သကြားစက်များ မလည်ပတ်နိုင်လျှင် ကြံတန်ချိန် ၁၀ သိန်းကျော် အလေအလွင့်ဖြစ်နိုင်

နိုဝင်ဘာ ၂၇

ကြံစိုက်ဧက အများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သကြားစက်များသည် လက်ရှိအချိန်ထိ လည်ပတ်မည်၊ မလည်ပတ်မည်ကို တိတိကျကျ မသိရသေးကြောင်း တောင်သူများထံမှ သိရသည်။

အကယ်၍ စစ်ကိုင်းတိုင်းဒေသကြီးမှ သကြားစက်များ မလည်ပတ်ပါက ကြံတန်ချိန် ၁၀ သိန်းကျော် အလေအလွင့် ဖြစ်သွားမည်ဖြစ်သည့်အတွက် ကြံစိုက်တောင်သူများ ဆုံးရှုံးမှု ကြီးမားသည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက ပြောသည်။

သကြားစက်များတွင် ယခင်နှစ်က ထုတ်လုပ်ထားသည့် သကြားများနှင့် တင်လဲရည်များသည် လမ်းကြောင်း အခြေအနေများကြောင့် သယ်ဆောင်၍ မရသည့်အတွက် သကြားစက်များတွင် လက်ကျန် အများအပြား ရှိနေကြောင်း၊ ထိုအခက်အခဲကို နှစ်ဖက်အဖွဲ့အစည်းများက ဖြေရှင်းပေးမှသာလျှင် တောင်သူများအတွက် အဆင်ပြေမည်ဟု ၎င်းက ပြောသည်။

ဦးဝင်းဋ္ဌေးက “တောင်သူတွေက သေချင်အောင် စိတ်ညစ်နေကြပြီ။ တော်တော်စိတ်ညစ်နေပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က စက်လည်မှာလား၊ မလည်ဘူးလားဆိုတာ ကွဲကွဲပြားပြား ဆုံးဖြတ်ချက် မပေးသလို ဖြစ်နေတာ ပေါ့နော်။ အဲဒီတော့ စက်မလည်ဘူးဆိုရင် ဒီကြံက ဘာလုပ်ပစ်မလဲဆို မီးရှို့ပစ်ရမယ်။ အဲဒီတော့ ဆုံးရှုံးမှုက အရမ်း ကြီးမားတာပေါ့။ စာမချုပ်ဘူး၊ ကြိုတင်ငွေလည်း မပေးဘူး၊ စာလည်း မချုပ်ဘူး အဲဒီလို ပုံစံမျိုးပေါ့။ သူတို့ကလည်း အခက်အခဲက ဘာလဲဆိုတော့ အရင်နှစ်က သကြားတွေလည်း သူတို့ဂိုဒေါင်မှာ ရှိတယ်။ တချို့ကလည်း အရင်နှစ် က တင်လဲရည်ပေါ့နော် တင်လဲရည်တွေက သယ်ယူလို့မရလို့ လမ်းကြောင်းကြောင့် သယ်ယူလို့မရတဲ့ ပြဿနာက သူတို့ အခက်အခဲလို့ အဲဒီလိုတော့ သိရတယ်၊ ကြားရတာပေါ့နော် ဒါကတော့ အတိအကျ မသိရဘူး။ အဲဒီလို ကြား ရတဲ့ အခါကျတော့ ဒီဟာကို ဝိုင်းဝန်းဖြေရှင်းပေးမှပဲ အဆင်ပြေမှာပေါ့နော်။ အဲဒါကတော့ ဒီဘက်ကရော၊ ဟိုဘက် က အဖွဲ့အစည်းတွေ ဖြေရှင်းပေးမှပဲ ဒီတောင်သူတွေရဲ့ အခက်အခဲကတော့ ပြေလည်နိုင်မှာပေါ့။ တန်ချိန် ၁၀ သိန်းကျော်လောက် အလေအလွင့် ဖြစ်သွားမှာပေါ့ တခြားစက် မကြိတ်ဝါးဘူးဆိုရင်” ဟု ပြောသည်။

ကြံကို လာမည့် ဒီဇင်ဘာ လဆန်းပိုင်းတွင် ကြိတ်ခွဲလေ့ရှိသော်လည်း ကြံစိုက်ပျိုးမှု အများဆုံးဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီး၌ လက်ရှိအချိန်ထိ သကြားစက်များက ကြံဈေးနှုန်းများ သတ်မှတ်ပေးခြင်း မရှိသေးသည့်အပြင် ကြိုတင်ငွေများလည်း ထုတ်မပေးသေးသည့်အတွက် တောင်သူများမှာ အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

