နိုဝင်ဘာ ၂၆ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
32 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။​ဒေါ်နယ်ထရမ့်၏တရားမဝင်ခိုးဝင်လာသူများကိုအစုလိုက်အပြုံလိုက်ပြည်နှင်ဒဏ်​ပေးမည့်အစီအစဥ်ကိုအ​မေရိကန်လူထု၅၇%က​ထောက်ခံသည်။အ​မေရိကန်တွင်တရားမဝင်ခိုးဝင်​နေထိုင်သူ၁၁သန်းမှ၃၅သန်းအကြားရှိသည်။

၂။ရုရှား​လေ​ကြောင်း၏ဆူခွိင်းဆူပါဂျက်၁၀၀သည်တူရကီ​လေဆိပ်တွင်ဆင်းသက်စဥ်ယမန်​နေ့ညကအင်ဂျင်မီး​လောင်မှုဖြစ်ပွားခဲ့​သော်လည်းခရီးသည်များထိခိုက်ဒဏ်ရာမရခဲ့​ပေ။

၃။ရို​မေးနီးယားသမ္မတ​ရွေး​ကောက်ပွဲပထမအ​ကျော့တွင်ယူကရိန်းသိုလက်နက်နှင့်​ငွေ​ကြေး​ထောက်ပံ့ခြင်းကိုကန့်ကွက်သူအမျိုးသား​ရေးဝါဒီကားလင်း​ဂျောချ့်စကူကဦး​ဆောင်လျက်ရှိသည်။

၄။ယူကရိန်းနိုင်ငံခြား​ရေးဝန်ကြီး​ဟောင်းကူလီဘာကယူကရိန်းသည်ရုရှား၏တာလတ်ပစ်ဒုံးကျည်အိုရီရှက်နစ်ဖြင့်ထပ်မံတိုက်ခိုက်မည့်အ​ပေါ်စိုးရိမ်ပူပန်​နေ​ကြောင်း​ပြောကြားလိုက်သည်။

၅။ဗြိတိန်တွင်​ရွေး​ကောက်ပွဲအမြန်ဆုံးကျင်းပရန်လူ​ပေါင်းတစ်သန်း​ကျော်ကအွန်လိုင်းတွင်လက်မှတ်​ရေးထိုး​တောင်းဆိုလိုက်သည်။

၆။အင်္ဂလိပ်မဂ္ဂ​ဇင်းအီကိုနောမစ်ကစစ်ပန်း​နေ​သောယူကရိန်းစစ်သား၇၀%သည်ရုရှားကိုနယ်​မြေအချို​ပေးပြီးစစ်ကိုရပ်စဲရန်လိုလား​နေသည်ဟု​ဖော်ပြလိုက်သည်။

NOM

32 w - Translate

"Bitcoin သည် 2027 နှစ်ကုန်တွင် $500,000 သို့ ရောက်ရှိနိုင်သည် ဟု Metafide CEOမှ ပြောကြား။"
ရွေးကောက်ခံသမ္မတ Donald Trump ၏crypto လိုလားသောစကားလုံးများသည် crypto နှင့်ဆက်စပ်သောစတော့ရှယ်ယာများကိုပိုမိုမြင့်မားစေသောကြောင့် Bitcoin (BTC-USD) သည် ဒေါ်လာ တစ်သိန်းအထိ ရောက်ရှိခဲ့သည်။

Trump သည်သူ၏ဒုတိယသမ္မတသက်တမ်းတွင် crypto အေဂျင်စီတစ်ခုကို တည်ထောင်ပေးပါက Bitcoin ကိုပိုင်ဆိုင်မှုကိုတရားဝင်ဖြစ်အောင်ကူညီပေးပြီး "ပိုမိုတည်ငြိမ်မှု" ကိုထည့်သွင်းပြောကြားခဲ့သည်။ “လူတွေ များလာတာနဲ့အမျှ စျေးကွက်က ချောမွေ့လာမယ်၊ အချိန်ကြာလာတာနဲ့အမျှ ရင့်ကျက်တဲ့ စျေးကွက်တစ်ခုလို ပိုဖြစ်လာမယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

image
32 w - Translate

Love yourself because at the end you only have you...

