21 w - Translate

နောင်တော်ကြီး KIA EV9 ကို အပြိုင်ဖိုက်မယ့် Hyundai Ioniq 9

Three-row electric SUV ကားတွေထဲမှာ အတော်အသင့် အောင်မြင်မှု Kia EV9 လိုမျိုးပဲ Hyundai ကနေလည်း သူတို့ရဲ့ Ioniq 9 ကားသစ်ကို ချပြလိုက်ပါပြီ။ KIA ကားနည်းတူပဲ E-GMP electric platform ကို အခြေခံတည်ဆောက်ထားတာဖြစ်ပြီး နေရာလွတ်ခပ်များများ နဲ့ ခမ်းခမ်းနားနားပုံစံမျိုးကိုမှ Trim Level အကုန်လုံးမှာ range 300 miles ထပ်မနည်း ရရှိနိုင်မယ်လို့ဆိုပါတယ်။

Ioniq 9 က 110.3-kilowatt-hour (net) battery pack ကို အသုံးပြုပေးထားတာဖြစ်ပြီး Long Range model မှာ a single electric motor (rear wheels) ကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Hyundai အနေနဲ့ dual-motor Long Range variant နဲ့ dual-motor Performance model တွေကိုလည်း ရရှိနိုင်ဦးမှာပါ။

Long Range single-motor model ရဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ 215 horsepower နဲ့ 258 pound-feet torque ရှိပါတယ်။ dual-motor Long Range version မှာတော့ 310 hp နဲ့ 445 lb-ft ရှိပြီး Performance model မှာတော့ 430 hp နဲ့ 515 lb-ft ဖြင့် ရရှိနိုင်မှာပါ။ ဒါ့အပြင် Ioniq 9 က 60 miles per 4.9 seconds အထိ မောင်းနှင်နိုင်မယ့်အပြင် top speed ကတော့ 124 miles per hour အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အားသွင်းတဲ့ စနစ်မှာဆိုရင်လည်း 350-kilowatt-capable DC fast charger နဲ့အတူ 10 to 80% ကို 24 minutes ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Ioniq 9 ကားသစ်ရဲ့ maximum towing capacity က 5,000 pounds ရှိပါတယ်။

လက်ရှိမှာတော့ Ioniq 9 ရဲ့ ဈေးနှုန်းကို အတိအကျ ကြော်ငြာထားထားခြင်းမရှိသေးပေမယ် အရှေ့ကနောင်တော်ကြီးတွေလိုမျိုး စျေးကွက်ထဲမှာ နေရာယူလာနိုင်မလားဆိုတာတော့ အတူစောင့်ကြည့်လိုက်ရအောင်လား ….


#kia_ev9
#hyundai #ioniq9

image
21 w - Translate

နောင်တော်ကြီး KIA EV9 ကို အပြိုင်ဖိုက်မယ့် Hyundai Ioniq 9

Three-row electric SUV ကားတွေထဲမှာ အတော်အသင့် အောင်မြင်မှု Kia EV9 လိုမျိုးပဲ Hyundai ကနေလည်း သူတို့ရဲ့ Ioniq 9 ကားသစ်ကို ချပြလိုက်ပါပြီ။ KIA ကားနည်းတူပဲ E-GMP electric platform ကို အခြေခံတည်ဆောက်ထားတာဖြစ်ပြီး နေရာလွတ်ခပ်များများ နဲ့ ခမ်းခမ်းနားနားပုံစံမျိုးကိုမှ Trim Level အကုန်လုံးမှာ range 300 miles ထပ်မနည်း ရရှိနိုင်မယ်လို့ဆိုပါတယ်။

Ioniq 9 က 110.3-kilowatt-hour (net) battery pack ကို အသုံးပြုပေးထားတာဖြစ်ပြီး Long Range model မှာ a single electric motor (rear wheels) ကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Hyundai အနေနဲ့ dual-motor Long Range variant နဲ့ dual-motor Performance model တွေကိုလည်း ရရှိနိုင်ဦးမှာပါ။

