16 w - Translate

Tattoo ideas

image
image
image
image

လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဖီဒရီဂို ချီဆာရဲ့အေးဂျင့်ဖြစ်သူ ဖာလီရာမာဒါနီက ဒီဇန်နဝါရီစျေးကွက်ကာလမှာအသင်းပြောင်းရွှေ့ဖို့ထွက်ပေါ်နေတဲ့ကောလဟာလသတင်းတွေကိုတုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကာလတုန်းက ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းနဲ့အတူ ကြိုးကြာနီအသင်းဆီပြောင်းရွှေ့လာခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ လေ့ကျင့်ရေးလုပ်ဆောင်စဉ်မှာဒဏ်ရာပြသနာတွေထပ်ခါတလဲလဲရနေပြီးခန္ဓာကိုယ်ကြံ့ခိုင်မှုပြသနာကြောင့် ၄ ပွဲသာပါဝင်ကစားထားခဲ့ရပါတယ်။

ပွဲထွက်မကစားရတဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုပြသနာကြောင့်ကစားသမားအနေနဲ့ အသင်းကနေလက်လွှတ်ခံရဖို့ရှိနေတဲ့သတင်းတွေထွက်ပေါ်လာစေခဲ့ပြီး နာပိုလီနဲ့ဖီအိုရင်းတီးနားအသင်းတို့အပါအဝင် အီတလီကလပ်အသင်းကြီးတွေကစိတ်ဝင်စားလာကြတာဖြစ်ပါတယ်။

နာပိုလီအသင်းကလည်း ဆောင်းရာသီကာလစျေးကွက်မှာချီဆာကိုခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းကိုမချိတ်ဆက်လာခဲ့ပါဘူး။ပြီးတော့ ကလပ်အသင်းကိုယ်တိုင်ကလည်း ကစားသမားကိုအသင်းကနေလက်လွှတ်ဖို့ရည်မှန်းချက်မရှိပါဘူးလို့ နောက်ဆုံးမှာတော့ ကစားသမားအေးဂျင့်ဖြစ်သူကအဆိုပါကောလဟာလသတင်းတွေနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
 
#ဘောလုံးသတင်းအစုံအလင်

image

ဇလုံတောင်ဘုရား ခရီးစဥ်ပြန်ဖွင့်ပေမယ့် ရပ်ဝေးခရီးသွားဝင်ရောက်မှုမရှိ

ဇန်နဝါရီ ၉

တိုက်ပွဲကြောင့် ပိတ်ထားတဲ့ စစ်ကိုင်းတိုင်း ၊ကသာခရိုင်၊ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင် ဘုရားဖူးခရီးစဥ်ကို သွားလာခွင့် ပြန်ဖွင့်လိုက်ပေမယ့် ရပ်ဝေးခရီးသွားဧည့်သည်လာရောက်မှု မရှိသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

ဇလုံတောင်ဘုရား တောင်တက်ခရီးစဥ်နဲ့ တောင်တက်မော်တော်ယာဥ်လိုင်းတွေသွားလာခွင့်ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ သက်ဆိုင်ရာနယ်မြေအာဏာပိုင်တွေနဲ့ဘုရားဂေါပကအဖွဲ့ပူးပေါင်းပြီး ပြန်ဖွင့်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဇလုံတောင်ဘုရားဖူးခရီးစဥ်ပြန်ဖွင့်တဲ့နေ့ကစပြီး လက်ရှိအထိ သွားရောက်မှုက ရပ်နီးခရီးသွားအနည်းစုသာရှိတယ်လို့သိရပါတယ်။

" တရက်ကို တစီး နှစ်စီးပဲ ရှိသေးတယ်။ မများသေးဘူး ။ခေတ်ကာလမကောင်းတော့ အရင်လို လာကြမယ်မထင်ဘူး။အခုက ရပ်ဝေးကမလာသေးဘူး။စစ်ကိုင်းတိုင်းထဲ ဟုမ္မလင်းတို့ ခန္တီးတို့ဘက်ကပဲလာသေးတယ်။လုံခြုံရေးကတော့ ဗန်းမောက်အထိရောက်အောင်လာနိုင်ရင်ကောင်းပါတယ်။ ဗန်းမောက်မြို့ပေါ်နဲ့ဗန်းမောက်အနောက်ဘက်နယ်မြေတွေက SNA စိုးမိုးထားပါတယ်" လို့ ဗန်းမော်ဒေသခံကပြောပါတယ်။

