11 w - Translate

❝ လူ့တန်ဖိုးဆိုတာ ဘာကိုပြောတာလဲ
ကဗျာဆိုတာ
ကိုရီးယားရုပ်ရှင်ကားလို ကောင်းရဲ့လားတဲ့
သေချင်စော်ကို နံလို့
မေမေ
ကျွန်တော် ရှင်သန်ခဲ့တဲ့နှစ်သုံးဆယ်မှာ
ကျောင်းသား
ဘဏ်စာရေး
ညစောင့်
ဆိပ်ကမ်းကုန်တင်ကုန်ချ
ရေနံတွင်းတူး
အရူးတစ်ယောက်လိုလည်း
ကောင်မလေးအိမ်ရှေ့မြောင်းထဲ
လူးလှိမ့်ခဲ့ဖူးပါတယ်။
သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်
စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်
သူငယ်ချင်းတွေ
တစ်ယောက်ပြီး တစ်ယောက်
လက်ဖက်ရည်ဆိုင်တွေ
တစ်ဆိုင်ပြီး တစ်ဆိုင်
အရက်ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင်
လမ်းတွေ တစ်လမ်းပြီး တစ်လမ်း
စိတ်ကူးတည့်ရာတွေချည်းပါပဲ
လျှောက်ပြောလို့ လျှောက်လုပ်လို့
မေမေ
ကျွန်တော်က ပျင်းစရာကောင်းသလား
ကျွန်တော်လည်း ပျင်းစရာကောင်းတဲ့
လူတွေနဲ့မပေါင်းချင်ပါဘူး
ပျင်းစရာကောင်းတဲ့ သင်တန်းတွေလည်း
မတက်ချင်ပါဘူး
ပျင်းစရာကောင်းတဲ့ အယူအဆတွေလည်း
နားမထောင်ချင်ပါဘူး
မေမေ
အဖေက စာသင်ရင်း သေတယ်
ကျွန်တော်က ဘာလုပ်ရင်း သေရမလဲ။
မေမေ
တချို့တံခါးတွေက
ဘယ်လောက်ခေါက်ခေါက် မပွင့်ဘူး။
မေမေ
ကျွန်တော်ချစ်နေတဲ့ တရုတ်မလေးမှာ
မျက်ရစ်မရှိရှာဘူး
မေမေ
ပိုက်ဆံမရှိတဲ့ရောဂါကို ဘာနဲ့ကုမလဲ။
မေမေ
အနာဂတ်ရှော့ခ်တဲ့
ယဉ်ကျေးမှုခြင်းတိုးတိုက်မိခြင်းတဲ့
ပုံတူမျိုးပွားလူသားတဲ့။
မေမေ
တစ်ဝမ်းတစ်ခါးဟာ ဆန်းပြားလှချည်လား
ခေတ်တွေ
အလျင်စလို ရွေ့လျားလို့
လူဟာ
အင်္ဂါဂြိုဟ်လေ့လာစူးစမ်းမှုတွေ
အဝီစိတွင်းတူးသူတွေ
ဒုံးပျံတီထွင်သူတွေ
တရားစခန်းဝင်သူတွေ
အလုပ်စခန်းက ပြန်လာသူတွေ
ငါးရှဥ့်သွေးသောက်သူတွေ
တီကောင်ကို ဆားနဲ့တို့သူတွေ
လောက လူ့ရွာမှာ ယန္တရားများလည်း
တဝုန်းဝုန်းလည်ပတ်လို့
မေမေ
လူတွေ ကြားမှကြားပါ့မလား
ကျွန်တော့်သစ်ကိုင်းခြောက်ကလေး
ကျိုးတဲ့အသံကို။
လူတွေ သိမှသိပါ့မလား
ကျွန်တော့်ဂျင်းဘောင်းဘီကလေး
ပြန်ဖာထားရတာကို။
လူတွေ မြင်မှ မြင်ပါ့မလား။
ကျွန်တော့်အကြင်နာမေတ္တာတရားကို။
ဘာပဲဖြစ်ဖြစ်
မီးခြစ်ကလေးတစ်လုံးတော့
ဆောင်ထားရမယ်။
ဘာပဲဖြစ်ဖြစ်
အတ္ထုပ္ပတ္တိစာအုပ်တွေ ဖတ်ထားရမယ်။
ကိုယ့်အကြောင်းကိုတော့ပြောရမှာပဲ။
ဘာပဲဖြစ်ဖြစ်
အခန်းတစ်ခန်းတော့ ဝယ်ထားရမယ်။
ဘာပဲဖြစ်ဖြစ်
တစ်ယောက်ယောက်တော့ ရောက်လာမှာပဲ။
မေမေ
ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာ ပျော်ပါတယ်
လွတ်သွားတဲ့ငါးကိုလည်း မကြီးချင်တော့ပါ
မနမ်းဖူးတဲ့ နှုတ်ခမ်းများကိုလည်း
မလွမ်းတော့ပါ။
ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာပျော်ပါတယ်
လူမိုက်တွေနဲ့လည်း သိခဲ့
လူယဉ်ကျေးတွေနဲ့လည်း ကျွမ်းခဲ့
လမ်းမှာလည်း
မြွေဆိုးတွေချည်း တက်နင်းမိလို့
မေမေ
ဘာပဲဖြစ်ဖြစ် ရန်ကုန်မှာ ပျော်ပါတယ် ။ ။ ❞
▫️ကြည်ဇော်အေး // အသံများတုန်ခါလျက်

