ကြောင်ပျောက်ကာလ
-----
ကြောင်တွေက ဒီတိုင်း လွှတ်ထားရင် အိမ်လည်တတ်ပါတယ်။ တချို့နေ့တွေမှာ ရပ်ကွက်တခါ လျှောက်သွားပြီး အစာစားချိန်ကျမှ ပြန်ပြန်လာတာမျိုးပေါ့။ ကိုယ်မသိဘဲ ကြောင်ထွက်သွားပြီဆိုရင် ကြောင်ပိုင်ရှင်ခင်ဗျာ စိတ်ပူရပြီ။ ဒီလို ပူပန်ရတဲ့အချိန်တွေကို "ကြောင်ပျောက်ပြီ" လို့တောင် တင်စားပြောစမှတ် ရှိကြတယ် မဟုတ်လား။
ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေမှာလည်း ကြောင်ပျောက်တဲ့ အချိန် ရှိပါတယ်။ သူတို့ ပျောက်တာက တကယ့် ကြောင် ပျောက်တာပါ။ အိမ်မှာမွေးထားတဲ့ ကြောင် ပျောက်တာတော့ မဟုတ်ပါဘူး။ ရုပ်ကြွင်းမှတ်တမ်း ပေါ်မှာ ပျောက်သွားတာပါ။ တိတိကျကျ ပြောရရင် မြောက်အမေရိကတိုက်မှာ ကြောင်ရုပ်ကြွင်းတွေ လုံးဝ ပျောက်သွားတဲ့ ကာလကို ရည်ညွှန်းတာပါ။
အဲဒါကို သုတေသီတွေက မြောက်အမေရိကရဲ့ ကြောင်ပျောက်ကာလ (Cat gap) လို့ ခေါ်ကြတယ်။ ဒီကာလက လွန်ခဲ့တဲ့နှစ် ၂၅သန်းကနေ ၁၈.၅သန်းအထိ ၁၇.၅သန်း ကြာခဲ့ပါတယ်။ ယနေ့ခေတ် ကြောင်ကြီးကြောင်ငယ် (ခြင်္သေ့၊ ကျား၊ ကျားသစ်၊ အပါအဝင်) အားလုံးက ဖဲလစ် (Felid) မျိုးရင်းထဲက ဖြစ်တယ်။ သူ့မှာ မျိုးသုဉ်းသွားတဲ့ ဆွေမျိုး မျိုးရင်းနှစ်ခု ရှိပါတယ်။ အဲဒါက နင်မရာဗစ် (Nimravid) နဲ့ ဘာဘူရိုဖဲလစ် (Barbourofelid) တွေပါ။ သူတို့ကလည်း ကြောင်အစစ် ဖဲလစ် နည်းတူ အသားသီးသန့်ပဲစားတဲ့ သားရဲတွေ ဖြစ်ပြီး၊ ဓားကောက်ပုံ စွယ်သွားရှိတဲ့ မျိုးစုတွေတောင် ရှိဖူးပါတယ်။ တကယ့် ဓားကောက်ပုံ စွယ်သွားပါကြောင် တွေက ဖဲလစ် ထဲကဖြစ်လို့၊ အဲဒီ့လို ဓားကောက်ပုံသွား ရှိတဲ့ မျိုးနွယ်တွေက ပေါင်းဆုံ ဆင့်ကဲဖြစ်စဉ် (convergence) တစ်ရပ်ဖြစ်ပါတယ်။ ဒီနှစ်မျိုးလုံးက ကြောင်ထက် အရိုးအဆစ် တုတ်ခိုင်ပြီး၊ ဦးနှောက် သေးတယ်။ ခြေထောက်လည်း တိုတယ်။ ကြောင်အစစ်တွေနဲ့ ယှဉ်ရင် ဉာဏ်နဲ့ ဖျတ်လတ်မှုထက် ဗလအားကိုးတဲ့ သားရဲတွေပေါ့။
ရှေးအကျဆုံး ကြောင်အစစ်က ပရိုအိုင်လူးရတ် (Proailurus) ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် သန်း ၃၀- ၂၅သန်းခန့်မှာ ယူရေးရှားပေါ်မှာ နေခဲ့တာပါ။ သူက ယနေ့ခေတ် ကြောင်ထက် အရွယ် နည်းနည်းပဲ ပိုကြီးပါတယ်။ ပေါ့ပါးဖျတ်လတ်ပြီး သစ်ပင်တက်ကျွမ်းကျင်တယ်။ အမြီးရှည်ရှည်၊ ကိုယ်လုံးသွယ်သွယ် ရှိပြီး၊ ကျွန်တော်တို့ လူတွေ မျောက်တွေနည်းတူ၊ ခြေဖဝါးချ တိရစ္ဆာန် (plantigrade) ဖြစ်ပါတယ်။ ယနေ့ခေတ် ကြောင် အားလုံးက ခြေဖျားထောက် တိရစ္ဆာန် (digitigrade) တွေပါ။ ဒီ့အပြင် ယနေ့ခေတ် ကြောင်အစစ်တွေမှာ မရှိတော့တဲ့ ဒုတိယ အံသွား (second molar) ကိုလည်း သူ့မှာ တွေ့ရတုန်းပါ။ သူ့ရဲ့ ရုပ်ကြွင်းတွေကို မွန်ဂိုလီးယား၊ ဂျာမနီနဲ့ စပိန်မှာ တွေ့ရပါတယ်။ ပရိုအိုင်လျူရတ် ကိုယ်တိုင်က နှစ် ၁၄သန်းလောက် တည်တံ့ခဲ့ပေမယ့် တခြား ရုပ်ကြွင်းမျိုးနွယ်တွေကို အနည်းအကျဉ်းမျှသာ တွေ့ရသေးလို့ ကြောင်ဆင့်ကဲဖြစ်စဉ် သမိုင်းကို ပုံဖော်ဖို့ တော်တော်ခက်ပါတယ်။ ဒုတိယ အစောဆုံး ကြောင်က ဆူဒေလူးရတ် (Pseudaelurus) ဖြစ်ပြီး ယူရေးရှားမှာ လွန်ခဲ့တဲ့ နှစ် သန်း ၂၀ခန့်ကျမှ စတင် ပေါ်ပေါက် လာပါတယ်။ ဒါကြောင့် ဒီကာလကို ကမ္ဘာတဝှမ်း ကြောင်ပျောက်ကာလလို့ ရည်ညွှန်းနိုင်တယ်။
