7 w - Translate

Global DisplayPort Splitter Market Set for Significant Growth Driven by Multi-Display Demand Through 2032

The global DisplayPort Splitter market is witnessing accelerating growth as multi-screen setups become increasingly essential across gaming, professional workstations, broadcasting, education, and digital signage applications. DisplayPort splitters enable users to distribute high-resolution video signals to multiple monitors with minimal latency, making them indispensable in modern digital environments.

Read Full Research Study: https://marketintelo.com/repor....t/displayport-splitt

DisplayPort Splitter Market Research Report 2033
marketintelo.com

DisplayPort Splitter Market Research Report 2033

As per our latest market intelligence, the Global DisplayPort Splitter market size was valued at $1.2 billion in 2024, and is forecasted to hit $2.8 billion by 2033, growing at a CAGR of 9.7%.

ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခကို အဆုံးသတ်ပေးနိုင်မည်ဟု ထရမ့် ယုံကြည်
---------------------------

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား တိုက်ခိုက်မှုတွေဟာ ဒီကနေ့ ကြာသပတေးနေ့မှာ စတုတ္ထမြောက်နေ့ကို ရောက် ရှိလာပြီး နှစ်ဖက်စလုံးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတိပြုထားတဲ့ ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်း နေခဲ့ ကြတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဒေါ်နယ်ထရမ့် ကတိပြုထားတဲ့ ဖုန်းခေါ်ဆိုမှုကနေ အရှေ့ တောင်အာရှနှစ်နိုင်ငံကြားက ပဋိပက္ခကို ထပ်မံအဆုံး သတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်က ၅၀၈ မိုင် ရှည်လျားတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် က ဆယ်နေရာကျော်မှာ အပြင်းထန်ဆုံးတိုက်ပွဲအချို့ ဖြစ်ပွားခဲ့တာပါ။
လက်ရှိမှာတော့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် စစ်ရေးအခြေအနေ တင်းမာနေတဲ့၊ ပိုဆိုးလာနိုင်တဲ့ နေရာတွေမှာ နေထိုင်တဲ့ နှစ်ဖက်ပြည်သူ တွေဟာ ဘေးလွတ်ရာဆီ အလောတကြီး ရွှေ့ပြောင်းထွက်ခွာနေပါ တယ်။ ထိုင်းနဲ့ကမ္ဘောဒီးယား စစ်တပ်တွေ ကတော့ တစ်ဖက်က ရန်စမှုတွေကို တုံ့ပြန်ရုံသာ စစ်ဆင်ရေးတွေကို အကန့်အသတ်နဲ့ လုပ်ဆောင်နေကြောင်း အသီးသီး ပြောထားပေမဲ့ တင်းမာမှုတွေက သိသိသာသာ မြင့်တက်လာ နေပါတယ်။

image

ပင်လယ်ဓားပြမှုကို အမေရိကန်ကျူးလွန်နေဟု ဗင်နီဇွဲလား စွပ်စွဲ
---------------------------

ဗင်နီဇွဲလား ရေနံတင်သင်္ဘောတစ်စင်းကို ပင်လယ်ပြင်မှာ စီးနင်းသိမ်းယူခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့ လုပ်ရပ်ဟာ ပင်လယ်ဓားပြမှုတစ်ခုဖြစ်တယ်လို့ ဗင်နီဇွဲလား အစိုးရက စွပ်စွဲပြောကြားလိုက်တာကို Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နက ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ ခုတ်မောင်းနေတဲ့ ရေနံတင်သင်္ဘော တစ်စင်းပေါ်ကို အမေရိကန်စစ်တပ် ကွန်မန်ဒိုတွေက ဆင်းသက်ပြီး စီးနင်းထိန်းချုပ်ခဲ့တာပါ။
အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီက လက်နက်ကိုင် ကွန်မန်ဒိုတွေဟာ ရဟတ်ယာဉ်တစ်စင်းပေါ်ကနေ အဲဒီရေ ယာဉ်ဆီ ဆင်းသက်ပြီး စီးနင်းထိန်းချုပ်လိုက်တာလို့ လူမှုကွန်ရက် မီဒီယာ X မှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် စစ်သားတွေက သေနတ်တွေကို အသင့်အနေအထား ကိုင်ဆောင်ပြီး သင်္ဘောကုန်းပတ်ပေါ်မှာ လှုပ်ရှားနေပုံ ဗီဒီယို တစ်ခုကိုပါ ပမ်ဘွန်ဒီက မျှဝေထားခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးကို ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို(FBI)၊ ပြည်တွင်းလုံခြုံရေး စုံစမ်းစစ်ဆေးမှုဌာနနဲ့ ကမ်းခြေ စောင့်တပ်တွေကလည်း ပူးပေါင်းကူညီပေးခဲ့တယ်လို့ ပြောပါတယ်။ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဗင်နီဇွဲလားနဲ့ အီရန်ဆီက ရေနံတွေကို သယ်ယူပို့ဆောင် ပေးနေတဲ့ ရေနံတင်သင်္ဘောကို ဖမ်းဆီး အရေးယူဖို့ ဖြစ်တယ်လို့လည်း ပမ်ဘွန်ဒီက စွပ်စွဲပြောဆိုခဲ့ပါတယ်။

