Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
CMP factories boost job creation amid rising orders
CMP factories have received orders, creating more jobs for locals, said an industrial zone official.
Among orders, some are direct, and some are indirect.
“With mounting orders, we can provide more jobs for workers. Orders have been promising and placed from different fields, both directly and indirectly. A rise in orders can help create more jobs for workers,” he said.
Job opportunities have now developed at local factories, and workers have a chance to enjoy higher wages depending on skill, so they need to focus on their work, he urged.
“Workers have the opportunity for higher income depending on skill. At a shoe factory in Shwelinpan, the monthly wage of some workers exceeds K1 million. Factories now have modern machines, and workers have been skilful. Factories set minimum pay. However, workers have the opportunity to enjoy salary increases depending on their ability. So skilled workers don’t need to go abroad,” he said.
There are about 750,000 workers in 29 industrial zones in Yangon Region. — MT/ZS/ED
နည်းပြသစ် အာမိုရင်လက်ထက် မန်ယူအသင်း အပြောင်းအရွှေ့ဘတ်ဂျက် လျှော့ချမည်
မန်ယူအသင်းဟာ နည်းပြသစ်အာမိုရင် လက်ထက်မှာ အပြောင်းအရွှေ့ဘတ်ဂျက် လျှော့ချသွား မယ်လို့ သိရပါတယ်။
ပေါ်တူဂီနည်းပြဟာ လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် တန်းတက် အစ်ဆွစ်အသင်းနဲ့ပွဲမှာ မန်ယူနည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် တာဝန်ယူသွားရမှာပါ။
ကစားသမားသစ်တွေ ခေါ်ယူဖို့ နည်းပြအာမိုရင်က ဆန္ဒရှိပေမဲ့ မန်ယူအသင်းဘက်က ခါတိုင်းနှစ်တွေထက် ဘတ်ဂျက်လျော့ချသွားဖို့ရှိတယ်လို ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
မန်ယူအသင်းဟာ နည်းပြတန်ဟတ်ဂ် လက်ထက် အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ဒီလစ်၊ မက်ဇ်ရာအိုရီ၊ အူဂါတီ၊ ရိုယိုနဲ့ ဇီယက်ဇီးတို့ အတွက် ပေါင်သန်း ၂၀၀ လောက် အသုံးပြုခဲ့ရတာကြောင့် နည်းပြသစ် အာမိုရင်လက်ထက်မှာ အပြောင်း အရွှေ့ဘတ်ဂျက် လျှော့ချသွားမယ်လို့ သိရပါတယ်။
DVB
Malaysia’s October exports rise 1.6% y/y, close to forecast
Published Tue, Nov 19, 2024 · 12:55 PM
MALAYSIA exports rose 1.6 per cent in October from a year earlier, close to market expectations, government data showed on Tuesday.
Exports had been forecast to grow 1.7 per cent, according to a Reuters poll of economists.
Imports in October grew 2.6 per cent from a year earlier, data from the trade ministry showed, weaker than the 4 per cent increase analysts had forecast in the poll.
Malaysia recorded a trade surplus of RM11.98 billion (S$3.6 billion) in October, above the poll forecast of an RM10.4 billion surplus. REUTERS
တရုတ်မှာ ကျောင်းရှေ့လူအုပ်ထဲ ကားဝင်တိုက်မှု ဖြစ်ပွားပြန်လို့ အများအပြား ဒဏ်ရာရ
နိုဝင်ဘာ ၁၉
တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်ရှိ မူလတန်းကျောင်းတကျောင်းပြင်ပမှာ ကားတစီးက လူအုပ်ထဲကို ဝင်တိုက်မိပြီးနောက် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
