Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း 7 ခု
နေ့စဉ် မျက်နှာသစ်နေရင်းက အမှားတွေ လုပ်မိနေတာကို
သိပါသလား။ မှန်ကန်တဲ့ မျက်နှာသစ်နည်း မဟုတ်တဲ့အခါ မျက်နှာမှာ ဝက်ခြံတွေ၊ အဆီဖုတွေ ပေါက်တတ်ပါတယ်။
မျက်နှာကို ပုံမှန် ဂရုစိုက်နေပေမယ့် အသားအရေ ပျက်စီးနေတယ်လို့ ခံစားရတာက မျက်နှာသစ်နည်း မှားနေလို့ပါ။
ဒီလို မဖြစ်စေဖို့ မျက်နှာသစ်တဲ့အခါ ရှောင်ကြဉ်ရမယ့် နည်းလမ်းအချို့ကို ရေးသား ဖော်ပြလိုက်ပါတယ်ရှင်။
(၁)ကိုယ်တိုက်ဆပ်ပြာ မသုံးပါနဲ့
ခြေထောက်နဲ့ လက်တွေကို တိုက်တဲ့ ကိုယ်တိုက်ဆပ်ပြာမှာ အသားအရေကို ခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က နဂိုတည်းက အသားခြောက်တတ်တဲ့သူဆို မျက်နှာမှာ အရေပြား ပြဿနာ ဖြစ်စေတာမို့ သင့်အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးစွဲပါ။
(၂) မျက်နှာကို တအား မပွတ်တိုက်ပါနဲ့
ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို အားနဲ့ကုတ်ခြစ်တာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ Scrub သုံးပြီး မျက်နှာကြေး (ဂျီး)ချွတ်တာမျိုးကို ၁ ပတ်မှာ ၁ ခါလောက်သာ လုပ်သင့်ပါတယ်။ မျက်နှာကို ပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
(၃) နံနက်ပိုင်းမှာ မျက်နှာသစ်ပါ
အိပ်စက်ခြင်းက သင့်အသားအရေ ဆဲလ်ကို ပြန်လည်အားဖြည့်စေပေမယ့် အညစ်အကြေး၊ အဆီနဲ့ ပိုးမွှား တွေကတော့ ချွေးပေါက်အတွင်းမှာ ပိတ်မိနေနိုင်ပါတယ်။ အိပ်စက်နေတဲ့ ၈ နာရီ အတွင်းမှာ ခေါင်းအုံးက ဖုန်မှုန့်တွေ မျက်နှာမှာ ရှိနိုင်တာကြောင့် အိပ်ရာထတာနဲ့ မျက်နှာသစ်ပါ။
(၄) အရမ်းပူတဲ့ရေ မသုံးပါနဲ့
ရေနွေးနဲ့ မျက်နှာသစ်ခြင်းက အသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်မိတယ်ဆိုရင် အရမ်းပူတဲ့ ရေအစား ရေကြက်သီးနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။
(၅) Mask မသုံးခင် မျက်နှာသစ်ပါ
Face Mask သုံးမယ်ဆိုရင် သင့်မျက်နှာက ပြောင်ရှင်းပြီး သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ Mask က ဓာတ်တွေ သင့်အသားထဲ စိမ့်ဝင်စေဖို့ မျက်နှာကိုသစ်ပါ။
(၆) မျက်နှာသစ် ဆပ်ပြာနဲ့ မိတ်ကပ် မဖျက်ပါနဲ့
အခုခေတ် မိတ်ကပ်တွေက ရေစိုလည်း မပျက်၊ ချွေးထွက်လည်း မပျက်အောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ မိတ်ကပ်ဖျက်ဆေး မသုံးနိုင်ရင်တောင် Double Cleansing လုပ်ဖို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုထားပါတယ်။
(၇) မျက်နှာသုတ်ဖို့ အဝတ် သီးသန့်ထားပါ စိတ်အချရဆုံးက Tissue သုံးခြင်းပါပဲ
ခန္ဓာကိုယ်ကိုသုတ်တဲ့ တဘက်နဲ့ မျက်နှာကို မသုတ်မိအောင် သီးသန့်ထားပါ။ ခန္ဓာကိုယ်က ဘက်တီးရီးယား တွေက သင့်မျက်နှာ အသားအရေကို ပျက်စီးစေပါတယ်။
မျက်နှာမှာ ဝက်ခြံ၊ အဆီဖု ပေါက်နေတယ်ဆိုရင် အသားအရေကို အမှန်တကယ်ပဲ ဂရုစိုက်ဖို့ လိုအပ်နေတာမို့ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ မျက်နှာသစ်ပြီး ဝင်းပစိုပြေတဲ့ မျက်နှာလေးရအောင်လုပ်ကြည့်ပါနော်။
ရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်၍ မြန်မာသံအမတ်နှင့် ဗင်နီဇွဲလားသံအမတ်တို့ ဆွေးနွေး
မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဘရပ်ဆဲလ်မြို့ရှိ ဗင်နီဇွဲလားသံအမတ်ကြီးနှင့် မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံစဉ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ဥရောပသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလားသံအမတ်ကြီး H.E. Mr. Jorge Hidalgo VALERO BRICEÑO နှင့် နိုဝင်ဘာ (၂၉)ရက်က ဗင်နီဇွဲလားသံရုံး၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဗင်နီဇွဲလားသံအမတ်ကြီးမှလည်း ဗင်နီဇွဲလားနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သော သမ္မတရွေးကောက်ပွဲအတွေ့အကြုံများနှင့်ပတ်သက်၍ ပြန်လည်မျှဝေ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ သက်ဆိုင်ရာနှစ်နိုင်ငံ၏ ဥရောပသမဂ္ဂနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အခြေအနေများ အပေါ်တွင်လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းတွင် ရထားပို့ဆောင်ရေး လုပ်ငန်းအတွက် ဘူတာရုံပေါင်း (၉၀၀)ကျော် တည်ဆောက်ထား
မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည်အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်းသည် ၁၈၇၇ ခုနှစ်၊ မေလ (၁) ရက် တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-ပြည် ရထားလမ်းပိုင်း (၁၆၁)မိုင်ခရီးကို ရန်ကုန်ဘူတာကြီးမှ စတင်ဖောက်လုပ်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းသစ်များဖြင့် နိုဝင်ဘာ (၂၉) ရက်တွင် စတင်ပြေးဆွဲနေပြီဖြစ်ကာ ယခင်က မြို့ပတ်ရထားပြေးဆွဲမှု တစ်နာရီလျှင် ကီလိုမီတာ (၄၀) နှုန်းမှ ယခုအခါ ကီလိုမီတာ (၆၀) နှုန်းဖြင့် တိုးမြှင့်ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ယခင် ပြေးဆွဲနေသော RBE ရထားအစင်း (၂၀)နှင့် DEMU ရထား (၁၅) စင်းအသုံးပြုပြီး ဖြည့်စွက်ပြေးဆွဲပေးသွားမည်ဖြစ်ကာ ခရီးသွားပြည်သူများ မြို့ပတ်ရထားများကို ယခင်ကထက် ပိုမိုမြန်ဆန်အဆင်ပြေကာ စီးနင်းလိုက်ပါနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
နိုင်ငံတကာသတင်းတိုများ
၁။ဂီနီနိုင်ငံတွင်တနင်္ဂနွေနေ့ကကျင်းပသောဘောလုံးပွဲ၌ဒိုင်၏အဆုံးအဖြတ်ကိုမကျေနပ်သဖြင့်ကျောက်တုံးများဖြင့်ပစ်ပေါက်ရာမှပွဲလန့်ပြီးလူနင်းမိရာ၅၆ဦးသေဆုံးခဲ့သည်။
၂။ပြီးခဲ့သည့်စနေနှင့်တနင်္ဂနွေညကဆီးရီးယားသိုပျံသန်းလာသောအီရန်ခရီးသည်တင်လေယာဥ်ပေါ်တွင်ဟဇ်ဘိုလာတိုအတွက်လက်နက်ခဲယမ်းများပါလာသည်ဟုဆိုကာအစ္စရေးစစ်လေယာဥ်များကကြားဖြတ်ဟန့်တားပြီးအီရန်လေယာဥ်များကိုနောက်ကြောင်းပြန်လှည့်စေခဲ့သည်။
၃။ရွေးကောက်ခံသမ္မတထရမ့်ကအိန္ဒိယနွယ်ဖွားကက်ရှ်ပတေးကိုFBI ဒါရိုက်တာအဖြစ်ခန့်အပ်လိုက်သည်။
၄။အလက်ပိုမြိုအထိသိမ်းပိုက်လာသောနေတိုးအထောက်အပံ့ပေးထားသည့်အကြမ်းဖက်အဖွဲများကိုတိုက်ခိုက်ရန်အီရန်ပြည်သူ့စစ်ထောင်ပေါင်းများစွာသည်ဆီးရီးယားနိုင်ငံအတွင်းဝင်ရောက်လာခဲ့သည်။
၅။ယူကရိန်းသမ္မတဇလင်စကီးကရုရှားဖက်မှတိုက်ပေးနေသောမြောက်ကိုးရီးယားစစ်သားများထိခိုက်သေဆုံးကြောင်းသိသော်လည်းသူ့တွင်သက်သေပြစရာမရှိဟုပြောလိုက်သည်။
၆။ဂျာမန်အဓိပတိရှော့ခ်သည်ရထားဖြင့်ယူကရိန်းနိုင်ငံကိယပ်ဗ်မြိုသိုယနေ့ရောက်ရှိလာသည်။
NOM
"မျိုးဆက်ပေါင်းများစွာ အတွင်း မကြုံဖူးခဲ့သော Hunter Biden ၏အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့်။"
တနင်္ဂနွေညတွင် သမ္မတ Joe Biden ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ၎င်း၏သားဖြစ်သူကျူးလွန်နိုင်သည့် ရာဇ၀တ်မှုများအတွက် ဖက်ဒရယ်တရားစွဲဆိုမှုများနှင့် ရင်ဆိုင်ရနိုင်ချေရှိခြင်းမှ လွတ်ငြိမ်းခွင့်ပြုခြင်းသည် ထူးခြားသော နိုင်ငံရေးလုပ်ရပ်တစ်ခုဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ကျွမ်းကျင်သူများက မျိုးဆက်များစွာအတွင်း ထိုကဲ့သို့ သမ္မတ၏ အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံရရှိခဲ့သည့် အခြားသူတစ်ဦးကို Nixon ဖြစ် ပြီး Nixonသည် 1974 ခုနှစ်တွင် Gerald Ford မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။