Long Range single-motor model ရဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ 215 horsepower နဲ့ 258 pound-feet torque ရှိပါတယ်။ dual-motor Long Range version မှာတော့ 310 hp နဲ့ 445 lb-ft ရှိပြီး Performance model မှာတော့ 430 hp နဲ့ 515 lb-ft ဖြင့် ရရှိနိုင်မှာပါ။ ဒါ့အပြင် Ioniq 9 က 60 miles per 4.9 seconds အထိ မောင်းနှင်နိုင်မယ့်အပြင် top speed ကတော့ 124 miles per hour အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အားသွင်းတဲ့ စနစ်မှာဆိုရင်လည်း 350-kilowatt-capable DC fast charger နဲ့အတူ 10 to 80% ကို 24 minutes ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Ioniq 9 ကားသစ်ရဲ့ maximum towing capacity က 5,000 pounds ရှိပါတယ်။

လက်ရှိမှာတော့ Ioniq 9 ရဲ့ ဈေးနှုန်းကို အတိအကျ ကြော်ငြာထားထားခြင်းမရှိသေးပေမယ် အရှေ့ကနောင်တော်ကြီးတွေလိုမျိုး စျေးကွက်ထဲမှာ နေရာယူလာနိုင်မလားဆိုတာတော့ အတူစောင့်ကြည့်လိုက်ရအောင်လား ….