ကြံခုတ်ခများ၊ ကြိုတင်ငွေများ ထုတ်မပေးသေးသည့်အတွက် တောင်သူများ အလုပ်သမား ငှားရမ်းရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း၊ ထိုအပြင် ထပ်မံ၍ ကြံစိုက်ပျိုးမှုများ မပြုလုပ်နိုင်သည့် အခြေအနေ ဖြစ်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက ပြောသည်။

၎င်းက “ကြံဈေးနှုန်းတွေက မသတ်မှတ်သေးပါဘူး အထက်ပိုင်းက စက်တွေက။ အခုက စက်တွေက စာချုပ် ချုပ်လို့တောင်မှ မပြီးသေးဘူး။ ကြိုတင်ငွေလည်း မပေးသေးဘူး။ ပုံမှန်ဆို ကြာပြီလေ ပေးတာက။ ကြံတောင်မှ ခုတ်ရတော့မှာကိုး။ အခုချိန်ထိ တောင်သူတွေလည်း ဒီအတိုင်းပဲ။ ခက်ခဲတာပေါ့နော်။ စိုက်ပျိုးမယ့်ဟာတောင် မစိုက်နိုင်ဘူး။ ကြိုတင်ငွေမရတော့ ထောင်စိုက်တွေလည်း မစိုက်နိုင်။ တောင်သူတွေက အကုန်ခက်ခဲတာပေါ့ ကြိုတင်ငွေမရတော့။ ခါတိုင်းဆို ခုတ်စရိတ် ပေးနေပြီပေါ့။ အခုက ကြိုတင်ငွေလည်း မပေးဘူး။ ခုတ်စရိတ်လည်း အခုချိန်ထိ မပေးသေးဘူး။ ကြံခုတ်ဖို့ တောင်သူတွေက အလုပ်သမား ငှားရတာကိုး။ အလုပ်သမား ငှားဖို့ ပြုဖို့ ကြိုတင်ငွေ မရသေးဘူး။ ခက်ခဲတာပေါ့” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ MSC သကြားစက်တစ်လုံးသာ ကြိုတင်ငွေအဖြစ် တစ်ဧကလျှင် ၂ သောင်းခွဲကျပ် ထုတ်ပေးထားသော်လည်း ကြံဈေးနှုန်း သတ်မှတ်ပေးထားခြင်း မရှိကြောင်း သိရသည်။

ထိုသကြားစက်သည်လည်း ကြံတန်ချိန် ၂ သိန်းခန့်သာ ကြိတ်ခွဲနိုင်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ မြဘုရင် သကြားစက်တစ်လုံးသာ ကြံဈေးတန်း ဖွင့်ပေးထားပြီး ကြံတစ်တန်ကို ၂ သိန်းကျပ်ဖြင့် ဝယ်ယူမည်ဟု သိရသည်။

ပုံ - ကြံများကိုတွေ့ရစဉ်

Credit - Central News Independence News Agency

#သတင်းဟင်းလေးအိုးကြီး

image
32 ပတ် - ဘာသာပြန်ပါ။

မြောက်ကိုရီးယားက ရုရှားအသုံးပြုသည့် ဒုံးကျည်များကို ပိုမိုထုတ်လုပ်

နိုဝင်ဘာ ၂၇

ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်ဖွဲ့များ အသုံးပြုနေသည့် KN-23 တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်သည့် လက်နက်ထုတ်လုပ်ရေး စက်ရုံတစ်ခုကို မြောက်ကိုရီးယားက ပိုမိုချဲ့ထွင်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်အခြေစိုက် James Martin Center for Nonproliferation Studies (CNS) ၏ သုတေသီများ၏ ပြောကြားချက်နှင့် ဂြိုဟ်တုဓာတ်ပုံများကို ကိုးကားပြီး ရိုက်တာမှ နိုဝင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရုရှားသည် ၂၀၂၄ ခုနှစ်အတွင်း မြောက်ကိုရီးယားလုပ် KN-23 ဒုံးကျည်အစင်း ၆၀ ခန့်ကို ပစ်လွှတ်ခဲ့ကြောင်း CNN သတင်းဌာနက အမည်မဖော်လိုသည့် ယူကရိန်းကာကွယ်ရေး အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