image
11 w - Translate

Dead Silence (2007)

ပါးစပ်အဟောင်းသား ဖြစ်ရမဲ့လှည့်ကွက်တစ်ခုပါ၀င်ထားတဲ့ ဟော်ရာရုပ်ရှင်။

ဒီကားကတော့ Plot twist အမိုက်စားပါတဲ့ အကောင်းဆုံး ဟော်ရာရုပ်ရှင်စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်ထားပါတယ်။

ရိုက်ချက်တွေကလည်း အဲ့ဘက်ခေတ်ရဲ့ အနေအထားနဲ့ဆိုရင်အတော်လေးကို ကြမ်းတယ်လို့ ပြောရပါမယ်၊ဇာတ်အိမ်ကလည်း မိုက်ပြီး စွဲဆောင်မှုရှိပါတယ်။

နတ်ဆိုး၀င်ပူးကပ်နေတဲ့ အရုပ်လေး တစ်ရုပ်ကိုလက်ဆောင်ရခဲ့တဲ့ စုံတွဲတစ်တွဲဟာ အိမ်ထဲကိုထိုအရုပ်ရောက်လာတဲ့ အချိန်ကနေစပြီး ကြောက်စရာကောင်းတာတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရတော့တာကို ကြည့်ရှုရမှာပါ။နောက်ဆုံးအခန်းက အားလုံးမထင်ထားအောင်တကယ် အံ့အားသင့်စရာပါ။

image

Opal နဲ့ World မှာ အတူယှဉ်ပြိုင်ရတော့မယ် ခီဆာခင် မတူညီရဲ့ project နဲ့ မတူညီတဲ့ နိုင်ငံကနေ Myanmar ?? နိုင်ငံအတွက် သူမ ဘယ်လို represent လုပ်သွားနိုင်မလဲ

11 w - Translate

အရှင်ဘုရားဟောတာပါ လူတိုင်းကခွဲရမှာ
ဆွဲမထားပါနဲ့ ..... 💔
#အမှတ်တရ #ဂျူး

image
11 w - Translate

"ကျွန်တော် တစ်ရာသီလုံး စာချူပ်သစ်အတွက် ကမ်းလှမ်းမှုတစ်ခုမှမရရှိခဲ့ပါဘူး။ စီးတီးဘက်က ကျွန်တော့်ကို ထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီဆိုတာပဲ သိခဲ့ရပါတယ်။ တော်တော်လေးအံ့ဩပေမယ့် သူတို့ဆုံးဖြတ်တော့လည်း ဘယ်တတ်နိုင်မလဲဗျာ။ ကျွန်တော်ဆက်ကစားန်ိုင်သေးတဲ့အရည်အချင်းရှိသေးတယ်လေ လို့ ပြန်ပြောတာတောင် သူတို့က ဆုံးဖြတ်ပြီးပြီလို့ ပြောပါတယ်။ အဲ့တော့ဆွေးနွေးရတာ သိပ်တောင်မကြာလိုက်ပါဘူး" 😢🔵
🗣️ဒီဘရိုင်း

image
11 w - Translate

အဓိကကတော့ သတိရတာပါပဲ
တောင်ဆီမှာ မှောင်ရီသန်းပြန်တော့
လွမ်းတယ်လို့ငို...... ။
#မောင်ပေါက်စည်(မန်းတက္ကသိုလ်)

image
11 w - Translate

ချဲလ်ဆီးအသင်းဟာ အခု ပရီးမီးယားလိဂ်အဆင့် ၁၅ အထက်မှာ ရှိနေဖို့သေချာပြီမို့ ဂျေဒန်ဆန်ချိုကို ပေါင် ၂၅ သန်းနဲ့ တရားဝင်ခေါ်ယူရတော့မှာပါ။ အကယ်၍ ဒီအချက်ကို ချိုးဖောက်ရင်တော့ လျော်ကြေး ပေါင် ၅ သန်းပေးဆောင်ရမှာဖြစ်ပါတယ်။ 🔵
မိချဲလ်တို့ ဘယ်လမ်းလဲ??