#kia_ev9
#hyundai #ioniq9

image
image
image
image
image

Part-2
တစ်ခဏ

နှစ်စဉ် ရခိုင်ကို ဆယ်တန်းအနီးကပ် စာသင်ပေးဖို့သွားတိုင်း၊ နွေရာသီပိတ်ရက်ရှမ်းပြည်သွားတိုင်း ကျွန်မအတွက် ရခိုင်ချိတ်၊ အင်းလေးလုံချည် အမြဲဝယ်လာပေးရတာ ဝတ္တရားတစ်ခုပါပဲ။ သူမရှိတော့တဲ့နောက် သူ့ရဲ့စာအုပ်စင် ဗီရိုတွေရှင်းတဲ့အချိန်မှာ ရှမ်းပြည်က သူ့မိတ်ဆွေ ကိုစိုးမောင်ရဲ့စာတွေ တော်တော်များများတွေ့ရပါတယ်။ အင်းတဲက ရက်ကန်းစင်မှာ “မိုးလားတိမ်လားမြူလား” လုံချည်ဆင်ရှာဝယ်ပေးဖို့ သူခိုင်းတာ ရှာမတွေ့ကြောင်းပြန်ထားတယ့်စာဖတ်ရတော့ ကျွန်မမျက်ရည်ကျမိတယ်။ အဲ့ဒါ ကျွန်မလိုချင်တယ်ပြောမိလို့ သူ ကိုစိုးမောင်ကို ရှာဝယ်ခိုင်းတာပါ။ ပညာရေးတက္ကသိုလ်တက်စဉ်ကာလတွေကပေါ့။ ကျွန်မတို့ အိမ်ထောင်ကျတဲ့အချိန်မှာ ကိုစိုးမောင်မရှိတော့ပါဘူး ဆုံးပါပြီ။ ကျွန်မအပေါ်မှာ သူ အဲ့ဒီလောက် ဂရုတစိုက်ရှိခဲ့တာတွေ သိလာရလေ ကျွန်မ ဝမ်းနည်းလေပါပဲ။ သူပေးတဲ့လုံချည် တော်တော်များများကို နောက်ပိုင်းမှာ ဆွေးကုန်မှာစိုးလို ဗမာဖြစ်လုံချည်ကြိုက်နှစ်သက်သူတွေကို ဝေငှလိုက်ပါတယ်။ သူပေးတဲ့ ရခိုင်လုံချည်တွေထဲကတသစ်ထည်ကို သူနဲ့ကျွန်မ လက်မှတ်ထိုးတဲ့နေ့မှာ အမှတ်တရ ဝတ်ခဲ့ရုံတင်မကဘူး သူ့ပုဆိုးရော ကျွန်မလုံချည်ရော နှစ်ထည်လုံးကို အတူတွဲပြီးသိမ်းထားလိုက်တယ်။ ကျွန်မတို့သေရင်လွှမ်းဖို့ပါ။ လင်မယားနှစ်ယောက် ခန္ဓာကိုယ်လှူလိုက်ကြတော့ အဲ့ဒီဝတ်စုံလေးတွေ လွှမ်းဖို့မလိုတော့ဘူးလို့ တွေးမိပေမဲ့ အမြတ်တနိုးသိမ်းထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူဆုံးတယ့်အချိန်က COVID ကာလမို့ ခန္ဓာကိုယ်လှူမရတော့ မီးသင်္ဂြိုဟ်ရမှာမို့ သူ့ပုဆိုးလေးကို လွှမ်းပေးခွင့်ရလိုက်ပါတယ်။
သူ့ကို အံ့ဩမိတာတစ်ခုကတော့ နေ့စဉ် Diary ရေးတာပါပဲ။ သူ့ Diary တွေရယ် မြောက်မြားလှစွာသော သူ့စာအုပ်တွေရယ်ကို အိမ်ပြောင်းတိုင်း ကျွန်မသယ်လာရတာ တာဝန်တစ်ခုပါ။ ချစ်သူဘဝရောက်ကြတော့ သူက Diary အဟောင်းတွေ ပြန်လှန်ပြီး ဘယ်ခုနှစ်မှာ လေးနွယ်နဲ့ သူနဲ့ တွေ့ကြတာ ဘယ်နှခါဆိုတာ စာရင်းလုပ်ထားပြီး ကျွန်မကိုပြပါတယ်။ သူ့နေ့စဉ်မှတ်တမ်းမှာ ကျွန်မတို့ ညီမတစ်တွေ သူ့ဆီအလည်လာတာ သီတင်းကျွတ်ကန်တော့တာပါသလို သူကလည်း New year card လေးတွေပေးတာ စစ်ကိုင်းပြန်လက်ဆောင်ပေးတာ ရခိုင်လုံချည် ရှမ်းလုံချည်ပေးတာ အသေးစိတ်အကုန်ရေးပါတယ်။ ကိုယ့်အပေါ် သူ့လောက်အနုစိတ်ဂရုစိုက်သူ နှစ်ယောက်မရှိနိုင်ပါဘူး။
သူ့ရဲ့အားနည်းချက်ကတော့ နှစ်လရက်စွဲတွေ မမှတ်နိုင်တာပါပဲ။ ဆူးလေတိုက်ကနေ ပုဇွန်တောင်အနော်ရထာအိမ်ရာကိုပြောင်းတော့ သန်းခေါင်စာရင်း ပြောင်းကြဖို့ ပုဇွန်တောင် လဝကရုံးကိုသွား သူ့ကို လိုအပ်တာတွေဖြည့်ထားဖို့ မှာခဲ့ပြီးကျွန်မက ကျောက်တံတား လဝကရုံးကို လိုအက်တဲ့စာရွက်စာတမ်း သွားယူပုဇွန်တောင်ရုံးကိုပြန်လာချိန်မှာ ရုံးကဝန်ထမ်းကလေးမလေးတွေက ကျွန်မကို “အန်တီကို တိုင်ရအုံးမယ် အန်ကယ့်ကို လက်ထပ်တယ့်ရက်စွဲမေးတာ မမှတ်မိဘူးလို့ပြောတယ်” ကျွန်မ သူ့ကိုလှမ်းကြည့်လိုက်တော့ ပြုံးဖြီးဖြီးနဲ့ သူ့အပြစ်သူသိတဲ့ပုံ၊ ကလေးတွေရှေ့မှာ မနည်းဟန်ဆောင်ပြုံးပြီး “သူက မေ့တတ်လို့ပါသမီးရယ်” ဆိုပြီးကိုယ့်ဘာသာ ဖြည့်ပေးခဲ့ရတယ်။ အိမ်လည်းပြန်ရောက်ရော ဘာပြောကောင်းမလဲ ကျွန်မ သူ့ကို စိတ်ကောက်ပြီး စကားမပြောဘဲနေတာ။ ညကျတော့ ကျွန်မ စိတ်ဆိုးစိတ်ကောက်ရင် အမြဲဆိုနေကျ ကိုအံ့ကြီးရဲ့ “မျက်ထားတော်ဘာအလိုများမကျ စကားမဆိုဝံ့အောင်ကွယ် အိုဘယ့်သက်လယ်” သီချင်းပိတ်လေးဆိုပြီး ကျွန်မ ကိုချော့ရှာပါတယ်။ သူ့ဦးနှောက်က ခုနှစ်တွေ လတွေ ရက်တွေကို မှတ်နိုင်စွမ်းမရှိဘူးလို့ ပြောပါတယ္။ ဒါနဲ့ ပဲခူးဟင်္သာကုန်းဘုရားရောက်တော့ သစ်သားနဲ့ စားပွဲတင်ပြက္ခဒိန်လေး ဝယ်လာပြီး 1986June 10 Tuesday လို့ စက္ကူကဒ်ပြားလေး ထည့်ပေး ဘာမှရက်စွဲပြောင်းစရာမလို ဒါလက်ထပ်တယ့်နေ့စွဲ လို့ မမေ့အောင် သူ့စာရေးစားပွဲပေါ်မှာ ထားပေးလိုက်တယ်။ ခုထိရှိနေပါသေးတယ်။

