Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျနော်တို့ကိုယ်တိုင်က ဖုန်းတွေ ဘယ်လောက်ပေါ့ကြောင်းပြောရင် ဒီဖုန်းကတော့ 160g ပဲရှိလို့ပေါ့တယ် ဆိုတာကနေစမယ်ဗျာ
တကယ်က လူတစ်ယောက်က ဖုန်းကိုင်ရင် ဒီတိုင်း ဘာမှ မတပ်ပဲကိုင်တာမျိုးက ရှားတယ်
ဒီလိုနဲ့ စာရေးသူ Scale တစ်ခုဝယ်လာပြီး ဟိုစမ်းဒီစမ်းလိုက်စမ်းကြည့်တော့
ဖုန်းမှန်ကပ် Tempered Glass (မှန်မကွဲ) တစ်ခု အလေးချိန်က 10-15 g လောက်လေးတယ်
သာမန် Film မှန်ကပ်က 2g ဝန်းကျင်
Silicone ကာဗာ က 30g ဝန်းကျင် အထိတောင်ရှိသဗျာ ကာဗာ အထူတွေဆို ပိုတောင်လေးဦးမယ်
ဆိုတော့ ဖုန်းအလေးချိန်က 160g ရှိတယ်ဆိုပါစို့ မှန်ကပ် + ကာဗာ ကပ်လိုက်ရင် 30-50g အလောက် ထပ်တိုးပြီး ကိုင်ဖို့ အထိ တွေးထားရတော့မယ်
ဒါတောင် iPhone ကိုင်တဲ့သူတွေ အကြိုက် ကင်မရာကပ်တို့ ဘာတို့ တပ်ထားတာ မပါသေးဖူး
30-50g က ဂဏန်းအရ မများဘူးသာထင်ရတာ တွက်ကြည့်ရင် ဒါက ဖုန်းတစ်လုံးရဲ့ 15% ကနေ 30% ဝန်းကျင်ရှိတာဆိုတော့ ပေါ့တဲ့ ပမာဏတော့ မဟုတ်ဘူးပြောရမှာပဲ
ဖုန်းကို ဘယ်လိုကိုင်ဖြစ်ကြလဲ ကာဗာ+မှန်ကပ် တွေတပ်ဖြစ်ကြလား ဘာမှ မတပ်ပဲ ကိုင်ဖြစ်ကြလားပြောပြခဲ့ပါဦး
Test Phone
iPhone 15 Pro Max - 221g
Tempered Glass - 13g~
Cover - 30g~
Total Weight - 265g ~
ကာဗာနဲ့ မှန်ကပ် တပ်လိုက်လို့ ပိုလေးသွားတဲ့ပမာဏက ဖုန်းအလေးချိန်ရဲ့ 20% အထိ ရှိပါတယ်
မှန်ကပ်နဲ့ ကာဗာတွေကို ဖုန်းရဲ့ အလေးချိန် 15% -30% ပိုအလေးခံပြီး တပ်ကိုင်သင့်ရဲ့လား?
ကိုယ်ချစ်တဲ့ လူတယောက်ကို ဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုတာ သူ့အတွက် ဘယ်လောက် အားစိုက်ထုတ် ကြိုးစားသလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်
မကြိုက်ဘူးလို့ ငြင်းလိုက်တဲ့အခါ နောက်တကြိမ် ထပ်မကြိုးစားကြည့်ဘဲ အလွယ်တကူ လှည့်ထွက်သွားတာဟာ တကယ်ချစ်တာ မဟုတ်ဘူး
တယောက်ကို တယောက်စိတ်ဆိုးနေတဲ့ အချိန်မှာ သူလည်း နေနိုင်သလိုနေ ကိုယ်လည်း နေနိုင်သလိုနေ မနေနိုင်တဲ့အခါ ပြန်ခေါ်လိမ့်မယ်ဆိုပြီး တွေးတာဟာ တကယ်ချစ်တာ မဟုတ်ဘူး
ပြတ်စဲခါနီး အခြေအနေတွေမှာ နောက်တကြိမ် အတူရှိနေနိုင်ဖို့ ထပ်မကြိုးစားတော့ဘဲ အလွယ်တကူ လက်လျှော့လိုက်တာဟာ အချစ်မဟုတ်ဘူး
ရရင်ယူလိုက်မယ် မရရင်မယူဘူး
အဆင်ပြေရင်တော့ ဆက်ချစ်မယ်
ခက်ခဲတာတွေ များလာတဲ့အခါလည်း လက်လျော့လိုက်မယ်ဆိုတာဟာ အချစ်မဟုတ်ဘူး
တကယ်သာ ဆုံးရှုံးသွားခဲ့ရရင်ဆိုပြီး တွေးကြောက်တတ်တဲ့သူတွေဟာ သူတို့ လိုချင်တဲ့အရာကို ပိုင်ဆိုင်ရဖို့ ထပ်ခါတလဲလဲ ကြိုးစားနေကြဦးမှာ အလွယ်တကူ လွှတ်မချဘူး
ကိုယ်ချစ်တဲ့ မိန်းကလေးအနားမှာ သူကိုယ့်အပေါ် လက်ခံလာအောင် ပြင်ဆင်နေထိုင်တာဟာ အားစိုက်ထုတ်မှုဖြစ်တယ်
စိတ်ကောက်နေတဲ့အချိန်မှာ သူစိတ်ဆိုးပြေအောင် သူကြိုက်တတ်တဲ့ အရာလေးတွေနဲ့ ငါဘယ်လို ချော့ရမလဲလို့ တွေးပြီး စီစဉ်နေတာဟာ အားစိုက်ထုတ်မှုဖြစ်တယ်