image

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပ

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေး ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်းနှင့် ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ​ပြောကြား
တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့( ဒီဇင်ဘာ ၁၀ ရက်)နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့​ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
အခမ်းးအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးစွာ ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူကာ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးပြီးနောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခဲ့သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၆)မှ ထူးချွန်ဆုရဗိုလ်​လောင်းသုံးဦးကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်းတွင် ထည့်သွင်း​ပြောကြားရာ၌ မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် အခြားနိုင်ငံများ၏ပုံစံကို ပုံတူကူးပြီး ကျင့်သုံးခြင်းမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၎င်း၏အနှစ်သာရဖြစ်သည့် အများဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ရှိသော်လည်း လူနည်းစု၏ဆန္ဒကိုလည်း အလေးထားရန်လိုအပ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားခြင်းဖြစ်ပြီး ၎င်း၏ အနှစ်သာရမှာ ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုတို့ပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေးအတွက် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ရေးသည် အလွန်အရေးကြီးကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် မဖြစ်မနေလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ခြင်းကြောင့် ပြည်သူလူထုအများစုလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပေးမည်ဖြစ်ကြောင်း ​ပြောကြားသည်။
ယခုပြုလုပ်ပေးမည့်ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် မတူသည့်အချက်သုံးချက်ရှိကြောင်း၊ ပထမအချက်မှာ ရွေးကောက်ပွဲစနစ်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် အနိုင်ရသူအကုန်ယူ (First Past The Post-FPTP)စနစ်အပြင် FPTP နှင့် PR စနစ် ပေါင်းစပ်ရောနှောထားသည့်ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional-MMP) စနစ်ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယတစ်ချက်မှာ မဲပေးတဲ့စနစ်ဖြစ်ပြီး ကြိုတင်မဲများကလွဲပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့မဲရုံများ၌ မဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine-MEVM)များနှင့် ခလုတ်နှိပ်ပေးရမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ ရွေးကောက်ပွဲကျင်းပသည့်ပုံစံဖြစ်ပြီး ရွေးကောက်ပွဲကို လုံခြုံရေးနှင့်စီမံခန့်ခွဲမှုအပေါ်မူတည်ပြီး အပိုင်းလိုက်ကျင်းပပေးမည်ဖြစ်ကြောင်း ​တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်က ​ပြောကြားသည်။
ထို့ကြောင့် မိမိတို့တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ဒေသအသီးသီးကို ရောက်ရှိချိန်တွင်လည်း လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များနှင့် ပြည်သူတစ်ရပ်လုံးပါဝင်ပြီး မဲပေးခွင့်ရှိသူအားလုံးမဲပေးနိုင်ရေး ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အလေးအနက်ထားမှာကြားလိုကြောင်း တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်က ​ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာပြီး
စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ဗိုလ်လောင်းများနှင့် မိဘများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့​ကြောင်း သိရသည်။
ထို့အတူ တပ်မတော်ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ယ​နေ့(ဒီဇင်ဘာ ၁၀ ရက်) ည​နေပိုင်းတွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့​ကြောင်း သိရသည်။

image

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦး​ကျော်နိုင်ဝင်းအား ခန့်အပ်

