Zar Ni changed his profile picture
19 w

image
19 w - Translate

🥳 Follow လုပ်ရုံနဲ့ ငွေသားဆုတွေပါ လက်ဆောင်ရမယ်ဆို စိတ်ဝင်စားကြလား ?

🥰 Time Square Fashion ကိုချစ်တဲ့ နာရီချစ်သူလေးတို့နဲ့ အမြဲတမ်း နီးစပ်နေဖို့ 𝗧𝗶𝗺𝗲 𝗦𝗾𝘂𝗮𝗿𝗲 𝗙𝗮𝘀𝗵𝗶𝗼𝗻 𝗧𝗶𝗸 𝗧𝗼𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 ကို 𝗙𝗼𝗹𝗹𝗼𝘄 ရုံနဲ့ ငွေသားဆုလက်ဆောင်တွေ ပေးသွားမယ့် Campaign လေးတစ်ခု Time Square Fashion Watch Gallery က ပြုလုပ်ထားပါတယ် ...

❤️ 𝗔𝘂𝗴𝘂𝘀𝘁 လ 𝟭 ရက်နေ့ကနေ 𝟯𝟭 ရက်နေ့အထိ 𝗧𝗶𝗺𝗲 𝗦𝗾𝘂𝗮𝗿𝗲 𝗙𝗮𝘀𝗵𝗶𝗼𝗻 𝗪𝗮𝘁𝗰𝗵 𝗚𝗮𝗹𝗹𝗲𝗿𝘆 𝗧𝗶𝗸 𝗧𝗼𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 ကို 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ပြီး 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ လာမန့်ရုံနဲ့ ‌ငွေသားဆု နှစ်သောင်းဆု ( 𝟭𝟬 ) ဆု စီ လက်ဆောင် ပေးသွားမှာဖြစ်ပါတယ်…

🗣️ လုပ်ဆောင်ပေးရမယ့် စည်းကမ်းချက်လေးတွေကတော့ ....

1. Time Square Fashion ရဲ့ TikTok Channel - https://www.tiktok.com/@timesquarefashion?lang=en ကို Follow ထားရပါမယ် ..
2. ယခု Post ကို Like လုပ်ပြီး Public နဲ့ Share ပေးရပါမယ် ..
3. Time Square Fashion ရဲ့ TikTok Channel ကို Follow လုပ်ထားတဲ့ Screenshot ကို ဒီ Post အောက်မှာ လာမန့်ပေးရပါမယ် ..

✅ဒီအချက်တွေကို ပြုလုပ်ရုံနဲ့ Campaign မှာ ပါဝင်လို့ရမှာဖြစ်ပြီး ကံထူးရှင်တွေလည်း (၁၀)‌ ယောက်တောင် ရွေးချယ်ပေးမှာဆိုတော့ ဘယ်သူတွေများ ရရှိနိုင်မလဲ ? ဆိုတာ ရင်ခုန်ရင်း ဆုငွေတွေရရှိဖို့ Time Square Fashion TikTok Channel ကို အပြေးလေးသွား Follow လုပ်ထားလိုက်ဦးနော်… 💁

မှတ်ချက်။ ။ အငြင်းပွားဖွယ်တစ်စုံတစ်ရာရှိပါက Time Square Fashion Watch Gallery Team ၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

😍Time Square Fashion Watch Gallery Tik Tok Link - >
https://www.tiktok.com/@timesquarefashion?lang=en

🔰 𝑪𝒂𝒎𝒑𝒂𝒊𝒈𝒏 𝑫𝒖𝒓𝒂𝒕𝒊𝒐𝒏 - 𝟏.𝟖.𝟐𝟒 ~ 𝟑𝟏.𝟖.𝟐𝟒 🔰

#timesquarefashionwatchgallery #watch
#tiktok #campaign

image
19 w - Translate

Social Mediaပေါ်မှာ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုအများနဲ့မတူအောင်ဆွဲဆောင်ဖို့ လိုအပ်နေပြီဆိုရင်

YY Freelance Content barမှာ Contents & Designsတွေကို ✔️တစ်ပုဒ်ချင်းဖြစ်စေ ✔️ Package လိုက်ဖြစ်စေ စိတ်တိုင်းကျ ရွေးချယ်အပ်နှံနိုင်ပါပြီ။

