ဇွဲကပင်တောင်ရဲ့ပြောမကုန်တဲ့ သဘာဝအလှတရားထဲကတစ်နေရာ☘️
ဘားအံမြို့က မိုးရာသီအလှဆုံးပါ☔
ကိုယ်အမြဲတမ်း သွားချင်နေခဲ့တဲ့ မြို့လေးတစ်မြို့ထဲမှာ ဘားအံမြို့အပါဝင်ပါ🍀
ဘားအံရောက်ရင် ဒီဟိုတယ်မှာတည်းကြည့်ပါ🏡
ဇွဲကပင်တောင်ရဲ့ ပန်းချီသဖွယ်ပုံရိပ်တွေကို ခံစာ!းပြီး ၊သဘာဝဆန်ဆန် ဖန်တီးထားသော Resort လေးပါ🍀
Zwekabin Valley Resort
ဘယ်မှာတည်ရှိတာလဲ?
ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ ဇွဲကပင်တောင်ခြေ⛰️
⛰ ဇွဲကပင်တောင်ကြီးကို မျက်နှာမူထားတဲ့ Infinity Pool မှာ ရေကူး၊ ဓာတ်ပုံရို!က်လို့ရတယ် ၊ လူကြီး တွေ အနားယူအပန်းဖြေ လမ်းလျောက်နိူင်၊ ညပိုင်း သူငယ်ချင်းတွေနှင့်စုပြီး Hangout လုပ် နိုင်သည့် Bar စတာတွေရှိတယ်☘️
တိမ်တွေ တောင်တွေနဲ့ ဆိတ်ငြိမ်အေးချမ်းလှတဲ့ ရပ်ဝန်းလေးတစ်ခုမှာ၊ မိုးစက်မိုးပေါက်သံလေးတွေနဲ့ စိမ်းစိုလှတဲ့ ရှုမျှော်ခင်းလေးကိုငေးမောရတာကိုကြိုက်တယ်🍀
ဘာအံမှာ အလှဆုံး Hotel ​တွေထဲက တစ်ခုဆိုလည်းမမှားဘူး😍

image

ဇွဲကပင်တောင်ရဲ့ပြောမကုန်တဲ့ သဘာဝအလှတရားထဲကတစ်နေရာ☘️
ဘားအံမြို့က မိုးရာသီအလှဆုံးပါ☔
ကိုယ်အမြဲတမ်း သွားချင်နေခဲ့တဲ့ မြို့လေးတစ်မြို့ထဲမှာ ဘားအံမြို့အပါဝင်ပါ🍀
ဘားအံရောက်ရင် ဒီဟိုတယ်မှာတည်းကြည့်ပါ🏡
ဇွဲကပင်တောင်ရဲ့ ပန်းချီသဖွယ်ပုံရိပ်တွေကို ခံစာ!းပြီး ၊သဘာဝဆန်ဆန် ဖန်တီးထားသော Resort လေးပါ🍀
Zwekabin Valley Resort
ဘယ်မှာတည်ရှိတာလဲ?
ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ ဇွဲကပင်တောင်ခြေ⛰️
⛰ ဇွဲကပင်တောင်ကြီးကို မျက်နှာမူထားတဲ့ Infinity Pool မှာ ရေကူး၊ ဓာတ်ပုံရို!က်လို့ရတယ် ၊ လူကြီး တွေ အနားယူအပန်းဖြေ လမ်းလျောက်နိူင်၊ ညပိုင်း သူငယ်ချင်းတွေနှင့်စုပြီး Hangout လုပ် နိုင်သည့် Bar စတာတွေရှိတယ်☘️
တိမ်တွေ တောင်တွေနဲ့ ဆိတ်ငြိမ်အေးချမ်းလှတဲ့ ရပ်ဝန်းလေးတစ်ခုမှာ၊ မိုးစက်မိုးပေါက်သံလေးတွေနဲ့ စိမ်းစိုလှတဲ့ ရှုမျှော်ခင်းလေးကိုငေးမောရတာကိုကြိုက်တယ်🍀
ဘာအံမှာ အလှဆုံး Hotel ​တွေထဲက တစ်ခုဆိုလည်းမမှားဘူး😍

image

ဇွဲကပင်တောင်ရဲ့ပြောမကုန်တဲ့ သဘာဝအလှတရားထဲကတစ်နေရာ☘️
ဘားအံမြို့က မိုးရာသီအလှဆုံးပါ☔
ကိုယ်အမြဲတမ်း သွားချင်နေခဲ့တဲ့ မြို့လေးတစ်မြို့ထဲမှာ ဘားအံမြို့အပါဝင်ပါ🍀
ဘားအံရောက်ရင် ဒီဟိုတယ်မှာတည်းကြည့်ပါ🏡
ဇွဲကပင်တောင်ရဲ့ ပန်းချီသဖွယ်ပုံရိပ်တွေကို ခံစာ!းပြီး ၊သဘာဝဆန်ဆန် ဖန်တီးထားသော Resort လေးပါ🍀
Zwekabin Valley Resort
ဘယ်မှာတည်ရှိတာလဲ?
ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ ဇွဲကပင်တောင်ခြေ⛰️
⛰ ဇွဲကပင်တောင်ကြီးကို မျက်နှာမူထားတဲ့ Infinity Pool မှာ ရေကူး၊ ဓာတ်ပုံရို!က်လို့ရတယ် ၊ လူကြီး တွေ အနားယူအပန်းဖြေ လမ်းလျောက်နိူင်၊ ညပိုင်း သူငယ်ချင်းတွေနှင့်စုပြီး Hangout လုပ် နိုင်သည့် Bar စတာတွေရှိတယ်☘️
တိမ်တွေ တောင်တွေနဲ့ ဆိတ်ငြိမ်အေးချမ်းလှတဲ့ ရပ်ဝန်းလေးတစ်ခုမှာ၊ မိုးစက်မိုးပေါက်သံလေးတွေနဲ့ စိမ်းစိုလှတဲ့ ရှုမျှော်ခင်းလေးကိုငေးမောရတာကိုကြိုက်တယ်🍀
ဘာအံမှာ အလှဆုံး Hotel ​တွေထဲက တစ်ခုဆိုလည်းမမှားဘူး😍

