15 w - Translate

#tattoophoto

image
15 w - Translate

#tattoophoto

image
15 w - Translate

#tattoophoto

imageimage
+4

လူ့အခွင့်အရေးကော်မရှင်ရုံးက လစ်လပ်ရာထူး ၁၅ နေရာ အလုပ်ခေါ်စာ

#အစိုးရအလုပ်အကိုင်အခွင့်အလမ်း

imageimage

အင်တာမီလန်အသင်းဟာ အာဆင်နယ်အသင်းနောက်ခံလူအိုလေ့က်ဆာန်ဒါးလ်ဇင်မ်ချန်ကိုကို ဒီဇန်နဝါရီကာလမှာခေါ်ယူဖို့စဉ်းစားသုံးသပ်နေပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ယူကရိန်းနောက်ခံလူ အိုလက်ဆာန်းဒါးလ်ဇင်ချန်ကိုကို ဒီဇန်နဝါရီကာလအပြောင်းအရွှေ့စျေးကွက်ကာလမှာ အသင်းဆီခေါ်ယူဖို့ကမ်းလှမ်းမှုလုပ်ဆောင်ရန်ပြင်ဆင်နေတယ်လို့ The Sun သတင်းကဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာအနေနဲ့ အဆိုပါကစားသမားဟာ ဂန်းနားအသင်းမှာပွဲထွက်ကစားခွင့်နေရာကနေဖယ်ပေးခဲ့ရပြီးနောက် အဆိုပါယူကရိန်းကစားသမားကိုလက်လွှတ်ဖို့အတွက်ကမ်းလှမ်းမှုလက်ခံနားထောင်ဖို့အဆင်သင့်ဖြစ်နေတယ်လို့ယုံကြည်ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့လည်း ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား တီယိုအဲလ်နော့ဒေ့ချ်ကိုအသင်းဆီခေါ်ယူအားဖြည့်ဖို့စိတ်ဝင်စားနေခဲ့တာကြောင့် ဇင်ချန်ကိုရဲ့အနာဂတ်ဟာ မသေချာမှုတွေရှိလာစေခဲ့တာလည်းဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image
Birdie Starling changed her profile picture
15 w

