မန်းလေးဟိုတယ်တခုတွင် သေဆုံးနေသော တရုတ်ကျောက်ကုန်သည်တစ်ဦးအားတွေ့ရှိ
နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်း၊ ၃၃-၃၂ လမ်းကြားရှိ ဟိုတယ်တစ်ခုတွင် သေဆုံးနေသောနိုင်ငံခြားသားတစ်ဦး ရုပ်အလောင်းတွေ့ရှိမှု နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အလောင်းကို သွားရောက်သယ်ဆောင်ကူညီပေးသည့် မဏီစလ လူမှုကူညီရေးအသင်း (မန္တလေး)ထံမှ သိရပါတယ်။
သေဆုံးသော နိုင်ငံခြားသားမှာ အသက် ၄၃ နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသား Mo.ZHI JUN ဖြစ်ပြီး ကျောက်ကုန်သည်တစ်ဦးလည်းဖြစ်တယ်လို့ဆိုပါတယ်။သေဆုံးသူ အမျိုးသားမှာ ဟိုတယ်တွင် ရက်ရှည်တည်းခိုနေသူလည်းဖြစ်ကာ နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ၄ ရက်ကြာသည်အထိ အခန်းထဲမှ ထွက်မလာခဲ့ရာအခန်းတွင်း သန့်ရှင်းရေးလုပ်ဆောင်ရန်သွားရောက်သည့် ဝန်ထမ်းမှ တည်းခိုနေသည့် တရုတ်နိုင်ငံသား သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
သေဆုံးသူ၏ရုပ်အလောင်းကို မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး)မှ အသင်းဝင်များက မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
#centralnewsnaypyitaw