imageimage
+8

[ရေးသားသူ-အောင်ဓူဝံ]
ဖြစ်ရပ်မှန်ပရဇာတ်လမ်း(၁)

==============

ဧရာဝတီတိုင်း၊မြောင်းမြမြို့ နယ်၌
ဖြစ်ပျက်ခဲ့သည့်အကြောင်းလေးတစ်ခုကို
ကျွန်တော့်ရဲ့စာဖတ်သူများအား
စိတ်အပန်းပြေစေရန် ရည်ရွယ်ပြီး တင်ပြလိုက်ရပါသည်။

ဧရာဝတီတိုင်း၊မြောင်းမြမြို့ နယ်က
ရွာလေးတစ်ရွာ၌ လယ်ကြီးရှင်
ဦးသိုက်ထွန်းနှင့်ဒေါ်ခင်စိုးတို့လင်မယား
ဆိုလျှင်ရွာထဲ၌မသိသူမရှိကြပေ၊
ဦးသိုက်ထွန်းနှင့်ဒေါ်ခင်စိုး(အမည်လွှဲ)
တို့၌ကိုထွန်းခင်ဟုခေါ်သော
တစ်ဦးတည်းသောသားတစ်ယောက်ရှိ
လေသည်။

ကိုထွန်းခင်ကရုပ်ရည်ချောမောသည်
ထို့ကြောင့်ကိုထွန်းခင်မှရွာထဲရှိ
မိန်းမပျိုများအားချည်းကပ်၍ချစ်ခွင့်ပန်လျှင်အားလုံးကခေါင်းညိတ်ကြသည်။
ကိုထွန်းခင်ကမည်သည့်မိန်းကလေးကိုမှ
အတည်လက်ထပ်ယူခြင်းမရှိပဲ
သမီးရည်းစားဘဝ၌ပင်အမျိုးသမီးများအား အပျိုရည်ပျက်စေခဲ့သည်။
အတူနေပြီးသောမိန်းမပျိုများ၌ ကိုယ်ဝန်ရှိသည့်အခါ တောင်းရမ်းမယူပဲ
ကိုထွန်းခင်ကသူ၏မိဘများအားငွေဖြင့်
ဖြေရှင်းစေခဲ့သည်။

လယ်ကြီးရှင် ဦးသိုက်ထွန်းတို့
လင်မယားလည်း သားဖြစ်သူ၏
အရှုပ်ထုပ်များအားနောက်မှလိုက်လံ
ဖြေရှင်းပေးရလေသည်။
ဖခင်ဖြစ်သူဦးသိုက်ထွန်းကတော့
သားဖြစ်သူကိုထွန်းခင်နှင့်
စိတ်ဓာတ်ချင်တခြားစီဖြစ်သည်။
ဦးသိုက်ထွန်းကချမ်းသာသလောက်
အလှူအတန်းပေးကမ်းရက်ရောဖြစ်
သည်။

အရက်သောက်၊ကြက်တိုက်၊မိန်းမကိစ္စရှုပ်သည့် သားဖြစ်သူကြောင့်
မိဘနှစ်ပါးလည်းမျက်နှာပျက်ရပေါင်း
မနည်းတော့ပေ။
ကြံရာမရသည့်အဆုံး သားဖြစ်သူ
ခြေငြိမ်စေရန်အတွက် တခြားရွာမှအမျိုးသမီးတစ်ယောက်နှင့်
သားဖြစ်သူထွန်းခင်အားပေးစားလိုက်ကြသည်။

တစ်ဖက်မှမိန်းကလေးရှင်၏
မိဘများကလည်းကိုထွန်း၏အကြောင်းစုံအားမသိပဲ
ဦးသိုက်စိုးတို့တင်တောင်းသည့်
လယ်ယာမြေများနှင့်ရွှေငွေများအား
မက်မောကာသမီးဖြစ်သူနှင့်သဘောတူလိုက်ကြသည်။

ကိုထွန်းခင်လည်းသူနှင့်လက်ထပ်မည့်
မဝါစင်ဟုဆိုသော
အမျိုးသမီးမှာချောမောလှပသည့်
လူတစ်ယောက်ဖြစ်တာကြောင့်
မိဘများ၏သဘောဆန္ဒကို မလွန်ဆန်ပဲ
ခေါင်းညိတ်ခဲ့လေသည်။

ဤသို့ဖြင့် ကိုထွန်းခင်တစ်ယောက်
မဝါစင်နှင့်အိမ်ထောင်ကျခဲ့လေသည်။
အိမ်ထောင်ကျပြီးတစ်လကျော်သည့်
အထိအရက်မသောက်၊ဖဲမရိုက်
မိန်းမမရှုပ်ပဲခြေငြိမ်ခဲ့သည်။