Packages တွေမှာဆိုရင်လည်း
📮One Week Package
📮One Month Package
📮Two Months Packageအထိ စိတ်ကြိုက်ရွေးချယ်အပ်နှံလို့ရတဲ့အပြင် Packageတစ်ခုချင်းစီမှာလည်း 🎁 Special Gift တွေပါဝင်မှာဖြစ်ပါတယ်။

အသေးစိတ်ကို စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ 👇
📧 yymarketingagency@gmail.com
☎️ 𝟎𝟗-𝟕𝟗𝟑𝟕𝟏𝟎𝟑𝟗𝟗

Page Messengerမှတဆင့်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

#yyfreelancecontentbar
#socialmediaagency
#စိတ်ကြိုက်တိုင်ပင်သဘောကျမှရွေးချယ်

image
Frankie shared a post  
19 w

19 w

ကျန်းမာရေးအတွက် ဆိုးကျိုးများစွာရှိနေတဲ့ ကွမ်းယာစားခြင်း..

ကွမ်းစားခြင်းရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်လာနိုင်ပါသလဲ❓
ကွမ်းစားခြင်းဟာ မြန်မာနိုင်ငံမှာ ပုဂံခေတ်မတိုင်မီ တကောင်းခေတ်လောက်ကတည်းက ရှိခဲ့တယ်လို့ ဆိုကြပါတယ်။အခုအချိန်ထိလည်း မြန်မာနိုင်ငံမှာ ကွမ်းကိုမက်မက်မောမော စားသုံးသူတွေများပါတယ်။နောက်ပိုင်းတွေမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာပါတွေ့လာရပါတယ်။

ဒီဘက်ခေတ်အများစု ကွမ်းစားတာက အရင်ကလို ထုံး၊ကွမ်းသီး နဲ့ သာထည့်စားကြတာ မဟုတ်တော့ပဲ တစ်ဖက်နိုင်ငံတွေနေ တရားဝင်ခွင့်ပြုချက်နဲ့ ဝင်လာတဲ့ နှပ်ဆေးတွေ၊မှောင်ခိုဝင်လာတဲ့နှပ်ဆေးတွေနဲ့ပါ ထည့်စားလာကြပါတယ်။

မြန်မာပြည်ရဲ့ လူဦးရေခုနစ်သန်းကျော်ဟာ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ စားသုံးမှုကြောင့်ရောဂါဖြစ်ကြပြီး သေဆုံးသူအရေအတွက်
တစ်နှစ်ကို ခြောက်သောင်းကျော်ရှိတယ်လို့ သုတေသနမှတ်တမ်းတွေအရ သိရပါတယ်။

ဒါကြောင့် ကွမ်းစားခြင်းရဲ့နောက်ကွယ်မှာ အောက်ပါ ဆိုးကျိုးရလဒ်တွေရရှိနိုင်မှုကို ဖော်ပြလိုက်ရပါတယ်။👇👇👇

💥ဆီးကျောက်တည်ခြင်း။

💥အစားအစာများ ဆေးများနှင့်မတည့်သောအခါ အဆိပ်ဖြစ်စေခြင်း။

💥ကွမ်းယာတွင်ပါဝင်သောဓာတ်ပစ္စည်းများနဲ့ ခံတွင်းရှိဆဲလ်များထိတွေ့မှုများတဲ့အခါ ဆဲလ်များမူမမှန်ဖြစ်လာပြီး ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ တွေဖြစ်ခြင်း။

💥(Oral Submucous Fibrosis)ပါးစောင်ရဲ့အတွင်းလွှာမှာ အလုံးအကျိတ်ဖြစ်ခြင်း။

💥သွားရဲ့ကြွေလွှာများကိုပျက်စီးစေခြင်း။

💥နှုတ်ခမ်း၊သွားနှင့် သွားဖုံးများကို အရောင်စွန်းစေခြင်း။

💥နှပ်ဆေးတွင်ပါဝင်သောနီကိုတင်းဓါတ်ကြောင့် ကွမ်းကိုစွဲလမ်းစေခြင်း။

💥မျိုးဆက်ပွားပြဿနာ(မွေးလာတဲ့ကလေးမှာ ပေါင်မပြည့်ခြင်း၊လမစေ့ဘဲမွေးခြင်း။)

