Nothing Phone 3 လာတော့မယ်
Nothing ကနေ Phone 3 ကို ဒီနှစ်ထဲမှာ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ တကယ်တမ်းမိတ်ဆက်လာခဲ့တာက Phone 3a နဲ့ 3a Pro ပါ။ မတ်လတုန်းက မိတ်ဆက်ခဲ့တာမို့ အချိန်မကြာသေးပေမဲ့ အခုတော့ Nothing CEO ကိုယ်တိုင် Phone 3 ကိုလည်း ထပ်ပြီးမိတ်ဆက်သွားဖို့ ရှိကြောင်း ကြေညာလိုက်ပါတယ်။
X မှာ Nothing Phone 3 ထုတ်ဖို့ရှိကြောင်း မေးခွန်းတစ်ခုကို Nothing CEo Carl Pei ကိုယ်တိုင် Q3 ဆိုပြီး ပြန်လည်ဖြေကြားခဲ့တာပါ။ ဆိုတော့ Nothing Phone 3 ကို ဇူလှိုင်ကစပြီး စက်တင်ဘာမတိုင်ခင် စပ်ကြားမှာ တွေ့ရမယ့်ပုံပါပဲ။

