Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆုန်ခရန် ပွဲတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထိုင်း ရဲ့ ပထမဆုံး AI ရဲ စက်ရုပ်
===========================================
ထိုင်း ရဲတပ်ဖွဲ့က ဆုန်ခရန် ပွဲတော်မှာ အများပြည်သူ လုံခြုံရေးအတွက် AI ရဲ စက်ရုပ်ကို တာဝန်ပေးခဲ့ပြီး ထိုင်းရဲ့ ပထမဆုံး AI ရဲ စက်ရုပ် ဖြစ်ပါတယ်။ စက်ရုပ်ဟာ Nakhon Pathom မှ Tonson လမ်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ထိုင်း ရဲတပ်ဖွဲ့က စက်ရုပ်ကို “AI Police Cyborg 1.0” လို့ အမည်ပေးထားပါတယ်။ စက်ရုပ်မှာ အလိုရှိနေတဲ့ ရာဇဝတ်သားတွေနဲ့ အန္တရာယ်ရှိသူတွေကို ထောက်လှမ်းနိုင်တဲ့ Facial Recognition နည်းပညာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် တုတ်၊ ဓါး စတဲ့ လက်နက်တွေကိုလည်း ရှာဖွေနိုင်ပါတယ်။ AI နည်းပညာပါလာပြီး ဒရုန်းနဲ့ CCTV မှ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။
စက်ရုပ်ရဲ့ ၃၆၀ ဒီဂရီ စမတ် ကင်မရာတွေကို ပြည်နယ်ရဲ့ Command Center နဲ့ ချိတ်ဆက်ထားပါတယ်။ ပြဿနာ ဖြစ်ပွားရင် Command Center က ချက်ချင်းသိနိုင်ပါတယ်။
ထိုင်း တော်ဝင် ရဲတပ်ဖွဲ့က အဲဒီ စက်ရုပ်ကို Facebook ကနေ ဧပြီလ ၁၆ ရက်နေ့မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

#နိုင်ငံတကာသတင်း
◼ယူကရိန်းနှင့် ငြိမ်းချမ်းရေး တိုက်ရိုက် ဆွေးနွေးရန်လမ်းဖွင့်ထားကြောင်း ရုရှားသမ္မတပူတင်ပြောကြား
စစ်ပွဲအစောပိုင်းနေ့ရက်များနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနှင့် နှစ်ဖက်ဆွေးနွေးပြောဆိုရန် ရုရှားသမ္မတဗလာဒီမာပူတင်က ယမန်နေ့တွင် အဆိုပြုလိုက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးကမူ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်းများအား ရပ်တန့်ရေးကို ဆွေးနွေးရန် စိတ်အားထက်သန်ကြောင်း ပြောကြားသည်။
ပူတင်၏ အဆိုပြုချက်နှင့်ပတ်သက်၍ ဇီလန်စကီး က တိုက်ရိုက်တုံ့ပြန်ခြင်း မရှိသော်လည်း အရပ်သားများအပေါ် တိုက်ခိုက်မှုများအား ရပ်တန့်ရေးကို ဆွေးနွေးမည့် မည်သည့်အပစ်အခတ်ရပ်စဲရေးကို မဆို ပြောဆိုဆွေးနွေးရန် ကိဗ်ဘက်က အသင့်ရှိကြောင်း ၎င်း၏ ညစဉ် ရုပ်သံမိန့်ခွန်း၌ ပြောကြားသည်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ၎င်းတို့၏ကြိုးပမ်းမှုများတွင် တိုးတက်မှုများ မရရှိခဲ့ပါက ယင်းကိစ္စမှ နောက်ဆုတ်သွားမည်ဖြစ်ကြောင်း အမေရိကန်က ခြိမ်းခြောက်ခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးစလုံးအပေါ် ဖိအားများရှိလာခဲ့သည်။
ချိုးဖောက်မှုများ ရှိကြောင်း နောက်ပိုင်းတွင် အပြန်အလှန်စွပ်စွဲခဲ့သော အီစတာပွဲတော် နာရီပေါင်း ၃၀ အပစ်အခတ်ရပ်စဲမှုကို မော်စကိုက ကြေညာခဲ့ပြီးနောက် နောက်ထပ်အပစ်အခတ်ရပ်စဲမှုများအတွက် လမ်းဖွင့်ထားကြောင်း ရုရှားနှင့်ယူကရိန်းတို့က ပြောကြားခဲ့ကြသည်။
ဗုဒ္ဒဟူးနေ့တွင် လန်ဒန်မြို့၌ အမေရိကန် ၊ ဥရောပနိုင်ငံများနှင့်ဆွေးနွေးမှုများတွင် ယူကရိန်းက ပါဝင်သွားမည်ဖြစ်ကြောင်း ဇီလန်စကီး က ပြောကြားခဲ့ပြီး ယင်းမှာ ပြီးခဲ့သည့် သီတင်းပတ်က ပါရီအစည်းအဝေး၏ နောက်ဆက်တွဲဖြစ်ကြောင်း သိရသည်။