#ဆက်ရန်ရှိ

21 w - Translate

Beach 🏝️

image

အကယ်ဒမီပေးပွဲအတွက် ရွှေကြိုမောင်မယ်စတင်ခေါ်ယူ

#သတင်းဟင်းလေးအိုးကြီး

image

ဗိုလ်မှူးကြီး နှစ်ဦးအပါအဝင် လေးဦးကို သူရဘွဲ့ ချီးမြှင့်

နိုဝင်ဘာ ၂၅

ဗိုလ်မှူးကြီး နှစ်ဦးအပါအဝင် လေးဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယနေ့ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် သူရဘွဲ့ ဂုဏ်ပြု ချီးမြှင့်လိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီးဝဏ္ဏလှိုင်၊ ဗိုလ်မှူးကြီး သက်ထွန်းအောင်၊ ဗိုလ်မှူး မျိုးကိုကိုထွန်းနှင့် ဗိုလ်မှူးအောင်ဆန်းဦးတို့ကို သူရဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကိုလည်း ဗိုလ်မှူးချုပ်မျိုးရွှေနှင့် ဗိုလ်မှူးချုပ်တင့်နိုင်ထွန်းအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၆ ဦးကို ချီးမြှင့်ခဲ့သည်။

အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သည့် ရဲသူရတံဆိပ်ကို ယာယီဒုတိယရဲမှူးကြီး မင်းသူ၊ ဒုတိယရဲမှူးသန့်ဇော်၊ ဒုတိယရဲမှူး ဖြိုးဖြိုးဆွေ (ခ) မိုးဟိန်းကျော်၊ ရဲအုပ် ရဲအောင်ဗိုလ်၊ ဒုတိယရဲအုပ်မင်းရဲထက်နှင့် ဒုတိယမီးသတ်ဦးစီးမှူးဦးသီဟအောင်၊ မီးသတ်တပ်ကြပ်ကြီး ငြိမ်းချမ်းအောင်တို့ကို ချီးမြှင့်ခဲ့သည်။ ထို့အတူ ရဲဗလတံဆိပ်အတွက် ဒုတိယရဲမှူးကြီးကျော်သူရအပါအဝင် ၆၁ ဦးကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယနေ့ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့တွင် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image
21 w - Translate