image
11 w - Translate

ငါ့တုန်းကဆိုရင်လို့ ပြောတဲ့လူတွေနဲ့
ဝေးဝေးမှာပဲ နေချင်တယ် ၊
လိပ်ပြာဖြစ်ကာစ
အကောင်ပေါက်ကလေးတွေ စိတ်ရှိတိုင်း
ပျံထွက်သွားနိုင်ကြဖို့ရာ အတွက်
အိမ်ပြတင်းတံခါးတွေကို
ထထပြီးတော့ ဖွင့်ပေးနေခဲ့လိုက်ချင်တယ်။
အဆင်ပြေရင်
မိုးလည်း အုံ့နေစေချင်တယ်။
မှောင်ကျသွားမယ့်အချိန်တွေကိုလည်း
ဒီထက်ပိုပြီးတော့ နောက်ကျနေစေချင်တယ်။
ပကတိအတိုင်း မရှိတဲ့
ငါ့ရဲ့ စိတ်တွေကိုလည်း
ပြန်ပြီးတော့ တည်ငြိမ်လာစေချင်တယ်။
တစ်ခါလောက်ဖြစ်ဖြစ်
ကိုယ့်ငေးနေတဲ့နေရာဟာ ရုပ်ရှင်ထဲကလို
ပန်းတွေ တဖြည်းဖြည်း ပွင့်လာခဲ့တဲ့
ဇာတ်ဝင်ခန်းမျိုး ဖြစ်သွားစေချင်တယ်။
ငါ စကားတွေ အရမ်းနည်းလာချင်နေတယ်။
ကိုယ့်ဘေးမှာ အမှန်အတိုင်းတွေ
ပိုပြီးတော့ များများလာစေချင်တယ်။
ခလုတ်ခဏခဏထိချင်တယ်။
ထူးမယ့်သူရှိရင်
အမိလို့လည်း တခွင့်ရချင်တယ်။
တစ်နေ့တော့ဆိုတဲ့ နေရာကို
ငါတကယ်သိချင်တယ်။
တကယ်လို့များ ခြေဦးတည့်ရာ
ထွက်သွားမိခဲ့ရင်တောင်မှ
ကောင်းရာမွန်ရာပဲ ရောက်ရမှာပါလို့
ငါအမြဲ လိုလို ယုံကြည်ထားလိုက်ချင်တယ် ။
▫️ချစ်မင်းဝေ▫️
▪️ အသဲသိလား▪️

image
11 w - Translate

သစ်သားနှစ်ထပ်အိမ်ကလေးတွေမရှိတော့ဘူး။
သွပ်ခေါင်မိုးပေါ် မိုးစက်တဖြောက်ဖြောက်သံ
တွေ မကြားရတော့ဘူး။ တမေ့တမော
ထိုင်လို့ကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေ
မရှိတော့ဘူး။ ရေဒီယို နှစ် ၂ဝ တေးတွေ
မကြားရတော့ဘူး။ မိုးရေထဲ ညွှတ်ကိုင်းနေတဲ့
ဗာဒံပင်တွေ မရှိတော့ဘူး။ ဒီနေရာ၊
ဒီမြို့နယ်၊ ဒီရပ်ကွက်မှာ နေသော်လည်း
ဒီနေရာ၊ ဒီမြို့နယ်၊ ဒီရပ်ကွက်ဟာ မရှိတော့ဘူး။
ပြန်မလာသူတို့လည်း ဘယ်တော့မှ
ပြန်မလာကြတော့ဘူး။ တစ်ခါတလေ
ကိုယ့်လူငယ်နေ့တွေကို သတိရလို့
ပြန်ငေးမိတော့ မမြင်ရတဲ့ သစ်ပင်တွေက
သစ်ရွက်တွေ တဖွဲဖွဲကြွေလွန်းလိုက်တာလေ။
- - လွင်မောင်မောင် - -

image
11 w - Translate

• လီဗာပူးလ်တစ်သင်းလုံးဟာ ချန်ပီယံဖြစ်မဖြစ် အဆုံးအဖြတ်ပေးသွားနိုင်တဲ့ အာဆင်နယ် နဲ့ ခရစ္စတယ်ပဲလေစ့်ပွဲကို တစ်သင်းလုံးစုကြည့်ကြဖို့ စီစဉ်နေပါတယ် 👀🔴
[PaulJoyce]🌕

image