ပါရီ အစည်းအဝေးတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများက သုံးနှစ်ကြာ ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စနေနေ့တွင် ၎င်းတို့ဘက်က တစ်ဖက်သတ်ကြေညာခဲ့သည့် အီစတာပွဲတော် အပစ်ရပ်ကာလ ကုန်ဆုံးသွားခဲ့ပြီးနောက် တိုက်ခိုက်မှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း ပူတင်က ရုရှားအစိုးရရုပ်သံ သတင်းထောက်တစ်ဦးအား ပြောကြားခဲ့ပြီး တစ်ဆက်တည်းမှာပင် ၎င်းအနေဖြင့် ငြိမ်းချမ်းရေးအဆိုပြုချက်များအတွက် လမ်းဖွင့်ထားကြောင်း နှင့် ယူကရိန်းဘက်ကလည်း အလားတူလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ဆက်ပြောသည်။
“ နှစ်နိုင်ငံကြားဆွေးနွေးတာအပါအဝင် အရပ်သားပစ်မှတ်တွေကို မတိုက်ခိုက်ဖို့ကိစ္စကို ဆွေးနွေးဖို့ ဖြစ်နိုင်တယ်လို့ သမ္မတက ပြောကြားချိန်မှာ ယူကရိန်းနိုင်ငံနဲ့ ညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေလုပ်ဖို့ကိုလည်း သမ္မတက စိတ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။” ဟု ကရင်မလင်ပြောခွင့်ရသူ ဒီမီထရီပက်စ်ကော့ဗ် က နောက်ပိုင်းတွင် ရုရှားသတင်းဌာန အင်တာဖက်စ် ကို ပြောကြားသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် အစောပိုင်းသီတင်းပတ်များ နောက်ပိုင်း နှစ်နိုင်ငံကြားတိုက်ရိုက် ဆွေးနွေးမှုများ မရှိခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
“ လစ်ဘီဒေး ” ဆိုတဲ့ ကောင်မလေးဟာ ခုနစ်နှစ်သမီးအရွယ် မှာ သူ့အမေ နဲ့ အစ်မနှစ်ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ် ။ လူသတ်သမားက တခြားသူ မဟုတ် ။ လစ်ဘီဒေးရဲ့ အစ်ကိုအရင်း ။
အခု နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာသွားပြီ ။ ဘဝထဲမှာ ကမ်းမမြင် လမ်းမမြင် မျောနေရင်း အတိတ်ကအဖြစ်အပျက်တွေကို စိတ်ရဲ့ ဟိုးအတွင်းပိုင်း အမှောင်ထဲမှာ သော့ခတ်သိမ်းထားရင်း လစ်ဘီဒေး အသက် သုံးဆယ်ကျော်လာပြီ ။
အဲဒီအချိန်မှာ “လူသတ်အသင်း” လို့ နာမည်ပေးထားတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခု လစ်ဘီ့ကို ဆက်သွယ်လာတယ် ။ လူသတ်အသင်းဆိုတာက မှုခင်းဝါသနာရှင်တွေစုပြီး တည်ထောင်ထားတဲ့ အသင်းအဖွဲ့ ။ အမှုမှန်မပေါ်သေးတဲ့ လူသတ်မှုကြီးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖော်ထုတ်ချင်ကြတဲ့သူတွေပေါ့ ။
လူသတ်အသင်းက ပြောတယ် ။ လစ်ဘီ့ အစ်ကို သတ်တယ်ဆိုတာ သူတို့ မယုံဘူးတဲ့ ။ တကယ့် လူသတ်သမား အခုထိ လွတ်နေသေးတယ်လို့ သူတို့ ယူဆတယ်တဲ့ ။ ဒါကြောင့် ဒီအမှုကို ဆက်စုံစမ်းချင်တယ် ။ သဲလွန်စတွေကို ပြန်ဖော်ထုတ်ဖို့ လစ်ဘီဒေးကို ပိုက်ဆံပေးပြီး ခိုင်းတယ်။
ပိုက်ဆံ အသည်းအသန်လိုနေတဲ့ လစ်ဘီဒေး အတိတ်အမှောင်ထဲကို ပြန်တိုးဝင်ဖို့ လိုအပ်လာတယ် ။ မေ့ပျောက်ထားတဲ့ အမှတ်တရတွေကို တူးဆွရတော့မယ် ။ ပိတ်ထားတဲ့ စိတ်တံခါးတွေကို ဖွင့်ကြည့်ရင်း အတိတ် အမှောင်ထဲက မကောင်းဆိုးဝါးတွေ ခုန်ထွက်လာတဲ့အခါ..