ခွေးမြှီးကောက်ကျည်တောက်စွပ်
ဆိုသည့်စကားပုံနှင့်အညီကိုထွန်းခင်
တစ်ယောက်အိမ်ထောင်ကျပြီး
နှစ်လခန့်တွင်တော့ အရက်သောက်
ဖဲရိုက်၊မိန်းမကိစ္စပြန်ရှုပ်လာသည်။

သိပ်မကြာခင်မှာပင် မဝါစင်၌
ကိုထွန်းခင်နှင့်ကိုယ်ဝန်ရလာခဲ့သည်။
ထိုအခါမဝင်စင်ကခင်ပွန်းသည်
ကိုထွန်းခင်အားသမီးမိန်းကလေး
မွေးလာပါကဝဋ်လည်မည်ကိုကြောက်၍
မိန်းမမရှုပ်ရန်နားချခဲ့သည်။
ကိုထွန်းခင်လည်းမဝါစင်၏ စကားအား
နားထောင်ခဲ့လေသည်။

မဝါစင်မီးဖွားသည်အထိ
အရက်မသောက်၊ဖဲမရိုက်၊မိန်းမမရှုပ်ပဲ
နေခဲ့လေသည်။

သိပ်မကြာခင်မှာပင်မဝါစင်မီးဖွားခဲ့သည်
ထင်ထားသလိုသမီးမိန်းကလေးမဟုတ်ပဲ
သားယောက်ျားလေးမွေးလာသဖြင့်
ကိုထွန်းခင်လည်းသမီးမဟုတ်တဲ့
အကြောင်းသားယောက်ျားလေးဖြစ်
သည့်အတွက်မည်သည့်ဝဋ်မှလည်မည်
မဟုတ်တဲ့အကြောင်းပြောကာအရင်လို
အရက်သောက်၊ဖဲရိုက်၊မိန်းမပြန်ရှုပ်
ခဲ့လေသည်။

သားလေးမွေးပြီးပါမှ ကိုထွန်းခင်
တစ်ယောက်အရင်ကထက်ပို၍
ဆိုးလာတော့သည်။
မဝါစင်အားကိုယ်ထိလက်ရောက်ပါ
ကျူးလွန်လာခဲ့သည်။
လူရှေ့ သူရှေ့မရှောင်တော့ပဲမဝါစင်အား
ရိုက်နှက်နှိပ်စက်ခဲ့သည်။
ထို့ထက်ပို၍ဆိုးသည်က နောက်မိန်းမအား အိမ်ပေါ်ထိခေါ်တင်လာခြင်းဖြစ်သည်။

ထိုအခါ မဝါစင်နှင့်ကိုထွန်းခင်တို့
စကားများရန်ဖြစ်ကြလေသည်။
မွေးထားသည့်သားလေးပင်အသက်
သုံးနှစ်ကျော်ပြီနောက်မိန်းမအား
အိမ်ပေါ်ခေါ်တင်လာသည့်အတွက်
မဝါစင်လည်းသည်းမခံနိုင်တော့ပဲ
လယ်ထဲဖြန်းမည့်ပိုးသတ်ဆေးများ
သောက်ကာအဆုံးစီရင်သွားတော့သည်။

သားဖြစ်သူနှင့်လိပ်ပြာခွဲသည့်
အခါတွင်လည်းမည်သည့်ကိုမှ
မပေးနိုင်ဟုဆိုလေသည်။
သားဖြစ်သူအသက်လေးနှစ်ကျော်သည့်
အရွယ်သို့ရောက်သည့်အချိန်
ချောင်းနံဘေး၌ဘောလုံးကန်ကာ
ဆော့ကစားရင်းချောင်းထဲသို့
ဘောလုံးကျသွားသဖြင့်လိုက်ကောက်
ရင်းသားဖြစ်သူလည်းရေနစ်သေဆုံးခဲ့
လေသည်။

သားဖြစ်သူသေဆုံးသွားသည့်အခါမှ
ကွယ်လွန်သွားသည့်မဝါစင်လည်း
စတင်ခြောက်လှန့်လေတော့သည်။
ကိုထွန်းခင်နှင့်သူ၏နောက်မယားငယ်အားအိပ်မရအောင် ကုတင်ပေါ်ကဆွဲချခြင်း၊အကောင်အထည်ပြ၍ခြောက်လှန့်ခြင်း
အနံ့ပေး၍ခြောက်လှန့်ခြင်းစသည့်
အမျိုးမျိုးသောခြောက်လှန့်နည်း
မျိုးစုံဖြင့်ခြောက်လှန့်လေသည်။

မည်မျှထိကြောက်အောင်ခြောက်လှန့်
လိုက်သည်မသိပေ။
ကိုထွန်းခင်တစ်ယောက်
သာသနာ့ဘောင်သို့ပင်ဝင်သွားလေသည်
အဘယ့်ကြောင့်ဘုန်းကြီးဝတ်ရသည်ကို
မည်သူ့ကိုမှမပြောခဲ့ပဲဝတ်လာသည်မှာ
အနှစ်၂၀ပင်ကျော်ခဲ့ပြီဖြစ်သည်။

ပိုးသတ်ဆေးသောက်ကာ
အဆုံးစီရင်သွားသည့် မဝါစင်လည်း
ထိုနေ့မှစ၍ခြောက်လှန့်ခြင်းမရှိတော့ပေ
မဝါစင်တစ်ယောက်အစိမ်းသေသရဲဘဝမှကျွတ်လွတ်သွားသလားဆိုသည်
ကိုတော့မည်သူမှမသိကြပေ။

ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအား
လာရောက်ပြောပြပါသောညီမအား
ကျေးဇူးအထူးတင်ရှိပါသည်။

#kalyar #ဖြစ်ရပ်မှန် #ပရလောက
Credit...