ဩဂုတ်နှင့် စက်တင်ဘာလက ထိုဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ကာ KN-23 ဒုံးကျည်သည် သိသာသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ယူကရိန်းအရာရှိများက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။

February 11 စက်ရုံဟု လူသိများသည့် ထိုစက်ရုံသည် မြောက်ကိုရီးယား၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဟင်မ်ဟောင် (Hamhung) မြို့ရှိ Ryongsong Machine Complex စက်ရုံဝင်းအတွင်း တည်ရှိသည်။

ထိုစက်ရုံသည် KN-23 ဒုံးကျည်များ ထုတ်လုပ်သည်ဟု လူသိများသည့် စက်ရုံဖြစ်ကြောင်း CNS ၏ သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ဆမ် လိုင်ယာ (Sam Lair) က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်သည့် ဗွီဒီယိုများတွင် ထိုစက်ရုံသည် တင့်ကားဘီး များမှအစ ရော့ကက်မော်တာများ သိမ်းသည့် ကျည်အိမ်များအဆုံး ထုတ်ကုန်အများအပြားကို ထုတ်လုပ်ကြောင်း ပြသခဲ့သည်။

အောက်တိုဘာလက ရရှိသည့် ဂြိုဟ်တု ဓာတ်ပုံများတွင်လည်း ထိုစက်ရုံတွင် လက်နက်တပ်ဆင်ရေး အဆောက်အအုံတစ်ခု ဆောက်လုပ်နေသည့် လုပ်ငန်းခွင် တစ်ခုကို မြင်တွေ့ရပြီး ဝန်ထမ်းများ နားနေဆောင် အဖြစ် တန်းလျားသစ် တစ်ခုကိုလည်း တွေ့ခဲ့ရကြောင်း CNS က ပြောကြားခဲ့သည်။

Source: ရိုက်တာ

ပုံ - မြောက်ကိုရီးယားစက်ရုံကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ၁၁၂ နှစ်မှာ ကွယ်လွန်

နိုဝင်ဘာ၂၇

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဟာ အသက် ၁၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ့ရဲ့ မိသားစုက အတည်ပြုထုတ်ပြန်ပါတယ်။

ဂျွန်အဲလ်ဖရက်တင်နစ်၀ုဒ်ဟာ သူနေထိုင်ရာ ဆောက်ပို့ရှိ သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ ကွယ်လွန်ခဲ့တာလို့ မိသားစုကဆိုပါတယ်။ သူဟာ အသက် ၁၁၄ နှစ်အရွယ် ဂျူအန်ဗီဆန်တီပီရက်ဇ်မိုရာ ကွယ်လွန်ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်အဖွဲ့ ဧပြီလမှာ သတ်မှတ်ခဲ့ပါတယ်။

လီဗာပူး ဘောလုံးပရိတ်သတ်ဖြစ်တဲ့ မစ္စတာတင်နက်စ်၀ုဒ်ရဲ့ နောက်ဆုံးနေ့ရက်တွေကတော့ ဂီတနဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြံဖြတ်ကျော်ခဲ့တယ်လို့ မိသားစုကပြောပါတယ်။ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ခဲ့တဲ့နှစ် ၁၉၁၂ ခုနှစ် ဩဂုတ် ၂၆ ရက်မှာ မွေးဖွားခဲ့တဲ့ သူဟာ ၂၀၂၀ ခုနှစ်မှာ ဗြိတိန်ရဲ့ အသက်အကြီးဆုံးအမျိုးသားဖြစ်လာပါတယ်။

မုဆိုးဖိုတယောက်ဖြစ်တဲ့ သူဟာ ဉာဏ်ရည်ထက်မြက်၊ ပြတ်သား ရဲရင့်ပြီး ဘယ်လိုပြသနာမျိုးမဆို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းတတ်ပြီး သင်္ချာပညာထူးချွန်ကာ စကားပြောကောင်းသူဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။

သူဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး လီဗာပူးလ်မှာပြုလုပ်တဲ့ ကပွဲတခုမှာ ဇနီးဖြစ်သူ ဘလော့ဝန်နဲ့ တွေ့ဆုံးခဲ့ပြီး ၁၉၄၂ ခုနှစ်မှာ လက်ထပ်ပြီး သမီးဖြစ်သူ ဆူဇန်ကို မွေးဖွားခဲ့ကာ ဇနီးဖြစ်သူနဲ့ ၄၄ နှစ်ကြာ ပေါင်းသင်းခဲ့ပါတယ်။

