UFC P4P Ranking မှာ အဆင့် (၁) ဖြစ်ဖို့ မလွယ်ပါဘူး။ ခေတ်အဆက်ဆက်မှာ ကစားသမားတွေ ထောင်ချီရှိဖူးပေမယ့် (၁၀) ယောက်ပဲ UFC P4P Ranking မှာ အဆင့် (၁) ဖြစ်ဖူးပါတယ်။
ကုန်ကုန်ပြောရရင် Georges St-Pierre ကြီးတောင် UFC P4P Ranking မှာ အဆင့် (၁) မဖြစ်ဖူးဘူး။ Jon Jones ခေတ်မှာ သွားတိုက်တာကြောင့် ဖြစ်လိမ့်မယ်။ Ilia Topuria က Alexander Volkanovski ၊ Max Holloway နဲ့ Charles Oliveira တို့ကို ဆက်တိုက်အလဲထိုးနိုင်တာမို့ အဆင့် (၁) ချိတ်သွားတာပါ။
ဒဏ်ရာကြောင့် Jon Jones က ပွဲဝေးနေတာမို့ Islam Makhachev က UFC P4P Ranking မှာ အဆင့် (၁) ဖြစ်လာဖူးတယ်။ Islam Makhachev လည်း အခုလိုပွဲဝေးနေချိန်မှာ အလဲထိုးနိုင်ပွဲဆက်နေတဲ့ Ilia Topuria က ခုန်တက်သွားတာပါ။
Islam Makhachev နဲ့ Jack Della Maddalena တွဲဆိုင်းက ဘယ်လိုဖြစ်မလဲ မပြောတတ်ဘူး။ Islam Makhachev သာ ဝယ်တာဝိတ်ချန်ပီယံဖြစ်လာရင် မူလအဆင့် (၁) ကို ပြန်တက်မလား။ နှစ်ကုန်ပိုင်းမှာ Ilia Topuria က ပွဲထိုးချင်သေးတယ်လို့ ပြောထားပြန်တယ်။ Ilia Topuria နဲ့ Islam Makhachev တို့က အဆင့် (၁) နေရာမှာ တက်လိုက်ဆင်းလိုက်ဖြစ်နေလိမ့်မယ်။
