ကလောမြို့နယ်တွင် ဆီဘောက်ဆာကားတိမ်းမှော-က်ပြီး ဓာတ်ဆီများယိုစိမ့်ခဲ့
ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် ယနေ့ နိုဝင် ဘာ ၂၅ ရက်မွန်းတည့် ၁၂ နာရီခန့်က ဆီဘောက်ဆာကားတစ်စီးတိမ်းမှေ-ာက်ကာ ဓာတ်ဆီများယိုစိမ့်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ရေယားကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၆၉/၁ တွင် ဆီဘောက်ဆာကားတစ်စီးတိမ်းမှော-က်ကာ ဓာတ်ဆီများယိုစိမ့်လျက်ရှိသဖြင့် ကလောမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုမဖြစ်စေရန်သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ယိုစိမ့်နေသည့် ဓာတ်ဆီများပေါ်သို့ အမြှုပ်ဆေးရည်ဖြင့် ဖုံး အုပ်ပက်ဖျန်းခြင်း၊ တိမ်းမှော-က်နေသည့် ဆီဘောက်ဆာကားပေါ်မှဓာတ်ဆီများကို အခြားဆီဘောက်ဆာကားပေါ်သို့ရွှေ့ပြောင်းရာ၌ မီးလောင်မှုမဖြစ်စေရန် အအေးပေးခြင်းလုပ်ငန်းများကို ကူညီပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်မှုကြောင့် နေ့လည် ၃ နာရီခွဲတွင် ကူညီမှုလုပ်ငန်းများအောင်မြင်စွာပြီးဆုံးခဲ့ပြီး ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။
