2 ပတ် - ဘာသာပြန်ပါ။

ထူးဆန်းတဲ့ကောင်မလေး နှင့် သားရဲကောင်ကြီးရဲ့ အချစ်ဇာတ်လမ်း

B_e-a_u-t_y a_n-d t_h-e B_e-a_s-t (1991)

အညွှန်း* 🔽🔽🔽

ဇာတ်ကားလေးမှာတော့ မြတ်နိုးတန်ဖိုးထားခံရတဲ့ ဘဲလ်ဆိုတဲ့ဇာတ်ကောင်နဲ့ သွင်ပြင်ဆိုးဆိုး သားရဲကောင်ကြီးတိုကြားက(သေချာလေး ကြည့်ကြည့်မိရင် သတိထားမိရင်) အဓိပ္ပါယ်တွေများစွာရှိတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ စာဂျပိုးလေးလို ပြောလိုရတဲ့ဘဲလ်ဟာ သူ့မြိုငယ်လေးမှာတော့ လူတောမတိုးတဲ့မိန်းကလေးတစ်ယောက်လို၊ ထူးဆန်းပြီးကြောင်တောင်တောင်လို ထင်မြင်ခံရတဲ့မိန်းကလေးတစ်ယောက်လိုသတ်မှတ်ခံရတဲ့ မိန်းကလေးတစ်ယောက်ပေါ့။နိစ္စဓူဝငြီးငွေ့စရာ (အဲ့ဒီအချိန်တွေတုန်းက) သတ်မှတ်ထားတဲ့စံဆိုတာတွေနဲ့ မကိုက်လို လူဝင်မဆန့်သလိုဖြစ်နေတဲ့မိန်းမလှလေး ဘဲလ်နဲ့ လူတွေအဝေးမှာ သီးခြားပုန်းအောင်းရှင်သန်နေတဲ့ကျိန်စာသင့် သားရဲကောင်မင်းသားလေးတိုရဲ့ ဇာတ်လမ်းလေးပါ....

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/307
https://t.me/Bhone2312/307

image
2 ပတ် - ဘာသာပြန်ပါ။

M_i-g_r-a_t-i_o-n (2023)

အညွှန်း* 🔽🔽🔽

ဒီဘဲမိသားစု‌လေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲအမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ...။ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးကပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတိုသဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်...။ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/309
https://t.me/Bhone2312/309

image
2 ပတ် - ဘာသာပြန်ပါ။

TON 618 ဆိုတာ လူသားတွေ ရှာဖွေတွေ့ရှိထားသမျှ မရေတွက်နိုင်တဲ့ အနန္တ စကြဝဠာ (Observable Universe) ထဲ အကြီးဆုံးတွင်းနက်ကြီးပါ။
ကမ္ဘာကနေ အလင်းနှစ် ၁၀.၄ ဘီလီယံ အကွာအဝေးမှာ ရှိနေတာဖြစ်ပြီး သူ့ ဒြပ်ထုကို အနီးစပ်ဆုံးပြောရရင် နေ အလုံးပေါင်း ၆၆ ဘီလီယံ စာလောက် ရှိပါတယ်။ နေအဖွဲ့အစည်းလို အစုအဝေးပေါင်း ထောင်သောင်းချီကို တခဏအတွင်း စုပ်ယူပစ်နိုင်ပါတယ်။
ဒီပုံကတော့ ကိုယ်တွေနေတဲ့ ကမ္ဘာမြေကြီးရှိရာ နေအဖွဲ့အစည်းကို TON 618 ဆိုတဲ့ တွင်းနက်ကြီးနဲ့ နှိုင်းယှဉ်ပြထားတာပဲ ဖြစ်ပါတယ်။
အလယ်က မြားပြထားတဲ့ အစက်လေး တစက် ကတော့ နေ၊ ကမ္ဘာ၊ ဗီးနပ်စ်၊ ဂျူပီတာ၊ မားစ်၊ မာကျူရီ ၊ စေတန် ၊ ယူရေးနပ်စ်၊ နပ္ပကျွန်း ဂြိုဟ်တွေပေါ့။
တကယ်တော့ စကြာဝဠာထဲမှာ လူသားဆိုတာ တည်ရှိနေမှန်းသတိထားဖို့တောင် ခက်လွန်းတဲ့ အမှုန်အမွှားဆိုတာထက်ကို သေးငယ်လွန်းလှပါတယ်။

