ကိုယ့်နေရာကိုယ်သိ🤭🤭

image
9 w - Translate

အရင်တုန်းက ဘယ်သူမဆို သွေးတိုးတက်လာရင်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ကိုယ်ထဲ ပူလောင်လာတဲ့ အခါတိုင်း အဘွားက "ငှက်ပျောအူပြုတ်ရည်ကို အရင်သောက်လိုက်" လို့ ညွှန်ကြားလေ့ရှိပါတယ်။ ငှက်ပျောအူရဲ့ ဖန်ခါးတဲ့အရသာက သွေးကို ပိုမို ငြိမ်သက်စေ ပြီး ကိုယ်တွင်းအပူတက်တာကို သက်သာစေလို့ပါ။
နောက်ပြီး အဘွားတို့ အမြဲသုံးလေ့ရှိတာက-
ဆီးသွားရခက်ခြင်း၊ ဆီးအောင့်ခြင်း
ဆီးကျန်ပြီး ကိုယ်လက်ဖောရောင်ခြင်း
ငှက်ပျောအူပြုတ်ရည်က ဆီးသွားတာကို ကောင်းမွန်စေ ပြီး ကိုယ်လက်ပေါ့ပါးကာ မအီမသာဖြစ်တာတွေကို ပျောက်ကွယ်စေပါတယ်။ သွေးပျစ်ပြီး မောလွယ်၊ ခေါင်းမူးတတ်သူတွေ သောက်ကြည့်တဲ့အခါမှာလည်း "ကိုယ်လက်တွေ မလေးလံတော့ဘူး၊ နေလို့ကောင်းသွားတယ်၊ သွေးလေလည်ပတ်မှု ပိုသွက်လာတယ်" လို့ ဆိုကြပါတယ်။
ပြင်ဆင်ပုံ အဆင့်ဆင့်
၁။ ငှက်ပျောအူ ပါးပါးလှီးပြီးသား လက်တစ်ဆုပ်ခန့် ယူပါ။
၂။ ရေ ၁ လီတာဖြင့် ရောစပ်ပါ။
၃။ အလယ်အလတ်မီးဖြင့် ၁၅ မိနစ်မှ ၂၀ မိနစ်ခန့် ကျိုချက်ပါ။
၄။ အရည်အဆင်း အညိုနုရောင်သန်းလာပါက အဖတ်များကို စစ်ထုတ်ပါ။
၅။ နံနက် (သို့မဟုတ်) ညနေပိုင်းတွင် တစ်နေ့ တစ်ဖန်ခွက် ခန့် နွေးနွေးလေး သောက်သုံးပေးပါ။
ရရှိနိုင်မည့် အကျိုးကျေးဇူးများ
သွေးတိုးခြင်းကို ထိန်းညှိပေးခြင်း: ခဏခဏတက်တတ်တဲ့ သွေးတိုးကို ပိုမိုတည်ငြိမ်စေပါတယ်။
သွေးလေညီညွတ်ခြင်း: ခေါင်းကိုက်၊ ခေါင်းလေးတာတွေ မရှိတော့ဘဲ လန်းဆန်းစေပါတယ်။
ဆီးလမ်းကြောင်း ကောင်းမွန်ခြင်း: ဆီးသွားရလွယ်ကူစေပြီး ဆီးအောင့်၊ ဆီးကျန်တာတွေကို သက်သာစေပါတယ်။
ဝမ်းဗိုက်ပေါ့ပါးခြင်း: ဗိုက်တင်းအောင့်တာမျိုး မရှိတော့ဘဲ ကိုယ်ခန္ဓာကို ပေါ့ပါးလန်းဆန်းစေပါတယ်။
ငှက်ပျောအူလိုမျိုး အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးက ထင်ထားတာထက် ပိုပြီး ကျန်းမာရေးအတွက် အထောက်အကူပြုနေတာ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။

