11 w - Translate

မီးမီး ပါဝင်ကပြခဲ့တဲ့ ထိုင်းရိုးရာအကပွဲ ဂင်းနစ်ကမ္ဘာ့စံချိန်တင်သွား 🥰🥰🥰
April လ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းရိုးရာအကပွဲကြီးက ဂင်းနစ်စံချိန်တင်သွားခဲ့တာပါ။ အဆိုပါပွဲကြီးကို ချင်းမိုင်မှာကျင်းပခဲ့ပြီး အိအိအောင်ထွန်းခေါ် မီးမီးကလည်း ပါဝင်ကပြခဲ့တာပါ။ သူမပါဝင်ခဲ့တဲ့ အဆိုပါ ထိုင်းရိုးရာအကပွဲကြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်သွားတဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်ကြောင်း မီးမီးက ပြောခဲ့ပါတယ်။

image
11 w - Translate

မနေ့က ညစာ သွားစားတဲ့ဆိုင်က ဝိတ်တာ ညီလေးတစ်ယောက်က မေးတယ်။
အကို ကမ္ဘာမှာ အကောင်းဆုံးကားက ဘာ ကားလဲတဲ့?
အကို့ကားပဲ ညီလေး ဆိုတော့ ဘယ်ကားလဲတဲ့။
အဲဒါနဲ့ ရပ်ထားတဲ့ Vitz လေးကို လက်ညှိုးထိုးပြလိုက်တယ်။
ဟာ အကို့ဟာ Vitz ကြီးလေတဲ့။ ဘယ်လိုလုပ် ကမ္ဘာအကောင်းဆုံးကားဖြစ်မှာလဲတဲ့။
လန်ဘော်ဂီနီတို့ ဖာရာရီတို့က ကမ္ဘာ့အကောင်းဆုံး ကားတွေ မဟုတ်ဘူးလားတဲ့။ Vitz တော့ မဟုတ်လောက်ပါဘူးတဲ့။
ကျွန်တော် သူ့မေးခွန်းကို ထပ် မဖြေသေး ပဲနဲ့ သူ့ကို မေးခွန်းတစ်ခု ပြန်မေးလိုက်တယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံး အင်္ကျီမြင်ဖူးလားလို့ မေးတော့ မမြင်ဖူးဘူးတဲ့။
ဒီအင်္ကျီပဲလို့ပြောတော့ သူကမေးတယ်။
ဘယ်လောက်ပေးရလဲတဲ့?
ဘတ် တစ်ရာ ညီလေးလို့။ မြန်မာငွေနဲ့ဆို ၈၀၀၀ ကျပ်လို့။
ဒါပေမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲဆိုတော့ ချာတိတ်က ရယ်သွားတယ်။ ဒီဘဲ ကြီးငါ့ကိုလာစားနေတယ် ထင်သွားပုံရတယ်။
ကျွန်တော် သူ့ကိုထပ်မေးတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖုန်းကော ညီလေး သိလားဆိုတော့ အကို့ဖုန်းမလားတဲ့။ ပြောပြီးရယ်နေတယ်။
အေး မင်းတော်လာပြီလို့
ပြောရင်းနဲ့ သူ့ကို ပြန်ရှင်းပြဖြစ်တယ်။
ညီလေး လက်မှာပတ်ထားတဲ့ နာရီလေး ဘယ်လောက်ပေးရလဲဆိုတော့ ခြောက်ထောင်တဲ့။ ဝယ်ထားတာ ခုနှစ်လရှိပြီတဲ့။
အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးနာရီပဲလို့။
ဘာဖြစ်လို့လဲဆိုတော့ မင်းပိုင်ဆိုင်ထားပြီး မင်းလက်မှာ မင်းပတ်ခွင့်ရနေလို့ လို့။
ညီလေးလက်က တက်တူးကကော ဘယ်လောက်ပေးရလဲ ဆိုတော့ ဘုရား ပွဲစျေးမှာထိုးတာတဲ့။ တစ်သောင်းကျော် ကျတယ်တဲ့။
အေးအဲဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက်တူးပဲလို့။ ဘာဖြစ်လို့လဲဆိုတော့
မင်းခန္ဓာကိုယ်ပေါ်မှာ ရှိခွင့်ရနေလို့လို့။
ညီလေး စီးထားတဲ့ ဖိနပ်ကော ဘယ်လောက်လဲဆိုတော့ ခြောက်ထောင်တဲ့။ ရေစိုခံလို့ဝယ်ထားတာတဲ့။
အေးအဲဒါလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖိနပ်ပဲလို့။ ဘာလို့လဲဆိုတော့ မင်းပိုင်ဆိုင်တဲ့ ဖိနပ်ဖြစ်နေလို့ပဲလို့ ဆိုတော့ ကောင်လေး ခဏ ငိုင်ကျသွားတယ်။
နောက်တော့မှ ကျွန်တော်သိပြီတဲ့။ ကျွန်တော် မှာ မရှိတဲ့ အရာထက် ရှိနေတဲ့အရာက ပိုတန်ဖိုးရှိတယ် အကိုပြောတာတဲ့။ ကျေးဇူးတင်ပါတယ်ဗျာ တဲ့။
ကျွန်တော်တို့တွေရဲ့ ပြသနာအများစုက က ကိုယ့်မှာရှိတာတွေကို တန်ဖိုးမထားပဲ မရှိတဲ့ အရာတွေကို တန်ဖိုးထားမိတာ။
ကိုယ်နေတဲ့အိမ်။ ကိုယ်လုပ်နေတဲ့အလုပ်။ ကိုယ်စီးနေတဲ့ကား။ ကိုယ့်ရဲ့လက်တွဲဖော်။ ကိုယ့်မိသားစု။ စသဖြင့်ပေါ့။
အနားမှာရှိတဲ့သူတွေ.. ကိုယ်ပိုင်ဆိုင်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်ဖို့ ထက် ကိုယ့်မှာ မရှိတဲ့ အရာတွေ ပေါ် ပိုပြီးအာရုံစိုက်မိနေကြတာ။
ကိုယ့်မိသားစုမှာပြသနာ ရှိပေမယ့် တစ်ခြားလူတစ်ယောက်ရဲ့ ပြသနာမရှိဘူးလို့ အပေါ်ယံထင်ရတဲ့ မိသားစုကို အားကျနေတယ်။
ကိုယ့် မှာရှိနေတဲ့ ဆိုင်ကယ်လေးထက် ပိုပြီး စျေးကြီးပြီး လူကြိုက်များတဲ့ ဆိုင်ကယ်ကိုပို တန်ဖိုးထားမိတယ်။
ကိုယ့်မှာ ရှိနေတဲ့ လက်တွဲဖော်ထက် ပိုချောတယ်လို့ထင်ရတဲ့ သူတစ်ဦးကို ပိုတန်ဖိုးထားမိတယ်။
ကိုယ့် အလုပ်ထက် အဆင်ပိုပြေနေတယ်လို့ထင်နေရတဲ့ သူများအလုပ်ကို ပိုလုပ်ချင်မိတယ်။
လူ့သဘာဝက လူတိုင်းအကောင်းကြိုက်ပါတယ်။
ပိုကောင်းမယ်လို့ထင်ရ တဲ့အရာကိုပဲ ဘယ်သူမဆိုလိုချင်မိကြတာ မမှားပါဘူး။
တစ်ခါတစ်ခါကျတော့ ပိုကောင်းတဲ့ အရာတွေကို အာရုံစိုက်တာ များသွားပြီးရှိနေတာတွေကို တန်ဖိုးမထားမိတာတွေ ဖြစ်တတ်ပါတယ်။
ဒါကိုသတိမထားမိခဲ့လို့ ရှိနေတဲ့အရာတွေပါ ဆုံးရှုံးသွားတဲ့ လူတွေလည်း ဒုနဲ့ဒေး နဲ့ပါပဲ။
ပိုကောင်းတဲ့အရာတွေကို မျှော်လင့်တာ မ မှားပေမယ့် ရှိနေတဲ့ အရာတွေကို လည်း တန်ဖိုးထားဖို့ မေ့နေကြမှာစိုးလို့ မေတ္တာနဲ့ သတိပေးချင်တာပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံး ကားက သင်စီး နေတဲ့ ကား ပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံးစက်ဘီးက သင်ပိုင်ဆိုင်ထားတဲ့ စက်ဘီးလေး ပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံးချစ်သူက သင့်အနားမှာရှိတဲ့ သင့်ချစ်သူပါ။
ကမ္ဘာပေါ်မှာ အကောင်းဆုံး မိသားစု က သင့်ကို ချစ်တဲ့ သင့် မိသားစုပါ။
ကမ္ဘာပေါ်မှာ အတော်ဆုံးလူက သင် ကိုယ်တိုင်ပါပဲ။
--------@@@--------
အလုပ်အကိုင် လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ။
အားလုံးအတွက်
#credit