image
32 w - Translate

ကလောမြို့နယ်တွင် ဆီဘောက်ဆာကားတိမ်းမှော-က်ပြီး ဓာတ်ဆီများယိုစိမ့်ခဲ့

ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် ယနေ့ နိုဝင် ဘာ ၂၅ ရက်မွန်းတည့် ၁၂ နာရီခန့်က ဆီဘောက်ဆာကားတစ်စီးတိမ်းမှေ-ာက်ကာ ဓာတ်ဆီများယိုစိမ့်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ရေယားကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၆၉/၁ တွင် ဆီဘောက်ဆာကားတစ်စီးတိမ်းမှော-က်ကာ ဓာတ်ဆီများယိုစိမ့်လျက်ရှိသဖြင့် ကလောမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုမဖြစ်စေရန်သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ယိုစိမ့်နေသည့် ဓာတ်ဆီများပေါ်သို့ အမြှုပ်ဆေးရည်ဖြင့် ဖုံး အုပ်ပက်ဖျန်းခြင်း၊ တိမ်းမှော-က်နေသည့် ဆီဘောက်ဆာကားပေါ်မှဓာတ်ဆီများကို အခြားဆီဘောက်ဆာကားပေါ်သို့ရွှေ့ပြောင်းရာ၌ မီးလောင်မှုမဖြစ်စေရန် အအေးပေးခြင်းလုပ်ငန်းများကို ကူညီပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်မှုကြောင့် နေ့လည် ၃ နာရီခွဲတွင် ကူညီမှုလုပ်ငန်းများအောင်မြင်စွာပြီးဆုံးခဲ့ပြီး ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

image
32 w - Translate

မိုင်းကင်းစင်ရေးကမ္ဘာ့ထိပ်သီးအစည်းအဝေး ကမ္ဘောဒီးယား၌ကျင်းပ

စီရမ်ရိဒ်ပ်၊နိုဝင်ဘာ ၂၅

မိုင်းကင်းစင်ရေးကမ္ဘာ့ထိပ်သီးအစည်းအဝေး Siem Reap-Angkor Summit ကို ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း စီရမ်ရိဒ်ပ်ပြည်နယ်၌ တနင်္လာနေ့ကကျင်းပခဲ့ပြီး မိုင်းအန္တရာယ်ကင်းရှင်းကာ ပိုမိုငြိမ်းချမ်းသည့်ကမ္ဘာကြီးကိုတည်ဆောက်ရန် ဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။

Ottawa Treaty မိုင်းကင်းရှင်း‌ရေးညီလာခံတွင် ပြည်နယ်ပါတီများဖြစ်သည့် နိုင်ငံပေါင်း ၁၅၀ ကျော်မှ ကိုယ်စားလှယ်များလည်းပါဝင်ကြောင်းသိရသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က ၁၉၉၈ ခုနှစ်တွင် နိုင်ငံ၌ ငြိမ်းချမ်းရေးကိုအပြည့်အဝရရှိခဲ့သော်လည်း မြေမြှု-ပ်မိုင်းများ၏အန္တရာယ်သည် ဆက်လက်ရှိနေဆဲဖြစ်ပြီး လူ့အသက်အိုးအိမ်စည်းစိမ်နှင့် စစ်ပြီးခေတ်ပြန်လည်ထူထောင်ရေးအတွက် ဆိုးရွားသည့် အန္တရာယ်တစ်ရပ်လည်းဖြစ်လာကြောင်း ထိပ်သီးအစည်းအဝေးအဖွင့်တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ကမ္ဘောဒီးယားအနေဖြင့် မြေမြှုပ်မိုင်း ၃,၀၀၀ စတုရန်းကီလိုမီတာကျော်ကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ကမ္ဘောဒီးယားသည် မြေမြှု-ပ်မိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေးကော်မရှင်၏ အမှုဆောင်အတွင်းရေးမှူးက မြေမြှု-ပ်မိုင်းကြောင့် ထိခိုက်ခဲ့ရသောလူမှုအသိုက်အဝန်းများအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များက ဆက်လက်ရှိနေဦးမည်ဟုလည်းပြောကြားခဲ့သည်။

"အသစ်အသစ်သောပဋိပက္ခတွေကိုရင်ဆိုင်ရာမှာလိုအပ်နေတဲ့နိုင်ငံတွေအတွက် လက်တွေ့ကျပြီးရေရှည်တည်တံ့တဲ့ပံ့ပိုးကူညီမှုဖြစ်စေရပါမယ်" ဟုလည်း၎င်းကပြောကြားခဲ့သည်။ကုလသမဂ္ဂအနေဖြင့် မိုင်းဒဏ်ခံရသော နိုင်ငံများသို့ ၎င်း၏ထောက်ပံ့ကူညီမှုများ အားဖြည့်တင်းရန်နှင့် တိုးချဲ့ရန်အသင့်ရှိကြောင်းလည်းပြောကြားခဲ့သည်။