image

ခံတွင်းမြိန်စေမယ့် "ရှောက်ဖတ်ငပိထောင်း" (ယောက်ျားလက်ရာ)
​ထမင်းမြိန်ဖို့ တကူးတက ဟင်းတွေအများကြီး ချက်မနေနဲ့တော့ဗျာ။ ဒီ ရှောက်ဖတ်ငပိထောင်း တစ်ခွက်ရှိရင် သွေးတိုးသမားလည်း စားလို့ရသလို၊ အလုပ်သွားရတဲ့သူတွေအတွက်လည်း တစ်ပတ်စာ အေးဆေးပဲ။ ဆီမြှုပ်အောင် ထည့်ထားရင် အကြာကြီးခံလို့ အဝေးကလူကို လက်ဆောင်ပေးရင်တောင် ကိုယ့်ကို အမြဲသတိရနေစေမယ့် လက်ရာမျိုးပေါ့။
​🛒 လိုအပ်တဲ့ပစ္စည်းများ
​ငပိကောင်းကောင်း - ၁၀ သား (မွှေးနေရမယ်နော်)
​ငရုတ်သီးခြောက် - စပ်စပ်ကြိုက်သလောက် (မွှေးအောင်လှော်ထားပါ)
​ကြက်သွန်ဖြူ (ဗမာဥ) - ၅ လုံးခန့်
​ရှောက်သီးစိမ်း - ၁ လုံး (အဝါရောင်သန်းပြီး မှည့်နေရင် အရည်ရွှမ်းပြီး ခါးတတ်လို့ အစိမ်းပဲ ရွေးပါ)
​အချိုမှုန့်/ဆား - အနည်းငယ်
​👨‍🍳 ပြုလုပ်နည်း (Step-by-Step)
​၁။ ငပိဖုတ်ခြင်း - ငပိကို မွှေးရုံလေး မီးကင်ပေးပါ။ အရမ်းတူးသွားရင် ခါးတတ်ပြီး အနံ့မကောင်းတော့လို့ သတိထားရမယ်။
၂။ အမွှေးအကြိုင်ပြင်ဆင်ခြင်း - ငရုတ်သီးနဲ့ ကြက်သွန်ဖြူကိုလည်း မွှေးနေအောင် အရင်လှော်ထားပါ။
၃။ ထောင်းနည်း - ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို မညက်တညက် အရင်ထောင်းပါ။ ပြီးရင် မီးကင်ထားတဲ့ ငပိနဲ့ အချိုမှုန့်ထည့်ပြီး ထပ်ထောင်းပါ။
၄။ ရှောက်သီးထည့်ခြင်း - ရှောက်သီးကို အခွံခွာ၊ အဖတ်လေးတွေဖြစ်အောင် မျှင်ထားပါ။ ဆားအနည်းငယ်နဲ့ အရင်နယ်ပြီးမှ ငပိထဲထည့်ပါ။
၅။ သတိထားရမည့်အချက် - ရှောက်သီးဖတ်လေးတွေ မကြေသွားအောင် နှံ့ရုံလေးပဲ ဖွဖွလေး ထောင်းပေးရမှာပါ။
​💡 Special Tip: > ငပိဖုတ်ထားတာ ပူနေတုန်း ထည့်ထောင်းရင် ရှောက်သီးက ခါးသွားတတ်ပါတယ်။ ဒါကြောင့် ငပိကို လုံးဝအေးသွားမှ ရှောက်သီးဖတ်လေးတွေနဲ့ ရောထောင်းပါဗျ။
​🍱 သိမ်းဆည်းနည်း
​ပြီးရင်တော့ ဗူးသန့်သန့်လေးထဲ ထည့်၊ အပေါ်ကနေ ဆီမြှုပ်အောင် လောင်းထားလိုက်ပါ။ အခန်းအပူချိန်မှာတင် အကြာကြီး အထားခံသလို ရေခဲသေတ္တာထဲ ထည့်ထားရင်တော့ ပိုတောင် စိတ်ချရသေးတယ်။