လယ်ပတူ၊ ဒန်သလွန် ၊ငပနော် ချဉ်ရည်လေး။
လယ်ပတူက ခါးသက်သက်လေး။

image

ရုရှားက မြောက်ကိုရီးယားကို ဒုံးကျည်များထောက်ပံ့ဟု ပြော

နိုဝင်ဘာ ၂၃

ယူကရိန်းစစ်ပွဲတွင် ရုရှားကို ကူညီပေးရန် မြောက်ကိုရီးယားက စစ်သားများ စေလွှတ်နေမှုကို တုန့်ပြန်ကူညီသည့် အနေဖြင့် ရုရှားက မြောက်ကိုရီးယားကို လေကြောင်းကာကွယ်ရေး ဒုံးကျည်များ ထောက်ပံ့ခဲ့ကြောင်း တောင်ကိုရီးယားအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် အောက်တိုဘာလအတွင်းက ရုရှားကို စစ်သား ၁၀,၀၀၀ ကျော် ပို့ဆောင်ခဲ့ကာ ထိုစစ်သား များထဲမှ အချို့သည် ရှေ့တန်းစစ်မြေပြင်တွင် စတင်ပါဝင်တိုက်ခိုက် နေပြီဖြစ်ကြောင်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ယူကရိန်းတို့က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယား စစ်သားများ ပါဝင်လာမှုသည် စစ်မီးကို ပိုမိုတောက်လောင် လာစေနိုင် ကြောင်းနှင့် ရုရှားက မြောက်ကိုရီးယား၏ စစ်ကူအတွက် အပြန်အလှန်အနေဖြင့် ဒုံးကျည်များ ထောက်ပံ့ပေး ခြင်းဖြစ်နိုင်ကြောင်းက ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ရုရှား၏ ဆန်းပြားသည့် လက်နက်နည်းပညာသည် မြောက်ကိုရီးယား၏ နျူကလီးယား သယ်ဆောင်နိုင်သည့် ဒုံးကျည်များ၏ စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်စေနိုင်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က သတိပေး ခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ ( Yoon Suk Yeol) ၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှင်းဝန်ဆစ် (Shin Wonsik) ကမူ ရုရှားသည် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်၏ လေကြောင်းကာကွယ်ရေး ကွန်ရက် ကို ပိုမိုခိုင်မာစေရန်အတွက် ဒုံးကျည်များနှင့် အခြား စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်ကို တောင်ကိုရီးယားက တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော် ရုရှားက မြောက်ကိုရီးယားကို မည်သည့် ဒုံးကျည် အမျိုးအစားများ ပေးခဲ့သည်ဆိုခြင်းကိုမူ ရှင်းက အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

ရုရှားသည် မြောက်ကိုရီးယားကို မြေပြင်မှ ဝေဟင်ပစ် S-400 တာဝေးပစ် ဒုံးကျည်များ၊ လောင်ချာများနှင့် မြေပြင် အခြေစိုက် ရေဒါစနစ်များ ပေးပို့ခဲ့ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားရှိ ကိုရီးယားကာကွယ်ရေးကွန်ရက်မှ ကျွမ်းကျင်သူ လီအီလ်ဝူး (Lee Illwoo) က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် မြေပြင်မှ ဝေဟစ်ပစ် တာတိုပစ် ဒုံးကျည်များကိုလည်း ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်း ရှိသည်ဟုလည်း ၎င်းက ပြောသည်။

S-400 ဒုံးကျည် အမျိုးအစားသည် ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) အကွာအဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်ပြီး ရုရှား၏ ခေတ်အမီဆုံး လေယာဉ်ပစ် လက်နက်များထဲတွင် တစ်ခု အပါအဝင်အဖြစ် သတ်မှတ်ခံထားရသည်။

သို့သော် ထိုလေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်သည် ပြုံယမ်းမြို့တော်၏ လေကြောင်းကာကွယ်ရေးကို သိသိ သာသာ တိုးတက်စေမည် ဟုတ်/မဟုတ် လီက မေးခွန်းထုတ်ခဲ့ပြီး ယူကရိန်းစစ်ပွဲအတွင်း ယူကရိန်း၏ ဒရုန်း တိုက်ခိုက်မှုများကို ထိုလေကြောင်းကာကွယ်ရေးစနစ်က ထိထိရောက်ရာက် ကာကွယ်နိုင်ခဲ့ခြင်း မရှိကြောင်း လီက ပြောကြားခဲ့သည်။

Source: အပေီ

ပုံ - ပူတင်နဲ့ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

Credit - Central News Independence

#သတင်းဟင်းလေးအိုးကြီး

image

ရာဂီမုန်တိုင်းရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားက အကူအညီပစ္စည်းများ ၃၅ တန်ခန့် လှူဒါန်း