💥ပတ်ဝန်းကျင်အနေနဲ့လဲ ကွမ်းစားသူရဲ့ စည်းမဲ့ကမ်းမဲ့ထွေးသော ကွမ်းတံတွေးကြောင့် ပတ်ဝန်းကျင်ကို အကျည်းတန်စေနိုင်ခြင်း တို့ပဲဖြစ်ကြပါတယ်။

ချစ်ခင်ရသူတွေအနေနဲ့လဲ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာရှိနေတဲ့ ကွမ်းယာစားခြင်းကို ဖြစ်နိုင်ပါက ရှောင်ရှားသင့်ပြီး မရှောင်နိုင်ပါက လျှော့စားသင့်ပါတယ်။ကွမ်းတံတွေးကိုလဲ ကျွတ်ကျွတ်အိတ်နဲ့ သေချာထွေးပြီး အမှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ကြပါလို့ အကြံပြုရင်း နိဂုံးချုပ်အသိပေးလိုက်ရပါတယ်ခင်ဗျာ။

#frankiestories
#littleworld

image
19 w - Translate

ကျန်းမာရေးအတွက် ဆိုးကျိုးများစွာရှိနေတဲ့ ကွမ်းယာစားခြင်း..

ကွမ်းစားခြင်းရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်လာနိုင်ပါသလဲ❓
ကွမ်းစားခြင်းဟာ မြန်မာနိုင်ငံမှာ ပုဂံခေတ်မတိုင်မီ တကောင်းခေတ်လောက်ကတည်းက ရှိခဲ့တယ်လို့ ဆိုကြပါတယ်။အခုအချိန်ထိလည်း မြန်မာနိုင်ငံမှာ ကွမ်းကိုမက်မက်မောမော စားသုံးသူတွေများပါတယ်။နောက်ပိုင်းတွေမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာပါတွေ့လာရပါတယ်။

ဒီဘက်ခေတ်အများစု ကွမ်းစားတာက အရင်ကလို ထုံး၊ကွမ်းသီး နဲ့ သာထည့်စားကြတာ မဟုတ်တော့ပဲ တစ်ဖက်နိုင်ငံတွေနေ တရားဝင်ခွင့်ပြုချက်နဲ့ ဝင်လာတဲ့ နှပ်ဆေးတွေ၊မှောင်ခိုဝင်လာတဲ့နှပ်ဆေးတွေနဲ့ပါ ထည့်စားလာကြပါတယ်။

မြန်မာပြည်ရဲ့ လူဦးရေခုနစ်သန်းကျော်ဟာ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ စားသုံးမှုကြောင့်ရောဂါဖြစ်ကြပြီး သေဆုံးသူအရေအတွက်
တစ်နှစ်ကို ခြောက်သောင်းကျော်ရှိတယ်လို့ သုတေသနမှတ်တမ်းတွေအရ သိရပါတယ်။

ဒါကြောင့် ကွမ်းစားခြင်းရဲ့နောက်ကွယ်မှာ အောက်ပါ ဆိုးကျိုးရလဒ်တွေရရှိနိုင်မှုကို ဖော်ပြလိုက်ရပါတယ်။👇👇👇

💥ဆီးကျောက်တည်ခြင်း။

💥အစားအစာများ ဆေးများနှင့်မတည့်သောအခါ အဆိပ်ဖြစ်စေခြင်း။

💥ကွမ်းယာတွင်ပါဝင်သောဓာတ်ပစ္စည်းများနဲ့ ခံတွင်းရှိဆဲလ်များထိတွေ့မှုများတဲ့အခါ ဆဲလ်များမူမမှန်ဖြစ်လာပြီး ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ တွေဖြစ်ခြင်း။

💥(Oral Submucous Fibrosis)ပါးစောင်ရဲ့အတွင်းလွှာမှာ အလုံးအကျိတ်ဖြစ်ခြင်း။

💥သွားရဲ့ကြွေလွှာများကိုပျက်စီးစေခြင်း။

💥နှုတ်ခမ်း၊သွားနှင့် သွားဖုံးများကို အရောင်စွန်းစေခြင်း။

💥နှပ်ဆေးတွင်ပါဝင်သောနီကိုတင်းဓါတ်ကြောင့် ကွမ်းကိုစွဲလမ်းစေခြင်း။

💥မျိုးဆက်ပွားပြဿနာ(မွေးလာတဲ့ကလေးမှာ ပေါင်မပြည့်ခြင်း၊လမစေ့ဘဲမွေးခြင်း။)