32 w - Translate

ဟိုး ရှေးရှေးတုန်းက အိုင်ဖုန်းကြီးနဲ့ပေါ့ကွယ်

image
32 w - Translate

၂၀၁၈ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို အရေးနိမ့်တဲ့ပွဲမတိုင်ခင်အထိ ကျနော်အရေးနိမ့်ခဲ့ဖူးတဲ့ ဘယ်ကစားသမားကိုမှ မတောင်းပန်ဖူးဘူး။ ပွဲပြီးချိန်မှာတော့ ကျနော် မက်ဆီကို နှုတ်ဆက်ပြီး‌ တောင်းပန်တယ်လို့ ပြောခဲ့တယ်။ သူက ရှုံးနိမ့်ဖို့မထိုက်တန်ပါဘူး။ သူ ဗိုလ်လုပွဲ ၄ ကြိမ်ရှုံးခဲ့ဖူးပြီးတော့ အာဂျင်တီးနားကို သူတယောက်တည်းနဲ့ ဆွဲတင်ပေးခဲ့တာပါ။

သူ့အတွက် အရှုံးက မထိုက်တန်ပါဘူး။ သူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာက သာမာန်ပါပဲ၊ ဘာမှမထူးခြားဘူး။ ဘာလို့လဲဆိုတော့ သူ့အတွက် ၃ ကြိမ်လောက်အထိ ရဖို့ ထိုက်တန်ခဲ့လို့ပါ။ သူက နှိမ့်ချတတ်တဲ့ကစားသမားဖြစ်ပြီး သူက အကောင်းဆုံးဆိုပြီး ဘယ်တုန်းကမှ ဝန်မခံဖူးဘူး၊ ဒါကြောင့်မို့လည်း သူ့ကို ကျနော်အရမ်းလေးစားတာပါ။

- ပေါ့ဂ်ဘာ

image

၀က်သား၃ထပ်သားအကြွပ်ကြော်_ကြော်နည်း

(၁) ရေနွေးဆူအောင်တည်ထားပါ။ သကြားအနည်းငယ်နဲ့ ပဲငံပြာရည်(အကြည်)ထည့်ပြီး ၀ကျသား ၃ထပ်သားကို ၅မိနစ်ခန့် ပြုတ်ပါ။

(၂) ၀ကျသားကို ဆယ်ယူပြီး အခေါက်ဘက်ကို ဇွန်းခရင်းဖြင့် နေရာအနှံ့ကို ထိုးဆွထားပါ။

(၃) ရှာလကာရေ၊ ဆားအနည်းငယ်တို့ကို အခေါက်ထဲစိမ့်၀င်နေအောင် ပွတ်လိမ်းပေးထားပါ။

(၄) ငှက်ပျောရွက် သို့ ဖက်ရွက်ပေါ်တင်ပြီး နေပူထဲ ၅မိနစ်ခန့် လှန်းထားပေးပါ။

(၅) အခေါက်ပေါ်ကနေ အသားအထိ ၃ကြောင်းခန့် ဓါးဖြင့်လှီးထားပါ။ အကုန်မပြတ်စေပဲ ထက်၀က်သာ လှီးပါ။

(၆) ဆီကို ပူနေအောင်တည်ထားပြီးမှ ၃ထပ်သားကို ထည့်ကြော်ပါ။ အပေါ်အောက် အကျက်ညီအောင် လှန်ပေးပါ။

(၇) အနေတော်လေးကျက်ရင် ဆယ်ပြီး အအေးခံထားပြီးမှ ကိုယ်လိုသလောက်အတုံးလေးနဲ့ လှီးဖြတ်ပြီး သုံးဆောင်လို့ ရပါပြီ။

ထိုင်းမှ စားဖိုမှုးတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို အားလုံးအဆင်ပြေအောင် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။

image
32 w - Translate

ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၉၅) တွဲ ရောင်းချခဲ့ရ

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁၇၀၁) မှ (၂၅၅၉) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးရာ ကျောက်စိမ်းအတွဲပေါင်း (၅၉၅) တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပြပွဲအတွင်း အုပ်စု(အေ၊ ဘီ နှင့် စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀) ကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ အုပ်စု(အေနှင့်ဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း (၂၅၅၉) အနက်မှ ကျောက်စိမ်းအတွဲပေါင်း (၁၈၂၃) တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတွင် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကာ ပြည်တွင်းရတနာကုန်သည်များသာဝယ်ယူခွင့်ရှိကြောင်း၊ ကြမ်းခင်းဈေးကို ကျပ်ငွေဖြင့် သတ်မှတ်ထားကာ ငွေပေးချေရာတွင် ကျပ်ငွေဖြင့်သာ ပေးချေဝယ်ယူရမည်ဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်အထိ ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

image