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦး​ကျော်နိုင်ဝင်းအား ခန့်အပ်​ကြောင်း ယ​​နေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက အမိန့်အမှတ် ၅၁ / ၂၀၂၅ ဖြင့် ထုတ်ပြန်သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ဦးကျော်နိုင်ဝင်း အား စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်​ကြောင်း အမိန့်စာတွင် ​ဖော်ပြထားသည်။
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက နိုဝင်ဘာ ၂၅ ရက်တွင် တာဝန်မှရပ်စဲခဲ့ပြီး​နောက် လစ်လပ်​နေသည့် ၎င်းနေရာတွင် ဦး​ကျော်နိုင်ဝင်းအား ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စက်သုံးဆီ​​တင်သွင်းရာတွင် ​​​စျေးကစားမှုနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များကို စက်သုံးဆီတင်သွင်းရာတွင် သက်ဆိုင်ရာက ​​ခေါ်ယူစစ်​ဆေးခဲ့သည်ဟု သတင်းများထွက်​ပေါ်ခဲ့ပြီး​နောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်သည် တာဝန်မှရပ်စဲခံခဲ့ရခြင်းလည်း ဖြစ်သည်။

image

တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး သ​ဘောတူညီချက်များကို အတည်ပြုလက်မှတ်​ရေးထိုး

တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေး ဒုတိယနေ့ကို ယနေ့(ဒီဇင်ဘာ ၁၀ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ဆက်လက် ကျင်းပခဲ့ပြီး အစည်းအ​ဝေးသ​ဘောတူညီချက်များကို အတည်ပြုလက်မှတ်​ရေးထိုးခဲ့​ကြောင်းာသိရသည်။
အဆိုပါ အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် နှင့် ကော်မတီဝင်မြန်မာ့တပ်မတော်မှအရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ် ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov နှင့်ကော်မတီဝင် ရုရှား တပ်မတော်မှအရာရှိကြီးများ တက်ရောက်ကြခဲ့​ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်နိုင်ငံမှ ကော်မတီဝင်များက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့​ကြောင်း သိရသည်။
ထို့နောက် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီပူးတွဲဥက္ကဋ္ဌများက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားကာ ကော်မတီ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့် ရုရှားတပ်မတော်ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov တို့သည် အစည်းအ​ဝေး သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးကြပြီး အထိမ်းအမှတ်လက်ဆောင် ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့​ကြောင်း သိရသည်။

image

လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ဆောင်ရွက်နေ

လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ဒီဇင်ဘာ ၁၀ ရက်က လက်ဖက်ယဉ်ကျေးမှုအား UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

image

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွင် နှစ်ရက်အတွင်း ဘိန်းခင်းဧကပေါင်း ၁၁၅ ဧကအား ဖျက်ဆီးရှင်းလင်း

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွင် နှစ်ရက်အတွင်း ဘိန်းခင်းဧကပေါင်း ၁၁၅ ဧကအား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဘိန်းခင်းများ ဖျက်ဆီးမှုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့အပါအဝင် ဆက်စပ်ဦးစီးဌာနများ ပါဝင်သော ပူးပေါင်းအဖွဲ့များ၊ နယ်မြေခံပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် ဆင်ခြေဖုံးကျေးရွာအုပ်စု လုံအောင်ကျေးရွာ၏ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ အမြင့်နှစ်ပေခွဲ သီးပွင့်ဆဲဘိန်းခင်း ၃၅ ဧကကိုလည်းကောင်း၊ စံဖူးကျေးရွာ၏ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ အမြင့်သုံးပေခွဲသီးပွင့်ဆဲ ဘိန်းခင်း ၂၅ ဧကအားလည်းကောင်း၊ တောင်နောက်ကျေးရွာ အုပ်စုတောင်နောက်ကျေးရွာ၏ အနောက်တောင်ဘက်သုံးမိုင်ခန့်အကွာရှိ အမြင့်သုံးပေ သီးပွင့်ဆဲဘိန်းခင်း ဧက ၃၀ နှင့် ကျေးရွာ၏ အနောက်ဘက်သုံးမိုင် လေးဖာလုံခန့်အကွာရှိ အမြင့်သုံးပေ သီးပွင့်ဆဲ ဘိန်းခင်း ၂၅ ဧကအားလည်းကောင်း စုစုပေါင်းဘိန်းခင်း ၁၁၅ ဧကတို့အား သွားရောက်ဖျက်ဆီးခဲ့ကြောင်းနှင့် ဘိန်းခင်းဖျက်ဆီးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

