အင်တာမီလန်အသင်းနဲ့ ကာတစ်ဂျုံးစ် ယနေ့ဆေးစစ်မှုပြုလုပ်ဖွယ်ရှိ

စီးရီးအေကလပ် အင်တာမီလန်အသင်းအနေနဲ့ လီဗာပူးလ်ကွင်းလယ်လူ ကာတစ်ဂျုံးစ်ကို ခေါ်ယူရန်သဘောတူညီမှုရယူနိုင်ခဲ့ပြီးနောက် ယနေ့ ဆေးစစ်ဖွယ်ရှိကြောင်း သိရပါတယ်။
အင်တာမီလန်အသင်းဟာ ကွင်းလယ်ပိုင်းအားဖြည့်ရန်အတွက် ကာတစ်ဂျုံးစ် (၂၅ နှစ်)ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀)+ Add-ons (၅)သန်းအသုံးပြုခဲ့ရတာပါ။
အင်တာမီလန်အသင်းအနေနဲ့ ကာတစ်ဂျုံးစ်ကို ပြန်လည်ရောင်းချခဲ့ပါက လီဗာပူးလ်အသင်းကို (၁၀)ရာခိုင်နှုန်းပေးချေရမယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
လီဗာပူးလ်အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ ကာတစ်ဂျုံးစ်ဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် (၁၅၃)ပွဲကစားပြီး (၁၁)ဂိုးသွင်းယူခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ စပါးနောက်ခံလူ စပန့်ကိုလည်း ခေါ်ယူထားပြီး အခုအပြောင်းအရွှေ့မှာ ကာတစ်ဂျုံးစ်အနေနဲ့ အင်တာမီလန်ကိုပြောင်းရွှေ့ခွင့်ရတဲ့ ဒုတိယမြောက်ပရီးမီးယားလိဂ်ကစားသမားဖြစ်လာမှာပါ။

image

ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူခဲ့ကြောင်း ဘာစီလိုနာအတည်ပြု

စပိန်ထိပ်သီး ဘာစီလိုနာအသင်းဟာ ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့လမ်းခွဲခဲ့တဲ့ ကန်ဆယ်လိုကို ဘာစီလိုနာအသင်းအနေနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။
(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်ဆယ်လိုဟာ ဘာစီလိုနာအသင်းမှာ ၂၀၂၃-၂၄ ရာသီနဲ့ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီတွေမှာ အငှားကစားခဲ့ဖူးပြီး အခုချိန်မှာတော့ ကက်တလန်ကလပ်နဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ကစားဖူးခဲ့တဲ့ ကန်ဆယ်လိုဟာ ဆုဖလားအောင်မြင်မှုများစွာရယူနိုင်ခဲ့သူပါ။
ကန်ဆယ်လိုဟာ အခုအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းခေါ်ယူခဲ့တဲ့ (၅)ဦးမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

image

စပါးအသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုး အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့

စပိန်ကလပ်အက်သလက်တီကိုအသင်းဟာ စပါးအသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးကို ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ ရိုမဲရိုးအတွက် စပါးအသင်းကို ယူရိုသန်း (၄၀)ပေးချေခဲ့ရပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ရိုမဲရိုးအနေနဲ့ အက်သလက်တီကိုအသင်းမှာ ကျောနံပါတ် (၂၁)ကိုဝတ်ဆင်သွားမှာဖြစ်ပြီး ဆုဖလားတွေအတွက် အကောင်းဆုံးတိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။
(၂၈)နှစ်အရွယ် ရိုမဲရိုးဟာ စပါးအသင်း ၁၇ နှစ်အတွင်း ပထမဆုံးမေဂျာဖလားအဖြစ် ၂၀၂၅ ခုနှစ်မှာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။
ဒါပေမဲ့ စပါးနည်းပြသစ် ဒီဇယ်ဘီနဲ့ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် ရိုမဲရိုးအနေနဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

image

တောင်ပံကစားသမား မင်တက်အတွက် လီဗာပူးလ်ရဲ့ ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းမှုကို ဘရိုက်တန်ငြင်းပယ်