** သရဲကိုအိမ်ခေါ်ခဲ့သောသူ **
(ဖြစ်ရပ်မှန်ကိုအခြေခံထားသည်)
စာရေးသူ/ဇာတ်လမ်း - ဝိုင်စီရဲ

ညဘက်၉နာရီရောက်ပြီဆိုရင် ရတနာလမ်းက...

လူခြေတိတ်သွားကြပြီဗျ... လူခြေတိတ်ဆို အဲ့လမ်းထဲက...

ညောင်ပင်ကြီးကတစ္ဆေ အရမ်းခြောက်တာဗျ... တချို့လူ

တွေဆိုရင်... အဲ့ညောင်ပင်ရှေ့မှာတင် မေ့လဲသွားရောတဲ့ဗျ..

ကျုပ်တို့ရပ်ကွက်မှာတော့... ဒီလမ်းက သိပ်နာမည်ကြီးတာ

ပေါ့ဗျာ.. ဒါနဲ့ကျုပ်တစ်ခါအခြောက်ခံဖူးတာလေးခင်ဗျားကို

ပြောပြအုံးမယ်...

အဲ့နေ့ညက... ကျုပ်အလုပ်မှာ... အချိန်ပိုဆင်းရတယ်ဗျ

ပုံမှန်ဆိုရင်... ကျုပ်အလုပ်ဆင်းချိန်က.. ၅နာရီဗျ.. အဲ့နေ့

ကြတော့... သူဋ္ဌေးက အချိန်ပိုဆင်းရမယ်ပြောတော့...

အိမ်ကို ဖုန်းဆက်ပြီး အချိန်ပိုစဆင်းတာပေါ့ဗျာ... ဒီလိုနဲ့..

အလုပ်လုပ်လာလိုက်တာ...အချိန်ကိုကြည့်လိုက်တော့..

(၉)နာရီထိုးပြီဗျ....

ရဲရင့်။ ။ ဝိုင်စီရေ ငါဒီနေ့မင်းနဲ့မပြန်နိုင်တော့ဘူးကွ

ဝိုင်စီရဲ။ ။ ဘာလို့လဲ

ရဲရင့်။ ။ အေး ငါ့ဦးလေး နေမကောင်းလို့သတင်းသွားမေးမ
မလို့ ပြီးတော့အဲ့မှာပဲညအိပ်လိုက်တော့မယ်
မနက်ကြမှ ငါ့ဦးလေးအိမ်ကနေ အလုပ်ကိုလာခဲ့
တော့မယ်..



ရဲရင့်ကဒီလိုပြောတော့...ကျုပ်တစ်ယောက်တည်းပြန်

မှာကိုတွေးပြီး..ကြောက်စိတ်တွေဘယ်ကနေဘယ်လိုဝင်လာ

မှန်းမသိပါဘူးဗျာ... ကျုပ်အိမ်က.. သရဲအရမ်းခြောက်တဲ့

ရတနာလမ်းကဖြတ်ပြန်ရမှာလေဗျာ... ဒီလိုနဲ့ အလုပ်ကနေ..

ကျုပ်တစ်ယောက်တည်း... စထွက်လာပြီပေါ့ဗျာ... ဒီလိုနဲ့

ခြေလှမ်းများတရွေ့ရွေ့ဖြင့်သွားရင်းသွားရင်းနဲ့.. ရတနာ

လမ်းကိုမြင်နေရပြီဗျ... ကျုပ်လည်း စိတ်ကိုတင်းထားပြီး...

ခြေလှမ်းခပ်မြန်မြန်ဖြင့်... လျှောက်နေတာပေါ့ဗျာ... .

ညောင်ပင်ကြီးရှေ့ကိုရောက်တော့... ကျုပ်ဘုရားစာ ကို..

တီးတိုးရွတ်လိုက်မိတယ်.... ထိုအချိန်မှာ.. ရုတ်တရက်လေ

တွေ တိုက်လာတယ်... ကျုပ်အသိစိတ်က ဘာကြောင့်လည်း

တော့မသိဘူး...သစ်ပင်အပေါ်ကိုကြည့်ချင်တဲ့စိတ်တွေများ

နေတော့... ခေါင်းမော့ပြီး...သစ်ပင်အပေါ်ကိုကြည့်လိုက်မိ

သည်.... အမယ်လေးဗျာ... တစ်ကိုယ်လုံးသွေးတွေစီးကျနေ

တာဗျ... သရဲမဗျ.. တဖြည်းဖြည်းနဲ့ သစ်ပင်အောက်ကိုဆင်း

လာတာဗျ... ကျုပ်လည်း... ဘာပြောကောင်းမလဲ... အိမ်ကို

ပဲ တချိုးတည်း... ပြေးတော့တာပေါ့ဗျာ... သုံးရက်လောက်..

အလုပ်ကိုမသွားနိုင်ဘူး.. ကြောက်ဖျားဖျားတော့တာပေါ့

ဗျာ...

ဒါကတော့... ကျုပ်အခြောက်ခံရတဲ့ အဖြစ်အပျက်

လေးပေါ့ဗျာ...ကျုပ်တို့ရပ်ကွက်ထဲမှာ... ဦးသိန်းဝင်းဆိုတဲ့.