💥ပတ်ဝန်းကျင်အနေနဲ့လဲ ကွမ်းစားသူရဲ့ စည်းမဲ့ကမ်းမဲ့ထွေးသော ကွမ်းတံတွေးကြောင့် ပတ်ဝန်းကျင်ကို အကျည်းတန်စေနိုင်ခြင်း တို့ပဲဖြစ်ကြပါတယ်။

ချစ်ခင်ရသူတွေအနေနဲ့လဲ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာရှိနေတဲ့ ကွမ်းယာစားခြင်းကို ဖြစ်နိုင်ပါက ရှောင်ရှားသင့်ပြီး မရှောင်နိုင်ပါက လျှော့စားသင့်ပါတယ်။ကွမ်းတံတွေးကိုလဲ ကျွတ်ကျွတ်အိတ်နဲ့ သေချာထွေးပြီး အမှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ကြပါလို့ အကြံပြုရင်း နိဂုံးချုပ်အသိပေးလိုက်ရပါတယ်ခင်ဗျာ။

#frankiestories
#littleworld

image
19 w - Translate - Facebook

[Beauty tips sharing]: skin type ခွဲနည်း။

Skincare စသုံးမယ်ဆို အရေးကြီးဆုံးက
Skin typeသိဖို့ပဲ။
ကိုယ်ကဘယ်လို အသားအရေရှိလည်းဆိုတာသိမှ
Skincare တွေ ဝယ်လိုရမှာ။အဲမှ ဂျင်းမမိမှာ။
ကိုယ်က ကိုယ့်skintypeသိမှ skincareတွေဝယ်တဲ့အခါလည်း အရွေးမမှားမှာ။

ဆိုတော့ skintypeဘယ်လို ခွဲရမှာလည်းဆို
ကျွန်တော်သိသလောက်လေး sharing လုပ်ပေးမယ်။

နံပတ် ၁။
ကိုယ်အမြဲသုံးနေတဲ့ facial foamနဲ့
မျက်နှာသစ်လိုက်ပါ။

နံပတ် ၂။
မျက်နှာကို ဘာမှမလိမ်းဘဲ။ နာရီဝက် (သို့)
တစ်နာရီခန့် ထားပါ။

နံပတ် ၃။
Tissue လေးပါးပါးတစ်ရွက်ကို
မျက်နှာကိုတင်ပါ။
တင်တဲ့အခါ အဓိကတင်ရမယ့်နေရာတွေက
နဖူး၊နှာခေါင်း၊ပါး၂ဖက်၊မေးစေ့မှာသာ
တင်ပါ။

Normalဆို ပုံမှန်ပဲအဆီသိပ်မထွက်သလို အရမ်းလည်းdryမဖြစ်ဘူး။
Dryဆို တင်းတင်းခြောက်ခြောက်ကြီးဖြစ်လိမ့်မယ်။
Combination ဆို နှဖူး၊နှာခါင်းတစ်ဝိုက်၊မေးစေ့မှာ
အဆီပြန်နေပါလိမ့်မယ်။
Oilyဆို တစ်ပြင်လုံးနီးပါးအဆီပြန်ပါလိမ့်မယ်။
Sensitive ဆို ရဲတက်လာတာတို့ဖြစ်ပါလိမ့်မယ်။

ပြီးရင် ကိုယ့်skin typeကိုသိရမှာပါ။
အခြေခံအားဖြင့် skin type 5မျိူးရှိတယ်။

Normal skin
ဒီ Skin type ပိုင်ရှင်တွေက အရမ်းကံကောင်းတဲ့
Skin typeပိုင်ရှင်လေးတွေပါ။
ဘာသုံးသုံးတည့်တဲ့အထဲမှာပါတယ်။
ဝက်ခြံ၊အဆီဖုဆိုလည်း ထွက်လေ့ထွက်ထားသိပ်မရှိဘူး။
မျက်နှာက စိုစိုပြောင်ပြောင်းလေးဖြစ်တဲ့ skin typeပါ။ခေတ်စကားနဲ့ဆို glow skinပါ။
ချွေးပေါက်တစ်ခါတစ်လေဆိုကျယ်တာတွေတော့ဖြစ်နိုင်တယ်။