image

ရောဂါပေါင်း(၂၅)မျိူးကိုသက်သာစေတဲ့
သင်္ဘောအဖိုပင်နှင့် ဆေးဘက်ဝင်ခြင်း အမျိုးမျိုး
၁။ အဆုပ်ကင်ဆာ အစာအိမ်ကင်ဆာ
သားအိမ်ကင်ဆာ ကင်ဆာအမျိုးမျိုးကိုပျောက်ကင်းစေ
၂။ သင်္ဘောအဖိုအရွက်ကို ရေစင်အောင်ဆေး. အရည်ကိုညှစ်ယူ
မနက် / ည ရေနွေးကြမ်းပုံတစ်လုံးစီသောက်ပေး တစ်လကျော်သောက်လျက် ကင်ဆာရောဂါပျောက်။
၃။ သွေးကျဲဆေးသောက်နေရသူနဲ့ကိုယ်ဝန်ဆောင်သူတွေကသင်္ဘောရွက်မသုံးသင့်ပါ
၄။ ဝက်ခြံပျောက်ချင်ရင် သင်္ဘောရွက်ကို နေမှာလှန်းပြီး ချေပေး ရေနဲ့ရောမျက်နှာမှ
လိမ်းပေး
၅။ အစာချေအားကောင်း သင်္ဘောရွက်မှာပါတဲ့ဓာတ်က အစာချေတာအားပေး
အစာစားချင်စိတ်ကိုပိုစေမယ်
၆။ သင်္ဘောရွက်ရေနွေးကြမ်းလုပ်ရင် အပူချိန် ၁၅၀ ဒီဂရီဖာရင်ဟိုက်သာရှိသင့်
ကလေးများ သင်္ဘောရွက်အစိမ်း ရေနွေးထဲကို ဆားအနည်းငယ်ထည့်သောက်စေပါ။
၇။ သွေးလွန်တုတ်ကွေးကိုသက်သာစေမယ်
သင်္ဘောရွက် ၅ရွက်ကို ရေလီတာတစ်ဝက်နဲ့ပြုတ်သောက်
၈။ ကင်ဆာအတွက်သင်္ဘောပင်ကထွက်တဲ့အစေးဟာ ဆေးတန်ခိုးရှိ. ရင်သား , အဆုပ်,သရွက်ရွက်,သားအိမ်ဝ,အသည်းကင်ဆာတွေအတွက်သုံးနိုင်တယ်လို့
ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနလုပ်သူတွေကဆိုပါတယ်။
၉။ အချို့ကလဲအရွက်ခြောက်ကိုရေနွေးကြမ်းလုပ်သောက်ရင်ပိုစွမ်းတယ်လို့ဆိုပါတယ်
ဘာအစာမှစားမထားချိန်သုံးရင်ပိုပြီးစိတ်ပိုင်းဆိုင်ရာပိုပြီးလန်းဆန်းစေပါတယ်။
၁၀။ သင်္ဘောပင်က လေကိုပျက်စေ ၊ မီးယပ်မှန်စေ ၊ ဆီးရွှင်စေ ၊ သွေးကိုစင်ကြယ်စေ
သည်းခြေအပူကိုညိမ်းစေ
၁၁။ ဝမ်းမီးတောက်ပြီးအစာကိုကြေညက်စေ သင်္ဘောရွက်ကိုမီးမြိုက်ပြီးတို့စားရင် လေထိုးလေအောင့် ၊ ပင်လယ်အူနာ ၊နှလုံးရောဂါနဲ့ခံတွင်းပျက်ရောဂါသက်သာပျောက်
၁၂။ လက်ဖက်ထဲသင်္ဘောရွက်မီးအုံးပြီထည့်စားရင် လက်ဖက်ကြောင့်ဖြစ်တဲ့လေနာနဲ့