မြောက်အမေရိကရဲ့ ကြောင်ပျောက်ကာလ မတိုင်ခင်မှာတော့ နင်မရာဗစ် မျိုးနွယ်က ကြီးစိုး ထားတာပါ။ သူတို့တွေက လွန်ခဲ့တဲ့ နှစ် ၂၃သန်း၊ ကြောင်ပျောက်ကာလ မတိုင်ခင်လေးမှာ မျိုးသုဉ်းသွားခဲ့တယ်။ ဒီအချိန်မှာ မြောက်အမေရိကတိုက်မှာ ဘာကြောင်မျိုးနွယ်မှ မရှိတော့ပါဘူး။ အနည်းဆုံးတော့ ရုပ်ကြွင်းမှတ်တမ်းအရပေါ့။
သုတေသီတွေက ကြောင်ပျောက်ကာလကို အကြောင်းရင်း တစ်ခုမက ရှိတယ်လို့ ရှင်းပြပါတယ်။
ပထမတချက်အနေနဲ့၊ ကြောင်ပျောက်ကာလဟာ မီယိုဆင်း အဏုယုဂ် (Miocene)ရှေ့ပိုင်း ဖြစ်ပါတယ်။ မီယိုဆင်း အဏုယုဂ်ဟာ ကမ္ဘာ့ဥတု အေးမြလာပြီး ယနေ့ခေတ် မြင်နေရတဲ့ စတက်ပ် နဲ့ ဆာဗနား မြက်ခင်းပြင်တွေ ပေါ်ပေါက်လာချိန်နဲ့ တိုက်ဆိုင်ပါတယ်။ အဲဒီ့မှာ သစ်တောတွေ နည်းသွားတာ ကြောင့် မြက်ခင်းပေါ်မှာ အပြေးသန်တဲ့ အရွက်စားတိရစ္ဆာန်တွေ ပေါများလာတယ်။ ဗလအားကိုးနဲ့ ချောင်းမြောင်းတိုက်ခိုက်တဲ့ နင်မရာဗစ် ကြောင်တွေက ဒီအရွက်စားတိရစ္ဆာန်တွေကို မယှဉ်ပြိုင်နိုင်ဘဲ မျိုးသုဉ်းသွားတယ်လို့ ယူဆရပါတယ်။ ဒီဖြစ်စဉ်က ကြောင်မှရယ် မဟုတ်ပါ။ သားရဲ နို့တိုက် သတ္တဝါတွေရဲ့ သမိုင်းမှာ အစပိုင်းမှာ ယေဘုယျ သမားတွေ (generalist) အနေနဲ့ စတင်ပြီးရင် အောင်မြင် လာတဲ့အခါ အသားချည်းပဲ မှီဝဲတဲ့ မျိုးနွယ်တွေ (hypercarnivore) ဖြစ်လာတယ်။ ပြီးရင် သူတို့ အမဲလိုက်နေကျ သားကောင်မျိုးသုဉ်းရင် သူတို့ပါ လိုက်ပြီး မျိုးသုဉ်းတာက ပုံမှန်ဖြစ်စဉ် တစ်ရပ်လို့ တွေ့ရပါတယ်။
ဒုတိယ တချက်အနေနဲ့၊ ရုပ်ကြွင်းမှတ်တမ်းက မြောက်အမေရိကတိုက် တခုလုံးကို ခေတ်တိုင်း အတွက် မခြုံငုံမိပါဘူး။ ရုပ်ကြွင်းမှတ်တမ်း မကျန်ရစ်တဲ့ နေရာဒေသတချို့မှာ နင်မရာဗစ်တွေ၊ ကြောင် အစစ် "ဖဲလစ်"တွေ ရှိကောင်း ရှိခဲ့နိုင်ပါတယ်။ မတွေ့ခြင်းဟာ မရှိခြင်းရဲ့ သက်သေတော့ မဟုတ်ဘူးကိုး။
နောက်ဆုံးတချက်ကတော့ ပရိုအိုင်လူးရတ်က မီယိုဆင်းမတိုင်ခင်တည်းက ရှိနေပေမယ့်၊ ကြောင်အစစ်တွေက မြောက်အမေရိကပေါ်ကို ရောက်လာပုံမရသေးတာပါ။ ရုရှားနဲ့ အလက်စကာမှာ ဘာရင်းပင်လယ် (Bering Sea) ခြားနေတာ မဟုတ်လား။ ကြောင်က ဒီလောက် အဝေးကြီးကို ရေကူးပြီး လာလို့မှ မရတာကိုး။ ဒုတိယမြောက် ကြောင်အစစ် ဆူဒေလူးရတ် (Pseudaelurus) ကို မြောက်အမေရိကတိုက်မှာ အစောဆုံး လွန်ခဲ့တဲ့ ၁၈.၅သန်းခန့်မှာ စတွေ့ရပါတယ်။ မီယိုဆင်းမှာ ဥတုအေးလာတော့၊ ပင်လယ်ရေ မျက်နှာပြင် ကျသွားတဲ့အခါ ဘာရင်းကုန်းမြေဆက် (Bering land bridge) ပေါ်လာတော့မှ ဆူဒေလူးရတ် (Pseudaelurus) က အာရှကနေ မြောက်အမေရိကကို ကူးသန်းပျံ့နှံ့လာပုံရပါတယ်။ အဲဒါတော့မှ မြောက် အမေရိကမှာ ကြောင်ပြန်တွေ့တာ ဖြစ်ပါတယ်။
သုတေသီတွေက ဖဲလစ်မျိုးနွယ် တကယ်ပျောက်သွားတာလား၊ ဘာလို့ ပျောက်သွားလဲဆိုတဲ့ မေးခွန်းတွေကို အဖြေထုတ်ဖို့ ကြောင်ပျောက်နေတုန်းပါ။ “ဖဲလစ်”မျိုးနွယ်ရဲ့ ရှေးဦးရုပ်ကြွင်းတွေကို ထပ် တွေ့ရတော့မှ ကျွန်တော်တို့ စိတ်အေးရမှာပေါ့။