လီဗာပူးလ်အသင်းဟာ ဘရိုက်တန်အသင်းက ဂမ်ဘီယာလက်ရွေးစင် တောင်ပံကစားသမား ယန်ကူဘာမင်တက်ကို ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက ဆာလာနေရာ အစားထိုးဖို့ တိုက်စစ်ကစားသမားသစ် ရှာဖွေနေရာမှာ မင်တက်ကလည်း ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တာကြောင့် ဈေးကွက်ပိတ်ဖို့ နီးကပ်လာချိန်မှာ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဘရိုက်တန်အသင်းက မင်တက်ရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်ထားခြင်းမရှိပေမဲ့ ဒီထက်မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိလိုတာကြောင့် လီဗာပူးလ်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဘရိုက်တန်အသင်းက မင်တက်(၂၂ နှစ်)ကို ၂၀၂၄ နွေရာသီမှာ နယူးကာဆယ်ကနေ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုထားတာပါ။
မင်တက်က ပြီးခဲ့တဲ့နှစ်ရာသီမှာ ဘရိုက်တန်အသင်းအတွက် ပရီးမီးယားလိဂ်(၆၆)ပွဲကစားပြီး (၉)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၈)ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ မင်တက်က ရိုးမားနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ ညာခြေထောက်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် (၈)ပတ်ဝန်းကျင် အနားယူရဖို့ ရှိနေပေမဲ့ လီဗာပူးလ်အသင်းက ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

image

ထိုင်းဖိုက်တာ ကိုမာဝတ်တွင် အားနည်းချက်မရှိကြောင်းနဲ့ ဖိုက်တာကောင်းဖြစ်ကြောင်း ကျော်စွာဝင်း ဆို

မြန်မာဖိုက်တာ ကျော်စွာဝင်းက သူနဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ကိုမာဝတ်တွင် အားနည်းချက်မရှိကြောင်းနဲ့ ဖိုက်တာကောင်းတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကျော်စွာဝင်းက" သူ့ (ကိုမာဝတ်) ပွဲတွေကို လေ့လာထားပါတယ်။ သူ့မှာ အားနည်းချက်က မရှိပါဘူး။ သူက ဖိုက်တာကောင်းတစ်ယောက်ပါ။ သူ့ရဲ့ လက်သီးထိုးချက်တွေကလည်း ကောင်းပါတယ်။ လက်အိတ်ရော အမှတ်ပေးစနစ်တွေရော ကျွန်တော်နဲ့ အသားကျနေပါပြ" ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာဖိုက်တာများဖြစ်တဲ့ ကျော်စွာဝင်းနဲ့ စောမင်းမင်းတို့ နှစ်ဦးစလုံးဟာ ONE Friday Fights 167 ပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းဖိုက်တာများနဲ့ ထိုးသတ်ရမှာဖြစ်ကြောင်း သိရပါတယ်။
ONE Friday Fights 167 ပြိုင်ပွဲကို ဒီညနေ (သြဂုတ် ၂၁) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ပြိုင်ပွဲကို ထုံးစံအတိုင်း နှစ်ပိုင်းခွဲကျင်းပမှာဖြစ်ပြီး ပထမပိုင်းဖြစ်တဲ့ The Inner Circle တွင် တွဲဆိုင်း ၅ ဆိုင်း၊ ဒုတိယပိုင်းတွင် တွဲဆိုင်း ၉ ဆိုင်း၊ စုစုပေါင်း တွဲဆိုင်း ၁၄ ဆိုင်း ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။
ONE Championship ပရိုမိုးရှင်းဟာ ယခုနှစ်ဆန်းပိုင်းမှစပြီး ပထမပိုင်းဖြစ်တဲ့ The Inner Circle ကို Paper View (အခပေး) အဖြစ် ထုတ်လွှင့်နေပြီး ဒုတိယပိုင်းကိုသာ အခမဲ့ထုတ်လွှင့်ပေးနေခြင်း ဖြစ်ပါတယ်။
ယခုတစ်ပတ်ကျင်းပမယ့် ONE Friday Fights 167 ပြိုင်ပွဲတွင် မြန်မာဖိုက်တာများဖြစ်တဲ့ ကျော်စွာဝင်းနဲ့ စောမင်းမင်းတို့ နှစ်ဦးစလုံးရဲ့ တွဲဆိုင်းများမှာ Paper View (အခပေး) ဖြင့် ထုတ်လွှင့်မယ့် ပထမပိုင်း The Inner Circle တွင် ပါဝင်နေလျက်ရှိပါတယ်။
ဒါကြောင့် ပြည်တွင်း၊ ပြည်ပမှ မြန်မာပရိသတ်များအနေနဲ့ ONE Championship တွင် လစဉ်ကြေး၊ နှစ်စဉ်ကြေး ပေးသွင်းဝယ်ယူပြီးမှသာကြည့်ရှုခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာဖိုက်တာ စောမင်းမင်းဟာ ပထမပိုင်း The Inner Circle ၏ ပွဲစဉ် ၃ တွင် ထိုင်းဖိုက်တာ ယော့ဖူးပနဲ့ လည်းကောင်း၊ မြန်မာဖိုက်တာ ကျော်စွာဝင်းဟာ ပွဲစဉ် ၄ တွင် ထိုင်းဖိုက်တာ ကိုမာဝတ်နဲ့ လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။
စောမင်းမင်းဟာ မူလက ထိုင်းနာမည်ကြီးဖိုက်တာ စူရီယာလက်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း စူရီယာလက်မှာ မတော်တဆမှုကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်ပါတယ်။
စောမင်းမင်းဟာ ONE Championship တွင် ၆ ပွဲထိုးသတ်ထားပြီး ၃ ပွဲနိုင်၊ ၃ ပွဲရှုံးနိမ့်ထားပါတယ်။
စောမင်းမင်းဟာ နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားသောကြောင့် ယခုတစ်ပတ်ပွဲကို အနိုင်ရရှိရန် လိုအပ်မှာဖြစ်ပါတယ်။
ကျော်စွာဝင်းဟာ ONE Championship တွင် ၃ ပွဲ ထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။
ကျော်စွာဝင်းဟာ ဂျပန်ဖိုက်တာ မူဂါကို အလဲထိုး၊ ထိုင်းဖိုက်တာ ဆလေတန်ကို အမှတ်ဖြင့် အနိုင်ရထားခြင်းဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဩဂုတ် ၂၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၃၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၂၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၃၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၈၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၃၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၁၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၇၀ ကျပ်
ဝယ်ဈေး - ၄၂၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၀ ကျပ်
ဝယ်ဈေး - ၃၃၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၁၁၀ ကျပ်
ဝယ်ဈေး - ၄၉၈၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၅ ကျပ်
ဝယ်ဈေး - ၁၃၀.၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၀ ကျပ်
ဝယ်ဈေး - ၁၀၅၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၅၀ ကျပ်
ဝယ်ဈေး - ၆၃၃ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၆၆ ကျပ်
ဝယ်ဈေး - ၂၆.၉၇ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၉၆ ကျပ်
ဝယ်ဈေး - ၄၄.၈၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၇ ကျပ်
ဝယ်ဈေး - ၃.၀၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၆၁ ကျပ်
ဝယ်ဈေး - ၅၈၁၂ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၄၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၉ ကျပ်
ဝယ်ဈေး - ၃၀၉၄ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၇ ကျပ်
ဝယ်ဈေး - ၅၄၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၁ ကျပ်
ဝယ်ဈေး - ၁၁၆၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
7 w - Translate