အိပ်မပျော်ခြင်းကိုသက်သာစေ
၁၃။ နားအူ နားကိုက်. နားလေထွက် နားလေးတို့အတွက် သင်္ဘောရွက်ကို နှမ်းဆီ
လိမ်းကပ်ရတယ်။
၁၄။ အနာကြောင့်ရောင်ရမ်းရင်သင်္ဘောရွက်နဲ့စည်းထားပေးရ
၁၅။ ဘက်တီးရီးယားဗိုင်းရပ်ပိုးတွေကိုဖျက်ဆီးပစ်ကိုယ်ခန္ဓာတွင်းဆဲလ်တွေကို
ပိုကောင်းအောင်လုပ်ပေး
၁၆။ အမျိုးသားတွေဖြစ်တဲ့ ဆီးနည်း ဆီးအောင့်မှကြာလာရင်ကပ်ပယ်အိတ်ယောင်
လာရင် သဘောင်္အရွက်အကြမ်းကို မီးကျွမ်းအောင်ကင်ပြီး ရေနွေးဖြူပူပူထဲ ခြွေထည့်
ရေနွေးသောက်ပုဂံ ၂ လုံးစာတစ်နေ့ ၃ ကြိမ်သောက်ပေးရ-
သင်္ဘောရွက်အနုကို မီးကင်ပြီး တို့စရာအဖြစ် ၂ ရက်လောက်စားပေးရင်သက်သာ
၅ ရက်လောက်စားရင်ပျောက်ကင်းသည်။
၁၇။ ငါးမျက်စိ အသားမာ မှဲ့အပါး အသားပို များကို ၁ ကြိမ် ၁၀ မိနစ်မျှသင်္ဘောဖိုပင်
သင်္ဘောအစေးနဲ့ နေ့စဉ် တိုက်ပေးပါ. ၄-၅ရက်အတွင်းသက်သာပျောက်ကင်းစေသည်။
၁၈။ ခါးနာ ခါးကိုက် လျှင် သင်္ဘောဖိုရွက် သုံး လေး ရွက် ခူး၍ ခါးနဲ့ဝမ်းဗိုက် ပတ်အိပ်ပါ။
ခင်းအိပ်ပေးပါက ခါးနာ ခါးကိုက် သက်သာမည်။
၁၉။ သွားပိုးထိုးပြီး ရေစီးကမ်းပြို ဖြစ်ပါလျှင် သင်္ဘောဖိုပင် အရွက်ကို အခြောက်
လှန်းပြီး အမူန့်ပြု၍ သွားတိုက်ပါက သက်သာပျောက်ကင်းစေသည်။
၂၀။ အစာအိမ်သမားများအတွက် - သင်္ဘောဖိုအရွက်စိမ်း ကိုသန့်စင်စွာ သတ္ထုရည်
ညှစ်ပြီး စတီးဇွန်း ၃ ဇွန်းမျှ တစ်နေ့ ၂ ကြိမ်သောက်ပေးခြင်းဖြင့် ခွဲစိတ်ရန်မလိုပါ။
၂၁။ လိပ်ခေါင်းရောဂါရှင်များ - သင်္ဘောဖိုအရိုး အရွက်ကိုထုထောင်း၍ ရသော အရည်
ဖြင့် လိပ်ခေါင်းတွင် လိမ်းပေးပါ ။ ၄င်းအပြင် သင်္ဘောဖို အပွင့်ကို သုတ်စားပေးပါ။
၂၂။ အရေပြားထူအမ်း၍ အဖုအထစ်ဖြစ်သည့် သွေးဖောက်ပြန်ခြင်း ဖြစ်ပါက အဖိုရွက်