image

ပြင်ဦးလွင်မြို့နယ်ရှိ ငွေစုငွေချေးရုံးမှ ကျပ်သိန်း ၁၀၀၀ ကျော်အား ဧည့်စာရင်းလာစစ်သည့်အဖွဲ့များမှ တံခါးဖျက်ယူဆောင်သွားခဲ့ကြောင်း လီဆယ်သတင်းပို့ခဲ့သူနှင့် ကျုးလွန်သူ ၃ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့် ၁ ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား ၁ ဦးတို့က ပူးပေါင်းစီစဉ် ရယူခဲ့ကြပြီး ဧည့်စာရင်းလာစစ်သည့်အဖွဲ့များမှ တံခါးဖျက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း လီဆယ်သတင်းပို့ခဲ့သည့် ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၉)၊ ပွေးတောင်ရပ်ကွက်နေ Aliance ငွေစုငွေချေးရုံးမှ မန်နေဂျာ ဖြစ်သူ ဦးဇော်ဇော်အောင်သည် ရပ်ကွက်ကြီး (၆)၊ သစ်တောလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Aliance ငွေစုငွေချေးရုံးသို့ ရောက်ရှိစဉ် ရုံးညစောင့်ဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇)၊ သာယာကုန်းကျေးရွာနေ ဦးခင်မောင်ကြည် (၅၉) နှစ်၊ (ဘ) ဦးကြည်၏ ပြောပြချက်အရ ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၂ နာရီခွဲတွင် ၎င်းမှငွေစုငွေချေးရုံး၌ ညစောင့်တာဝန်ဆောင်ရွက်နေစဉ် အနက်ရောင်ဘောင်းဘီရှည်၊ အနက်ရောင်အနွေးထည်အင်္ကျီဝတ်ထားသူ အမည်မသိအမျိုးသား ၂ ဦးက ယာဉ်အမှတ် 1E/ 2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဧည့်စာရင်းစစ်ဆေးမည်ဟု ပြောဆို၍ ရုံးခြံဝင်းအတွင်းသို့ဝင်လာကာ ရုံးပြူတင်းပေါက် သံပန်းတံခါးအား သံချောင်းဖြင့် ကန့်လန့်ဖွင့်၍ ရုံးခန်းအတွင်းထားရှိသည့် မြန်မာငွေစက္ကူရောရာ ငွေ (၁၀၀,၃၀၂,၄၀၀) ကျပ်ထည့်ထားသည့် LECCO တံဆိပ်ပါ မီးခံသေတ္တာ ၁ လုံးနှင့် ရုံးအတွင်းတပ်ဆင်ထားသည့် CCTV ကြိုးများအားဖြတ်တောက်၍ CCTV မှတ်တမ်းအထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းသို့ လာရောက်သတင်းပို့တိုင်တန်းခဲ့ရာ ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/၁၁၅ ဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Aliance ငွေစုငွေချေးရုံးမှ ညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အား စစ်ဆေးခဲ့ရာ ဇန်နဝါရီလ ၈ ရက်နေ့ ည ၉ နာရီခွဲတွင် Aliance ငွေစုငွေချေးရုံးရှေ့သို့ အဆိုပါငွေစုငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၉)၊ ငါးရံ့ချောင်းကျေးရွာနေ အောင်ကိုကို (၃၃) နှစ်နှင့် ချေးငွေတာဝန်ခံဖြစ်သူ ရပ်ကွက်ကြီး (၂၁) နေ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီး (၂၈) နှစ်တို့က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ရုံးခန်းအတွင်းရှိ မီးခံသေတ္တာအား ခိုးယူမည်ဖြစ်ကြောင်း၊ အောင်မြင်ပါက ငွေကျပ်သိန်း ၁၅၀ ပေးမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများမေးမြန်းပါက ဧည့်စာရင်း လာရောက်စစ်ဆေးသည့်အဖွဲ့များက ခြိမ်းခြောက်ယူဆောင်သွားခဲ့သည်ဟု လီဆယ်ထွက်ဆိုပေးရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ ယုတ္တိရှိစေရန် ၎င်းအား လက်နှင့် ခြေထောက်တို့တွင် တိပ်အပြာဖြင့် ပတ်ထားခဲ့ပြီး ရုံးအတွင်းရှိ မီးခံသေတ္တာ ၁ လုံးနှင့် CCTV အထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြခြင်း ဖြစ်ကြောင်း၊ ညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အနေဖြင့် လုပ်ငန်းအောင်မြင်ပါက ၎င်းအား ငွေကျပ်သိန်း ၁၅၀ ပေးမည်ဟု အောင်ကိုကိုတို့ ၂ ဦးက မက်လုံးပေးစည်းရုံးထားသဖြင့် မန်နေဂျာဖြစ်သူ ဦးဇော်ဇော်အောင်ထံ ဖြစ်စဉ်ကို အမှန်အတိုင်း တင်ပြခြင်းမရှိဘဲ ၎င်းကိုယ်တိုင် ပါဝင်ပူးပေါင်း ကျူးလွန်၍ ဖြစ်စဉ်အမှန်အား ဖုံးကွယ်ကာ လုံခြုံရေးအဖွဲ့အစည်းများအပေါ် အများပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် လီဆယ်ထိန်ချန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရကြောင်း ထုတ်ပြန်ထားသည်။

