Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ဝက်ချိုချဉ်ကြော်
အိုးထဲ ဆီထည့်ပီး ဆီဆူလာရင်
ကြိတ်ထားတဲ့ ကြက်သွန်ဖြူ ခဏထည့်ပီး
နွမ်းလာရုံမွှေပါ။
အသင့်လှီးထားတဲ့ သုံးထပ်သားထည့်ပီး
ဆား,သကြား,အရသာမှုန့်ထည့် မွှေပါ။
ဝက်သားကို ရေမြုပ်အောင်ထည့်ပီး အဖုံးအုပ်ထားပါ။
အသား နဲ့ အခေါက်လေးများ နူးအိလာရင်
ခရမ်းချဉ်သီး နဲ့ Chili Sauce ထည့်မွှေပီး အဖုံးအုပ်ထားပါ။
ခရမ်းချဉ်သီးများ ပျော့အိလာတဲ့အခါ
နာနတ်သီးထည့်မွှေပီး ၁ မိနစ်ကြာရင်
ပန်းငရုတ်ပွ,ပန်းဂေါ်ဖီ,ရေပြောင်းဖူး,ကြက်သွန်နီ ထည့်မွှေလိုက်ပါ။
အိုးမချခင် ၁ မိနစ်အလိုမှာ ကော်ရည်ထည့်မွှေပါ။
အသီးအရွက် ခပ်ကျွတ်ကျွတ်အနေအထားမှာ
အိုးချစားသုံးပါ။
_____________________________________________________
ကော်မှုန့် ထမင်းစားဇွန်းကို ရေဖျော်ထားပါ။
ကြက်သွန်ဖြူ ၅ မွှာ ကြိတ်ထားပါ။
ဝက်သား ၃ ထပ်သားကို လှီးဖြတ်ထားပါ။
ချိုချဉ်ကြော် အရသာအတွက်
နာနတ်သီး,ခရမ်းချဉ်သီး,Chili Sauce ဒီ ၃ မျိုးက
မပါမဖြစ်မို့ ထည့်ရပါမယ်။
Crd
❛ ဆေး မင် ကြောင် ❜
___________
တစ်ခါတုန်းက
လက်မှာ အရုပ်တွေနဲ့သူငယ်ချင်းတစ်စု
ကမ္ဘာကြီးကို
လက်ဖျံမှာထိုးပြီး
ခရီးသွားခဲ့ကြတယ်။
အနှစ် နှစ်ဆယ်အကြာ
နှစ်ယောက် သေ
သုံယောက် ကျန်
ရှင်သန် - ၁
လဲကျ - ၁
ပျံသန်း - ၁
နောက်ဆုံးကျမှ
ကမ္ဘာကြီးရဲ့ကိုယ်ပေါ်က
ဆေးမင်ကြောင်ရုပ်တွေဟာ
ငါတို့မှန်း
သိခဲ့ရ ။ ။
- - သုခမိန်လှိုင် - -
တချို့ကလည်း
သတိရတယ် အရမ်းပဲလို့ ပြောကြတယ်
ကိုယ်တော့ သတိမရပါဘူး
မေ့မှ မေ့မနေခဲ့တာ။
#နွေသစ်ငြိမ်း
" ပါးနပ်တဲ့ အပြောအဆို .
လူတစ်ယောက်ကို "ခင်ဗျား လွဲနေတယ်
လို့ပြောရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။
ဒါပေမယ့် လူတစ်ယောက်ကို
ဒီလိုလေး လုပ်လိုက်ရင် ခင်ဗျား
ပိုပြီးအဆင်ပြေလိမ့်မယ် လို့ပြောရင် လက်ခံချင် လက်ခံလာလိမ့်မယ်။
ကိုယ်ဆိုလိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ်ပြောချင်တဲ့စကားတွေကို
တစ်ဖက်သားက လက်ခံဖို့ဆိုရင် ပြောတတ် ဆိုတတ်ဖို့က
သိပ်အရေးကြီးတယ်။
ဘယ်တော့မှ နင်မှားတယ်၊ငါမှန်တယ်
ဆိုတာမျိုး မပြောမိစေနဲ့။ ပြောမယ့်ပြော
နင်ပြောတာ မှားတော့မမှားဘူး။
ဒါပေမယ့် ဒီလိုလေးဆို ပိုပြီးတောင် မှန်ဦးမယ်"
ဆိုတဲ့အပြောမျိုး ပြောတတ်အောင်ပြော။
အပြောအဆိုကြောင့်ပဲ
လူတွေရဲ့အထင်ကြီးကိုးစားတာကို ခံရတတ်သလို
အပြောအဆိုကြောင့်ပဲ လူမုန်းများတတ်တယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ပါးပါးနပ်နပ် ပြောတတ်ဆိုတတ်
သူတစ်ယောက်အတွက်ကတော့
အပြောအဆိုကြောင့် လူမုန်းမခံရတတ်ပါဘူးလေ။