မြန်မာ့အရေးအလွတ်သဘောဆွေးနွေးမည်
ဗီယန်ကျင်း၊ဒီဇင်ဘာ ၁
ယခုလအတွင်း ဘန်ကောက်၌ကျင်းပရန်လျာထားသည့် မြန်မာ့အရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးမည့်ကိစ္စသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်ပတ်သက်၍ အဆင်ပြေအထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း လာအိုအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။
လာအိုနိုင်ငံ၌ မကြာသေးမီကကျင်းပခဲ့သည့် ရှစ်ကြိမ်မြောက်အာဆီယံမီဒီယာဖိုရမ်၌ လာအိုအာဆီယံဌာနညွှန်ကြားရေးမှူးချုပ်က အဆိုပါဆွေးနွေးပွဲတွင် ယခင်၊လက်ရှိနှင့်လာမည့်အာဆီယံအလှည့်ကျဥက္ကဌများပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ယခုဆွေးနွေးပွဲအတွင်း အင်ဒိုနီးရှားက အာဆီယံဥက္ကဌအဖြစ်တာဝန်ယူထားချိန်၌ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်မည်ဖြစ်သည်ဟုလည်းသိရသည်။
အင်ဒိုနီးရှားသည် ယခင်က အာဆီယံဥက္ကဌဖြစ်ခဲ့ပြီး လာအိုသည်လက်ရှိအာဆီယံဥက္ကဌဖြစ်ကာ မလေးရှားသည်လာမည့်နှစ်တွင် အာဆီယံဥက္ကဌအဖြစ်တာဝန်ယူမည်ဖြစ်ကြောင်းလည်းသိရသည်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ်တွင် နိုင်ငံတွင်းအကြမ်းဖက်နေမှုများကိုချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများအားလုံးပါဝင်ဆွေးနွေးရန်၊မြန်မာ့အရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရန်၊ မြန်မာသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းအပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံးနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့အားတွေ့ဆုံခွင့်ပေးရန်စသည်တို့ပါဝင်သည်။
ဆိုက်ကလုန်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉ ဦးေ-သဆုံးခဲ့
နူးဒေလီ၊ဒီဇင်ဘာ ၁
ဆိုက်ကလုန်းမုန်တိုင်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉ ဦးေ-သဆုံးခဲ့ပြီး တမီနာဒူးလ်ပြည်နယ်နှင့် ပါဒစ်ချရီဒေသများသို့လည်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်ဟုလည်းသိရသည်။
ပါဒစ်ချရီသည် နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံးမိုးသည်းထန်စွာရွာသွန်းမှုနှင့်ကြုံတွေ့ခဲ့ရပြီး ၂၄ နာရီပတ်လုံးမိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။
ယင်းနောက် အိန္ဒိယတောင်ပိုင်း ချန်နိုင်းမြို့၏အစိတ်အပိုင်းများတွင်လည်း ရေလွှမ်းမိုးခဲ့ပြီး လေကြောင်းခရီးစဉ်များကိုယာယီရပ်နားထားခဲ့သော်လည်း တနင်္ဂနွေနံနက်အစောပိုင်းက ခရီးစဉ်များကိုပြန်လည်စတင်ခဲ့ကြောင်းအိန္ဒိယနိုင်ငံလေဆိပ်အာဏာပိုင်များကပြောကြားခဲ့သည်။
ပြည်တွင်းမီဒီယာများ၏ဖော်ပြချက်အရ လေပြင်းတိုက်ခတ်မှုများနှင့်မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် လမ်းများလည်းရေနစ်မြုပ်နေပြီး လူများကိုကယ်ဆယ်ရေးအတွက် စက်လှေများကိုပါအသုံးပြုနေရသည်ဟုလည်းသိရသည်။
သီရိလင်္ကာ၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိသားစုပေါင်း ၁၃၈,၉၄၄ စုထိခိုက်ခံစားခဲ့ရပြီး လူ ၁၆ ဦးေ-သဆုံးခဲ့ကြောင်း ကိုလံဘိုမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက သတင်း ထုတ်ပြန်ကြေငြာခဲ့သည်။