image

11 w - Translate

ကွန်းဖရင့်လိဂ် ဆီမီးဖိုင်နယ်ရောက်သွားတဲ့ ချဲလ်ဆီး 🔵

image

မပျော်ဘူးဗျာ 😅

#funny

image

နေ့စဉ်မိုးလေဝသသတင်း
=================
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။

image
11 w - Translate

ဟောလိုးဝင်းညတိုင်း တစ်ရွာလုံးက ရအောင်လိုက်သတ်ရမဲ့မကောင်းဆိုးရွား အကြောင်း ဟော်ရာဇာတ်လမ်းပါပဲ။
ဒီဟောရာရုပ်ရှင်အသစ်က ပဟေဠိဆန်ဆန်နဲ့ကြောက်စရာကောင်းအောင် ရိုက်ပြထားတာပါ။
ဟော်ရာကြည့်နေကျသူတွေဆို နည်းနည်းခန့်မှန်းမိနိုင်ပေမဲ့ဘာဖြစ်မလဲ ဆက်ကြည့်ချင်စိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းအကျဉ်းရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။ဟောလိုးဝင်းညတိုင်း ပြောင်းခင်းထဲကနေမကောင်းဆိုးရွားတစ်ကောင်ထလာပြီး ရွာထဲကဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင်ဝင်တယ်။အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံးမုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီးတစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို့ အယူရှိပါတယ်။ဒါကြောင့် ဟောလိုးဝင်းရောက်တိုင်း ရွာရဲ့ ၁၈ ပြည့်ကောင်လေးတွေအကုန်အဲဒီမကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာရွာကနေ မြို့တက်ဖို့ ငွေအလုံအလောက်နဲ့ ကာဒီလက်ကားအသစ်တစ်စီးတဲ့အပြင်၊ကောင်လေးရဲ့မိဘတွေကိုလည်း အိမ်အကြီးကြီးအသစ်တစ်လုံး ဆုချလေ့ရှိတာမို့ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ။အခုရောက်လာတော့မဲ့ ဟောလိုးဝင်းမှာလည်းအဲဒီလို အမဲလိုက်ဖို့ ပြင်ဆင်နေကြတဲ့ထဲက ကောင်လေးတစ်ယောက်ကတော့အဲဒီညကြီးရဲ့ ကြောက်စရာအမှန်တရားတစ်ခုကို သိလိုက်ရတဲ့အခါ…

#credit

image
11 w - Translate

သူမရဲ့ TikTok ကနေ Miss Universe Myanmar 🇲🇲 join မယ်လို့ ကြေညာလိုက်တဲ့ အမိုက်စား Model လေး
Khin A Thada Aung ✨🖤
Guys…. Are u Ready တဲ့ကွယ်
🔥