တကယ်တော့ Mk5 Supra စပေါ်လာကတည်းက သူ့ရဲ့ legacy နဲ့ပတ်သက်ပြီး တစ်ယောက်တစ်ပေါက်နဲ့ အတော်လေးကို complicated ဖြစ်နေခဲ့တာ ကနေ့အထိပါပဲ။ "Supra အသစ်က Toyota အရေခြုံထားတဲ့ BMW ကြီးပါကွာ"၊ "Austria က Magna Steyr မှာတည်ဆောက်ပြီး အတွင်းအစိတ်အပိုင်းက Z4 ကြီးပါပဲကွာ" စသည်ဖြင့် သဘောမကျကြတဲ့သူတွေကလည်း တစ်ဖွဲ့။ မှန်ပါတယ် BMW သာ မကူခဲ့ရင် Toyota အနေနဲ့ ဒီလို low-volume Sports ကားတစ်စီးကို အကြမ်းထည်ကနေခေါင်းအစခြေအဆုံး ဒီဇိုင်းဆွဲထုတ်လုပ်ဖို့ဆိုတာကလည်း ဘီလီယံနဲ့ချီတဲ့ငွေတွေလိုအပ်တာမို့ Mk5 Supra အိပ်မက်က လမ်းမမြင်ပါဘူး။ မည်သို့ပင်ဆိုစေကာမူ ဒီကောင့်မှာသုံးပေးထားတဲ့ B58 အင်ဂျင်က အတော်လေး Smooth ဖြစ်သလို အတော်လေးလည်း Tunable ဖြစ်တဲ့ masterpiece ပါ။ ဒီနေရာမှာသာ "BMW" ဆိုတဲ့ badge drama ကြီးကို ခဏဖယ်ထားလိုက်မယ်ဆိုရင် GR Supra ရဲ့ suspension, steering နဲ့ aerodynamic စတာတွေကို သေချာပြန်ကိုင်တွယ်ပေးထားတာမို့ Toyota တစ်စီးရဲ့အငွေ့အသက်တစ်ချို့ ပါဝင်နေသလို Z4 ထက်လည်း ပို aggressive ဖြစ်တာတော့ ငြင်းလို့ရမယ်မထင်ဘူး။ ကိုယ့်လူမှတ်မိသေးလားတော့မပြောတတ်ပေမယ့် Mk5 Supra စထွက်လာတုန်းက Auto တစ်မျိုးတည်းပဲရခဲ့တာပါ။ ဒီလိုနဲ့ enthusiasts တွေတောင်းဆိုမှုကိုလိုက်လျောတဲ့အနေနဲ့ မကြာခင်မှာပဲ 6-speed MT ကို ဖြည့်စည်းပေးခဲ့ပြန်ပါတယ်။ ကျွန်တော်တို့တစ်တွေဟာ တစ်ချို့နေရာတွေမှာ ကိုယ်တိုင်လက်တွေ့ခံစားဖူးခြင်းမရှိဘဲ လွယ်နှင့်တကူ ဝေဖန်တတ်ကြတဲ့သဘောသဘာဝတော့ ရှိသဗျ။ မှန်ပါတယ် Mk5 Supra က ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်လိမ့်မယ်၊ သို့ပေမယ့် အကယ်၍သာ Mk4 Supra (A8 ရဲ့ လောင်းရိပ်အောက်သာ ရှိမနေခဲ့လျှင်၊ အကယ်၍သာ Mk5 Supra ကို တစ်ခါလောက်တက်မောင်းကြည့်ပြီး ဘယ်လောက် "fun to drive" ဖြစ်သလဲဆိုတာကို နှဖူးတွေ့ဒူးတွေ့ ခံစားဖူးမယ်ဆိုရင် ဒီကောင့်အပေါ် ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေလည်း အနည်းနဲ့အများတော့ ပြောင်းလဲလာကြလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့မေ့လျော့နေခဲ့ကြတာက Mk5 Supra ဟာ new-age Sports ကားတစ်စီးဆိုတာပါပဲ။
လူနှစ်ယောက်ကျောခိုင်းကြတဲ့အခါ
လွမ်းစရာကတော့ ကျန်စမြဲပဲ မဟုတ်လား...
အမှတ်တရဟာ အမှတ်ရချင်သူထံမှာတော့
မပျက်မယွင်းရှိနေဦးမှာ...။
#နွေအိမ်မောင်ဝင်း
နှစ်လုံးတွဲ အဂ်လိပ်စကားလုံးတိုများ
တစ်နေ့နဲနဲ အဂ်လိပ်စာလေ့လာကြမယ်
#easyenglish
#englisheverywhere
မင်းဘာမင်း ဘာကောင်ဖြစ်ဖြစ်
မလိုတဲ့သူအတွက်တော့ အမှိုက်ပဲ..၊
ထင်သလောက် ဘောင်မဝင်တဲ့အခါ
ကွင်းပြင်ကို ရဲရဲကြီးထွက်ပေးရဲရမယ်..၊
"လူငယ်ပဲ
မာနလေးတော့ထား"။
#ရိုးတံ