လက်ရှိမှာ ဇလုံတောင်တက်ကားတွေက ခရီးသည်တယောက်ကို တောင်တက်ခ၂၀၀၀၀ ကျပ်ကောက်ခံပြီး ဝန်ဆောင်မှုပေးနေတာဖြစ်တယ်လို့သိရပါတယ်။

ဇလုံတောင် ဘုရားဖူးကို NLD အစိုးရလက်ထက်မှာတောင်တက် ဘုရားဖူးခရီးစဥ်အဖြစ် စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ခရီးသွားဧည့်သည်တွေသွားလာမှုများပြားခဲ့တယ်လို့သိရပါတယ်။

" အဲဒီကာလတုန်းကတော့ ဘာတိုက်ပွဲမှလည်းမရှိဘူး။ဘယ်နေရာသွားသွားလုံခြုံမှုရှိတော့ ဇလုံတောင်ခရီးစဥ်လည်းသွားကြတယ်။လမ်းခရီးကြမ်းပေမယ့်လည်းသွားကြတယ်။အခုက စစ်ကိုင်းတိုင်း မှာဒီလောက်တိုက်ပွဲတွေဖြစ်နေတာဘယ်သူကမှမသွားရဲဘူး။ဘယ်လောက်ပဲလုံခြုံရေးအာမခံပါတယ်ပြောပြောခုကာလတော့အဆင်မပြေဘူး။ ကျွန်တော်တို့လည်း အာမ မခံနိုင်ဘူးလေ။လူတိုင်းက ကိုယ့်အသက် အန္တရာယ်ဖြစ်မှာကြောက်ကြတယ်။ အန္တရာယ်ကင်းတာမှန်ရင် ခရီးသွားတွေကတားမရဘူးသွားကြမှာပဲ။ " လို့ ခရီးသွားလုပ်ငန်းရှင်တယောက်က သုံးသပ်ပြောပါတယ်။

ဇလုံတောင် ဘုရားဖူးခရီးစဥ်ကိုတော့ နယ်မြေတွင်းတိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး ၃နှစ်အကြာမှာ သွားလာခွင့် ပြန်ခွင့်ပြုလာတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိဗန်းမောက်မြို့ကို SNA ရှမ်းနီအမျိုးသားတပ်မတော်က နယ်မြေစိုးမိုးထားပြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာတော့ KIA နဲ့PDF ပူးပေါင်းတပ်တွေက စိုးမိုးထားတယ်လို့ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ဇလုံတောင်ကတော့ ဗန်းမောက်မြို့ရဲ့အနောက်မြောက်ဘက်၁၂ မိုင်အကွာမှာတည်ရှိပါတယ်။

Photo - ဇလုံတောင်ဘုရားဖူးသွားကြမယ်

#သတင်းဟင်းလေးအိုးကြီး

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဇန်နဝါရီ ၉

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၆၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၆၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၇၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၈၀ ကျပ်
ဝယ်ဈေး - ၄၅၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၅ ကျပ်
ဝယ်ဈေး - ၃၂၃၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၀၅ ကျပ်
ဝယ်ဈေး - ၄၆၁၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၂ ကျပ်
ဝယ်ဈေး - ၉၉၂ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၂ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၈၄ ကျပ်
ဝယ်ဈေး - ၂၈.၂၈ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၀၅ ကျပ်
ဝယ်ဈေး - ၅၂.၀၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၃ ကျပ်
ဝယ်ဈေး - ၃.၀၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၃၅ ကျပ်
ဝယ်ဈေး - ၅၅၂၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၇၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၀ ကျပ်
ဝယ်ဈေး - ၃၁၁၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၅ ကျပ်
ဝယ်ဈေး - ၅၇၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၄၀ ကျပ်
ဝယ်ဈေး - ၁၂၁၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင်/မယ်ရွေးချယ်ခံရသူများ အယောက် ၄၀ စာရင်းထွက်ရှိလာ

ဇန်နဝါရီ ၉

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင်/မယ်ရွေးချယ်ခံရသူများ အယောက် ၄၀ စာရင်းထွက်ရှိခဲ့ပါတယ်။

" ဒီရွှေကြိုပြိုင်ဆိုင်တဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ အရည်အသွေးတွေ အပြတ်အသတ် ကွာခြားတာ‌တွေ မရှိခဲ့ကြပါဘူး။ ကျွန်တော်တို့ နောက်ဆုံးအဆင့် ရွှေကြိုရွေးချယ်ခဲ့တဲ့ ကလေးတွေကို အကောင်းဆုံးရွေးချယ်ပေးခဲ့တာပါ" လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရွှေကြိုရွေးချယ်ရေးအဖွဲ့ဝင် ပြောခွင့်ရှိသူက ပြောပါတယ်။

