ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ
နေပြည်တော်၊ ဒီဇင်ဘာ ၃
ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [Unity and Development Party (UADP)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ACE အိမ်ရာ၊ စိန်ပန်းလမ်း၊ ခြံအမှတ် (၂၆)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [Unity and Development Party (UADP)] ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာထားသည်။
ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [Unity and Development Party (UADP)] ၏ မှတ်ပုံတင်အမှတ်မှာ (၅၅)ဖြစ်သည်။
#သတင်းဟင်းလေးအိုးကြီး
ထိုင်းနိုင်ငံ အကြီးဆုံးကျားဖြန့်ဂိုဏ်းက ထွက်ပြေးနေတဲ့ ခေါင်းဆောင် ကမ္ဘောဒီးယားနယ်စပ်မှာဖမ်းမိ
နိုင်ငံတကာ၊ ဒီဇင်ဘာ ၃
ကမ္ဘောဒီးယားနယ်စပ်အနီးမှာရှိတဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) ရဲ့ ခေါင်းဆောင်လို့ သံသယရှိတဲ့ တရုတ်လူမျိုးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်နေ့ (တနင်္လာနေ့) က ဖမ်းဆီးလိုက်ပါတယ်။
အသက် ၃၅ နှစ်အရွယ် ဒီမင်းဝန်ဆိုသူ တရုတ်အမျိုးသားကို ဆာကီယိုမြို့နယ် ဖမ်းဆတ်ခရိုင်ခွဲ၊ ဘန်းနန်ဆိုအေကျေး ရွာမှာရှိတဲ့ ကမ္ဘောဒီးယားဘက်ကို သွားတဲ့လမ်းပေါ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ရာဇဝတ်မှုနှိမ်နှင်းရေးတပ်ဖွဲ့အကြီး အကဲ ရဲချုပ် မွန်ထရီထက်စ်ခန်းက ပြောပါတယ်။
မစ္စတာဒီမင်းကို ချင်းမိုင်ပြည်နယ်က အငှားအိမ်အများအပြားမှာ တပ်ဆင်ထားတဲ့ ကျားဖြန့်လုပ်ငန်း ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ဆင်းကတ်ထည့်တဲ့သေတ္တာတွေ၊ ဆင်းကက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး သံသယ ရှိနေတာဖြစ်ကြောင်း ရဲချုပ်က ပြောပါတယ်။
ပြီးခဲ့တဲ့လက ချင်းမိုင်ပြည်နယ်က အငှားအိမ်အများအပြားကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ ဖုန်းဆင်းကတ် ၅၉၀,၀၀၀ ပါ ဆင်းကတ်ဘူး ၆၄၂ ဘူး၊ ကွန် ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁,၄၅၅ လုံး၊ ဆင်းကတ် Reader ၄၇ ခု သိမ်းဆည်းရရှိခဲ့ကြောင်း ဗဟိုစုံစမ်းစစ် ဆေးရေးဗျူရို (CIB ) က နိုဝင်ဘာ ၂၇ ရက်နေ့ကကျင်းပခဲ့တဲ့ သတင်း စာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းစဉ်အတွင်း အဆိုပါတရုတ်အမျိုးသားဟာ ချင်းမိုင်ကနေ နခုန်ဆာဝန်ကို ကားမောင်းထွက် ပြေးသွားပါတယ်။
နခုန်ဆာဝန်ရောက်တဲ့အချိန်မှာ ၎င်းရဲ့ကားကို စွန့်ပစ်ခဲ့ပြီး ဘန်ကောက်ကို လိုင်းကားစီးသွားတယ်လို့ ဆိုပါတယ်။
၎င်းရဲ့ တရုတ်လူမျိုးဇနီးသည်ဖြစ်သူ ယင်ရှောင်းယင်က မစ္စတာဒီမင်း ထွက်ပြေးနိုင်ဖို့အတွက် ဘန်ကောက်ကနေ ကမ္ဘောဒီးယားနယ်စပ်နဲ့ ထိစပ်နေတဲ့ ဆာကီယိုမြို့နယ်ထဲကို သွားရောက်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။
မစ္စတာဒီမင်းက ၎င်းရဲ့ ထိုင်းလူမျိုးဇနီးသည် အဖမ်းခံနေရတာကို မသိခဲ့ဘဲ ဆာကီယိုမြို့မှာရှိတဲ့ ရောင်းကလူယာဈေး ကို သွားရောက်လည်ပတ်ဖို့သာ စီစဉ်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောပါတယ်။
မစ္စတာဒီမင်းရဲ့ အသက် ၃၇ နှစ်အရွယ် တရုတ်လူမျိုးဇနီးသည်ကိုလည်း တနင်္ဂနွေနေ့က သုဝဏ္ဏဘူမိလေဆိပ်မှာ ရဲ တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
Ref: Thailand's biggest call scam centre boss arrested near Cambodia
#centralnewsnaypyitaw
ကွာရှင်းခြင်းရဲ့နောက်ကွယ် အပိုင်း-၁
ကွာရှင်းခြင်းရဲ့နောက်ကွယ် အပိုင်း-၁
#crd
ထိုင်းငါးဖမ်းစက်လှေများသည် မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖြစ်စဉ်ကို ထိုင်းတာဝန်ရှိသူများထံ တရားဝင်အကြောင်းကြားခဲ့ဟု နစက ပြောရေးဆိုခွင့်ရှိသူဆို