ထိခိုက်သေဆုံးမှု အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့် ဒီဖြစ်စဉ်အတွင်း ကျောင်းသားကျောင်းသူတွေနဲ့ လူကြီးအများအပြား ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရကြောင်း စီစီတီဗီသတင်းဌာနက ဆိုပါတယ်။
ယာဉ်မောင်းကို ကျောင်းလုံခြုံရေးနဲ့ ကျောင်းသားမိဘတွေကဖမ်းဆီးပြီး ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။ ယာဉ်တိုက်မှုမှာ မတော်ဆမှု သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းလား ရှင်းလင်းစွာမသိရသေးပါဘူး ။ ဖြစ်စဉ်ဟာ ဒီနေ့မနက် ၇ နာရီ ၅၀ မိနစ်က ဖြစ်ပွားခဲ့တာပါ။
ဒဏ်ရာရရှိသူ ရှစ်ယောက်ကနေ ကိုးယောက်ထိရှိနိုင်ပြီး ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေပါဝင်ကြောင်း မျက်မြင်သက်သေတယောက်က ပြောပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာ တပတ်တာကာလအတွင်း တတိယမြောက် လူစုလူဝေးလိုက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အများပြည်သူလုံခြုံရေးအပေါ် စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က နိုင်ငံတောင်ပိုင်း ရှူဟိုင်မြို့မှာ လူအုပ်ထဲကားနဲ့ဝင်တိုက်မှုကြောင့် လူ ၃၅ ယောက်သေပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ဆယ်စုနှစ်အတွင်း အသေအပျောက်အများဆုံးဖြစ်ပါတယ် ။ နိုင်ငံအရှေ့ပိုင်း သက်မွေးပညာကျောင်းတခုမှာလည်း လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူရှစ်ယောက်သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
Ref:CNA
Photo:Getty Images
#centralnewznaypyitaw
မြန်နှုန်းမြင့်ရထားတည်ဆောက်ရေးအတွက် တူရကီနည်းပညာကျွမ်းကျင်မှုကို ထိုင်းနိုင်ငံက ပြန်လည် အသုံးပြုမည်
နိုဝင်ဘာ ၁၉
ထိုင်းနိုင်ငံရဲ့ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်သစ်မှာ အသုံးပြုဖို့ အမြန်ရထားတွေ တည်ဆောက်ဖို့အတွက် ထိုင်းနိုင်ငံဟာ တူရကီအစိုးရပိုင် ရထားထုတ်လုပ်ရေးကုမ္ပဏီ တူးရာဆက် (Türasaş = တေးယူရေးအား ဆေ ရားရှည်) နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာဂျန်းဂရောင်းဂရိန်းကစ် က နိုဝင်ဘာ ၁၈ ရက်နေ့က ပြောပါတယ်။
အခုလို အသိပညာအပြန်အလှန်ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်နေတာဟာ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးဖို့အတွက် ရထားထုတ်လုပ်ရေးလုပ်ငန်းတစ်ခု ဆက်လက်ဆောင်ရွက်နိုင်ရေး စီမံချက် တွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
“ထိုင်းနိုင်ငံဟာ အနာဂတ်ကာလမှာ ရထားအင်ဂျင်တွေနဲ့ ရထားတွေ အများအပြားဝယ်ယူဖို့ လိုအပ်လာမှာဖြစ် ပါတယ်။ ဒီလိုပဲ ကမ္ဘာ့အဆင့်မီနည်းပညာတွေနဲ့ ရထားတွဲတွေ ဒီဇိုင်းရေးဆွဲတည်ဆောက်ပြီး ဒေသတွင်းမှာပဲ ရ ထားတွေထုတ်လုပ်ဖို့ မရှိမဖြစ် လိုအပ်လာမှာဖြစ်ပါတယ်။” လို့ ဆူရီယာက ပြောပါတယ်။
တူရကီနိုင်ငံ တူးရာဆက်ကုမ္ပဏီရဲ့ ဆာကာယာစက်ရုံကို သွားရောက်လည်ပတ်စဉ်အတွင်း ကုမ္ပဏီ CEO အိုစ မန်ဘိုယာ့ဇ်နဲ့ ပြောဆိုဆွေးနွေးပြီးနောက် ဆူရီယာက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
ဥရောပစံနှုန်း တစ်နာရီ ကီလိုမီတာ ၁၆၀ နှုန်း ခုတ်မောင်းနိုင်တဲ့ တူရကီနိုင်ငံက ရထားလမ်းစနစ်အတွက် လျှပ် စစ်ရထားတစ်စင်း ဒီဇိုင်းရေးဆွဲတည်ဆောက်ဖို့ တူးရာဆက်ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်မှာ အီတလီနိုင်ငံက Blue Engineering ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
နိုင်ငံတွင်းမှာထုတ်လုပ်တဲ့ စက်ပစ္စည်းအစိတ်အပိုင်း ၇၅% ပါဝင်တည်ဆောက်ထားတဲ့အတွက် တူးရာဆက် ကုမ္ပဏီရဲ့ မြန်နှုန်းမြင့်ရထားဟာ ပြည်ပက တင်သွင်းတဲ့ရထားတွေထက် ၂၀% ဈေးသက်သာတယ်လို့ ကုမ္ပဏီ က ပြောပါတယ်။