ရွှေကြိုရွေးချယ်ခံရသူ ရွှေကြိုမောင် အမျိုးသားတွေကတော့ ပီမန်း၊ ယံသက်ခ၊ အောင်သူဆန်း၊ ဩနေသိမ်၊ မစွမ်းဘုန်းတေဇ၊ဂ္ဂ၊ စပ်ဝဏ္ဏကျော်စွာ၊ သျှိုင်းမာန်၊ ဘုန်းမြတ်မောင်၊ မောင်မြင့်မြတ်၊ ကောင်းခန့်၊ ဉာဏ်မင်းဆက်၊ နန်းဦးလှိုင်၊ လျန်းထက်အောင်၊ ပြည့်စုံ၊ သူရိန်၊ ကိုကိုကျော်၊ အောင်သီဟ၊ ဘုန်းဟိန်း၊ ဖြိုးဟန်ကျော် တို့ဖြစ်ပါတယ်။

ရွှေကြိုရွေးချယ်ခံရသူ ရွှေကြိုမယ် အမျိုးသမီးတွေအနေနဲ့ ဆုကျော့ခိုင်၊ သော်တာလှိုင်ထွန်း၊ ချစ်မမမိုး၊ သဒ္ဒါနန်းထိုက်၊ ထံထျာလင်း၊ ဝိုင်းပြည့်ပြည့်စန်းလွင်၊ မေမီလင်း၊ မီကိုခန့်၊ ကြည်ဇေယျရှင်၊ ကေဇင်ခန့်၊ ဆုစန္ဒီမိုး၊ ကေကေဖြိုး၊ ကြယ်စင်သန့်၊ စီလာဝင်း၊ လင်းဝသန်ဦး၊ ဩမြတ်ခင်၊ ဖူးဖူးနန်းတော်၊ ရှင်းသီရိသူ၊ သင်းနန္ဒီဇော်၊ မိုကိုခန့်တို့ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ရွေးချယ်ခံရသူ ရွှေကြိုမောင်မယ် အမျိုးသား ၂ဝဦးနဲ့ အမျိုးသမီး ၂၀ဦးတို့က လာမယ့် ဖေဖော်ဝါရီလနေပြည်တော်မှာကျင်းပမယ့် ၂၀၂၄ ခုနှစ်မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ တက်ရောက်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

#centralnewsnaypyitaw

imageimage
+8
16 w - Translate

ယခင်ချယ်လ်ဆီးနှင့် ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ်ပေါ်တာ သည် ဝက်စ်ဟမ်းအသင်းနှင့် နည်းပြသစ်ရာထူးအတွက် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

#updatesportnews

image
16 w - Translate

အိန္ဒိယဝယ်ယူမှုနည်းနေ၍ ပဲစင်းငုံစျေး ကျနေ
----------------------
ပြည်တွင်းကထွက်ရှိနေတဲ့ ပဲစင်းငုံတွေကို အိန္ဒိယဘက်က ဝယ်ယူမှုနည်းနေတဲ့အတွက် စျေးကျဆင်းနေတယ်လို့ မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။ မကွေးတိုင်းအတွင်းကထွက်ရှိတဲ့ ပဲစင်းငုံတွေကို တောင်သူဖွံ့ဖြိုးရေးအဖွဲ့က ရေနံချောင်းနဲ့မကွေးမြို့တွေမှာ စုပေါင်းရောင်းချပွဲလုပ်ပြီး အရောင်း အဝယ် လုပ်နေကြတာဖြစ်ပါတယ်။

ရေနံချောင်းစင်တာမှာ ပဲစင်းငုံစုပေါင်းရောင်းချပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၆)ရက်နေ့ကစတင်ခဲ့ပြီး တစ်တင်းကို ငွေကျပ်(၁)သိန်းကျော်အထိ ရောင်းချခဲ့ရပေမယ့် လက်ရှိမှာတော့ တစ်တင်းကို ငွေကျပ် ၉၄၀၀၀ ဝန်းကျင် စျေးသာ ရှိနေတာပါ။ အဲဒါကြောင့် တောင်သူတွေ စျေးကောင်းရဖို့အတွက် ပစ္စည်းကို လှောင်ထားပြီး စျေးစောင့် ရောင်းနိုင်အောင် စီစဥ်ထားတယ်လို့ မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ညွန့်က ပြောပါတယ်။

