Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စိတ်ချမ်းသာအောင်နေတယ်
အပူပေးသူတွေကို ရှောင်တယ် ။
ကိုယ့်ကိုယ်ကိုယ် ချစ်တယ်
လူတွေကို လေးလေးစားစား ဆက်ဆံတယ် ။
စာအုပ်တွေ ဝယ်စုမယ် ။
ပန်းတွေ ပျိုးမယ် ။
တတ်နိုင်သလောက်
ပေးကမ်းနိုင်တဲ့ လက်တစ်စုံဖြစ်အောင် ကြိုးစားမယ် ။
"သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ"ဆိုတဲ့
စကားအတိုင်း မကျင့်သုံးပါဘူး။
ဒါပေမယ့်
သင် ဆိုးမိရင် ကျွန်ုပ်ရဲ့ တိတ်ဆိတ်မှုအောက်မှာပဲ
ကျရှုံးသွားစေလိမ့်မယ်။
-ဖားစည်ရည်ကျော်
ကိုယ်မုန်းတဲ့သူရယ်လို့ သပ်သပ်မရှိပါဘူး။
ဒါပေမယ့် မပက်သက်မိခဲ့ရင်
ကောင်းမယ်ဆိုတဲ့ လူတချို့တော့ ရှိတယ်။
အတိတ်တွေကိုသာ ပြင်ဆင်ခွင့်ရှိမယ်ဆိုရင်
ကိုယ့်ကို စိတ်ပင်ပန်းစေမယ့် လူတချို့အပေါ်မှာ
မထားသင့်တဲ့ စေတနာတွေ၊ မေတ္တာတွေကို
မထားမိဖို့၊ မတွေ့သင့်တဲ့ သူတွေကို မတွေ့ဖို့
ကိုယ် တကယ်တောင်းဆိုမိမှာ။
ခုတော့ ကိုယ့်ပေးခဲ့ဖူးတဲ့ အရာတွေနဲ့
ကိုယ်တိုင်ပဲ ပြန်နာကျင်ရတယ်။ အဲ့တော့
သင်ခန်းစာယူရုံပဲပေါ့။
တကယ် ကိုယ် ဘယ်သူ့ကိုမှ မမုန်းတတ်ပါဘူး။
မထင်မှတ်ဘဲ သိလိုက်ရတဲ့ စိတ်ဓာတ်တချို့ကြောင့်
စိတ်ကုန်သွားတာပဲ ရှိတာပါ။
-𝐑𝐚𝐲𝐚 𝐚𝐧𝐝 𝐭𝐡𝐞 𝐋𝐚𝐬𝐭 𝐃𝐫𝐚𝐠𝐨𝐧 🎬
-nyinyiaung /ကြေကွဲလူငယ်!!
တခြားလူရဲ့ပါးစပ်မှာ
သင်ပုံစံဘယ်နှမျိုးရှိမှန်း သင်မသိသလို
သူတို့ကိုယ်သူတို့ ကာကွယ်ဖို့
သင်ကို ဘယ်လိုအပုပ်ချခဲ့မှန်းလည်း
သင်သိမှာ မဟုတ်ပါဘူး။
ဒါတွေကို လိုက်ရှင်းပြစရာမလိုပါဘူး။
သင့်ကိုနားလည်တဲ့သူက
သင့်ကိုအမြဲယုံကြည်နေလို့ပါ။
အရမ်းကြိုက်မိတဲ့စကားတစ်ခွန်းက
"သင်သာ မျက်စိမကန်းရင်
တခြားလူရဲ့ပါးစပ်ကနေ ကိုယ့်ကိုမသိချင်ပါနဲ့" တဲ့။
#crd#