18 w - Translate

Revitalizing Health with Aloe Vera Juice

Digestive Health: Aloe vera juice helps soothe and cleanse the digestive tract, enhancing nutrient absorption and alleviating common gastrointestinal issues.
Hydration and Detoxification: As a natural detoxifier, aloe vera juice aids in flushing out toxins from the body, while its high water content helps keep you hydrated.
Skin Rejuvenation: Known for its skin-healing properties, aloe vera enhances skin health, promoting a radiant, youthful glow.

image
18 w - Translate

အမေရိကန်စစ်သင်္ဘော ကမ္ဘောဒီးယားကို ရောက်လာ

အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသို့ ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့တွင် အမေရိကန်စစ်သင်္ဘောတစ်စီး ဆိုက်ရောက်လာခဲ့သည်။ ဆိပ်ကမ်းသို့ရောက် လာခြင်းသည် မကြာခဏဆိုသလို တင်းမာနေခဲ့သော ဆက်ဆံရေး ကို မြှင့်တင်ခြင်းပင် ဖြစ်သည်ဟု ကမ္ဘောဒီးယားအစိုးရက မှတ်ချက်ပြု ပြောကြားခဲ့သည်။

The USS Savannah သည် ငါးရက်ကြာခရီးအတွက် ထိုင်းပင်လယ်ကွေ့ရှိ Sihanoukville ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။ ကမ်းနီးတိုက်ခိုက်ရေးရေယာဉ် Littoral Combat Ship အမျိုးအစားဖြစ်သော The Savannah ၌ အမှုထမ်း ၁၀၃ ဦး လိုက်ပါသည်။

“ရှစ်နှစ်ကြာအပြီးမှာ အမေရိကန်ပြည်ထောင်စုက ဒီနေရာကို ပြန်လည်ရောက်ရှိလာတာဟာ အရမ်းကောင်းမွန်တဲ့ ပြန်လာမှုပါ” ဟု သင်္ဘော၏ ကွပ်ကဲရေးအရာရှိ Daniel A. Sledz က သတင်းထောက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ သူ့နှင့် သူ့သင်္ဘောသားများကို ကမ္ဘောဒီးယားအရာရှိတစ်ဦးက ပန်းစည်းကမ်းကာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

အမေရိကသည် ကမ္ဘောဒီးယားနှင့် ဆက်ဆံရေးတင်းမာနေခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး နိုင်ငံရေးဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကမ္ဘောဒီးယားအစိုးရကို ဝေဖန်ပြစ်တင်မှုများလုပ်ခဲ့သည်။ ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးနီးကပ်လာသည့်အပေါ် အထူးစိုးရိမ်မှုရှိနေပြီး Savannah သင်္ဘောဆိုက်ကပ်သည့်နေရာနှင့် မနီးမဝေးဖြစ်သော ထိုင်းပင်လယ်ကွေ့ရှိ ကမ္ဘောဒီးယားရေတပ်စခန်းတစ်ခုသို့ တရုတ်က သီးသန့်ဝင်ထွက်ခွင့်ရသွားနိုင်သည့်အပေါ် ဝါရှင်တန်က စိုးရိမ်မကင်းဖြစ်နေသည်။

အမေရိက၏ ဆိပ်ကမ်းဆိုက်ကပ်ခွင့် တောင်းဆိုချက်အရ စစ်သင်္ဘောအလည်အပတ်ခရီး စီစဉ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်သွားနိုင်မည်ဖြစ်သည်ဟု ကမ္ဘောဒီးယားနိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောဆိုခဲ့သည်။