အရက်သမားကြီးရှိတယ်ဗျ... အဲ့ဦးလေးက.. တစ်ကောင်

ကြွက်ဗျ... သူ့ရဲ့အဖော်မွန်က... အရက်ပေါ့ဗျာ.. အရက်သာ

သောက်ရရင်...ဘာခိုင်းခိုင်းလုပ်ပေးတဲ့သူပေါ့... တစ်နေ့..

ဦးလေးသိန်းဝင်းကို ကျုပ်သူငယ်ချင်း ရဲရင့်က...

ရဲရင့် ။ ။ မင်္ဂလာလမ်းက ညောင်ပင်ကြီးကသရဲမကို ဦးလေး
အိမ်ခေါ်ရဲရင် ပိုက်ဆံတစ်သောင်းပေးမယ်

ဦးလေးသိန်းဝင်း။ ။ ဟင် ငါ့တူ တကယ်ပြောတာလား

ရဲရင့်။ ။ တကယ်ပေါ့ဦးလေးရ ဒီည ခေါ်ရမှာနော် ကျုပ်က
သစ်ပင်ကြီးရဲ့မနီးမဝေးမှာစောင့်နေမယ်

ဦးလေးသိန်းဝင်း ။ ။ အေးအေး

ဒီလိုနဲ့ ည၁၂နာရီရောက်တော့... ရဲရင့်နဲ့ ဦးလေး

နှစ်ယောက်... မင်္ဂလာလမ်းက ညောင်ပင်ကြီးဆီသို့..

သွားကြပြီပေါ့ဗျာ... ဦလေးသိန်းဝင်းက... ထုံးစံအတိုင်း...

အရက်သောက်နေကြဗျ... အခုလည်းပုလင်းကိုကိုင်ရင်းနဲ့..

ညောင်ပင်ကြီးရှေ့မှာရပ်နေတာဗျ.. ညောင်ပင်ကြီးကို...

မိုးမွှန်အောင် ဆဲနေတာများမြင်မကောင်းပါဘူးဗျာ.....

ရဲရင့်ကတော့... အဝေးကလှမ်းကြည့်နေတာပေါ့... ဦးလေး

က ဆဲပြီးတော့... ညောင်ပင်ကြီးကိုအပေါ့စွန့်လိုက်တယ်ဗျ..

ပြီးတော့... ပါးစပ်ကလည်း...

" ဒီသစ်ပင်ပေါ်ကသရဲမ ငါ့အိမ်လိုက်ခဲ့စမ်း'' ဆိုပြီး....

အော်ပြောနေတာဗျ... ထိုအချိန်တွင်သစ်ပင်ပေါ်က... သရဲမ

ဆင်းလာတာကို...ရဲရင့်ကမြင်တော့... အိမ်ကိုတန်းပြေးတော့

တာပဲဗျ... သရဲမဆင်းလာတာကိုတော့... ဦးလေးသိန်းဝင်း..

မြင်ပုံမပေါ်ဘူးဗျ... ဒီလိုနဲ့ ဦးလေးသိန်းဝင်းလည်း...အိမ်ကို

ပြန်သွားတာပေါ့... ည၂နာရီဆိုတဲ့အချိန်ကိုရောက်တော့..

ဦးလေးသိန်းဝင်းသည်..အမူးပြေ၍အိုက်စက်စက်ဖြစ်လာသ

ဖြင့်... ရေချိုးဖို့ရေချိုးခန်းထဲဝင်တဲ့အချိန်

အနောက်ကနေ တစ်ယောက်ယောက်ကတွန်းလိုက်တယ်....

မနက်ရောက်တော့... ဦးလေးသိန်းဝင်းက...

ရေချိုးခန်းထဲမှာ. ပုဆိုးကလည်ပင်းကိုစွပ်ပြီး. ရေတိုင်ကီကို..

ခံထားတဲ့... သစ်သားကိုချည်ထားတာဗျ.. ကြိုးဆွဲချသေနေ

တဲ့ပုံစံဗျ.... ရဲရင့်ကတော်တော်နောင်တရသွားတဲ့ပုံပဲဗျ...

သူတို့နှစ်ယောက်ဒီလိုသွားမယ့်နေ့ကို...ကျုပ်သိခဲ့ရင်တားတာ

ပေါ့ဗျာ... ဒီကိစ္စကိုရဲရင့်ကဘယ်သူကိုမှလျှောက်မပြောဖို့

ပြောတယ်ဗျ...

ဦးလေးသိန်းဝင်းကိုအရက်ကြောင်...ကြောင်ပြီးသေ

တာလို့ပဲရပ်ကွက်ထဲက..ထင်မြင်ချက်ပေးကြတာပေါ့ဗျာ..

ဦးလေးသိန်းဝင်းဘာကြောင့်သေရတာလဲဆိုတာ......

ကျုပ်ရယ်...ရဲရင့်ရယ်ပဲသိတာဗျ... အခုတော့...ခင်ဗျားပါ

သိသွားပြီပေါ့ဗျာ...

ပြီးပါပြီ...
ဆက်လက်ကြိုးစားပါဦးမည်...
အမှားပါရင်သည်းခံဖတ်ရှုပေးပါရန်
kalyar...

image

အဆိုကောင်းလိုက်တာ ဝုရယ် ???

သိတက်လိုက်တာ???