ရထားပေါ်က မိန်းကလေးဝတ္ထုကို ကြိုက်နှစ်သက်ခဲ့သူများအတွက် အကြိုက်တွေ့စေမည့် အသည်းတအေးအေးနဲ့ ဖတ်ရမယ့် လျှို့ဝှက်သည်းဖို ဝတ္ထု စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်ရှင့် ✨
#အမှောင် #ချမ်းမြေ့ဝင်း
A 13-year-old girl has died after falling approximately 25 feet through the attic floor of an after-school program, police said.
https://abcnews.go.com/US/13-y....ear-girl-dead-after-
ဖင်လန်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးစနစ်အဖြစ် မကြာခဏဖော်ပြခံရပြီး အထူးခြားဆုံးအချက်ကတော့ အခြားနိုင်ငံတွေလို ကျောင်းသားတွေကို ဖိအားတွေမပေးဘဲ ဒီအောင်မြင်မှုကိုရရှိခဲ့တာပါ။ ဖင်လန်ရဲ့ ပညာရေးချဉ်းကပ်မှုဟာ စာမေးပွဲစစ်ဆေးမှုတွေ၊ သင်ယူမှုတွေထက် ယုံကြည်မှု၊ ကျန်းမာရေး နဲ့ ညီမျှမှုကို အဓိကထားပါတယ်။
အထင်ရှားဆုံးသော အချက်တစ်ခုကတော့ စံသတ်မှတ်စာမေးပွဲများ မရှိတာပါ စာမေးပွဲတွေကို အလေးထားတဲ့နိုင်ငံတွေနဲ့မတူဘဲ ဖင်လန်ရဲ့စနစ်ဟာ ဆရာတွေရဲ့ အကဲဖြတ်မှုတွေနဲ့ ကျောင်းသားတွေကို စစ်ဆေးပါတယ်။ ဒါဟာ ဖိအားလျော့နည်းစေပြီး သင်ယူမှုကို ပိုပီးစိတ်ဝင်စားကာ ချစ်မြတ်နိုးစေပါတယ်။
ဒါ့အပြင် ဖင်လန်ကျောင်းသားတွေမှာ အိမ်စာနည်းပါးပါတယ် တခြားနိုင်ငံတွေမှာ ကလေးတွေဟာ အိမ်စာလုပ်ဖို့ သီးသန့်အချိန်ပေးရပါတယ် ဖင်လန်မှာတော့ ကလေးတွေဟာ အခြားလှုပ်ရှားမှုတွေ ဥပမာ ကစားခြင်း၊ မိသားစုနဲ့အချိန်ဖြုန်းခြင်းတို့အတွက် အချိန်လိုအပ်တယ်လို ယုံကြည်ထားကြပါတယ် ဒါတွေဟာ ကျောင်းသားတွေရဲ့စိတ်ရောကိုယ်ပါဖွံဖြိုးမှုအတွက် အရေးကြီးပါတယ်။
ဖင်လန်ရဲ့ ကျောင်းအချိန်ဇယားကို ကျောင်းသားတွေရဲ့ ဘဝတစ်ခုလုံး နဲ့ ညီမျှစေဖို့ ရေးဆွဲထားပါတယ်။ အတန်းတွေဟာ မနက် ၉ နာရီမှ ညနေ ၂ နာရီအထိသာ ရှိပြီး ကလေးတွေမှာ အနားယူခြင်း၊ ကစားခြင်း နဲ့ အပိုပညာရေးလှုပ်ရှားမှုတွေအတွက် အချိန်လုံလောက်စွာရှိပါတယ် ဒါဟာ သူတို့ရဲ့ကျန်းမာရေးနှင့် ပညာရေးအောင်မြင်မှုကို အထောက်အကူဖြစ်စေပါတယ်။
ဖင်လန်မှာ ကျောင်းဆရာ/မ တွေကို အလွန်အမြတ်တနိုးတန်ဖိုးထားကြပြီး ပညာရှင်အဆင့်တွေဖြစ်ကာ တခြားနိုင်ငံများနဲ့ယှဉ်ရင် အလုပ်ချိန်ပိုတိုပါတယ်။ သူတိုရဲ့လုပ်ခလစာဟာ ဆရာဝန်တွေနဲ့ တန်းတူရရှိကြပြီး ဒါဟာနိုင်ငံရဲ့ ပညာရေးတန်ဖိုးထားမှုကိုပြသနေပါတယ်။ ဆရာတွေအနေနဲ့ မဟာဘွဲ့ရရှိထားရမှာဖြစ်ပြီး အတန်းထဲမှာသာမက အတန်းပြင်ပတွေမှာပါ ထူးချွန်ထက်မြက်မှုရှိကြရပါမယ်
