၃၀ နှစ်အောက် ဘွဲ့ရများအတွက် မြန်မာ့စီးပွားရေးဘဏ်က ငယ်/ရေး ရာထူး(၁၂၀) နေရာ အလုပ်ခေါ်စာ
အပိုဒ် ၂ (ဂ) အရ Single အမျိုးသားများ ဦးစားပေးမည်ဟု ပါရှိ
#govjob


Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၃၀ နှစ်အောက် ဘွဲ့ရများအတွက် မြန်မာ့စီးပွားရေးဘဏ်က ငယ်/ရေး ရာထူး(၁၂၀) နေရာ အလုပ်ခေါ်စာ
အပိုဒ် ၂ (ဂ) အရ Single အမျိုးသားများ ဦးစားပေးမည်ဟု ပါရှိ
#govjob
ဂတ်စ်မီးဖိုဖြင့် ကြက်ဥပြုတ်ရာမှ ရဲဝန်ထမ်းလိုင်းခန်းမီးလောင်မှု ဖြစ်ပွား
ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၆×၆၈ လမ်းကြား၊ ၂၈×၃၀ လမ်းကြားရှိ တိုင်းရဲအကူတပ်ဖွဲ့ခွဲ (မန္တလေး) အကြပ်စစ်သည်လိုင်းခန်းတွင် ဇန်နဝါရီလ ၁၀ ရက် ၉ နာရီ ၄၅ မိနစ်ခန့်က ဂတ်စ်မီးဖိုဖြင့် ကြက်ဥပြုတ်ရာမှ ရဲဝန်ထမ်းလိုင်းခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဝန်ထမ်းလိုင်းခန်းရှိ အလျား ၁၅ ပေ၊အနံ ၁၅ ပေ၊ သွပ်မိုးထရံကာ ပျဥ်ခင်းနေအိမ်တစ်ခန်းတွင် မိသားစုဝင်တစ်ဦးက ဂတ်စ်မီးဖိုဖြင့် ကြက်ဥပြုတ်ရာမှ ရေခမ်းပြီး ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိနစ်၂၀ ကျော် ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် ဝန်ထမ်းလိုင်းခန်း ၈ ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
“အိမ်တွေက ကပ်နေတော့ မီးလောင်မှုလည်းမြန်တာ။ဝန်ထမ်းလိုင်းခန်း ၈ ခန်းလောက်ပါသွားတယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၅ စီး၊ အုပ်ချုပ်မှုယာဥ် ၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူ အမျိုးသားကို အမှတ်(၃)နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး
အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့ဖြင့် ကာကွယ်ရမည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား
နေပြည်တော်၊ ဇန်နဝါရီ ၁၁
အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သော စိတ်ဓာတ်တို့ဖြင့် ကာကွယ်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယမန်နေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ဌာနချုပ်ခန်းမများ၌ သီးခြားစီတွေ့ဆုံအမှာစကားပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခေတ်အဆက်ဆက်တွင် နိုင်ငံရေးအရ၊ စစ်ရေးအရ ဖြစ်ပေါ်လာသည့် ပြည်တွင်းပြည်ပ အန္တရာယ်များကြား၌ မိမိတို့တပ်မတော်သားများသည် နိုင်ငံနှင့်ပြည်သူအကျိုးအတွက် စွန့်လွှတ်စွန့်စားခြင်းများစွာဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးနှင့် အတူပေါ်ပေါက်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများ၊ ဝါဒစွဲဂိုဏ်းဂဏစွဲကြောင့် ဖြစ်ပေါ်လာသည့် ထိုးနှက်တိုက်ခိုက်မှုများကြားတွင် တပ်မတော်အနေဖြင့် စစ်မှန်သည့် အမျိုးသားရေးတာဝန်ကိုသာရှေးရှုပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးသယ်ပိုးခဲ့သည်မှာ သမိုင်းသက်သေရှိပြီးဖြစ်ကြောင်း၊ ယခုမိမိတို့တပ်မတော်၏ နိုင်ငံ့အရေးတာဝန်များကို ထမ်းဆောင်နေမှုများသည်လည်း သမိုင်းများပင်ဖြစ်သဖြင့် သမိုင်းမှတ်တမ်းကောင်းကို ရေးထိုးနိုင်ရမည်ဖြစ်ကြောင်း ပြောသည်။