**ကုက္ကိုပင်ပေါ်ကအငြိုး**

ဇာတ်လမ်း/စာရေးသူ - ဝိုင်စီရဲ
(ဖြစ်ရပ်မှန်)

ကျုပ်ဒီမြို့မှာနေလာတာ အမေ့တစ်သက်
ကိုရှိပြီဗျ....ကျုပ်တို့မြို့လေးက အလွန်အေးချမ်းပါ
တယ်....ပတ်ဝန်းကျင်အနေအထားကလဲ ဆူဆူညံညံ
အသံတွေလုံးဝပင်မကြားရပါ... ကျုပ်တို့လမ်းထိပ်
ကနေထွက်လိုက်ရင် ဘယ်ဘက်မှာလမ်းမကြီးရှိတယ်...ဟိုဘက်ရပ်ကွက်နဲ့ကျုပ်တို့ရပ်ကွက်နဲ့ခြားထား
တဲ့လမ်းမကြီးပေါ့ဗျာ...ထိုလမ်းမပေါ်မှာကစျေးရောင်းသူ အနည်းငယ်ရှိတယ်... ကြက်သားသည်၊ပန်း
သည်၊ အသီးအရွက်ရောင်းတဲ့အသည်စသဖြင့်ပေါ့ဗျာ...ကျုပ်တို့လမ်းထိပ်မှာ နှစ်၆၀လောက်ရှိမဲ့ သက်တမ်းရင့် ကုက္ကိုပင်ကြီးတစ်ပင်ရှိတယ်... ဟိုးလွန်ခဲ့
တဲ့နှစ်၃၀ဝန်းကျင်လောက်က ဟိုဘက်ရပ်ကွက်က
လူတွေက မိန်းကလေးတစ်ယောက်ကိုမုဒိန်းကျင့်ပြီး
သတ်ပစ်ခဲ့တယ်လို့ လူကြီးတွေပြောတာတော့ကြားဖူးတယ်...။ နောက်ပြီး အဲ့ဒီကုက္ကိုပင်ကြီးအောက်မှာပဲမြုပ်ခဲ့တယ်လို့လဲပြောကြတယ်ဗျ။ ပြီးတော့ ပြန်ဖော်ပြီး မြေမြုပ်သဂြိုလ်လိုက်တယ်လို့လဲပြောကြတာပါပဲဗျာ..။ ဘယ်ဟာကအမှန်လဲဆိုတာတော့ဘယ်သူမှတိတိကျကျတော့မသိဘူး...။

ကျုပ်အပါအဝင် ဟိုဘက်ရပ်ကွက်ကလူတွေ၊
ဒီဘက်ရပ်ကွက်ကလူတွေလဲ ည၉နာရီကျော်ရင်
ထိုအပင်ကြီးအောက်က ဘယ်သူမှဖြတ်လျှောက်မဝံရဲကြဘူးဗျ...အရင်နှစ်တွေတုန်းကတော့ အဲ့အပင်
နားမှာရှိတဲ့ အိမ်အဟောင်းကြီးမှာဘယ်သူမှမနေကြဘူး။
လွန်ခဲ့တဲ့၅နှစ်လောက်ကမှ လူတစ်ယောက်က
ထိုအိမ်ကြီးကိုဝယ်ပြီး တိုက်ခန်းတွဲတွေဆောက်လုပ်
ပြီး အိမ်အငှါးချတယ်။ ဇာတ်လမ်းက အဲ့တိုက်ခန်းတွဲမှာနေတဲ့လူတွေကစတာပဲဗျ။ အိမ်အငှါးလူတွေ
ရောက်လာတဲ့နေ့ကစပြီး အခန်းတွဲတွေအောက်မှာ
လမ်းလျှောက်သံတွေ ခေါင်မိုးပေါ်ကိုကျောက်စရစ်ခဲတွေနဲ့ပစ်ပေါက်တာတွေကြုံရတော့တာပဲ။
အဲ့နေ့တွေကစပြီး ရပ်ကွက်ထဲကလူတွေလဲ့အဲ့ဘက်ကိုခြေဦးတောင်မလှည့်ရဲတော့ဘူး..မဖြစ်မနေသွားရမယ်ဆိုမှသွားတာ မဟုတ်ရင်မသွားကြဘူး။

တစ်ညနေကြတော့... ကျုပ်အဒေါ်က ကလေး
နေမကောင်းလို့ဆိုပြီး အဲ့အပင်ကြီးကိုဖြတ်ပြီးဆေး
သွားဝယ်ရတယ်။ အပြန်ကြတော့ထိုအပင်ကြီးအောက်မှာ အသိတစ်ယောက်နဲ့တွေ့ပါလေရော။ သူက
ကလေးကိုစနောက်နေတဲ့အချိန်ကလေးကငိုပါရောဗျာ။ အဲ့အပြန်တည်းကငိုတာ မနက်ထိကိုကလေးက
အငိုကိုမတိတ်ဘူးဗျို့။ အဲ့ဒါနဲ့ ကျုပ်တို့လဲ အသိ
နတ်ကတော်ကိုခေါ်ပြီး အိမ်ပင့်မေးတော့ ထိုအပင်ရဲ့
မကျွတ်မလွတ်က သူ့အပင်အောက်မှာနားညီးအောင်လုပ်လို့မကျေနပ်လို့ပြန်လုပ်တယ်ပြောပါတယ်။
အဲ့ဒါနဲ့ ခေါစာလည်းပစ် ကန်တော့ပွဲလဲပေးပြီး တောင်းပန်မှပဲ ကလေးကအငိုတိတ်ပါတော့တယ်။ ဒီလိုနဲ့
နောက်တော့ အဲ့အပင်နားကအိမ်မှာ ဘာသာရေး
အလွန်ကိုင်းရှိုင်းတဲ့လူကသူမိသားစုနဲ့အိမ်လာငှါး
နေကြတယ်။ ခေါင်မိုးပေါ်ကို ခဲကျတာတွေရပ်သွားတယ်။ အမျှတွေလဲဝေပေးလိုက်တော့ အားလုံးက
ကျွတ်သွားကြပြီပဲထင်တာပေါ့ဗျာ။ အခုလို မေ့မေ့
ပျောက်ပျောက်နဲ့နေလာလိုက်တာ ဒီနေ့ညဇာတ်လမ်းစတော့တာပဲဗျ။