image
2 ပတ် - ဘာသာပြန်ပါ။

လူသားတွေဟာ ရေ ကို အခဲ ၊ အရည် ၊ ရေငွေ့ ဆိုတဲ့ ပုံစံ (၃) မျိုးနဲ့ပဲ တည်ရှိနိုင်တယ် ဆိုပြီး သိထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအယူအဆကို ပိုပြီး တိုးတက်လာစေတဲ့ တွေ့ရှိမှုကို နပ္ပကျွန်း နဲ့ ယူရေးနပ်စ် တို့မှာ ရှာဖွေနိုင်ခဲ့ပါပြီ။ အဲ့ဒီ စတုတ္ထမြောက် တည်ရှိမှုပုံစံကို “ဆူပါအိုင်ယွန်းနစ်ခဲရည်” လို့ အမည်ပေးထားပါတယ်။
ရေဟာ လွန်ကဲတဲ့ အပူချိန်နဲ့ ဖိအားအောက်ရောက်ရင် အခဲ အခြေအနေမှာရော အရည် အခြေအနေမှာပါ တပြိုင်နက် တည်နေတဲ့ ပုံစံပါ။ ဒီနေရာမှာ “တပြိုင်နက်” ဆိုတဲ့စကားလုံးက သိပ်အရေးကြီးပါတယ်။ ရေက အငွေ့ပျံနေဆဲ အခြေအနေမျိုး၊ ရေကနေ ရေခဲဖြစ်နေဆဲ အခြေအနေမျိုး၊ ရေခဲ အရည်ပျော်နေဆဲ အခြေအနေမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဆူပါအိုင်ယွန်းနစ်ခဲရည် ဆိုတာ Liquid Hydrogen နဲ့ Crystallised Oxygen အတူတကွ တည်ရှိနေတာမျိုးပါ။
Hydrogen နဲ့ Oxygen ပါတဲ့ H2O molecules ရဲ့
အောက်ဆီဂျင် အက်တမ်တွေဟာ ပုံဆောင်ခဲအဖြစ်ကို ရောက်သွားပြီး ဟိုက်ဒြိုဂျင် အက်တမ်တွေကတော့ အရည်သဘာဝကိုယူပြီး free-flow state ဖြစ်သွားပါတယ်။ ဒီ အခြေအနေမှာ ရေ ဟာ အနက်ရောင်ဖြစ်နေပြီး၊ သိပ်သည်းဆ အလွန်မြင့်ကာ တခြား သတ္တုတွေလိုပဲ လျှပ်စစ်စီးနိုင်ဦးမှာ ဖြစ်ပါတယ်။
ဒီတွေ့ရှိမှုကနေ ရေခဲဖုံးလွှမ်းတဲ့ ဂြိုဟ်တွေရဲ့ ထူးဆန်းရှုပ်ထွေးတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းတွေအကြောင်းကို ကနဦး လေ့လာနိုင်မှာဖြစ်ပြီး ၊ ရေနဲ့ ပတ်သက်လို့ လက်ခံထားတဲ့ ရူပဗေဒ သဘောတရားတွေကိုလည်း ပြန်လည်သုံးသပ်ရတော့မှာ ဖြစ်ပါတယ်။
ရေဟာ အဲ့ဒီလို အင်မတန် ပူပြင်းပြီး ဖိအားများပြားတဲ့ ပတ်ဝန်းကျင် အခြေအနေမှာ ဒီပုံစံနဲ့ တည်ရှိနေနိုင်သေးတယ်ဆိုရင် တခြား မထင်မှတ်ထားတဲ့ အခြေအနေမှာရော ဘယ်လိုပုံစံနဲ့ ရှိနေနိုင်ဦးမလဲ။ လူသားတွေ သိထားသမျှ သိပ္ပံပညာ၊ ရူပဗေဒ သဘောတရားနဲ့ တခြားတွေ့ရှိချက်တွေဟာ အလွန်ကျယ်ပြောတဲ့ စကြဝဠာကြီးထဲက ထူးခြားဆန်းကြယ်မှုတွေရဲ့ ဘယ်နှရာခိုင်နှုန်းလောက်ပဲ ရှိနေသေးတာလဲ။ လူတွေနေတဲ့ နေအဖွဲ့အစည်းမှာတင် စူးစမ်းလေ့လာစရာ မကုန်နိုင်အောင်ကို များပြားလွန်းလျက် ရှိနေပါသေးတယ်။