ရွှေထည်နှင့် ငွေကျပ်သိန်း ၁၀၀၀လုယက်သူများကို ဖမ်းဆီးရမိ

ရန်ကုန်မြို့ လသာမြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း၁၀၀၀ လုယက်သွားသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက လသာမြို့နယ်မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဇင်ရွှေဆိုင်တွင်ဆိုင်ဖွင့်ရန် ပစ္စည်းချနေစဉ် maskတပ်ထားသော လူနှစ်ဦး ရောက်လာကာ သေနတ်ပြ ခြိမ်းခြောက်ပြီး ရွှေထုပ်နှင့် ငွေများကို လုယက်သွားသည့်လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် အဖျော်ဆရာကို ဒီဇင်ဘာ ၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာမှတစ်ဆင့် CCTV များကို လိုက်လံစစ်ဆေးရာမှ လုယက်မှု
ကျူးလွန်သူများဖြစ်သော သာကေတမြို့နယ် အမှတ်(၈)ရပ်ကွက်မှ ...လက်ဖက်ရည်ဆိုင်ပိုင်ရှင် အောင်ကိုဇင်နှင့် အဖျော်ဆရာစိုးကို၊ သက်သေခံပစ္စည်းများကို လက်ခံသိမ်းဆည်းပေးထားသော မသင်းမိုးကြူတို့ကိုအဆိုပါ လက်ဖက်ရည်ဆိုင်၌ လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ စည်ပင်ရေစက် မောင်းဦးသန်းထွန်းဆိုသူအား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား စစ်ဆေးရာလုယက်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက်သေခံပစ္စည်းငွေနှင့် ရွှေထည်များ၊ ပြစ်မှုကျူးလွန်ရာ တွင် အသုံးပြုခဲ့သည့် လုပ်သေနတ်နှင့် ကျည်များကို သက်သေများရှေ့တွင် သိမ်းဆည်းပြီး ပြစ်မှုဆိုင်ရာဥပဒေအရ တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်ကလည်း တာမွေမြို့နယ် တာမွေကြီး(က/ဂ)ရပ်ကွက် (၁၅၅) လမ်းရှိ
တိုက်ခန်းတစ်ခန်း ဖောက်ထွင်းခံရပြီးငွေသားကျပ် ၁၆ သိန်းနှင့် စက်ဘီး၊လက်ပ်တော့နှင့် နားကပ် စသည့်ပစ္စည်းများ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

image

ထိုင်းနိုင်ငံတွင် တရားမဝင် အခြေအနေရှိနေသည့် မြန်မာ၊လာအို၊ ဗီယက်နမ်နိုင်ငံသားများအတွက် ဘတ်တရားဝင်ဖွင့်

ထိုင်းနိုင်ငံတွင် တရားမဝင် အခြေအနေရှိနေသည့် မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံသားများအားနေထိုင်အလုပ်လုပ်ခွင့်ပြုမည့် ဘတ်ခေါ် ပန်းရောင်ကတ် (Work Permit )ပေးခြင်းအစီအစဉ်ကို ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး အတည်ပြုပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံသားများ၏ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်မှ အခွင့်အာဏာ အပ်နှင်းခြင်းခံရသော အကျိုးဆောင်ကုမ္ပဏီများသည်ဥပဒေနှင့်အညီ အလုပ်လုပ်ခွင့်လျှောက်လွှာအား တင်ပြရမည် ဖြစ်ကြောင်းသိရသည်။
ယခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပသော အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရဖြစ်ပြီး လျှောက်လွှာ တင်သွင်းခြင်းအတွက် အခကြေးငွေများ ပေးသွင်းခြင်းကို www.ework-permit.doe.go.th တွင် ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိသတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နှင့် မတ် ၃၁ ရက်များတွင် အလုပ်လုပ်ခွင့် သက်တမ်း ကုန်မည့် မြန်မာ၊ လာအို၊ ဗီယက်နမ်ရွှေ့ပြောင်းအလုပ်သမား လူဟောင်းများအား တစ်နှစ်သက်တမ်း ထပ်တိုးပေးမည်ဟု အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

image