လက်ရှိပြည်တွင်း၊ ပြည်ပအန္တရာယ်များ၊ ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံတွေ့နေရချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများအားလုံး၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ နိုင်ငံနှင့်ပြည်သူတို့အတွက် မြင့်မြတ်လှသည့် တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ ဘဝကိုဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသည့် ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများ အသက်ခန္ဓာဆုံးရှုံးခဲ့ကြရသကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားသည့် လမ်းတံတားများ၊ စက်ရုံအလုပ်ရုံများ၊ အဆောက်အဦများ များစွာပျက်စီးဆုံးရှုံး ထိခိုက်နစ်နာခဲ့ရကြောင်း၊ ထိုကဲ့သို့နိုင်ငံတော်မှ ထိခိုက်နစ်နာရသကဲ့သို့ ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း လူမှုရေး၊ စီးပွားရေးအရ ထိခိုက်နစ်နာခဲ့ရခြင်းများရှိခဲ့ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သော စိတ်ဓာတ်တို့ဖြင့် ကာကွယ်သွားရမည်ဖြစ်ကြောင်း၊ တပ်နယ်များအလိုက် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသအတွင်း အကြမ်းဖက်မှုများမရှိစေရေး၊ လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်ကျင့်နေမှုများမရှိစေရေး နယ်မြေလုံခြုံရေးတာဝန်များကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း ပြောသည်။
တပ်မတော်သားများအနေဖြင့်လည်း တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ တပ်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လိုကြောင်း၊ တပ်တွင်း၊ တပ်ပြင်အင်အားများကို တည်ဆောက်၍ စုစည်းညီညွတ်သည့်အားဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်များကို မှန်မှန်ကန်ကန်ထမ်းဆောင်ပြီး ပြည်သူကလေးစားရသည့်၊ အားကိုးရသည့် စစ်သည်များဖြစ်အောင် နေထိုင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
#centralnewsnaypyitaw
ကျောက်ကပ်မှာ အမှုန်အမွှားတွေ အနည်ထိုင်လာတဲ့အခါဘာတွေဖြစ်လာနိုင်သလဲ...?
ကျောက်ကပ်ထဲမှာ သတ္တု အမှုန်အမွှားတွေ၊ ဆားတွေ စုပုံအနည်ထိုင်ပြီး အစိုင်အခဲ ဖြစ်လာတဲ့အခါ အကြောင်းတစ်ခုခုကြောင့် ဒီအနည်တွေနဲ့ အဆိပ်အတောက်တွေကို ကျောက်ကပ်က မစွန့်ထုတ်နိုင်ပါက ကျောက်ကပ်ကျောက်တည်ခြင်းရောဂါကို ခံစားရနိုင်ပါတယ်။
ကျောက်ကပ် ကျောက်တည်ခြင်းဟာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ရေသောက်နည်းသူ၊ မကြာခဏ ဆီးအောင့်တတ်သူ၊ အသားစားများသူ၊အဝလွန်သူတွေအပြင် အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဖြတ်တောက်ထားဖူးတဲ့သူတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။
ဒါ့အပြင် ဆီးဆေးများ၊Calcium အားဖြည့်ဆေးများ၊Vitamin C အားဖြည့်ဆေး၊ဝမ်းပျော့ဆေးတို့လို အလွန်အကျွံ သောက်သုံးသူတွေလည်း ကျောက်ကပ် ကျောက်တည်ခြင်းကို ခံစားရနိုင်ပါတယ်။
ကျောက်ကပ်ကျောက်တည်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့-
- ခါးဘေးဖက်နှင့်နောက်ကျောဖက် စူး၍နာခြင်း
- ဆီးသွားသည့်အခါ အဝါရောင်များဖြစ်ခြင်း