နဲ့ ရိုးတံကို ကြိတ်ချေပြီး ကျပ်ထုပ် ထိုးပေးပါကအရေပြားထူခြင်း ပျောက်စေသည်။
၂၃။ ရင်ဘတ်နာပါက - အဖိုပွင့်ကို သံပုရာရည်ညှစ်ပြီး အသုပ်လုပ်စား ပေးရပါသည်။
၂၄။ ငှက်ဖျား - သင်္ဘောအဖိုပင် ပဉ္စငါးပါးကို ထန်းလျက်နဲ့ ကျိုသောက်ပေး။
၂၅။ အသည်းရောင်သူ ဖောရောင်သူ ချောင်းဆိုးရင်ကျပ် အမြစ်မပြတ်နိုင်သူ ဝေဒနာရှင်များနဲ့ ကင်ဆာရောဂါ များအတွက် သင်္ဘောအဖိုပင်မှ အရွက်ရည်ကို ပုံမှန်
သောက်ခြင်းဖြင့် သက်သာပျောက်ကင်းခြင်း ကြုံဖူးပါတယ်။
ထိုဝေဒနာရှင်များထဲတွင် စနစ်တကျ ဆေးရုံဆေးခန်းပြသကြပြီး မသက်သာတော့သည့်
အဆုံး မွေးရပ်မြေတွင် ခေါင်းချတော့မည်ဆိုသောအတွေးနဲ့ပြန်လာကြပြီး ကြားဖူးနားဝ
မြန်မာဆေးမီးတိုများနှင့် ကုသရင်း အရှင်းသက်သာသူများလည်း ရှိပါသည်။
ကင်ဆာရောဂါအတွက် ကင်ဆာဆေးများ ဖော်စပ်ရာ ပင်မအရင်းအမြစ်သည် သစ်ပင်
များဖြစ်သည်။ ကင်ဆာရောဂါလုံးဝ ပျောက်ကင်းစေသောဆေးဝါး မပေါ်သေးသော်
လည်း အတော်အတန်သက်သာ၍ သက်တန်းရှည် နေထိုင်သွားကြသည်။
ကင်ဆာဆေးများကို ဆေးများကို ဆေးဖက်ဝင်အပင် မူလ ဆေးသိပ္ပံ၏ အရင်းအမြစ်
ကင်ဆာဆေးမှာ ရုက္ခဆေးပင်များသာဖြစ်သည်။ ထိုအထဲတွင် နတ်ဆေးတမျှထင်းရှား
လာသည့် အပင်က သင်္ဘောအဖိုပင်လည်း ပါနိုင်ပေသည်။
သိပ္ပံဆေးဝါးနဲ့ ကုသနိုင်သူရော မကုသနိုင်သူရော သင်္ဘောရွက် သတ္ထုအရည်ကို
စနစ်တကျ သောက်သုံးရာက အချို့ရောဂါတို့ သက်သာပျောက်ကင်းခြင်း တွေ့ရသည်။
ဆီကျိတ်ကင်ဆာမိတ်ဆွေတစ်ဦးနဲ့ ဆုံဘူးသည် ဆေးရုံ ၃ ကြိမ်မြောက်တက်ပြီး ဆေးရုံ
ထပ်မတက်ပဲ သင်္ဘောအဖိုပင် အရွက်စိမ်းကို သောက်ရင်းမူလပုံမှန်အတိုင်းနေနိုင်သည်
လည်း ရှိပါတယ်။
ထို့ကြောင့် သင်္ဘောဖိုပင်တွင် ထူးခြားသော ဆေးစွမ်းအင်များ ရှိနေပေလိမ့်မည်။
Crd to original writer

