ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အဆုံးသတ်ခြင်းတရား
▪︎▪︎▪︎▪︎▪︎▪︎
ဘယ်လောက်ပဲ ပျို ပျို
အိုခြင်းမှာဘဲ အဆုံးသတ်တယ် ...
ဘယ်လောက်ပဲ မာမာ
နာခြင်းမှာဘဲ အဆုံးသတ်တယ် ...
ဘယ်လောက်ပဲ နေနေ
သေခြင်းမှာပဲ အဆုံးသတ်တယ် ...
ဘယ်လောက်ပဲ တွဲတွဲ
ခွဲခွါခြင်းမှာ အဆုံးသတ်တယ် ...
တစ်နေ့ တစ်ခါ သေခြင်းတရားကို
ဆင်ခြင်တွေးမိတယ်။
နေ့တိုင်းကို တွေးတယ်။
#အရှင်တေဇာနန္ဒ(ငဖဲ)
အာလူးချဉ်စပ်ဆီပြန် ( သက်သက်လွတ် )
အာလူးကို ဒီတစ်ခေါက်ပုံစံတစ်မျိုးလေးချက်ထားပါတယ်။ အာလူးကိုအခွံခွာ လေးစိတ်စိတ်ပြီး ဆားလေးနဲ့နယ်ပြီးနှပ်ထားပါ။
ကြက်သွန်နီတစ်လုံးကို ညက်အောင်ထောင်းပြီး ဆီသပ်ပါ။ ကြက်သွန်အရောင်ပြောင်းလာပြီဆိုမှ ငရုတ်အကြမ်းဖက်မှုန့်ထည့် ပြီးမှ အာလူးထည့် ဆားနဲ့အချိုမှုန့်ထည့် ရေအနည်းငယ်ထည့်ပြီးတည်ပါ။ အာလူးလည်းအိပြီး ရေခမ်းခါနီး အနှစ်တွေရပြီဆိုမှ မန်ကျည်းမှည့်အရည်အနည်းငယ်ထည့်ပါ။ ချဉ်ချဉ်စပ်စပ်လေးစားလို့ပိုကောင်းတာပေါ့နော် 🙂
သက်သက်လွတ်မစားချင်တဲ့သူတွေကတော့ ဆီသပ်နေတဲ့အချိန် ငံပြာရည်တစ်ဇွန်းထည့်ပြီးဆီသပ်ပါ။ နောက်ဆုံးမှ မဆလာလေးအုပ်လိုက်ရင်တော့ ပိုပြီးအနံ့မွှေးတာပေါ့နော်။
#crd
ဖီယင်နုနည်းပြသစ်အဖြစ် ဗန်ပါစီ ခန့်အပ်ခံရ
ဖေဖော်ဝါရီ ၂၂
နယ်သာလန် တိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ ပါစကယ်လ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်ပြီး ဒတ်ချ်ကလပ် ဖီယင်နုအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံရတယ်လို့ The Athletic က ဖော်ပြထားပါတယ်။
ပါစကယ်လ်ဟာ ဖီယင်နုအသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဘရီယန်ပရီစကီရဲ့နေရာမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားတာပါ။
လက်ရှိအချိန်မှာ ဒတ်ချ်ကလပ် ဟီရန်ဗင်းအသင်းကို ကိုင်တွယ်နေတဲ့ ဗန်ပါစီဟာ ဖီယင်နုအသင်းနဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ ၂ နှစ် စာချုပ်ချုပ်မယ်လို့ The Athletic ရဲ့ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။
ဖီယင်နုအသင်းဟာ ဗန်ပါစီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဟီရန်ဗင်းအသင်းနဲ့လည်း သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။
ဗန်ပါစီဟာ ဖီယင်နုအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ဖီယင်နုအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာပါ။