Hello Day 4

image
7 w - Translate

😉😉မျိုင်းဝတီမြို့၊ ကရင်ပြည်နယ် ရေချိုကျိုင်းဒေသ်ရှိ လှည့်ကွက်နှင့် အွန်လိုင်းလောင်းကစားရေးဆိုင်ရာ တရားမဝင်အဆောက်အအုံ စုစုပေါင်း ဖြိုဖျက်ပြီးစီးခဲ့သည် (ဇူလိုင် ၂၆ ရက်)
ကရင်ပြည်နယ်၊ မျိုင်းဝတီမြို့ ရေချိုကျိုင်းဒေသရှိ လှည့်ကွက်နှင့် အွန်လိုင်းလောင်းကစားရေးဆိုင်ရာ တရားမဝင်အဆောက်အအုံ ၇၇ စုစုပေါင်း လုံးဝဖြိုဖျက်ပြီးစီးခဲ့ပြီး၊ နောက်ဆုံးအဆောက်အအုံ ၁၇ ထပ်အဆောက်အအုံကို ပေါက်ကွဲဖျက်ဆီးခဲ့သည်။ မေလက စတင်ဖြိုဖျက်ခဲ့ပြီး၊ ပေါက်ကွဲဖျက်ဆီးခြင်း ၂၀ အုပ်၊ စက်ဖြင့်ဖြိုဖျက်ခြင်း ၅၇ အုပ်ပြုလုပ်ခဲ့ပြီး၊ ရှည်ကြာစွာ ထိုဒေသတွင်အမြစ်တွယ်နေကြသည့် အကြီးစားလှည့်ကွက်အခြေစိုက်စခန်းများ လုံးဝပျက်စီးသွားခဲ့သည်။ တရုတ်-မြန်မာ ရဲအဖွဲ့များ အပြန်အလှန်ပူးပေါင်းကာ ဖြတ်ကျော်လှည့်ကွက်ကို တိုက်ဖျက်ရေးတွင် ထင်ရှားသောအောင်မြင်မှုရရှိခဲ့သည်။