ထိုင်းငါးဖမ်းစက်လှေများအား မြန်မာ့တပ်မတော်(ရေ)မှ ထိုင်းရေပိုင်နက်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်၍ ငါးဖမ်းနေသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ထိခိုက်ေ-သဆုံးမှုမရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများမှာလည်း ကောင်းမွန်စွာရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာ ၂ ရက်က ရှင်းလင်းပြောကြားခဲ့ပြောသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၃၀ ရက်နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က ကော့သောင်းမြို့နယ်ရှိ မြန်မာ့ရေပိုင်နက်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာ့စစ်ရေယာဥ်တစ်စီးသည် လှုပ်ရှားနေသော မသင်္ကာဖွယ်လှုပ်ရှားမှု(၅)ခုအား ရေဒါမှတစ်ဆင့်တွေ့ရှိခဲ့သဖြင့် ယင်းနေရာအားသွားရောက်စစ်ဆေးရာ ငါးဖမ်းစက်လှေများဖြစ်ကြောင်းတွေ့ရှိရ၍စစ်ဆေးရန် မီးအချက်ပြရာ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြသည်ဟု ဆိုသည်။
ထို့ကြောင့် နံနက် ၃ နာရီ ၂၀ မိနစ်တွင် ထိုင်းငါးဖမ်းစက်လှေတစ်စီးအား မြန်မာနိုင်ငံသား(၂၇) ဦး၊ ထိုင်းနိုင်ငံသား(၄)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် နံနက် ၅ နာရီ၌ မြန်မာ-ထိုင်းနယ်စပ် ရနောင်းမြို့ရှိ ထိုင်းနိုင်ငံတာဝန်ရှိသူများအား မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်ငါးဖမ်းသည့် ထိုင်းစက်လှေတစ်စီးကို လှေလုပ်သားများနှင့်အတူ ဖမ်းဆီးရမိထားကြောင်းအား တရားဝင်ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ပြောသည်။
"ကနဦးစစ်ဆေးချက်အရ ဖမ်းမိခဲ့တဲ့စက်လှေဟာ ရနောင်းမြို့မှာရှိတဲ့ ထိုင်းနိုင်ငံသားတစ်ယောက်ပိုင်တယ်။ ရနောင်းဆိပ်ကမ်းကနေ နိုဝင်ဘာ ၂၉ ရက်ညနေ ၃ နာရီကထွက်လာပြီး မြန်မာ့ရေပိုင်နက်ထဲကို ည ၉ နာရီလောက်မှာရောက်ပြီး ငါးဖမ်းခဲ့ကြတယ်။ လစာအနေနဲ့ဆိုရင် ထိုင်းနိုင်ငံသားတစ်ယောက်ကို ဘတ် ၁၅၀၀၀၊ မြန်မာနိုင်ငံသားတစ်ယောက်ကို ဘတ် ၁၂၀၀၀ လောက်ရတယ်လို့ ဖော်ထုတ်သိရှိထားပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့ပြင် ဖမ်းဆီးရမိသူများနှင့်အတူ လက်နက်ခဲယမ်းမဟုတ်သည့် အကြမ်းဖက်အဖွဲ့များနှင့်ဆက်နွယ်နေသော ပစ္စည်းများတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် ယခုဖြစ်စဥ်အား လှုံ့ဆော်ရေးသားခြင်းသည် နှစ်နိုင်ငံ အထင်အမြင်လွဲမှားစေရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ အစိုးရချင်း၊ တပ်မတော်ချင်းပါကောင်းမွန်သည့် အဆက်မပြတ်သောဆက်သွယ်ဆောင်ရွက်မှုများရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေး ပြောကြားခဲ့သည်။
ကျိုက်လတ်ခွဲရုံတွင် 12kV Control Panel တပ်ဆင်
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ရှိ ကျိုက်လတ်ခွဲရုံတွင် 12kV Control Panel တပ်ဆင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်အတွင်း ဓာတ်အားစနစ်တိုး တက်ကောင်းမွန်စေရန် (33/11)kV၊(5)MVA ကျိုက်လတ်ခွဲရုံ၌ ဧရာဝတီတိုင်းလျှပ်စစ်အင် ဂျင်နီယာမှဦးဆောင်ကာ ဖျာပုံခရိုင်လျှပ်စစ်အင်ဂျင်နီယာက အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ 12kV Control Panel တပ်ဆင်ပြီး ဓာတ်အားပို့လွတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆုတွေ တစ်ဆုပြီးတစ်ခု ရရှိနေတဲ့ ရွှေကိုးလေး
ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်ကြယ်ပွင့်ကစားသမားလေး ကိုး ပါလ်မာကတော့ ဘောလုံးအားပေးသူများအသင်း Football Supporters' Association ကနေ ချီးမြှင့်တဲ့ FSA Player of the Year 2024 ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။
ဒီဆုကို ၂၀၁၃ခုနှစ်ကနေ စတင် ချီးမြှင့်ခဲ့တာဖြစ်ပြီး ပါလ်မာကတော့ ချယ်လ်ဆီး ကစားသမားတွေထဲကမှ ဒီဆုကို ပထမဆုံး ဆွတ်ခူးနိုင်သူလည်း ဖြစ်ခဲ့ရပါတယ်။
Congratulations!!! 🧊Palmer 👏👏👏