အသက် ၄၁ နှစ်အရွယ်ရှိ ဗန်ပါစီဟာ ဖီယင်နုလူငယ်အသင်းကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့သလို နည်းပြအဖွဲ့ဝင် ထဲမှာလည်း အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။
ဗန်ပါစီဟာ သူ့ရဲ့ပထမဆုံးနည်းပြ အလုပ်အကိုင်အဖြစ် ၂၀၂၄ ခုနှစ်၊ မေလက ဟီရန်ဗင်းအသင်းကို ၂ နှစ်စာချုပ်နဲ့ စတင်ကိုင်တွယ်ခဲ့တာပါ။
ဗန်ပါစီဟာ ဟီရန်ဗင်းအသင်း နည်းပြဘဝ အစပိုင်းမှာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။
လက်ရှိအချိန်ထိ ဗန်ပါစီဟာ ဟီရန်ဗင်းအသင်းကို ၂၆ ပွဲ ကိုင်တွယ်ထားပြီး ၉ ပွဲနိုင်၊ ၆ ပွဲသရေနဲ့ ၁၁ ပွဲရှုံး ရလဒ် ထွက်ပေါ်ထားတာပါ။
ဟီရန်ဗင်းအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်ပြိုင်ပွဲမှာ ၂၃ ပွဲ ကစားအပြီး ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: besoccer
ပုံ - ဗန်ပါစီကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
သီပေါမြို့နယ် ကုန်းစုံရွာမှာ နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်လို့ မိသားစု နှစ်ယောက်သေဆုံး၊ တယောက် ဒဏ်ရာရ
ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကုန်းစုံကျေးရွာအုပ်စု၊ ကုန်းစုံရွာမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၈ နာရီခန့်က နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်လို့ မိသားစု နှစ်ယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"စစ်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ။ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ၁ ယောက်၊ ပေါင်း ယောက်ပါ" လို့ ဒေသခံ တယောက်က ပြောပါတယ်။
အရင်ကလည်း ကုန်းစုံရွာမှာ စစ်ကျန် လက်နက် ပစ္စည်းတွေ မကြာခဏ ပေါက်ကွဲဖူးတာကြောင့် ဒေသခံ ပြည်သူတွေရဲ့ ဘဝ လုံခြုံမှုကို စိုးရိမ် နေကြရတယ်လို့ ဆိုပါတယ်။
"မိုင်းအသိပညာပေးလုပ်ငန်းတွေကိုထိထိရောက်လုပ်စေချင်ပါတယ်။" လို့ နယ်စည်းမခြားပရဟိတ အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။