- ဆီးတွင်းသွေးပါခြင်း
- ဆီးသွားတဲ့အခါနာကျင်ခြင်း
- ပျို့ခြင်း၊အန်ခြင်း
- ပိုးဝင်ခဲ့လျှင် ချမ်းတုန်၍ဖျားခြင်းတွေ ခံစားရတတ်ပါတယ်။
ဒီလိုရောဂါလက္ခဏာတွေ ပြနေသည့်တိုင်အောင် ကုသမှုခံယူခြင်းမရှိတဲ့အခါမှာတော့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ကျောက်ကပ်ရောင်ခြင်းကနေ ကျောက်ကပ်ပျက်စီးသည်အထိ ဆိုးရွားတဲ့ရောဂါအခြေအနေတွေကို ရင်ဆိုင်ရတတ်ပါတယ်။
#ကျန်းမာရေးဗဟုသုတ
ရခိုင်မှာ အရေပြားရောဂါဖြစ်ပွားမှု ပိုမို များပြားလာ
ဇန်နဝါရီ ၁၁
လက်ရှိ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ အရေပြားရောဂါဖြစ်ပွားမှု ပိုမို များပြားလာနေတယ်လို့ အဲဒီစစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မိုးရာသီကာလကတည်းက ပုဏ္ဏားကျွန်းနဲ့ မင်းပြားဒေသတွေမှာ အရေပြားရောဂါ လက္ခဏာတွေဖြစ်တဲ့ ခန္ဓာကိုယ်ယားယံတာ၊ ခူ၊ ဝဲ၊ ပွေး ကဲ့သို့သော အနာတွေ ဖြစ်ပေါ်ခံစားနေရတာဟာ ဒီကနေ့အချိန်အထိ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်တွေအပြင် သံတွဲ၊ ငပလီ၊ ဂွ၊ ရမ်းဗြဲနဲ့ ကျောက်တော် အစရှိတဲ့ ဒေသတွေမှာလည်း အရေပြားရောဂါတွေ ဖြစ်ပွားလာနေတယ်လို့ သိရပါတယ်။
“စစ်ရှောင်စခန်းတွေမှာက လူဦးရေများတော့ ပတ်ဝန်းကျင် မသန့်ရှင်းဘူး။ သောက်သုံးရေလည်း သန့်ရှင်းမှုမရှိဘူး။ အဲဒီလို အခြေအနေတွေကြောင့် ခန္ဓာကိုယ်ယားယံတာတွေ စဖြစ်လာတာ။ ယားလို့ ကုတ်မိကြတော့ အနာတွေဖြစ်လာတာပေါ့။ အဲဒီကနေမှ ခန္ဓာကိုယ်တခုလုံးကို ပျံ့နှံ့သွားပြီး တယောက်ကနေ တယောက် ကူးကုန်တာ။ ကလေးတွေဆို ပိုဆိုးတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။
ငပလီဒေသမှာဆိုရင် အသက် ၁၅ နှစ်အောက် ကလေးငယ်တွေမှာ အရေပြားရောဂါ ပိုအဖြစ်များနေပြီး ဆေးဝါး လုံလောက်မှုလည်း မရှိတာကြောင့် ထိရောက်တဲ့ ဆေးကုသမှုတွေလည်း မရကြဘူးလို့ ဆိုပါတယ်။
“ငပလီမှာက တခြားနေရာတွေထက်စာရင် ပိုပြီး အဖြစ်များနေတဲ့ သဘောပါ။ လတ်တလော အခြေအနေကတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေတာပေါ့။ အရေပြားရောဂါ ဖြစ်ပွားနေတဲ့ ဒေသတိုင်းမှာကို ဆေးလိုနေတာပါ။ ဒီတိုင်းဆက်သွားရင် ပိုဆိုးသွားနိုင်တယ်။ အနာတွေထဲ တခြား ပိုးမွှားတွေ ဝင်သွားရင် ပိုးဆိုးသွားနိုင်တယ်။ အသက်အန္တရာယ် ထိခိုက်လာနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်။ ခက်တာက ရခိုင်မှာက လမ်းကြောင်းတွေလည်း ပိတ်ထားတယ်။ ဆေးဝါးတင်သွင်းမှုကိုလည်း တင်းကြပ်ထားတယ်ဆိုတော့ ဆေးရဖို့ကအင်မတန်ခက်တယ်” လို့ သူက ပြောပါတယ်။
မင်းပြားနဲ့ ပုဏ္ဏားကျွန်းမှာတော့ AA ရဲ့ ကျန်းမာရေးဌာနက ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတာကြောင့် ပြန်လည် ကောင်းမွန်လာသူတွေရှိသလို ဆေးဝါးကုသမှု မခံယူရသေးတဲ့သူတွေလည်း အများအပြား ရှိနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