နိုဝင်ဘာ ၂၅

ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွှဲပြောင်းပေးအပ်ပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးဌာန၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံနျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) နှင့် Aquarius ကုမ္ပဏီများအုပ်စုတို့က လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် လာရောက်ပေးပို့ရာ နေပြည်တော်လေဆိပ်သို့ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov နှင့်ရုရှားနိုင်ငံမှ အလှူရှင်အဖွဲ့အစည်းများကိုယ်စား တာဝန်ရှိသူတစ်ဦးတို့က လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်က လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

တိုင်ဖွန်းရာဂီ၏ သက်ရောက်မှုကြောင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ စုစုပေါင်းတန်ချိန် (၃၅) တန်ခန့်ပါဝင်ပြီး ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးခွဲဝေပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#centralnewsnaypyitaw

image
image
image

မြောက်ဒဂုံမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများလုယက်သူတစ်ဦးအား ဖုန်းမျိုးစုံ ၁၅ လုံးနှင့်အတူ ဖမ်းမိ

နိုဝင်ဘာ ၂၅

မြောက်ဒဂုံမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများလုယက်သူအမျိုးသားတစ်ဦးအား ဖုန်းမျိုးစုံ ၁၅ လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း၌ မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအား လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒုစရိုက်မှုကိုမလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပို့တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်း၍ လုယက်မှုများကျူးလွန်သည်ဟု မသင်္ကာသူ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ငုရွှေဝါ(၅)လမ်း၊ အမှတ် (၅၈၆)၊ အခန်း(၄)နေ ဆန်းထက်ဝေ(၂၃)နှစ် (ဘ)ဦးဝင်းစန်းအား အမှတ်(၁၁)ရပ်ကွက်၊ ငုရွှေဝါ(၅)လမ်း၌ လုယက်မှုများကျူးလွန်စဉ် စီးနင်းအသုံးပြုခဲ့သည့် Bashan အမျိုးအစား အဖြူ/အပြာရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ တရားခံဆန်းထက်ဝေသည် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ မြမဉ္ဇူလမ်းမပေါ်၌ လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦးထံမှ ဘေးလွယ်အိတ်အား လုယက်ထွက်ပြေးခဲ့ပြီး ၎င်းလွယ်အိတ်အတွင်းမှ TAB 8 Pro အမျိုးအစား Tablet ၁ လုံး၊ Samsung A05s အမျိုးအစားအစိမ်းရောင် လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေစက္ကူရောရာ ၁ဝဝ,ဝဝဝ ကျပ်တို့အား ရရှိခဲ့ပြီး TAB 8 Pro အမျိုးအစား Tablet အား လမ်းသွားလမ်းလာကလေးငယ်တစ်ဦးအား ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဆက်လက်စစ်ဆေးချက်အရ တရားခံဆန်းထက်ဝေသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာနှင့် အောက်တိုဘာ လများအတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များဖြစ်သည့် အမှတ်(၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၈ နှင့် ၄၄)ရပ်ကွက်အတွင်းရှိ လမ်းများပေါ်တွင် သွားလာလျက်ရှိသည့် လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးအား ၁၀ ကြိမ်တိတိ ဆိုင်ကယ်စီးနင်း၍ ဆွဲယူလုယက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ပေါ်ပေါက်ချက်အရ လုယက်ရရှိထားသည့် လက်ကိုင်ဖုန်းများအား မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်ရှိ Mobile Point ဖုန်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်ဖြစ်သူ မင်းဇင်မောင်(ခ)ပါကြီး(၃၃)နှစ် (ဘ)ဦးကျော်ဝင်းထံတွင် ရောင်းချထားကြောင်း သိရှိရသဖြင့် သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ လုယက်မှုကျူးလွန်ရာမှရရှိသည့် Samsung A05s အမျိုးအစား လက်ကိုင်ဖုန်းအပါအဝင် လက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအကြိမ်ကြိမ် လုယက်မှုကျူးလွန်ခဲ့သူ တရားခံဆန်းထက်ဝေနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့် သက်သေခံလက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူထားရှိသူ မင်းဇင်မောင်(ခ)ပါကြီးတို့နှစ်ဦးအား သက်သေခံလက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း၌ လုယက်မှုတစ်ခုစီအတွက် အမှုအသီးသီးရေးဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image