အကိုနှစ်ယောက်ကအဲ့အပင်နားမှာ ဖုန်းဘေလ်သွားဝယ်ကြတယ်... ကြည့်ရတာနာမည်တွေ
ခေါ်ပြောကြတယ်ထင်ပါတယ်။ဆူညံဆူညံတော့ဖြစ်သွားလောက်တယ်။အချိန်ကလဲ ည၉နာရီဖြစ်နေပြီလေ။သူတို့အိမ်ပြန်ရောက်ပြီး မကြာဘူး။ အကို
အကြီးရဲ့နာမည်ကို အပြင်ဘက်ကနေ မိန်းမတစ်ယောက်က ၃ခါလောက်ခေါ်တယ်တဲ့။ သူကလဲ ဖုန်းပြောနေတာဆိုတော့မထူးမိလိုက်ဘူးတဲ့ဗျ။ ည၁၂နာရီလောက်ရောက်တော့ သူလဲ
ဘုရားဝတ်ချပြီးအိပ်လိုက်တယ်။

" အား အမယ်လေး '' ဆိုတဲ့အသံကြီးကိုကြားလိုက်တော့ကျုပ်တို့တစ်အိမ်သားလုံးလန့်နိုးကုန်ကြတယ်။
ကျုပ်တို့လဲ သူကိုမေးတာပေါ့ဘာဖြစ်တာလဲဆိုတော့
ကုက္ကိုပင်မှာရှိတဲ့သရဲမက အိပ်မက်လာပေးတာတဲ့။
ငါအပင်နားမှာငါမကြိုက်တာမလုပ်မိစေနဲ့နောက်တစ်ခါဆိုရင် တစ်အိမ်လုံးအသေပဲတဲ့။ အဲ့ဒါနဲ့အကို
အကြီးကလဲ ဘာလို့အခုလိုဖြစ်နေလဲမေးတော့
သူ့ကို အဓမ္မပြုကျင့်သွားတဲ့သူတွေမသေမချင်း
သူကျွတ်မှာမဟုတ်ကြောင်း အမျှဝေလဲအလကားပဲ
ငါကိုသာအနှောက်အယှက်မပေးနဲ့ဆိုပြီး ပြောတယ်တဲ့ဗျ။

သူမှာလည်း မတရားခံထားရတာဆိုတော့ ဘယ်ကျွတ်ပါမလဲဗျာ.....။

ပြီးပါပြီ
ဆက်လက်ကြိုးစားပါဦးမည်...
စာဖတ်သူတွေကိုအစဉ်လေးစားလျက်
kalyar...

image

ဝုထရန်းဂျိုင်း

**မင်းမိန့်ပေးထားပြီးပိတ်ထားရတဲ့ အိမ်ကြီး**

ဇာတ်လမ်း/စာရေးသူ - ဝိုင်စီရဲ
(ဖြစ်ရပ်မှန်)

ဒီတုန်းကကျုပ်တောင်မမွေးသေးဘူးဗျ....ကျုပ်
အမေတို့ပြောပြလို့သာသိရတာ...မန္တလေးဥယျာဉ်ကုန်း
ဘက်ကပေါ့...ကျွန်းအိမ်အကြီးကြီးရှိတယ်..
. ခြံဝန်းကလည်း...
အတော်ကျယ်သားဗျ...နှင်းဆီပန်းလေးတွေ၊သရက်ပင်တွေ
နဲ့မိုက်နေရောဗျို့... ရေတွင်းလေးကလည်းရှိသေးသဗျ...
အဲ့ဒီခြံရှေ့ကဖြတ်သွားတိုင်းနေချင်
စိတ်တဖွားဖွားဖြစ်မိကြတယ်...ဒီအိမ်ကြီးမှာ..လင်မယား
ရယ်..ကလေး(၂)နှစ်အရွယ်နဲ့လသားအရွယ်နေကြတယ်..
ယောကျာ်းဖြစ်သူက ကုန်ရောင်းကုန်ဝယ်လုပ်တယ်....
သူကအရမ်းလောင်းကစားခုံမင်တယ်...နောက်တော့...
အကြွေးတွေတင်...အကြွေးတင်တာအတော်ကြီးသွားလို့
ထင်တယ်...သူမိန်းမကိုလည်းမပြောဘူးဗျ..တစ်ယောက်
တည်းကြိတ်ပြီးခံစားနေတာ...သူအကြွေးတွေကိုဘယ်လို
ဆပ်မလဲပေါ့...ဝင်ငွေထက်ထွက်ငွေတွေကသိသိသာသာ
များလာတာဗျ..များမှာပေါ့...လောင်းကစားရှယ်လုပ်
တာလေ...မွဲဆေးဖော်တယ်ဆိုရမှာပေါ့...