image

ထိုင်းဝမ်မုန်ညှင်း ခရုဆီကြော် (ဆိုင်ချက်အရသာအတိုင်း ကြွပ်ကြွပ်မွှေးမွှေးလက်ရာ)
🛒 ပါဝင်ပစ္စည်းများ
အဓိကအမယ်: ထိုင်းဝမ်မုန်ညှင်း (အပင်လိုက် ရေစင်အောင်ဆေးထားပါ)

အမွှေးအကြိုင်: ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ)

အရသာအနှစ်အတွက်: ခရုဆီ၊ ငံပြာရည်၊ သကြား၊ ရေ (အနည်းငယ်)

အခြေခံ: ဆီ

👩‍🍳 ပြုလုပ်ပုံအဆင့်ဆင့်
၁။ ကြက်သွန်ဖြူ အကြွပ်ကြော်ခြင်း:
ဒယ်အိုးထဲတွင် ဆီပူလာလျှင် နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူများကို ထည့်ပါ။ ရွှေအိုရောင်သန်းပြီး ကြွပ်လာသည်အထိ ကြော်ကာ သီးသန့်ဆယ်ယူဖယ်ထားပါ။

၂။ မုန်ညှင်းကြော်ခြင်း:
ကြက်သွန်ဖြူကြော်ထားသော ဆီအနည်းငယ်ကျန်သည့်အိုးထဲသို ရေစစ်ထားသော ထိုင်းဝမ်မုန်ညှင်းများကို ထည့်၍ ကြော်ပါ။ (မုန်ညှင်းအရောင် စိမ်းစိုနေစေရန် မီးပြင်းပြင်းဖြင့် ခပ်မြန်မြန်ကြော်ပေးပါ)။

၃။ အရသာအနှစ် လောင်းထည့်ခြင်း:
မုန်ညှင်းများ ကျက်ခါနီးတွင် ခရုဆီ၊ ငံပြာရည်နှင့် သကြားတိုကို ရေအနည်းငယ်ဖြင့် ကြိုတင်ရောဖျော်ထားသော အနှစ်ရည်ကို အပေါ်မှ လောင်းထည့်ပါ။ အရသာများ မုန်ညှင်းထဲသို နှံစပ်စိမ့်ဝင်သွားသည်အထိ ခေတ္တမွှေပေးပါ။

၄။ အချောသတ်ပြင်ဆင်ခြင်း:
မုန်ညှင်းများ အရသာဝင်ပြီး နူးအိစပြုလာလျှင် ပန်းကန်ထဲသို လှလှပပ ကော်ယူပါ။ နောက်ဆုံးမှ စောစောက ကြော်ထားသော ကြက်သွန်ဖြူ အကြွပ်ကြော် လေးများကို အပေါ်မှ ဆမ်းပေးလိုက်ပါက အနံ့မွှေးပျံ့လှသော ခရုဆီကြော်ကို ရရှိပါပြီ။

💡 စားကောင်းစေမယ့် Tips လေးများ
မုန်ညှင်းစိမ်းစိုစေရန်: မုန်ညှင်းကို အိုးထဲမထည့်ခင် ရေနွေးပွက်ပွက်ဆူထဲမှာ ဆား/ဆီ နည်းနည်းထည့်ပြီး စက္ကန့်ပိုင်းလောက် ခေတ္တဖျောထုတ်ပေးရင် ပိုပြီး စိမ်းစိုတောက်ပြောင်စေပါတယ်ရှင်။

ခရုဆီအနှစ်: အနှစ်ရည်ကို ရေနဲ့ဖျော်ပြီးမှ ထည့်ပေးခြင်းက မုန်ညှင်းအပင်တွေပေါ်မှာ အရသာနှံစပ်အောင် ပိုမိုကူညီပေးပါတယ်ရှင်။

image

ပုသိမ်မြို့တွင် ယနေ့မနက် ၂နာရီခန့်ကမီးလောင်မူကြောင့် နေအိမ် (၆)လုံး မီးလောင်ဆုံးရှုံးခဲ့

ပုသိမ်မြို့တွင် ယနေ့မနက် ၂နာရီခန့်ကမီးလောင်မူကြောင့် နေအိမ် (၆)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပုသိမ်ခရိုင်မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၂၈ရက်၊ မနက်၂နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ စန္ဒာအေးလမ်းမကြီး၊ လန်ဘားလေးရပ်ကွက်၊ (၁)လမ်းတွင် လူနေအိမ် မီးလောင်နေကြောင်း သတင်းရရှိသဖြင့် ပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၂နာရီခွဲ အချိန်တွင် မီးငြှိမ်းသတ်နိင်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မူကြောင့် နေအိမ် (၆)လုံးမီးလောင်ပျက်စီးခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

image

အတုလဗုဒ္ဓ၊ မဟာစွယ်တော်မြတ်၏ (၉၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်ကစတင်ဖွင့်လှစ်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ အတုလဗုဒ္ဓ၊ မဟာစွယ်တော်မြတ်၏ (၉၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်မွန်းတည့် ၁၂ နာရီက မြတ်စွယ်တော်ဘုရားတန်ဆောင်း၌ ကျင်းပရာ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိဆရာတော်ကြီးနှင့် ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။

ထို့အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြည်ညိုပူဇော်ကာ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ အနုမောဒနာတရားနာယူခဲ့ကြသည်။