ဘေးလူဆေးလိပ်သောက်ခြင်းကြောင့် မိမိမှာ ဘာရောဂါတွေ ဖြစ်စေနိုင်လဲ? 🚭
- Secondhand smoke (SHS) လို့ခေါ်တဲ့ အနီးပတ်ဝန်းကျင်ကလူ ဆေးလိပ်သောက်လို့ ထွက်လာတဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတဲ့လူတွေကလည်း မိမိကိုယ်တိုင် မသောက်ရဘဲ သောက်သလိုမျိုး ကျန်းမာရေး ထိခိုက်ပါတယ်။ 😣
- ၁၉၆၄ ကနေစပြီး အခုအချိန်အထိဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်ကာ အဲ့ဒီကနေ ရောဂါရပြီး ေ-သ-ဆုံး-ရသူ ဦးရေဟာ ၂သန်းခွဲ ဝန်းကျင် ရှိပြီ ဖြစ်ပါတယ်။ 2️⃣
- လူကြီးတွေမှာ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ အရွယ်မတိုင်ခင် ကွယ်လွန်ခြင်း 👩🏻🦰🧑🏻
- ကလေးတွေမှာ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ နားလမ်းကြောင်း ပိုးဝင်ခြင်း၊ ပန်းနာရင်ကြပ် ရောဂါဆိုးစေခြင်း 👦🏻👧🏻
- မွေးကင်းစ ကလေးငယ်တွေမှာ ရုတ်တရက် ေ-သ-ဆုံး-ခြင်း (Sudden Infant D-*-a-t-h Syndrome or SIDS) 👶🏻
- ကိုယ်ဝန်ဆောင် မိခင်တွေမှာ မွေးလာတဲ့ကလေးက ပေါင်ချိန် မပြည့်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ 🤰🏻
- အမေရိကန်ပြည်ထောင်စုမှာ SHS ကြောင့် နှစ်စဥ် လူ ၇၃၀၀ ဟာ အဆုတ်ကင်ဆာဖြစ်ကာ ကွယ်-လွန်-နေပြီး လူ ၃၄၀၀၀ ဟာလည်း နှလုံးရောဂါဖြစ်ကာ အ-သက်-ဆုံး-ရှုံး-နေကြပါတယ်။ 🇺🇸
- ဘာရောဂါမှ မရှိဘဲ ကျန်းမာတဲ့ မွေးကင်းစ ကလေးတွေ ရုတ်တရက် အ-သက်-ဆုံး-ပါး-ခြင်းရဲ့ ထိပ်ဆုံးအကြောင်းရင်းကလည်း အပေါ်မှာပြောခဲ့တဲ့ SIDS ကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဥ် ဆေးလိပ်သောက်ခြင်း/ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းနဲ့ မွေးကင်းစ အရွယ်မှာ ကလေး အနီး ဝန်းကျင်မှာ ဆေးလိပ်သောက်ခြင်းက SIDS ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ 📈
ဒါကြောင့် ဆေးလိပ်သောက်သုံးသူများ အနေနဲ့ လူထူထပ်တဲ့ နေရာတွေ ဘတ်စ်ကား မှတ်တိုင်၊ အလုပ်ခွင် စသည်ဖြင့်နေရာတွေမှာ မသောက်ဘဲ လူရှင်းတဲ့နေရာတွေမှာသာ သောက်ကြဖို့ လိုအပ်သလို ဆေးလိပ်မသောက်သူများကလည်း ကိုယ့်ဘေးမှာ လာသောက်နေရင် မသောက်ဖို့ ပြောဖို့/ ဒါမှမဟုတ် ဝေးရာနေရာကို ခဏတဖြုတ်ဖြစ်ဖြစ် သွားရှောင်ကြဖို့ လိုပါတယ် ခင်ဗျာ။ ❌
မိမိ အသိမိတ်ဆွေ ဆေးလိပ်သောက်တတ်သူတွေ ရှိရင်လည်း ဒီ ပို့စ်ကို ရှဲပြီး ကုသိုလ်ယူလိုက်ပါ