ကျန်တရားခံများအား ဖမ်းဆီးရမိနိုင် ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်မြို့၊ စံပယ်လမ်းနှင့် နဝရတ်လမ်းထောင့်၌ အဆိုပါငွေစု ငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ အောင်ကိုကို၊ ငွေချေးတာဝန်ခံဖြစ်သူ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီးနှင့် မီးခံသေတ္တာအတွင်းမှ ငွေများထုတ်ယူရရှိနိုင်ရေး သော့တုဖြင့် ဖွင့်လှစ်ပေးသူ ရပ်ကွက်ကြီး (၇)နေ ဆန်းအေး (ခ) ကာဒရ်ဘိုင် (၅၂) နှစ် (ဘ) ဦးမူဆာတို့ ၃ ဦးအား ငွေ (၉၉,၇၀၂,၄၀၀) ကျပ်၊ LECCO တံဆိပ်ပါ မီးခံသေတ္တာ ၁ လုံး၊ ရုံးသုံးလပ်တော့ ၂ လုံး၊ ရုံးသုံးကြိုးဖုန်း ၁ လုံး၊ ရုံးသုံး CCTV ၃ လုံး၊ အစိမ်းရောင်တိပ်ခွေ ၁ ခု၊ ကတ်ကြေး ၁ လက်၊ ရုံးသုံး Tablet ၁ လုံး၊ ကျောပိုးအိတ် ၂ လုံးနှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုမောင်းနှင်ခဲ့သည့် ယာဉ်အမှတ် 1E/2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်တွင် Aliance ငွေစုငွေချေးရုံးမှ တရားခံအောင်ကိုကို၊ ငြိမ်းချမ်းဖြိုး (ခ) အိုက်ပီးနှင့် ခင်မောင်ကြည်တို့ ၃ ဦးသည် ငွေစုငွေချေးရုံးမှ ငွေများအား ညအချိန်ပုန်းလျှိုးကျော်နင်းဝင်ရောက် ယူဆောင်ရာတွင် ၎င်းတို့ကျူးလွန်သည့်ပြစ်မှုအား ဖုံးကွယ်၍ လုံခြုံရေးအဖွဲ့ အစည်းများအပေါ် ထင်ယောင်ထင်မှားဖြစ်၍ ယုံကြည်မှုကျဆင်းစေရန်နှင့် အများပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လီဆယ်ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် တရားခံ အောင်ကိုကိုပါ ၃ ဦးနှင့် ပူးပေါင်းကျူးလွန်သူ တရားခံ ဆန်းအေး (ခ) ကာဒရ်ဘိုင်တို့ ၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
15 w - Translate

Exclusive: Solo Leveling ကို D&C Media က 2021 တုန်းက ဝယ်ယူပြီး A-1 Pictures ဆီကို Anime လုပ်ဖို့ယူလာတုန်းကတည်းက သူတို့က Anime ကို Season 5 ခုထိလုပ်ဖို့ဆိုပြီး Budget ချပြခဲ့ပါတယ်။

ပြောရရင် D&C Media ဘက်က သူတို့ကဒီလောက်လုပ်နိုင်စွမ်းရှိတယ်ဆိုပြီး Budget ကို Flex လုပ်ပြခဲ့တာလို့ပြောလို့ရပါတယ်။

1 နှစ်လောက် Delay ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ D&C ဘက်က Season တွေများစွာကိုလုပ်ပေးဖို့ A-1 ကိုအတင်းလုပ်ခိုင်းခဲ့တာကြောင့်မလို့ A-1 ဘက်က Solo Leveling အတွက် Production ပိုင်းအဆင်ပြေပြေဖြစ်အောင်ဆိုပြီး plan ထားတဲ့အခြား show တွေကိုပါရပ်ထားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း 86 တို့လို Anime တွေက အခုထိ အဆက်မထွက်သေးတာပါ။

Solo Leveling ကတော့ Season 5 ခုနဲ့ Movie အသစ်တစ်ခုထိလာမယ်လို့လည်း ကြားရပါတယ်။

image

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးနိုင်ရင် ဒေါ်လာ ၂၅ သန်းပေးမယ်လို့ အမေရိကန်ကြေညာ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁

ဗင်နီဇွဲလားသမ္မတအဖြစ် တတိယမြောက် ခြောက်နှစ်သက်တမ်းအတွက် ကျမ်းသစ္စာဆိုတဲ့နေ့မှာ သမ္မတမူဒူရိုကို ဖမ်းဆီးနိုင်ရင် ဒေါ်လာ ၂၅ သန်းပေးမယ်လို့ အမေရိကန်က ဆုငွေတိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးနိုင်ရေး သို့မဟုတ် ပြစ်ဒဏ်ချမှတ်နိုင်ရေး သတင်းအချက်အလက်တွေအတွက် အခုလို ဆုငွေတိုးမြှင့်လိုက်တာဖြစ်ပြီး ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီးဝန်ကြီးကို ဖမ်းဆီးနိုင်မယ်ဆိုရင် ဆုငွေဒေါ်လာ ၁၅ သန်းပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

အမေရိကန်ဟာ သမ္မတမာဒူရိုနဲ့ အခြားသော ဗင်နီဇွဲလားထိပ်တန်းတာဝန်ရှိသူတွေကို မူးယစ်အကြမ်းဖက်မှုဖြင့် ၂၀၂၀ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။ သူတို့တွေဟာ ကိုကင်းတွေနဲ့ အမေရိကန်လွှမ်းမိုးပြီး အမေရိကန်ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်ဖို့ မူးယစ်ဆေးကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ စွပ်စွဲထားပါတယ်။