Dry Skin
Dry skinကတော့
အသားအရေတင်းတင်းခြောက်ခြောက်ဖြစ်နေတာ။
အဆီထွက်မှုနည်းတယ်။
တစ်ခါတစ်လေဆို အရမ်းခြောက်ပြီး
ယားယံတာတွေဖြစ်တတ်တယ်။
အသားကြမ်းတာတွေဖြစ်တတ်တယ်။
ဆောင်းရာသီဆို အသားအရေကွဲတာ
အက်တာတို့ဖြစ်နိုင်ပါတယ်။အသားခြောက်ပြီး
အသားအရေညစ်တတ်သည်။
အရေးကြောင်းထလွယ်တယ်။
တစ်ခါတစ်လေ အနီကွက်တွေဖြစ်တတ်တယ်။

Combination Skin
T zone(နှဖူး၊နှာခေါင်း၊မေးစေ့)က အဆီပြန်ပြီး
ကျန်တဲ့ ပါး၂ဖက်ကခြောက်နေတာပါ။
ဆိုတော့ အဆီဖု၊ဝက်ခြံတွေ မကြာခဏထွက်တတ်တယ်။
ချွေးပေါက်ပိတ်တာတို့ဖြစ်နိုင်တယ်။
အသားအရေမှာ moisture ညီမျှမှုမရှိ။
အသားအရေက ပြောင်ပြောင်ကြီးဖြစ်တတ်တယ်။
အထူးသဖြင့် T zoneနေရာတွေမှာ။
ဆောင်းရာသီဆို Normal ဘက်ကိုသွားတတ်တယ်။

Oily Skin
တစ်ပြင်လုံးနီးပါး အဆီပြန်တယ်။
အိုင်ခံပြီးအဆီတွေအရမ်းပြန်တတ်တယ်။
အထူးသဖြင့် နွေရာသီမှာ။
အဆီဖု၊ဝက်ခြံတွေက ဆွေမျိုးလိုတွေလိုပဲ။
ပျောက်လိုက် ဖြစ်လိုက်။
အသားကညစ်ညစ်ကြီးဖြစ်တတ်တယ်။
Makeupလိမ်းရင် ပိုဆိုး။
အရေးကြောင်းတော့ မထတတ်ဘူး။
အဆီအရမ်းထွက်လို့ ချွေးပေါက်ပိတ်တာတို့
ဖြစ်နိုင်တယ်။
ချွေးပေါက်ကျယ်တာတွေ ဆားဝက်ခြံတွေအဖြစ်များတယ်။အမဲစက်ရောပဲ။

Sensitive Skin
အဆီဖု၊ဝက်ခြံထွက်တိုင်း sensitive skinမဟုတ်။
တကယ့် Sensitive skinက
ဘာသုံးသုံးမတည့်။
ဥပမာ အနံ့ပါတာ၊alcohol %များတာ၊စတဲ့
ပစ္စည်းတွေ။
ပြီးတော့ Sensitive skinဆို skincareကိုစွဲသုံးတာပဲ
ကောင်းတယ်။skincare routine ကိုသိပ်မပြောင်းပါနဲ့။
အသားကရဲတက်လာတာ၊နီးမြန်းတာ၊
ယားယံတာတို့ဖြစ်တတ်တယ်။
သတိထားရမှာက ဒီskin typeဆို သုံးတဲ့ပစ္စည်းတွေက စျေးကြီးတယ်။
Allergicထလွယ်တယ်။
Mildဖြစ်တဲ့ဟာ chemical နည်းတဲ့ဟာကရွေးသုံးပါ။
Skintypeအလိုက် သုံးရမယ့် ဟာတွေကို
Linkလေးချထားတယ်။ဝင်ပြီးကြည့်ကြည့်ပါ။
https://www.facebook.com/10278....37057422369/posts/13

ဒါက Combination & Oily အတွက် အထူးစပယ်ရှယ်။
https://m.facebook.com/story.p....hp?story_fbid=133603