မိုင်း အန္တရာယ် ရှိတဲ့ နေရာတွေကိုလည်း သတိပေး ဆိုင်ဘုတ်တွေ သေသေချာချာ ကပ်ထားစေချင်တယ်လို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရက်မနက် ၈ နာရီဝန်းကျင်ခန့်က သီပေါမြို့နယ်၊ ကုံးစုံကျေးရွာနေ အိမ်အတွင်းပေါက်ကွဲမှုဖြစ်လို့ မိသားစု သုံးယောက် ထိကာ နှစ်ယောက် သေဆုံးပြီး ကလေးငယ် တစ်ေယာက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဥ်ကို မသိရသေးကြောင်း နယ်စည်းမခြားပရဟိတ အသင်းဆီက သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိထားတဲ့ ကလေးငယ်ကို ဆေးကုသဖို့ နယ်စည်းမခြား ပရဟိတ အသင်းက ဆေးရုံကို ကူညီ ပို့ဆောင်ခဲ့ပြီး သေဆုံးသူ နှစ်ယောက်ကိုလည်း ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရပါတယ်။
Photo Crd# နယ်စည်းမခြား ပရဟိတ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
ဂျီနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖလက်ခ်တို့ တရားဝင် ကွာရှင်းပြတ်စဲ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၂-၂၀၂၅
ရတီ(VOM)
နာမည်ကျော် အနုပညာရှင်စုံတွဲဖြစ်တဲ့ ဂျီနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖလက်ခ်တို့ဟာ ဖေဖော်ဝါရီ ၂၁ ရက်မှာ တရားဝင် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ကွာရှင်းပြတ်စဲမှုကို လော့အိန်ဂျလိစ် တရားရုံး တရားသူကြီးက ဇန်နဝါရီ ၆ ရက်မှာ အတည်ပြုခဲ့တာဖြစ်ပြီး ၂၁ ရက်မှ စတင်သက်ဝင် အတည်ဖြစ်ခဲ့ပါတယ်။ ဂျီနီဖာလိုပက်ဇ်ဟာ သူတို့ရဲ့ ကွာရှင်းပြတ်စဲမှုကို လျှောက်ထားပြီးနောက် ခြောက်လအကြာမှာ တရားဝင်ကွာရှင်းပြတ်စဲခဲ့တာပါတယ်။
သူတို့ရဲ့ အိမ်ထောင်သက်ဟာ နှစ်နှစ်သာရှိပြီး အခြားသော နာမည်ကျော်စုံတွဲများ ကွာရှင်းပြတ်စဲသလို တရားရုံးမှာ အငြင်းပွားမှုတွေ မကြုံခဲ့ရဘဲ စက်တင်ဘာလအတွင်းက နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုများအရ ပြေလည်သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။
သူတို့မှာ သားသမီးလည်းမရှိတဲ့အတွက် အုပ်ထိန်းမှုဆိုင်ရာ ပြသနာတွေမရှိခဲ့ပါဘူး။ သူတို့စုံတွဲဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကွာရှင်းပြတ်စဲဖို့ ဂျီနီဖာလိုပက်ဇ်က လျှောက်ထားခဲ့ပါတယ်။
ဘန်အက်ဖလက်ခ်ဟာ သားသမီးသုံးယောက်ရတဲ့ထိ ပေါင်းသင်းခဲ့တဲ့ ဂျီနီဖာဂါနီကို ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပြီး လေးကြိမ်တိုင်လက်ထပ်ထားတဲ့ ဂျီနီဖာလိုပက်ဇ်ကတော့ အဆိုတော်မာ့ခ်အန်တိုနီတဲ့ အမွှာလေးမွေးဖွားခဲ့ပြီး ကွာရှင်းခဲ့တာဖြစ်ပါတယ်။
Ref:AFP
Photo:Getty Images
#centralnewsnaypyitaw
ပြုသူ အသစ် ဖြစ်သူ အဟောင်း🙏••••••••••••••••••••••••••••••••••••••••
"အရှင်ဘုရား----
တပည့်တော်လည်း မကောင်းတာ မလုပ်