ဇူလိုင် ၂၈ ရက် ရွေးကောက်တွင် သမ္မတမာဒူရိုအနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်ခဲ့သော်လည်း အတိုက်အခံတွေ့တော့ သူတိုရဲ့သမ္မတလောင်း အက်မန်ဒိုဂွန်ဇာလက်ဇ်သာ အနိုင်ရရှိကြောင်း အခိုင်အမာဆိုပါတယ်။

အတိုက်အခံသမ္မတလောင်း ဂွန်ဇာလက်ဇ်ဟာ စက်တင်ဘာလမှ စပိန်ကိုထွက်ပြေးခိုလှုံခဲ့ပြီး သူ့ကိုဖမ်းဆီးနိုင်မယ်ဆိုရင် ဒေါ်လာတသိန်း ဆုကြေးပေးမယ်လို့ ဗင်နီဇွဲလားအစိုးရက ဆုငွေထုတ်ပြန်ထားပါတယ်။

သမ္မတမာဒူရိုကတော့ သူရဲ့နောက်ထပ်သမ္မတသက်တမ်းမှာ ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေး၊ တန်တူညီမျှရေးနဲ့ ဒီမိုရေစီသစ်ရဲ့ကာလဖြစ်လိမ့်မယ်လို့ ကတိပြုပြောဆိုထားပေမယ့် အတိုက်အခံတွေကို ဖမ်းဆီးခြင်းအပါအဝင် နိုင်ငံရေးဖိနှိပ်မှုတွေရပ်ပြီး ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီးထာသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက်တွန်းထားပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image
15 w - Translate

Susie Searches (2022)
———————————-
ခုမိတ်ဆက်ပေးချင်တဲ့ ကားကတော့ လျှိဝှက်ဆန်းကြယ် မြှုပ်ကွက်လေးတွေပါတဲ့ စုံထောက်ဆန်ဆန် Thriller ကားဖြစ်ပါတယ်။ငယ်စဉ်တည်းက စုံထောက်၀တ္ထုတွေ သူ့အမေက ဖတ်ပြရင် အမြဲ တရားခံကို ကြိုသိနေတတ်တဲ့… ဆူဇီကြီးလာတော့ Social ပြသာနာရှိနေပြီး အပေါင်းအသင်းမရှိဘဲ “Susie Searches” ဆိုတဲ့ Podcast မှာ မဖြေရှင်းနိုင်တဲ့ ရာဇ၀တ်မှုတွေ ဖြေရှင်းတာကို တင်ပြီး အချိန်ပိုင်း ကောလိပ်တက်နေတဲ့သူ။ သူ့ရဲ့ Podcast အင်တာနက်မှာ လူသိများသွားတဲ့ အခွင့်အလမ်းပေါ်လာတာကတော့ ဆူဇီတိုကျောင်းက ဆယ်လီ သူဌေးသား ဂျက်စီပျောက်သွားတာကနေ စပါတယ်။ ဂျက်စီက ကိုယ်ပိုင် YouTube Channel ထောင်ထားပြီး တရားထိုင်တဲ့ ဗီဒီယိုတွေတင်တဲ့ နာမည်ကျော်ကောင်လေးပါ။
ဂျက်စီပျောက်သွားတာကြာနေပြီး ဘာမှသတင်းမထူးတဲ့အခါ ဆူဇီက သူ့နည်းသူ့ဟန်နဲ့ စုံစမ်းပြီး ဂျက်စီကို ရှာနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Popularity လည်း တက်လာပြီး အခွင့်အလမ်းကောင်းတွေရလာတာပေါ့။ ဒီမှာတင် ကိစ္စတွေ မပြီးသေးပါဘူး…ဂျက်စီကို အမှန်တကယ် ပြန်ပေးဆွဲတဲ့သူက ဘယ်သူလဲ… ဒီအမှုမှာ ဘာတွေ ထပ်ပေးဆပ်ရဦးမလဲ…စတဲ့ လှည့်ကွက်လေးတွေကို ခန့်မှန်းအားပေးကြည့်ရအောင်။

image