Skin typeကအသက်အရွယ်အလိုက်
ပြောင်းနိုင်ပါသေးတယ်။
ကျွန်တော်ဆို ၁၅၊၁၆လောက် ကoily skin
အခု 17မှာ Combination အထိပြောင်းသွားပါတယ်။

ဆိုတော့ ဒီနေ့တော့ဒီလောက်ပဲ။
ကျန်ခဲ့တာတွေရှိရင် commentမှာဆွေးနွေးနိုင်တယ်။

#skincarebyaung
#skintype
#crd

19 w - Translate

What?နဲ့စတဲ့ စကားလုံးများ🥰
What time do you go? ခင်ဗျား ဘယ်အချိန်သွားမလဲ?
What time do you arrive? ခင်ဗျား ဘယ်အချိန်ရောက်မလဲ?
What time do you sleep? ခင်ဗျား ဘယ်အချိန်အိပ်မလဲ?
What time do you get up? ခင်ဗျား ဘယ်အချိန်ထသလဲ?
What time do you eat? ခင်ဗျား ဘယ်အချိန်စားမလဲ?
What time do you free? ခင်ဗျား ဘယ်အချိန်အားသလဲ?
What time do you come back?ခင်ဗျား ဘယ်အချိန်ပြန်လာမလဲ?
What time do you cook?ခင်ဗျား ဘယ်အချိန်ချက်ပြုတ်တာလဲ?
What time do you go to office? ခင်ဗျား ဘယ်အချိန်ရုံးသွားသလဲ?
What time do you take a shower? ခင်ဗျား ဘယ်အချိန်ရေချိုးသလဲ?
What time do you come? ခင်ဗျား ဘယ်အချိန်လာလဲ?
What time do you go to school? ခင်ဗျား ဘယ်အချိန်ကျောင်းသွားသလဲ?

#englisheverywhere

၁၀ နာရီ ၃၀ မိနစ်

🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း

၈၀၀၀၀၀၀

🇺🇲 ရန်ကုန် ၆၃၀၀-၆၄၀၀

🇹🇭 ဘတ် ၅၇၅ ~ ၅၅၀

#crd

image
Frankie shared a post  
19 w

19 w

အမေနဲ့အတူတူအိပ်ခဲ့ရတဲ့ ခလေးတုန်းက
ဘေးမှာ ဘေးတစောင်း ကျောပေးအိပ်နေတဲ့
အမေ့ ကျောပြင်ကိုကြည့်ရင်း
အမေ သေသွားရင် ငါဘယ်လိုနေရပါ့မလဲ
ခလေး သဘာဝအတွေးနဲ့ တကယ်ကြိတ်ငိုခဲ့ရဖူးတယ်။

အသက်တွေ ကြီးလာတော့
အမေ ချက်‌ကျွေးဟင်းလေးကို ဘယ်လိုလေး
စားချင်တာလို့ ပြောလိုက်တာနဲ့ အမေကမီးဖိုချောင်ထဲ အမြဲရှိ နေတတ်တယ်။

အမေက "အမေရှိတုန်းက( ကိုယ့်အဖွား) ချက်ကျွေးတဲ့ ဟင်းလေးကလေ" ဘယ်လို ဘယ်အကြောင်း အမြဲပြောတတ်ရင်း အဖေမရှိ‌တော့တဲ့‌နောက်ပိုင်း မီးဖိုချောင်‌နေရာခန်းလေးကပဲ သူ့အတွက် အပူပင်ကင်းတဲ့‌နေရာဖြစ်လာခဲ့တယ်ထင်ပါတယ်.....

နေထိုင်လာရင်းနဲ့ အဲ့နေ့က အိမ်အပြန်လမ်း မှာ
အမေပြန်ပါမလာတော့ဘူး ဆိုတဲ့ အသိနဲ့ တလမ်းလုံး
တင်းထားလာတဲ့ ကိုယ်က အိမ်ထဲ ဝင်ဝင်ချင်း
ဘယ်သူမှမရှိတော့ဘူး ဆိုတဲ့ စကားကိုပဲ
ထပ်ခါ ထပ်ခါ ပြောရင်း ငိုနေခဲ့တာပဲ မှတ်မိတော့တယ် ........