“စစ်ရှောင်စခန်းတွေမှာ ယားနာမပေါက်တဲ့သူ မရှိသလောက်ပါဘဲ။ တချို့ဆို ပျောက်ကိုမပျောက်ဘူး။ သံတွဲမြို့နယ်ဘက်က ကျေးရွာတွေမှာဆိုရင်လည်း လူဦးရေ ရာနဲ့ချီပြီး အရေပြားရောဂါ ဖြစ်နေတယ်။ ကလေးတွေ အများဆုံးပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ရခိုင်မှာ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေတာကြောင့် ကုန်းလမ်း၊ ရေလမ်းတွေအားလုံး ပိတ်ဆို့ ဖြတ်တောက်ခံထားရတဲ့အတွက် ဒေသတွင်းမှာ ဆေးဝါး ပြတ်လပ်နေသလို စျေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဆေးရုံ၊ ဆေးခန်းတွေလည်း ပုံမှန် လည်ပတ်နိုင်ခြင်းမရှိ ဖြစ်နေပြီး ဆေးဝါးကုသမှုပိုင်းတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ နစကတပ်နဲ့ AA တို့ကြား တကျော့ပြန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော်ရှိတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Photo:CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
အဲဗာတန်ကို ပြန်လည်ကိုင်တွယ်ဖို့ ဒေးဗစ်မိုယက်စ်နီးစပ်
ဇန်နဝါရီ ၁၁
ဒေးဗစ်မိုယက်စ်ဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြရှောင်ဒိုက်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး အသင်းဟောင်း အဲဗာတန်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ နီးစပ်နေပြီလို့ ESPN က ဖော်ပြထားပါတယ်။
ဒေးဗစ်မိုယက်စ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့အတွက် ၁၁ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ အဲဗာတန်အသင်း ကနေ ၂၀၁၃ ခုနှစ်က ထွက်ခွာခဲ့တာပါ။
ပြီးခဲ့တဲ့ ရာသီအကုန်က ဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတဲ့ ဒေးဗစ်မိုယက်စ်ဟာ အဲဗာတန်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ လမ်းဖွင့်ထားတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်း နည်းပြရာထူးအတွက် ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုလည်း သတင်း ထွက်ခဲ့ပေမယ့် သူဟာ မာဆေးဆိုက်ကလပ်ရဲ့ နည်းပြသစ်စာရင်းထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။
အဲဗာတန်အသင်းကို Friedkin Group က ဒီဇင်ဘာ ၁၉ ရက်မှာ လွှဲပြောင်း ရယူပြီးနောက် အသင်းကို ပြောင်းလဲမှု တွေ ပြုလုပ်တဲ့အနေနဲ့ FA ဖလားပွဲစဉ် မတိုင်ခင်မှာ နည်းပြရှောင်ဒိုက်ကို ထုတ်ပယ်ခဲ့တာပါ။
အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ကို သရေကစားနိုင်ခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပါတယ်။
ဒါအပြင် အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်ကာ တန်းဆင်းဇုန်ထဲကအသင်းနဲ့ ၁ မှတ်သာ ကွာဟတော့တာပါ။
အဲဒါကြောင့် Friedkin Group ဟာ အဲဗာတန်အသင်း တန်းဆင်းဇုန်ထဲ မကျရောက်စေဖို့အတွက် နည်းပြ ရှောင်ဒိုက်ကို ထုတ်ပယ်ပြီး အဲဗာတန် ယူ-၁၈ အသင်းနည်းပြ လေတန်ဘိန်းစ်နဲ့ အသင်းခေါင်းဆောင် ကိုးလ်မန်း တို့ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။
သူတို့နှစ်ဦးဟာ အဲဗာတန်အသင်းက ပီတာဘရော့ အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား တတိယအဆင့် ပွဲစဉ်ကို ကိုင်တွယ်ခဲ့တာပါ။
အဲဗာတန်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ဒေးဗစ်မိုယက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source: ESPN
ပုံ - ဒေးဗစ်မိုယက်စ်ကိုတွေ့ရစဉ်
#centralnewsnaypyitaw