မိဘဲ တပည့်တော် လုပ်လုပ် အကောင်း
မမြင်ကြဘူး၊နည်းမျိုးစုံနဲ့ တိုက်ခိုက်နေပါတယ်
ဘုရား၊အဲဒါ ဘာ့ကြောင့်ပါလဲဘုရား"
(အဲဒီမေးခွန်းက မကြာခဏ မေးလေ့ရှိတယ်၊
ခု ပြန်ဖြေပေးလိုကိပါပြီ။)
အဲဒါက---
မိမိပြုခဲ့တဲ့ အတိတ်က ကံကြွေး ပြန်ပြီး
ပေးဆပ်ရတယ်လို့ ခေါ်ပါတယ်။
ကိုယ် ဘာလုပ်လုပ် အကောင်း မမြင်တာ
ကိုယ်ဘယ်လောက်ကောင်းကောင်း
တိုက်ခိုက် ပုပ်ခတ် ခံနေရတာက အတိတ်က
အလားတူ မိမိကိုယ်တိုင် ပြုဖူးတဲ့ မကောင်း
မှု အကုသိုလ်ကံကြောင့် ဘဲဖြစ်ပါတယ်။
တခါက ဆရာတော်ကြီးတစ်ပါးဟာ
ကျောင်းက တိုင်ကပ်နာရီကြီး ခိုးခံရလို့ တုံးမောင်း
ရိုက်ပြီး ရွာကို သိစေခဲ့တယ်၊ပြီးမှ ဆရာတော်
ကြီးက တရားနှလုံးသွင်း ဆင်ခြင်ပြီး ဒကာတို့
ခိုးသူလည်း ရှာမနေနဲ့တော့၊လက်စသတ်တော့
ငါက အတိတ်က သူခိုးကြီး ဖြစ်ဖူးတယ်ကွ"
လို့ ဆိုဖူးပါတယ်။
ဘုန်းကြီးကိုယ်တိုင်လည်း ကြုံဖူးတယ်၊
ခရီးသွားရင်း ဒုက္ခရောက်လာလို့ တစ်ည အိပ်
ခွင့်ပြုလိုက်တဲ့ သူက နှစ်သိန်းလောက်တန်တဲ့
ဖုန်းကို ခိုးသွားတယ်၊ဒကာတွေက မကျေနပ်ဘဲ
လိုက်မယ်ဖမ်းမယ် တစ်ခုခု လုပ်မယ် ပြောကြ
တော့ "ဒကာတို့ မလိုက်ကြနဲ့ ဘာမှ မလုပ်ကြနဲ့၊
ငါကိုယ်တိုင် အတိတ်က ခိုးဖူးလို့ ပြန် အခိုးခံ
ရတာပါ၊ဝဋ်ကြွေးတခု ကျေတာပေါ့" လို့
နှစ်သိပ်ခဲ့ဖူးတယ်။
တကယ်တမ်း မိမိက ကောင်းပါလျှက်၊
မကောင်းတာ မပြုပါဘဲလျှက် ကိုယ့်ကို
အကောင်းမမြင်တာက ဖြစ်သူက(ခံရသူက)
ကံ အဟောင်း ကို ပေးဆပ်ရတာပါ။
မိမိက ကောင်းပါလျှက် တိုက်ခိုက်နေသူ၊
တဖက်သားကို နိုင်လိုမင်းထက် ပြုနေသူ
များဟာ ကံ အသစ်ပြုနေသူတွေ လို့ မှတ်ရ
ပါမယ်။အဲဒီ ကံအသစ် အကုသိုလ်က
မသေခင်စပ်ကြားနဲ့ သေပြီးသည့် နောက်
သံသရာထိ ခံရတတ်ပါတယ်။
ခွေး သတ္တဝါက ပစ်တဲ့ ခဲ ကိုလိုက်တတ်တယ်၊
ပစ်သူကို လိုက်ရကောင်းမှန်မသိဘူး၊
ခြင်္သေ့ သတ္တဝါက ခဲနဲ့ပစ်လျှင် ပစ်သူကိုသာ
လိုက်တတ်တယ်၊ခဲ နောက်မလိုက်ဘူး။
ထို့အတူမှတ်ရမှာက---
ပစ္စုပ္ပန်မှာ တိုက်ခိုက်ပုပ်ခတ်နေသူကို အပြစ်
မြင်နေ၊ လက်တုံ့ပြန်နေသူများက ခဲ ကိုလိုက်တဲ့
ခွေးနဲ့ တူလိမ့်မယ်။
တကယ်တမ်း ကိုယ်ကံမကောင်းတိုင်း
ကိုယ့်ရဲ့ အတိတ်ကံ ကို ပြန်မြင်ပြီး အဓိက
တရားခံက ကိုယ်ကိုယ်တိုင်ပါလား လို့
တရားခံ အစစ်ကို မြင်နိုင်သူက ခြင်္သေ့ နဲ့ တူတဲ့
တကဲ့ ပညာရှိ မည်ပါတယ်နော်။
ဒါ့ကြောင့်---
ပြုသူက ကံအသစ်ကိုပြုလိုက်တာ၊
ဖြစ်သူ(ခံရသူ)က ကံအဟောင်းကို ခံရတာ
လို့ တရားနဲ့ဖြေပါလို့ ဆိုချင်ပါတယ်နော်။ ။
(သဗ္ဗေသတ္တာ ကမ်မဿကာ )