Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်နေသည့် မုန် တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာနိုင်ခြင်းမရှိ
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာနိုင်ခြင်းမရှိဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်ည ၇ နာရီက မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၄)အဖြစ် ထုတ်ပြန်ခဲ့သည်။
အဆိုပါ မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှတစ်ဆင့် အနောက်-အနောက် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ရောက်ရှိခဲ့သည်ဟု မိုးဇလကအသိပေးခဲ့သည်။
မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ ၏ အနောက်တောင်ဘက် ရေမိုင် ၇၅၀ မိုင်ခန့် ပင်လယ်ပြင်ကိုဗဟိုပြုနေကာ ဗဟိုချက်လေဖိ အားသည် ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့်အထိဖြစ်ကြောင်း အသိပေးခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ရွေ့လျားလာမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်။
ထို့ပြင် မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး လာမည့် ၂၄ နာရီ အ တွင်း၌ အားကောင်းသောမုန်တိုင်းငယ်အဖြစ် ပို မိုအားကောင်းလာနိုင်ကာ မြောက်-အနောက် မြောက်ဘက်သို့ရွေ့လျားလာနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။