ထို့နောက် ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့် တိုင်းဝန်ကြီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းပြီး မြတ်စွယ်တော်အတွက် နဝကမ္မအလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး (၉၇)ကြိမ်မြောက်အတုလဗုဒ္ဓမဟာစွယ်တော် မြတ်ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ဆရာတော်၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့် တိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့ပြင် မြတ်စွယ်တော်ဂေါပကအဖွဲ့က သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော်မြတ်နှင့် ဇမ္ဗူပတိရုပ်ပွားတော်မြတ်တို့အား ဂန္ဓကုဋိတိုက်တော်မှယာယီရွှေကျောင်းတော်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြကာ အတုလဗုဒ္ဓ လက်ဝဲအောက်စွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ယာယီရွှေကျောင်းတော်ပေါ်သို့ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ဆရာတော်၊ ပြည် ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့် တိုင်းဝန်ကြီးချုပ်ဦး တင်မောင်ဝင်းတို့ကပင့်ဆောင်ပူဇော်ခဲ့ကြသည်။

အဆိုပါ အတုလဗုဒ္ဓလက်ဝဲအောက်စွယ်တော်မြတ်အား ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာသူများဖူးမြော်ကြည်ညိုပူဇော်နိုင်ရန် ယာယီရွှေကျောင်းတော်၌ ယနေ့ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၆ ရက်အထိ ကိန်းဝပ်စံပ္ပါယ်အပူဇော်ခံထားမည်ဖြစ်ကာ ဘုရားပွဲတော်ကာလအတွင်း ဘုရား ဖူးလာသူများအတွက် ပျော်ပွဲရွှင်ပွဲ၊ ဇာတ်သဘင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။

image

မကြာမှီ သက်တော်(၈၉)နှစ်ပြည့်တော်မူမည့် သီတဂူဆရာတော်ကြီး၏ ဝိဇာတမွေးနေ့အထိမ်းအမှတ် ဆွမ်း ဆန်စိမ်းလောင်းလှူမည်

သီတဂူဆရာတော်ကြီးသည် မကြာမှီအချိန်ကာလအ တွင်း၌ သက်တော်(၈၉)နှစ်ပြည့်တော်မူမည်ဖြစ်ရာ ဝိဇာတမွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များနှင့် သီလရှင်များကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ် ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီတွင် မတ် ၂ ရက်နံနက် ၆ နာရီ၌ သံဃာတော်များ၊ မတ် ၃ ရက်နံနက် ၆ နာရီ၌ သီ လရှင်များကိုလောင်းလှူသွားမည်ဖြစ်ကာ ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာအခမ်းအနားကိုလည်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား သ င်္ကန်း၊ ဆွမ်းဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကိုလောင်းလှူပူဇော်မည်ဖြစ်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(စစ်ကိုင်း)တွင် ပညာသင်ကြားနေကြသော (Ph.D, M.A, B.A, Diploma, English & Pali Language Classes) အတန်းများမှ သံဃာတော်များနှင့် သီလရှင်ဆရာလေးများအားလုံးကြွရောက်အလှူခံပေးပါရန်ပင့်လျှောက်ထားကြောင်း သိရသည်။

ထို့ကြောင့် ဆွမ်းကြီးခံလက်မှတ်များအား ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းမှစတင်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)၊ မဟာထေရာဝါသကျောင်းဆောင်(ပ ထမထပ်) ဦးပဝရထံတွင် နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအထိ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိထုတ်ယူနိုင်ကြောင်း သိရသည်။

image

ယခု ၂၀၂၆ ခုနှစ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်စဥ်များလျော့ကျရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်

ယခု ၂၀၂၆ ခုနှစ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်စဥ်များလျော့ကျရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ဒု- ဥက္ကဋ္ဌက ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့် YRTC ၏ ၂၀၂၅ ခုနှစ်အတွက် YBS ယာဥ်မောင်းများအား "စံပြယာဥ်မောင်းဆု"၊ "ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးစွမ်းဆောင်ဆုရ ကုမ္ပဏီအား ဂုဏ်ပြုဆု"၊ "တာဝန်ကျေပွန်ဆု"ချီးမြှင့်ခြင်းအခမ်းအ နား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

