ်ခါတစ်ရံမှာဒေါသနဲ့လုပ်လိုက်ပြီးနောက်မှဝမ်းနည်းနေတတ်ကြ တယ်။
Posted by - Active English
#englisheverywhere