Ref:BBC
Photo:BBC

#သတင်းဟင်းလေးအိုးကြီး

image
32 ပတ် - ဘာသာပြန်ပါ။

ဗန်းမော်လေဆိပ် ပြန်ဖွင့်မယ့်ရက် မသိရသေး

နိုဝင်ဘာ ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ဗန်းမော်လေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လေဆိပ် ယာယီပိတ်ထားတဲ့အတွက် လေယာဉ်စီးခရီးသည်တွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။

“ဗန်းမော်ပြန်ဖို့ လက်မှတ်ဝယ်ထားတာ။ လေဆိပ်ရောက်မှ cancel မှန်းသိရတယ်။ သွားဖို့လာဖို့ စီစဉ်ထားသမျှတွေ အကုန်လုံး အလဟဿ ဖြစ်ကုန်တာပေါ့။ လေဆိပ်ကို မေးကြည့်တော့ ဘယ်နေ့ ပြန်ဖွင့်မယ်ဆိုတာလည်း မသေချာသေးဘူးတဲ့။ ငွေပြန်အမ်းလိုက်တယ်။ အရေးပေါ်သွားရမယ့် ခရီးဆိုတော့ အားလုံး အစီအစဉ်တွေ ပျက်ကုန်တာပေါ့” လို့ ရန်ကုန်လေဆိပ်က လှည့်ပြန်လာရတဲ့ ခရီးသည်တယောက်က ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၆ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က ဗန်းမော်လေဆိပ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပြီး အဲဒီလေဆိပ်ကို အခြေပြု အဆင်း၊ အတက်လုပ်နေတဲ့ ပြည်တွင်းခရီးသွား လေကြောင်းခရီးစဉ်တွေ အားလုံးကို နစက က ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ လေယာဉ်လက်မှတ် အရောင်းအေဂျင်စီမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဗန်းမော်လေဆိပ်က မနေ့က မနက်ကတည်းက ယာယီ ရပ်နားထားတာပါ။ ရှော့တိုက်ဒုံးကျတယ်ဆိုလို့ လေဆိပ် ပိတ်လိုက်တာ။ ခရီးစဥ်တွေ အားလုံးပါပဲ။ အတက်အဆင်း အကုန်နားထားတာပါ။ ဘယ်လောက်ကြာမယ် ဆိုတာကတော့ မသိသေးပါဘူး။ လက်မှတ်ကတော့ ရောင်းတော့ ရောင်းနေတုန်းပဲ။ ဒါပေမယ့် ထွက်မယ့်နေ့ မထွက်ဖြစ်ရင်တော့ အဲဒီနေ့အတွက်ကို ငွေပြန်အမ်းပေးနေပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲအခြေအနေကြောင့် ကုန်းလမ်းခရီးစဉ်တွေလည်း အဆင်မပြေ ဖြစ်နေတဲ့အတွက် သွားရေးလာရေး များစွာ အခက်တွေ့နေရပြီး ကျန်းမာရေး၊ လူမှုရေး ကိစ္စတွေလည်း နှောင့်နှေးကုန်တယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။

“ကားနဲ့သွားဖို့ရာလည်း အဆင်မပြေတော့တာ ကြာပြီဆိုတော့ လေယာဉ်ကိုပဲ အားကိုးနေရတာ။ ဘယ်လောက်ဈေးကြီးကြီး မသွားမဖြစ်သွားနေရတာပဲ။ အခု လေကြောင်းလိုင်းကပါ ပိတ်နေတော့ ပိုဆိုးတာပေါ့” လို့ သူက ပြောပါတယ်။

လတ်တလောမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းတလိုင်းသာ ဗန်းမော်လေဆိပ်ကို တပတ်တကြိမ် ပြေးဆွဲနေတာဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်က ရန်ကုန် - ဗန်းမော် လေယာဉ်လက်မှတ်ခဟာ ကျပ် နှစ်သိန်းကျော်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် ငါးသိန်းကျော်ရှိလာတယ်လို့ သိရပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ လေဆိပ်ပေါက်ကွဲမှု ဖြစ်စဉ်အပြီး နစက လုံခြုံရေးတပ်ဖွဲ့တွေက ကားတွေနဲ့ ဗန်းမော်မြို့ထဲမှာ ကင်းလှည့်နေကြတယ်လို့ သိရပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နစကနဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက တရားဝင် သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ဗန်းမော်လေဆိပ် လေယာဉ်ပြေးလမ်းပေါ် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်တွေ ၁၀ ရက်နီးပါးကြာ ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိ ဗန်းမော် - မိုးမောက် ၇ မိုင်အကြားမှာ နစကတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး နစကအနေနဲ့ မိုးမောက်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မိုးမောက်မြို့ကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ထိန်းချုပ်ထားတာဖြစ်ပြီး မိုးမောက်နဲ့ ဗန်းမော်မြို့ဟာ ၉ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။