image
18 w - Translate

ရာသီဥတုအခြေအနေနှစ်ရပ်ကြောင့် ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၈)ခု၌ မိုးသည်းထန်စွာရွာသွန်းနိုင်
ရာသီဥတုအခြေအနေနှစ်ရပ်ကြောင့် နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၈)ခု၌ လာမည့် ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း မိုး သည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလမှ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ည ၆ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့်တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသောလေအေးများတွေ့ဆုံမှု၊ ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှ ထွက်လာသော တိမ်တိုက်များဖြစ်ပေါ်နေသည်ဟု မိုးဇလကအ သိပေးခဲ့သည်။
ထို့ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေ ရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဟု အသိပေးခဲ့သည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုး ကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များလည်းဖြစ်ပေါ်နိုင်သည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူများအ နေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ ရေ လျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားကြရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေ ကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလကသတိပေးခဲ့သည်။

image
18 w - Translate

ဗဟိုဘဏ်မှ နိုင်ငံခြားငွေများဖြစ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် ယွမ်များကို ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်မှ ဒီဇင်ဘာလ (၁၆) ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၂၈) သန်းကျော်၊ ထိုင်းဘတ် (၁) သန်းနှင့် တရုတ်ယွမ် (၇) သိန်းကျော်ကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

ဗဟိုဘဏ်မှ နှစ်သစ်ကူးရုံးပိတ်ရက်အနီး သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေအခက်အခဲမရှိစေရန် အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိသည်။

နိုင်ငံခြားငွေများ ထုတ်ရောင်းပေးမှုအနေဖြင့် ယခုဒီဇင်ဘာလ (၂) ရက်မှ (၁၆) ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၁၀၉) သန်းခွဲ၊ ထိုင်းဘတ် (၃၀၉ ဒသမ ၄၇၅) သန်းနှင့် တရုတ်ယွမ် (၈ ဒသမ ၇၄၆) သန်းအထိ ရောင်းချပေးထားပြီးဖြစ်ကြော င်း စာရင်းများအရ သိရသည်။

ထို့ပြင် ပြင်ပဈေးကွက်တွင်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် အတတ်၊အကျမရှ် တည်ငြိမ်နေပြီး ယနေ့တွင် တစ်ဒေါ်လာ (၄,၄၂၀) ကျပ်၊ ထိုင်းဘတ် တစ်ဘတ် (၁၃၁) ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် (၆၁၆)ကျပ် ဖြစ်နေကြောင်း သိရသည်။

imageimage
18 w - Translate

🩷အဓိက နင်လှဖို့ပဲအရေးကြီးတယ် သူငယ်ချင်း
ငါဘယ်လိုပဲရိုက်ပေးရပေးရ😘

အဲ့လိုသူငယ်ချင်းမျိုးက သပ်သပ်ကိုရှိတာ😁

image
18 w - Translate

Trump သည် စာတိုက်ဝန်ဆောင်မှုကို ဖျက်သိမ်းရန် ပြင်းပြင်းထန်ထန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အတည်ပြုပြောကြားလိုက်သည်။

တနင်္လာနေ့က Palm Beach တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် USPS မှငွေဆုံးရှုံးခြင်းနှင့် ပတ်သက်၍ ရွေးကောက်ခံသမ္မတအားမေးမြန်းခဲ့သည်။

image

နျူ၊ ဇီဝနဲ့ ဓာတုလက်နက်ရန် ကာကွယ်ရေးတပ်ခေါင်းဆောင် ရုရှား ဒုဗိုလ်ချုပ်ကြီး မော်စကို ပေါက်ကွဲမှုမှာ သေဆုံး

ဒီဇင်ဘာ ၁၇

ရုရှားနိုင်ငံ နျူကလီးယား၊ ဇီဝနဲ့ ဓာတုလက်နက်ရန်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အစ်ဂေါ ခစ်ရစ်လော့ဗ်ဟာ မော်စကိုမြို့မှာဖြစ်တဲ့ပေါက်ကွဲမှုအတွင်းသေဆုံးသွားပါတယ်။