နောက်တော့...အကြွေးကမဆပ်နိုင်...လောင်းကစား
ကလည်း...မစွန့်လွှတ်နိုင်...အကြွေးရှင်တွေကတောင်းကြ
တော့...သူ့မှာအပူမီးတွေဖြစ်နေ၍...နေ့မအိပ်ညမအိပ်..
ဖြစ်ပြီးခေါင်းမီးတောက်နေတာပေါ့ဗျာ...ဒီလိုနဲ့သူက
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်...သူကိုယ်သူသတ်သေမယ်
ပေါ့...ပြီးတော့သူ့မယားနဲ့သားသမီးတွေကိုလည်း...
သူတို့အိပ်နေချိန်...မယားနဲ့ကလေးတွေကိုယ်ပေါ်...
ဓာတ်ဆီတွေလောင်းချပြီး...မီးရှို့အရင်သတ်လိုက်တယ်..
ပြီးမှ..သူကိုယ်သူဓားနဲ့ထိုးသတ်တာ...ခုနကသူ့မယားနဲ့
ကလေးတွေကိုမီးရှို့သတ်တုန်းကမီးတွေကပိုကြီးလာပြီး..
အိမ်ကိုပါလောင်ကုန်ရောဗျို့...ရပ်ကွက်ကလူတွေ...
မီးကိုလာငြိမ်းပေးတော့အိမ်ကပြာမကျပဲ...မဲတူးသွားတာ...
အဲ့ဒီချိန်ကနေစပြီး...ဒီအိမ်ကြီးမှာမိသားစု၄ယောက်က
မကျွတ်ပဲ...စခြောက်တော့တာပဲ...

" ဟဲ့ လှစိန် နင်ကြားပြီးပြီလား''

" ဘာလဲ ဟိုအိမ်ကြီးအကြောင်းပဲမဟုတ်လား''

" အေးဟ အဲ့အိမ်ကြီးရှေ့ကငါဒီနေ့ဖြတ်သွားတုန်းကဆိုရင်
ကျောတွေချမ်းလာတာ ''

" နင်ကအဲ့ဒါပဲဖြစ်တာကို ငါဆို လိုက်ဆွဲခံရတာဟ...''

" ဘယ်လိုလိုက်ဆွဲတာလဲ''

" နောက်ကနေဘာအကောင်အထည်မှမမြင်ရပဲနဲ့
လိုက်ဆွဲသွားတာဟ ငါလွယ်အိတ်ကိုဆွဲနေတာ.. ငါလဲ
ကြောက်ကြောက်နဲ့လွယ်အိတ်ကိုပစ်ထားခဲ့လိုက်တယ်''

" အမယ်လေး တော်ပြီ တော်ပြီ ဒီအကြောင်းကိုမနက်မှပဲ
ဆက်ပြောတော့မယ် ကြက်သီးတွေတဖြန်းဖြန်းထလာနေတာကြည့်အုံး''

" အေးပါအေးပါ''

ကျုပ်အမေနဲ့သူ့ညီမပြောနေကြတာဗျ...ဒီလိုနဲ့တစ်
နေ့ထက်တစ်နေ့...ပိုပိုဆိုးရွားလာတာဗျ...အဲ့လိုဘာအ
ကောင်အထည်မှမရှိပဲလိုက်ဆွဲတာကို....အသက်ကြီးတဲ့
သူတွေဆို...နှလုံးရပ်ပြီးလန့်ဖြတ်သေကြတာတဲ့...ညညဆို
ရင်သူတို့မီးလောင်ပြီးသေတဲ့အချိန်အိမ်ကြီးကမီးလောင်
နေကာ...သွေးရူးသွေးသန်းနဲ့အိမ်ပေါ်ကနေခုန်ဆင်းတာ
တွေပြနေတာတဲ့...ကလေးတွေကိုလည်း...သူတို့ခြံထဲမဝင်
ဝင်ချင်လာအောင်အသံပေးခေါ်တာဗျ...အကြောင်းရင်း
ကတော့အသက်နုတ်မလို့ပေါ့ဗျာ...ရေတွင်းရှိတဲ့နေရာဘက်
ကိုမျှားခေါ်တာ...ကလေးတစ်ယောက်ဆို...ရေတွင်းထဲကို
ခုံချလုနီးစဲစဲမှာ...ခြံအပြင်ကလူတစ်ယောက်ကမြင်လို့..
သွားကယ်ခဲ့ရသေးတာဗျ...အဲ့လူသာမကယ်ရင်ဒီကလေး
လဲအသက်နုတ်ခဲ့ရမှာကျိန်းသေပဲဗျ...ဒီကလေးဆို..
ကြောင်တောင်တောင်လေးဖြစ်သွားတာ၂ပတ်တောင်ကြာ
တယ်...တော်တော်ကြမ်းတာဗျ..ခုထိအဲ့အိမ်ကြီးရှိသေးတယ်
မင်းမိန့်ပေးပြီးချိတ်ပေးထားတာနှစ်ချီနေပြီ...

ဗိုလ်ချုပ်ခင်ညွှန့်(မအလ)ကိုယ်တိုင်...မင်းမိန့်ပေးပြီး
ချိတ်ပေးထားတာတဲ့...အဲ...ခင်ဗျားမန်းလေးလာရင်...
အဲ့အိမ်ကြီးကိုသွားလည်ရင်လည်ပေါ့ဗျာ...ခင်ဗျားကို...
အဲ့အိမ်ကြီးရဲ့မိသားစု၄ယောက်က...လိပ်ပြာလွှင့်အောင်
ခြောက်လန့်ဖို့စောင့်နေတယ်ဗျို့....

ပြီးပါပြီ...
kalyar....

image