image
11 w - Translate

#tattooideas

image
11 w - Translate

#tattooideas

image
11 w - Translate

#tattooideas

image
11 w - Translate

#tattooideas

image
11 w - Translate

#tattooideas

image
image
image
image
11 w - Translate

အားလပ်ရက်လေးကို အချစ်ဆုံးသူငယ်ချင်း ဝိုင်းစုနဲ့အတူ အချိန်တွေကုန်ဆုံးခဲ့တဲ့ နန်းစုရတီစိုး 🥰🥰🥰
သူမကတော့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းနဲ့အတူတူ ဖြတ်သန်းခဲ့တဲ့ အားလပ်ရက်အခိုက်အတန့်လေးတွေကို အမှတ်တရ ဖော်ပြလာတာပါ။ ဝိုင်းစုခိုင်သိန်းနဲ့ နန်းစုရတီစိုးတို့ဟာ အချစ်ရဆုံးသူငယ်ချင်း အနုပညာမောင်နှမတွေဖြစ်ပြီး အဆိုတော်နဲ့ သရုပ်ဆောင်တွေအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေလည်းဖြစ်ပါတယ်။

#crd
#celenews

image

အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ယူတဲ့ နိုင်ငံတွေကို တန်ပြန်အရေးယူမယ်လို့ တရုတ်သတိပေး
ပေကျင်း၊
မျိုးဆက်(VOM)
အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရယူနေတဲ့ နိုင်ငံတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနဲ့ တန်ပြန်အရေးယူမှုတွေ လုပ်မယ်လို့ တရုတ်နိုင်ငံက ဒီကနေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန်ရဲ့ အခွန်ကင်းလွတ်ခွင့်အတွက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု ကန့်သတ်ဖို့ အခြားနိုင်ငံတွေကို ဖိအားပေးဖို့ ထရန့်အစိုးရက ပြင်ဆင်နေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဒီကိစ္စတွေကို တန်ပြန်အရေးယူမယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဒေါ်နယ်ထရန့်ဟာ ကမ္ဘာ့နိုင်ငံအားလုံးနီးပါးအပေါ် အခွန် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံနေပြီး တရုတ်သွင်ကုန်တွေကတော့ အမေရိကန်ရဲ့ အခွန် ၁၄၅ ရာခိုင်နှုန်း ကောက်ခံမှုနဲ့ ရင်ဆိုင်နေရပြီး တရုတ်ကလည်း အမေရိကန်သွင်းကုန်တွေအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း လက်တုံ့ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ နိုင်ငံအများအပြားဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးဆွေးနွေးမှုတွေအတွက် ပြင်ဆင်နေကြပါတယ်။ တန်းတူညီမျှ ဆွေးနွေးတာကတဆင့် အမေရိကန်နဲ့ ကုန်သွယ်ရေး ကွဲလွဲချက်တွေကို ဖြေရှင်းရေး ကြိုးပမ်းမှုတွေကို တရုတ်က လေးစားပေမယ့် တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် သဘောတူညီချက်တွေကို အမေရိကန်နဲ့ မယူမိဖို့ သတိပေးထားပါတယ်။
ရေတိုဖြေရှင်းချက်ဟာ ငြိမ်းချမ်းရေးကို မရနိုင်သလို အပေးအယူလုပ်မှုကိုလည်း လေးစားမှာမဟုတ်ဘူးလို့ တရုတ်ကုန်သွယ်ရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အခြားသူအကျိုးစီးပွားကို အရင်းခံပြီး ကိုယ်ကျိုးယာယီရှာတာဟာ ကျားရေခြုံတဲ့ လုပ်ရပ်လို့ ဝေဖန်ထားပြီး ဒါဟာ နှစ်ဖက်စလုံး အရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်ကာ တခြားသူတွေကိုပါ ဒုက္ခရောက်စေလိမ့်မယ်လို့ သတိပေးထားပါတယ်။
တရုတ်နိုင်ငံကို ထိခိုက်နစ်နာစေမယ့် သဘောတူညီချက် ရယူတဲ့ ဘယ်နိုင်ငံကိုမဆို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ဒီအခြေအနေမျိုးနဲ့ ကြုံလာရင် တန်ပြန်မှုတွေ ပြတ်ပြတ်သာသား လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

image

ယောင်္ကျားရေဆိုတာနဲ့ ချစ်တတ်လိုက်တာ