Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Ranking Update
UFC 317 ပြိုင်ပွဲမှာ Ilia Topuria နဲ့ Joshua Van တို့က အကျိုးအမြတ်အကြီးမားဆုံးပဲ။ Ilia Topuria က Charles Oliveira ကို အလဲထိုးပြီး UFC P4P Ranking မှာ အဆင့် (၁) ဖြစ်လာတယ်။
Ilia Topuria က Alexander Volkanovski ၊ Max Holloway နဲ့ Charles Oliveira တို့ကို ဆက်တိုက်အလဲထိုးနိုင်တာမို့ အခုလိုဖြစ်သွားတာပါ။ Islam Makhachev က ပွဲဝေးနေတာမို့ အဆင့် (၂) ရောက်သွားပါတယ်။
ချင်းလေး Joshua Van က Brandon Royval ကို အမှတ်ပြတ်နိုင်ပြီး UFC Flyweight Ranking မှာ အဆင့် (၁) ဖြစ်လာပါတယ်။ ခါးပတ်လုခွင့်ရတာကိုတော့ အထူးပြောဖို့ မလိုပါဘူး။
သေမြေကြီး ရှင်ရွှေထီးဆိုတဲ့ အခြေအနေမှာ Joshua Van က အနိုင်ရတာမို့ အရှင်မွေးလို့ နေချင်းကြီးဆိုသလို နတ်ရေကန်ထဲ ပစ်ချလိုက်သလိုပဲ (၁၁) ဆင့် ခုန်တက်သွားတာပါ။ Brandon Royval က အဆင့် (၃) ဖြစ်သွားပါတယ်။
ဇူလိုင်လမှာ ကြည့်စရာ
တင်နက်ဆီပြည်နယ် နက်ရှဗီးမြို့မှာ ကျင်းပမယ့် UFC on ESPN 70 ပြိုင်ပွဲမှာ Derrick Lewis နဲ့ Tallison Teixeira တို့က ခေါင်ပွဲထိုးမယ်။ အသက်က သားအဖလောက် မကွာပေမယ့် တူဝရီးလောက်ကွာတယ်။ Derrick Lewis က Prime Time လွန်လာပေမယ့် ပါဝါကျန်ပါသေးတယ်။ ဟဲဗီးဝိတ်လောရှည်လေး Tallison Teixeira က လက်စလက်နရှိတယ်။ ဒါကြောင့်မို့ အဆင့်ကျော်ပြီး ကစားခွင့်ရတာပါ။ Derrick Lewis မလွယ်ပါဘူး။
လူဝီစီယားနားပြည်နယ် နယူးအော်လီယန်မြို့မှာ ကျင်းပမယ့် UFC 318 ပြိုင်ပွဲမှာ Max Holloway နဲ့ Dustin Poirier တို့က ခေါင်ပွဲထိုးကြမှာပါ။ Dustin Poirier က The Last Dance လို့ ဆိုထားပြန်တယ်။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်မလား။ Max Holloway ကလည်း မာဂုဏ်မြင့်တာမို့ သိပ်မလွယ်လှဘူး။
ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ကျင်းပမယ့် UFC on ABC 9 ပြိုင်ပွဲမှာ Robert Whittaker နဲ့ Reinier de Ridder တို့က ခေါင်ပွဲဖြစ်ပါတယ်။ UFC Fight Night ပြိုင်ပွဲအဆင့်ဆိုပေမယ့် ယူအေအီးနိုင်ငံမှာ ကျင်းပမှာမို့ တခြားနာမည်ကြီးတွဲဆိုင်းတွေထည့်ပြီး ဖွယ်ဖွယ်ရာရာ စီစဉ်ထားတယ်။ သက်တူရွယ်တူဆိုပေမယ့် Robert Whittaker က Prime Time လွန်သွားပါပြီ။ Reinier de Ridder က အခုမှတက်တုန်းပါ။