ခစ်ရစ်လော့ဗ်နဲ့ သူ့ လက်ထောက်ဟာ ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့ မနက်ပိုင်းမှာ တိုက်ခန်းတွဲကနေ ထွက်လာချိန် စကူတာ အောက်မှာ ထောင်ထားတဲ့ ဗုံးကွဲလို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုဟာ မော်စကိုမြို့ အရှေ့တောင်ပိုင်း၊ ကရင်မလင် နန်းတော်အရှေ့ဘက်ကနေဆိုရင် ၄ မိုင်လောက်မှာ ဖြစ်ပွားခဲ့တာပါ။

#centralnewsnaypyitaw

image

ထိုင်းထီအမြင့်ဆုံးဆု ဘတ် ၆ သန်း ၂စောင်တွဲ ၁၂ သန်းကို မြန်မာဇနီးမောင်နှံ ကံထူး

ဒီဇင်ဘာ ၁၇

ဒီဇင်ဘာ ၁၆ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ ထိုင်းထီရဲ့ အမြင့်ဆုံး ဘတ် ၆ သန်းဆုကို ၂စောင်တွဲ ၁၂ သန်း ကို ထိုင်းရောက်မြန်မာအလုပ်သမား ဇနီးမောင်နှံက ကံထူးသွားတယ်လို့ ဆုငွေထုတ်ယူရာမှာကူညီခဲ့တဲ့ အလုပ်သမားကူညီရေးအဖွဲ့ အေအေစီကိုရဲမင်းရဲ့ MHAC အဖွဲ့ က ဆိုပါတယ်။

ကံထူးသွားသူ ၂ ဦးဟာ ချွန်ဘူရီခရိုင်ထဲက ကွန်ပျူတာပစ္စည်းစက်ရုံမှာအလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ကြပါတယ်။ ဘတ် ၆ သန်းဆုကို ၂‌ စောင်ပေါက်တာ‌ကြောင့် ဘတ် ၁၂ သန်း ရရှိမှာပါ။

‌သူတို့ ထီ‌‌ပေါက်တယ်သိသိချင်း MHAC ကိုဆက်သွယ်လာလို့ နေ့ချင်းပြီးထုတ်ယူနိုင်အောင် ကူညီခဲ့တယ်လို့ အေအေစီကိုရဲမင်းက ဘီဘီစီကိုပြောပါတယ်။

“အမျိုးသားက အသက်ကြီးတော့ အလုပ်ရုံကမခေါ်လို့ အလုပ်မရှိဘူး။ သူတို့နေတဲ့နားက ဝပ်ဖရောင်းထိုင်း ဘုန်းကြီးကျောင်းမှာ နေ့တိုင်းတံမြတ်စည်းလှည်း၊ ပန်းကပ်၊ သောက်တော်ရေကပ် ကုသိုလ်နေ့တိုင်းယူရင်း ကျောင်းနားက ရောင်းတဲ့ထီထိုးပြီး ပေါက်ခဲ့တာပါ”လို့ သူကပြောပါတယ်။

ထီကံထူးသွားသူ နှစ်ဦးဟာ ကျောက်ဆည်မြို့ဇာတိတွေ ဖြစ်ကြတယ်။

အေအေစီကိုရဲမင်းအဖွဲ့ဟာ ထိုင်းအစိုးရထီ ပထမဆု ၂ စောင်တွဲကံထူးရှင် ၇ ဦးအပါအဝင် ၅၅ ဦးကို ထီဆုငွေ ထုတ်ယူရာမှာ ကူညီပေးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းထီမှာ ဘတ် ၂၀၀၀၀ အထိ ဆုငွေတွေကို ထီကိုယ်စားလှယ်တွေဆီမှာ ထုတ်ယူနိုင်ပြီး ဒီထက်များတဲ့ ဆုကြီးတွေကိုတော့ ထိုင်းအစိုးရထီရုံးတွေမှာထုတ်ယူရမှာဖြစ်ပါတယ်။

ပုံစာ - ထိုင်းထီဆုငွေ ထုတ်ယူခဲ့ကြတဲ့ ကံထူးရှင်ဇနီးမောင်နှံ နဲ့ MHAC အဖွဲ့ဝင်တွေ

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image