3 ပတ် - ဘာသာပြန်ပါ။

လူဆိုတာ
;;;;;;;;;;;;;;;;;;;;;;;;;
အကြိမ်တစ်ရာမက
ထားခဲ့တဲ့မေတ္တာကို လူတွေကမမြင်ဘူး
တခါတလေ မဲ့ခဲ့ဖူးတဲ့ မေတ္တာကိုတော့
လူတွေက မြင်တတ်ကြတယ်......

အကြိမ်တစ်ရာမက ဂရုစိုက်မှုတွေကို
လူတွေက မမြင်ဘူး...
တခါတလေ ပြုခဲ့ဖူးတဲ့ ဥပေက္ခာရူမူကိုတော့
လူတွေက မြင်တတ်ကြတယ်......

အကြိမ်တစ်ရာမက ထားခဲ့တဲ့စေတနာကို
လူတွေက မမြင်ဘူး...
တခါတလေ ကျကျန်ရစ်ခဲ့တဲ့ စေတနာကိုတော့
လူတွေက မြင်တတ်ကြတယ်......

အကြိမ်တစ်ရာမက ကျွေးခဲ့ရတဲ့ပေးကမ်းမှုကို
လူတွေက မမြင်ဘူး...
တခါတလေ လက်ရှောင်မိခဲ့ဖူးတာကိုတော့
လူတွေက မြင်တတ်ကြတယ်......

လူတွေက
ကိုယ်လွန်တယ် ကိုယ်ရက်စက်တယ်ဆိုတာကို
ကိုယ်တိုင်မြင်ပြီး သင်ခန်းစာယူတတ်ကြတာမျိုး မဟုတ်...

သူများအထုတ်ကို ဖြေချဖို့လောက်သာ
သူတို့က အရာရာ အဆင်ပြေနေဖို့လောက်သာ
သူတို့ကို အရာရာ ဂရုစိုက်ပေးနေဖို့လောက်သာ...
အဲဒီလို အတ္တဝါဒီသမားတွေများတယ်......

နားလည်မူဆိုတာ
ကိုယ့်ဒဏ်ရာကို ဆေးကုပြီး
သူ့ဒဏ်ရာကို ဆေးထည့်ပေးရတဲ့အရာပါ
အနာသိရင်ဆေးရှိပါတယ်
ကိုယ်တို့လို လူတွေက ဆေးအကုမှားနေကြလို့သာ...

ဘုန်းပညာ(တညင်မော်)

image