" ၂၀၂၆ ခုနှစ်မှာ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်တွေလျော့ကျပြီး သေဆုံး၊ ဒဏ်ရာရသူတွေကျဆင်းဖို့အ တွက် ယာဥ်မောင်းတွေ စနစ်တကျဖြစ်စေဖို့ကို အရှိန်အဟုန်မြှင့်ပြီး အလေးထားဆောင်ရွက်သွားမှာပါ"ဟု YRTC ဒု-ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် YBS ယာဥ်မောင်းများ စနစ်တကျဖြစ်စေရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း YBS ယာဥ်မတော်တဆမှု(၇၃)မှု၊ သေဆုံးသူ(၃၆)ဦး၊ ဒဏ်ရာရသူ(၁၄၁)ဦးရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် YBS ယာဥ်မတော်တဆမှု(၇၀)မှု၊ သေဆုံးသူ(၃၀)ဦး၊ ဒဏ်ရာရသူ(၅၄)ဦးသာရှိခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

" YBS ယာဥ်မောင်းကြီးတွေရဲ့ စည်းကမ်းလိုက်နာမှုဟာ YBS ရဲ့ပုံရိပ်ဖြစ်ပြီး YBS ယာဥ်မောင်းကြီးတွေရဲ့ ယဥ်ကျေးမှုဟာ ရန်ကုန်မြို့တော်ရဲ့ ယဥ်ကျေးမှုကိုထင်ဟပ်နေခြင်းဖြစ်တဲ့အတွက် အလေးထားလိုက်နာဆောင် ရွက်စေဖို့ကြပ်မတ်ပါမယ်။ YBS ယာဥ်တွေ မြို့တော်အ င်္ဂါရပ်နဲ့အညီဖြစ်စေဖို့၊ ကြမ်းခင်းပေါက်ပြဲမှုမရှိစေဖို့၊ ယာဥ်ကြံ့ခိုင်မှုရှိစေဖို့ကို အလေးထားကြပ်မတ်ဆောင် ရွက်သွားပါမယ်"ဟု ဒု-ဥက္ကဋ္ဌက ပြောသည်။

အခမ်းအနားတွင် စံပြယာဉ်မောင်းဆုရရှိသူ(၁၀၆)ဦး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရယ်ကင်းရှင်းရေးစွမ်းဆောင်ဆုရ ကုမ္ပဏီ(၂)ခုတို့အား ဂုဏ်ပြုဆုနှင့် တာဝန် ကျေပွန်ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

image

မုံရွာမြို့ညစျေးနှင့် မော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာကို မတ်လ ပထမပတ်အတွင်း ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အရှေ့ဘက်ကန်သာယာ တောင်ဘက်ကွင်းတွင် ဖွင့်လှစ်ရန်ပြင်ဆင်နေသည့် စျေးဆိုင်ပေါင်း (၁၁၀) ရှိ ညစျေးနှင့် ဆိုင်ခန်းပေါင်း (၄၁) ခန်းရှိ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းရှိ မော်တော်ယာဥ်ရောင်းဝယ်ရေး စင်တာကို မတ်လပထမပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် ရောင်းဝယ်ရေးစင်တာဖွင့်ပွဲနှင့် ညဈေးဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မုံရွာမြို့ အရှေ့ဘက် ကန်သာယာ ညဈေးအနီးတွင် ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် နိုင်ငံကျော်အဆိုတော်များဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စိတ်ပေါ့ပါး လွတ်လပ်စွာဖြင့် တေးဂီတ ဖျော်ဖြေပွဲအား လာရောက်ပါဝင်ဆင်နွှဲနိုင်သလို ကန်သာယာ၏ ညရောင်စုံမီး အလှများနှင့်အတူ ညဈေးတန်းတွင် လာရောက်ဝယ်ယူ သုံးဆောင်နိုင်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူများက ဖိတ်ခေါ်ထားသည်။

image