နစကအနေနဲ့ KIA သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၄၃၇) ကို ပြန်လည်ရရှိရေးအတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့မှစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ ဗန်းမော်နဲ့ ခမရ ၄၃၇ တပ်ရင်းကြား လမ်းတလျှောက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Photo:CJ

#centralnewsnaypyitaw

image
32 ပတ် - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၂၇ ရက်)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၃၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၅၁၁၃၄ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၁၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၇၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၂၅ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၃ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၁ ကျပ်
ဝယ်ဈေး - ၆၀၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၈ ကျပ်
ဝယ်ဈေး - ၂၈.၇၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၂၅ ကျပ်
ဝယ်ဈေး - ၅၁.၉၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၂ ကျပ်
ဝယ်ဈေး - ၃.၁၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၆၀ ကျပ်
ဝယ်ဈေး - ၅၅၂၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၁၀ ကျပ်
ဝယ်ဈေး - ၂၈၄၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၀၀ ကျပ်
ဝယ်ဈေး - ၃၁၂၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၆ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
32 ပတ် - ဘာသာပြန်ပါ။

ကလောမှာ
သော်ကပန်းတွေစပွင့်နေပြီနော်🌼

ကလောမြို့ရောက်ပြီးဒီနေရာမရောက်ရင် ကလောရောက်တယ်လို့မခံစားရဘူးနော်🌼

ကလောမြို့မှာဒီအချိန်ဒီရှေ့ရောက်ရင်ဓာတ်ပုံမရို.က်ပဲမနေနိုင်ပါ🌼

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ

image
32 ပတ် - ဘာသာပြန်ပါ။

ကလောမှာ
သော်ကပန်းတွေစပွင့်နေပြီနော်🌼

ကလောမြို့ရောက်ပြီးဒီနေရာမရောက်ရင် ကလောရောက်တယ်လို့မခံစားရဘူးနော်🌼

ကလောမြို့မှာဒီအချိန်ဒီရှေ့ရောက်ရင်ဓာတ်ပုံမရို.က်ပဲမနေနိုင်ပါ🌼

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ

image
32 ပတ် - ဘာသာပြန်ပါ။

ကလောမှာ
သော်ကပန်းတွေစပွင့်နေပြီနော်🌼

ကလောမြို့ရောက်ပြီးဒီနေရာမရောက်ရင် ကလောရောက်တယ်လို့မခံစားရဘူးနော်🌼

ကလောမြို့မှာဒီအချိန်ဒီရှေ့ရောက်ရင်ဓာတ်ပုံမရို.က်ပဲမနေနိုင်ပါ🌼

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ

image
32 ပတ် - ဘာသာပြန်ပါ။

ကလောမှာ
သော်ကပန်းတွေစပွင့်နေပြီနော်🌼

ကလောမြို့ရောက်ပြီးဒီနေရာမရောက်ရင် ကလောရောက်တယ်လို့မခံစားရဘူးနော်🌼

ကလောမြို့မှာဒီအချိန်ဒီရှေ့ရောက်ရင်ဓာတ်ပုံမရို.က်ပဲမနေနိုင်ပါ🌼

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ

image
32 ပတ် - ဘာသာပြန်ပါ။

ကလောမှာ
သော်ကပန်းတွေစပွင့်နေပြီနော်🌼

ကလောမြို့ရောက်ပြီးဒီနေရာမရောက်ရင် ကလောရောက်တယ်လို့မခံစားရဘူးနော်🌼

ကလောမြို့မှာဒီအချိန်ဒီရှေ့ရောက်ရင်ဓာတ်ပုံမရို.က်ပဲမနေနိုင်ပါ🌼

ခွင့်လွှတ်ခြင်း တွေ ပွင့်တဲ့ ရာသီ……
ကလောမှာ သော်ကတံတိုင်းတွေ တားမရစီးမရပွင့်နေပြီဆို
ခွင့်လွှတ်စရာရှိတာတွေ ခွင့်လွှတ်လိုက်ပါ…….

"သော်ကပန်း ရဲ့ အဓိပ္ပာယ်က ခွင့်လွှတ်ခြင်း " တဲ့လေ

image
image
image
image