image
2 ပတ် - ဘာသာပြန်ပါ။ - Youtube

လက်သံပြောင်တဲ့ ထမင်းချက်အန်တီကြီး

2 ပတ် - ဘာသာပြန်ပါ။ - Youtube

စက်ရပ်သွားတာမဟုတ်ဘူး ရက်စက်သွားတာ

2 ပတ် - ဘာသာပြန်ပါ။ - Youtube

မြန်မာမှာ ခတ်တဲ့ Game အကုန်နိုင်ထားတဲ့ Streamer ကွ (Bokyar Die Again Final)

2 ပတ် - ဘာသာပြန်ပါ။

နေအဖွဲ့အစည်းအတွင်း အမြင့်ဆုံးတောင်ဟာ
မားစ်ဂြိုဟ်ပေါ်က အိုလံပစ်မွန်း တောင်ပါ။ အမြင့်အားဖြင့် ၂၂ ကီလိုမီတာ မြင့်ပါတယ်။ အများသိကြတဲ့
ကမ္ဘာ့အမြင့်ဆုံးတောင် ဧဝရက်ရဲ့ အမြင့်ကတော့ ၈.၈ ကီလိုမီတာပါ။
(ထပ်တိုး) -
မားစ်ဂြိုဟ်မှာ တောင်ရဲ့အမြင့်ကို ဘယ်လိုတိုင်းလဲ။
မားစ်ဂြိုဟ်လေ့လာရေး အာကာသယာဉ်မှာ ထည့်ပေးလိုက်တဲ့ Laser Altimeter ဆိုတဲ့ စက်နဲ့ တိုင်းပါတယ်။
မြင်ရတဲ့ အခြေကနေ ထိပ်ထိ တိုင်းမယ်ဆိုရင် ၂၇ ကီလိုမီတာ လောက် ရှိသွားမှာပါ။ ဒါပေမဲ့ ကမ္ဘာက စံသတ်မှတ်ချက်နဲ့ အဲ့လို ယူလို့ မရပါဘူး။ မျက်နှာပြင်အလွှာတွေကို တိုင်းတဲ့အခါ သုံးတဲ့ တခြားနည်းတွေထဲက atmospheric pressure ကို ယူပါတယ်။ zero datum point ကို setup လုပ်ပါတယ်။ အိုလံပစ်မွန်းဟာ မားစ်ပေါ်က အမေဇိုနစ်မျက်နှာပြင်ပေါ်မှာ ရှိနေတာပါ။ (ကမ္ဘာပေါ်က အိုင်စ်လန် နဲ့ ဖွဲ့စည်းပုံချင်း တူပါတယ်) သူ့ရဲ့ အောက်မှတ်ဟာ Zero Datum ရဲ့ အောက် ၄.၅ ကီလိုမီတာ ဖြစ်ပါတယ်။
မားစ်မှာရှိနေတာ ဒီတောင်တလုံးတည်း မဟုတ်ပါဘူး။တခြားတောင်တွေလည်း ရှိသလို ဧဝရက်ထက် မြင့်တဲ့တောင် နောက်ထပ် ၂ လုံး ရှိပါသေးတယ်။ ခုက နေအဖွဲ့အစည်းထဲ အကြီးဆုံးကို ပြောနေတာမို့ ကျန်တာ ထည့်မပြောတာပါ။ မားစ်မှာ အနိမ့်ဆုံးနေရာက ဟယ်လာ ချိုင့်ဖြစ်ပြီး Datum အောက် ၇.၂ ကီလိုမီတာ နိမ့်ပါတယ်။

image
2 ပတ် - ဘာသာပြန်ပါ။ - Youtube

🤯 လာမဲ့ Update Version 3.9 မှာ တွေ့ရမဲ့ Transformer Mode အသစ် || PUBG Mobile


2 ပတ် - ဘာသာပြန်ပါ။ - Youtube

😍 ဖုန်း အနိမ့်နဲ့ PUBG Mobile ပစ်နေကြတဲ့ သူငယ်ချင်းတို့အတွက် သတင်းကောင်း || ရွှေရောင်ပုံး