ရထားစက်ပစ္စည်းအစိတ်အပိုင်းတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး သွင်းကုန်တွေအပေါ် မှီခိုနေရတာကို လျှော့ ချဖို့အတွက် တူးရာဆက်ကုမ္ပဏီဟာ Hyundai Alstom နဲ့ Siemens အပါအဝင် နိုင်ငံတကာရထားထုတ်လုပ် ရေးနယ်ပယ်က ဦးဆောင်ကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ထိုင်းမီးရထားလမ်းစီမံချက်တွေကို ပံ့ပိုးနိုင်ဖို့အတွက် တူရကီနိုင်ငံခရီးစဉ်အတွင်းရရှိခဲ့တဲ့ ရထားထုတ်လုပ်ရေး နည်းပညာဗဟုသုတတွေကို ပြန်လည်အသုံးချဖို့ မိမိတို့ဝန်ကြီးဌာနဟာ စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း ဆူရီယာက ပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို လျော့ချသွားမယ့်အပြင် ရထားအခြေခံအဆောက် အအုံတွေ တည်ဆောက်လည်ပတ်ရာမှာ ကုန်ကျစရိတ်တွေကို လျှော့ချသွားဖို့ ရည်ရွယ်ထားကြောင်း ၎င်းက ပြောပါတယ်။
ဘန်ကောက်မြို့နဲ့ အရှေ့မြောက်ဒေသ နခုန်ရတ်ချာဆီမာမြို့တို့ ဆက်သွယ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး မြန်နှုန်းမြင့်မီးရထားလမ်းကို လက်ရှိအချိန်မှာ တည်ဆောက်နေဆဲဖြစ်ပါတယ်။
မြို့ကြီးတွေနဲ့ ဆက်သွယ်ထားပြီး နှစ်လမ်းပြိုင်တည်ဆောက်နေတဲ့ ရထားလမ်းစနစ်ဟာ နိုင်ငံံ့စီးပွားရေးကို မြှင့် တင်ပေးမှာဖြစ်သလို ထိုင်းနိုင်ငံကို ဒေသတွင်း သယ်ယူပို့ဆောင်ရေးဗဟိုချက်မနိုင်ငံအဖြစ်လည်း ပြောင်းလဲပေး သွားမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာက ပြောပါတယ်။
Ref: Thailand taps Turkish expertise in high-speed train manufacturing
Credit - MI News
#သတင်းဟင်းလေးအိုးကြီး
ရုရှားပိုင်နက်ကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ရင် ထင်သာမြင်သာ တုံ့ပြန်မယ်လို့ သတိပေး
နိုဝင်ဘာ ၁၉
အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းအတွက်အသုံးပြုခွင့်ပေးလိုက်တာကြောင့် ထင်သာမြင်သာ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ရုရှားက သတိပေးလိုက်ပါတယ်။
ရုရှားပိုင်နက်ထဲထိ ဒီတာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာပြီဆိုရင် အမေရိကန်နဲ့ မဟာမိတ်တွေ ယူကရိန်းစစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်တာလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ အိမ်ဖြူတော်က ထွက်ခွာဖို့ နှစ်လအလိုမှာ အမေရိကန်ရဲ့မူဝါဒကို ကြီးကြီးမားမား ပြောင်းလဲမှုအဖြစ် ရုရှားနိုင်ငံထဲကပစ်မှတ်တွေကို တိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေအသုံးပြုတိုက်ခိုက်ခွင့်ကို ပေးခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအဆုံးသတ်မယ်လို့ ကတိပြုထားတဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒီကိစ္စကို တိုင်ပင်ခဲ့ခြင်းရှိမရှိတော့ ရှင်းရှင်းလင်းမသိရသေးပါဘူး။ အကွာအဝေး မိုင် ၁၉၀ လောက်ထိ ပစ်ခတ်နိုင်တဲ့ ATACMS ဒုံးကျည်တွေနဲ့ ပြင်သစ် ဗြိတိန်တို့ရဲ့ အလားတူဒုံးကျည်တွေ ယူကရိန်းကို ထောက်ပံ့ပေးထားပေမယ့် ရုရှားပိုင်နက်ထဲကို တိုက်ခိုက်ဖို့ကိုတော့ တားမြစ်ထားပါတယ်။
တားမြစ်ထားတာကို ရုပ်သိမ်းလိုက်တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲ ရက် ၁၀၀၀ ပြည့်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ပူတင်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ယူကရိန်းစစ်ပွဲအရေးမှာ အမေရိကန်က မီးပုံထဲ ဆီလောင်းထည့်နေတယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။ ဒါဟာ ရုရှားက မြောက်ကိုရီးယားစစ်သားတွေကို ခေါ်ယူအသုံးပြုနေတဲ့အပေါ် အမေရိကန်ရဲ့ တုံ့ပြန်မှုဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူအချို့ကလည်း သုံးသပ်ထားပါတယ်။
Ref:BBC
Photo:Getty Images
#centralnewsnaypyitaw