ပဲစင်းငုံရောင်းချရာမှာ မန္တလေး၊ပခုက္ကူ စျေးကွက်တွေအပေါ်မူတည်ပြီး အရောင်းအဝယ်လုပ်နေကြတာဖြစ်ပြီး မကွေးစင်တာ ပဲစဥ်းငုံစုပေါင်းရောင်းချပွဲကိုတော့ ဇန်နဝါရီ(၆)ရက်ကနေ ဖေဖော်ဝါရီ(၆)ရက်နေ့အထိ ပြုလုပ် သွားမှာဖြစ်ပါတယ်လို့ သိရပါတယ်။

image
16 w - Translate

ရန်ကုန်(မြောက်ဥကာလာပ)မှာရှိတဲ့
ကော်ဖီဆိုင်☕️

သစ်ပင်လေးတွေနဲ့စိမ်းစိမ်းစိုစိုရှိတဲ့ ဒီကော်ဖီဆိုင်ရောက်ပြီးကြပြီလား☕️

ဟိတ်---ဒီမှာ ဒီမှာ
ရုံးပိတ်ရက်ပဲဖြစ်ဖြစ် လမ်းကြုံလို့ပဲဖြစ်ဖြစ်ဒီကော်ဖီဆိုင်မှာသွားထိုင်
ကြည့်နော်☕️

ချစ်သူနဲ့ ဒိတ်လို့ကောင်းတဲ့ကော်ဖီဆိုင်☕️

စိမ်းစိမ်းစိုစိုရှိတဲ့
ဒီဆိုင်လေးနာမည်ကBreeze Cafeလို့အမည်ပေးထားတယ်☕️

ကော်ဖီဆိုင်လေးလည်းလှသလို
ပုံရို.က်လို့လှတဲ့နေရာလေးပါ🍀

☕️Coffee ကောင်းကောင်းလဲ သောက်ချင်တယ် သဘာဝန်ဆန်ဆန်လဲ ဓာတ်ပုံရို.က်ချင်တယ် စိမ်းစိုလှပနေတဲ့ အပင်လေးတွေလည်းရှိတဲ့နေရာရာဖြစ်ရမယ်ဆိုတဲ့သူတွေအတွက်သင့်တော်တဲ့ဒီနေရာလေးကိုညွှန်ပေးမယ်နော်🍀

coffee အမျိုးအစားလဲ စုံစုံလင်လင်ရတဲ့ဆိုင်လေးပါ ☕️

☕️ကော်ဖီကောင်းကောင်လေးသောက်ချင်ရင်ဒီ Breeze Cafeကိုညွန်းပေးတယ်နော်😍

ဒီလိုနေရာမျိုးမှာချစ်သူနဲ့လာလိုက်ရရရင်ဘယ်လောက်တောင်ပြည့်စုံလိုက်မှာလည်းနော်😍

🍛ကော်ဖီတစ်မျိုးပဲရတာမဟုတ်ပါဘူးတခြားသောအစာ၊းအစာလည်းရပါတယ်🍜

Breeze Cafe 🍃
📬ခြံအမှတ် ၁၀၁၊
ကျောက်စိမ်းပတ်လမ်း (ရတနာကျွန်းရိပ်သာ)၊
သုနန္ဒာလမ်း ( ဘုရားကြီးဘက် )၊
မြောက်ဥက္ကလာပမြို့နယ်

Open Daily // 90am - 60pm

🚌Breeze Cafe" ကို YBS နဲ့လာမယ်ဆိုရင်
သုဓ္ဓမ္မာလမ်းမကြီးပေါ်က " သုနန္ဒာလမ်းဆုံမှတ်တိုင် " မှာဆင်းရပါမယ်

🚌" သုနန္ဒာလမ်းဆုံမှတ်တိုင် " ကို‌တော့
YBS ( 19, 32, 35, 42, 64, 93, 115, 116, 119 ) တို့ရောက်ပါတယ်

🚌မှတ်တိုင်ကနေ ဘုရားကြီးရှိတဲ့ဘက်ကို လမ်းမကြီးအတိုင်းဝင်လာရင် " ချမ်းမြေ့ " ဆိုတဲ့ဆေးရုံရဲ့ အကျော်၊ ချောင်းလေးကိုကျော်တာနဲ့ ညာဖက်မှာဆိုရင် ဆိုင်ရဲ့လမ်းထိပ်ကိုရောက်ပါပြီ

🚌သတိပြုစရာအနေနဲ့ 64 ကိုစီးရင်ဝောာ့ သုဓ္ဓမ္မာ လို့ ရေးထားမှ " သုနန္ဒာမှတ်တိုင် " ကိုရောက်ပါလိမ့်မယ်