နေထိုင်လာရင်း နဲ့ပဲ မီးဖိုချောင်က ကိုယ့်အတွက်
အရာအားလုံးကိုခဏ မေ့နေတတ်တဲ့ နေရာ ဖြစ်လာတယ် ...အမေရှိတုန်းက ချက်ကျွေးတဲ့ ငါးအချဉ်ရည်‌ဟင်း‌လေးစားချင်တယ်......။

#frankiestories
#littleworld

image
Frankie shared a post  
19 w

19 w

"ဗဟုသုတရဖွယ် ကျောက်ကပ်ပျက်စီးစေတဲ့
လက္ခဏာရပ်တွေနဲ့ နေ့စဉ်အမူအကျင့်များ"

ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကျောက်ကပ်ကောင်းဖို့ကလည်း အရမ်းအရေးပါလှပါတယ်။ကျောက်ကပ်ဟာ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာအပြင် သွေးနီဥထုတ်လုပ်တာ၊ဗီတာမင်ဒီထုတ်လုပ်တာတွေအပြင် သွေးဖိအားကို ထိန်းချုပ်တဲ့ ဟော်မုန်းထုတ်တာတွေကို အဓိက လုပ်ဆောင်ပေးပါတယ်။

ကျောက်ကပ်ပျက်စီးသွားရင် အညစ်အကြေးတွေ မစွန့်နိုင်ရုံသာမကဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာနိုင်ကာ အလုပ်အကိုင်ပျက်တဲ့ အဆင့်ကနေ လူမမာတစ်ယောက်လိုဖြစ်သွားနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ အခြေအနေဆိုးရွားနိုင်ပါတယ်။ဆီးချိုသမားတွေမှာ ကျောက်ကပ်ပျက်စီးမှု အများဆုံးတွေ့ရပြီး ဆီးချိုကို ကောင်းကောင်းမထိန်းနိုင်လေလေ ကျောက်ကပ်ထိဖို့ အခွင့်အရေးများလေလေပါပဲ။

ကျောက်ကပ်ရောဂါတွေက အများအားဖြင့် လက္ခဏာမပြတတ်ပဲ လက္ခဏာသိတဲ့အခါမှာလည်း ရောဂါက ရင့်နေတတ်တဲ့အတွက် အောက်ပါအချက်များကို သေချာစွာသိရှိစေရန် ရည်ရွယ် ပြောပြလိုက်ရပါတယ်။
👇👇👇

🌟အိပ်ရာနိုးချိန် မျက်နှာတွေ ဖောအစ်နေတာ။

🌟အသားအရေတွေ ခြောက်ပြီး မည်းလာတာ။

🌟လူနုံးပြီး အာရုံစူးစိုက်လို့ မရတာ။

🌟အိပ်မပျော်၊အစားအသောက်ပျက်တာ။

🌟ကြွက်တက်၊ခြေကျင်းဝတ်တွေ ဖောတာ။

🌟ဆီးသွားတာ ပုံမှန်မဟုတ်တာ။

🌟သွေးတွင်းပိုတက်ဆီယမ် တက်လာတာ။

🌟သွေးအားနည်း၊သွေးတိုးထိန်းရခက်လာတာစတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါအပြင် အသင့်စားအစားအစာတွေ အမြဲစားခြင်း၊ရေငတ်တဲ့အခါ ရေမသောက်ဘဲနေခြင်း၊ဆေးလိပ်သောက်ခြင်း၊အကိုက်အခဲပျောက်ဆေးတွေ မကြာခဏသောက်ခြင်း၊ဖြည့်စွက်အားဆေးနဲ့ ဆေးမြီးတိုတွေ မှီဝဲခြင်း၊စသည်တို့ကလဲ ကျောက်ကပ်ကို ပျက်စီးစေတဲ့နေ့စဉ်အမူအကျင့်တွေ ဖြစ်ပါတယ်။

ချစ်ရသူတို့လဲ ကျောက်ကပ်ရောဂါမဖြစ်အောင် ကာကွယ်ဖို့ သေချာသိထားသင့်တဲ့အရာတွေကို သိရှိပြီး ဘဝဖြတ်သန်းရာ ခရီးလမ်းကို ကျန်းမာပျော်ရွှင်မှုတွေနဲ့ အတူ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ဆက်လိုက်ရပါတယ် ခင်ဗျာ။

#frankiestories
#littleworld

image