Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Xiaomi Power Bank တွေထက် မိုက်တယ် 👀
.
မနေ့တုန်းက vivo ကနေ X Fold 5 Foldable ဖုန်းအသစ်ကို မိတ်ဆက်ခဲ့တယ်.. ဖုန်းအကြောင်းက ပျင်းတာနဲ့ ပြန်မရေးချင်ပေမယ့် သဘောကျသွားတာက အတူမိတ်ဆက်သွားတဲ့ Power Bank ပါ။
အဓိကသဘောကျသွားတာက vivo Power Bank အသစ်က တော်တော်လေးကို ပါးပြီး ပေါ့တယ်။ အထူက 1.5cm နဲ့ အလေးချိန်က 181g ပဲရှိမယ်။ သုံးနေတဲ့ Xiaomi Power Bank လိုမျိုးပဲ USB-C ကြိုးကလည်း တခါတည်းပါပြီးသား... Xiaomi လိုမျိုးပဲ 22.5W Output ရမယ်၊ ပိုမိုက်တာက 10000mAh အတူတူကိုမှ Xiaomi ထက် ပိုပါး၊ ပိုပေါ့တာပဲ။
အရင်ကတော့ Silver နဲ့ Pink ဆိုပြီး ၂ မျိုးထွက်တယ်။ Pink လေးက လက်ဆောင်ပေးလို့ကောင်းလောက်မယ်။ စျေးကလည်း 99 Yuan ဆိုတော့ ၆ သောင်း၊ ၇ သောင်းလောက်ပဲဆိုရင် တော်တော်လေး တန်တယ်လို့ မြင်တာပဲ 🫠
Camera တွေကို စားပွဲပေါ် အံစာပစ်သလို ပစ်ပြီး ကျတဲ့အတိုင်း ဒီဇိုင်းထုတ်နေသလားပဲ 🫠
.
လာမယ့် ဇူလိုင်လ (၁) ရက်နေ့မှာ Nothing ကနေ Qualcomm Snapdragon 8s Gen 4 Chipset ကို သုံးလာမယ့် Nothing Phone 3 ကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။
အခုဆိုရင် Nothing Phone 3 ရဲ့ ဒီဇိုင်းပုံစံကို Android Headlines ကနေ ကြိုတင်ဖော်ပြလိုက်ပါပြီ။ အရောင်အနေနဲ့ကတော့ အနက်ရောင်နဲ့ အဖြူရောင်ဆိုပြီး ၂ မျိုးထွက်လာမယ်။
အရှေ့မှာ ပြောထားသလိုပဲ Nothing ရဲ့ Signature လို့ပြောရမယ့် Glyph Interface Lighting က မရှိတော့ဘူး။ အဲ့ဒီအစား အနောက်ဖက် ညာဘက်ခြမ်း အပေါ်ထောင့်မှာ Mini LED Display လိုမျိုး အသေးလေးပဲ ပါတော့မယ်။ ဒါပေမယ့် Color နဲ့မဟုတ်ပဲ Black & White ပဲဖြစ်မယ့်ပုံစံပဲ။
ပြီးတော့ ကင်မရာတွေမှာ လက်ရှိအတည်ပြုထားတာက 50MP 3x Periscope Telephoto Camera တစ်ခုပါမယ်။ ကင်မရာဒီဇိုင်းက လုံးဝကို Symmertical မဖြစ်တော့ပဲ တွေ့ရာနေရာကောက်တပ်ထားသလိုပဲ။ Telephoto Camera ဆိုရင် ဘယ်ဘက်အပေါ်ထောင့်မှာ သီးသန့်တပ်ထားတယ်။
ကောင်းတာတစ်ခုကတော့ Display က ဘေးဘောင်တွေ ပိုပြီး ပါးသွားမယ်။ Punch-hole Selfie Camera နဲ့ပဲ။
Personally ကတော့ အရှေ့တုန်းက Glyph Interface နဲ့ Nothing Phone ဒီဇိုင်းတွေကို ပိုသဘောကျမိတယ်။ Phone (3a) Pro မှာ စပြီး ကင်မရာဒီဇိုင်းကို တကယ် တလွဲတွေ ဆက်တိုက်လုပ်နေတာပဲ 🫠