ပြတ်လုပြတ်ခင် အခြေအနေတွေမှာ တင်းပြီးသားကြိုးကို ထပ်မဆွဲတော့ဘဲ အသစ်ကပြန်စပြီး အကောင်းမွန်ဆုံးအရာတွေ ပြန်တည်ဆောက်ဖို့ စိတ်ဆန္ဒတွေ ပြင်းပြနေတာဟာ အားစိုက်ထုတ်မှုဖြစ်တယ်
မိန်းကလေးတွေ အလိုချင်ဆုံးက သူတို့ ချစ်သူ အမျိုးသားဟာ သူတို့အတွက်ဆို ဘယ်လောက် အားစိုက်ထုတ်ပြီး ကြိုးပမ်းကြသလဲ ဆိုတာပါပဲ
လက်ကလေးကို ခဏတာလောက် ခပ်ဖွဖွလောက် ဆုပ်ကိုင်ခွင့်ရဖို့အရေး မိုင်တွေ အများကြီးဝေးတဲ့နေရာကနေ တကူးတက လာခဲ့တာဟာ effort ပါ
နေမကောင်းတဲ့ ကိုယ့်ချစ်သူအတွက် စားမြိန်ဖွယ်ရာလေးတွေ တမနက်လုံး အချိန်ကုန်ခံ ချက်ပြုတ်နေပြီး ကိုယ်တိုင်ကိုယ်ကျ ခွံ့ကျွေးတာဟာ effort ပါ
စိတ်ဆိုးစိတ်ကောက်နဲ့ စကားမပြောဖြစ်ကြတဲ့အချိန် ဘယ်သူနဲ့ကြူနေမလဲလို့ သူ့ဘက်က တွေးနေတဲ့အချိန် ကိုယ်က သူ့ကိုချော့ဖို့ surprise တစ်ခုခု စီစဉ်နေတာဟာ effort ပါ
Effort ဆိုတာ စကားလုံးတွေနဲ့ တော်ကီကြွယ်ပြလို့ မရဘူး စိတ်ထဲက တကယ်မရှိဘဲ အပင်ပန်းခံပြီး ဟန်ဆောင်ပြလို့ မရဘူး
ကိုယ့်အတွက်နဲ့ ဘယ်လောက်ထိ အားစိုက်ထုတ်လဲ ဆိုတာ ကိုယ့်ကို ဘယ်လောက်ချစ်တာလဲဆိုပြီး မေးခွန်းထုတ်စရာမလိုတဲ့ သက်သေပြချက်တွေပါပဲ။
" ရေစစ်သုံးခု " ဖတ်ကြည့်နော် အရမ်းတန်ဖိုးရှိတယ်
တစ်နေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့
တပည့်တစ်ယောက်က သတင်းတစ်ခုကြားလို့
သူ့ကို လာပြောသတဲ့ ။
လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က
ပြန်ပြောလိုက်တာလေးကို မှတ်သားသင့်လို့ပါ ။
"ဆရာ !
ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကို
ကျွန်တော်အခုပဲ ကြားလာတယ်"
" နေဦး
ငါ့ကိုမပြောခင် မင်းစကားဟာ
ရေစစ်သုံးခုကို ဖြတ်နိုင် မဖြတ်နိုင်အရင်စစ်ရမယ်"
"ဘယ်လို ရေစစ်သုံးခုလည်းဆရာ"
"ပထမ ရေစစ်နာမည်က အမှန်တရားတဲ့။
မင်းပြောတဲ့ စကားလုံးက လုံးဝရာခိုင်နှုန်းပြည့်
အမှန်ဖြစ်မဖြစ်ဆိုတာ ပထမရေစစ်ထဲထည့်ရမယ် ။
မင်းပြောတဲ့ စကားလုံးဟာ လုံဝအမှန်ဖြစ်တယ်လို့
မင်း ရာနှုန်းပြည့် တာဝန်ယူနိုင်လား"
"ကျွန်တော်လည်း သူများဆီက ကြားလာတာဖြစ်လို့
ရာနှုန်းပြည့် မသေချာပါဘူးဆရာ"
"အေး ကောင်းပြီ ။ ဒုတိယရေစစ်နဲ့ စစ်ရအောင်"
"ဒုတိယရေစစ်ဆိုတာ ဘာလဲဆရာ"
"ဒုတိယ ရေစစ်နာမည်က ကောင်းကျိုးတဲ့ ။
မင်း အခုပြောမဲ့စကားက ကောင်းကျိုးကို
ဖြစ်စေမှာလား "
"မကောင်းတာဘဲ ဖြစ်ဖို့ များပါတယ်ဆရာ"
"ဒါဆို မင်းပြောတဲ့စကားလုံးက မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်ပေါ့ "
"ဟုတ်ပါတယ်ဆရာ"
" အေး နောက်ဆုံးကျန်တဲ့ရေစစ်ထဲ ထည့်ကြည့်ရအောင် "
"ဘာရေစစ်လည်း ဆရာ"
" အဲဒီရေစစ်နံမည်က "အသုံးဝင်မှု"တဲ့။
မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား
" အမ် သိပ်မသေချာဘူးဆရာ "
" ဒါဆို မင်းငါ့ကိုလာပြောမဲ့ဟာက
မှန်လည်းမမှန်ဘူး
မကောင်းတာလည်း ဖြစ်ဖို့များတယ်
ပြီးတော့ အသုံးဝင်ဖို့လည်း သိပ် မသေချာဘူးဆိုရင်
ငါ့ကိုဘာဖြစ်လို့ လာပြောချင်ရတာလဲ " တဲ့။
မီးခိုးဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ် ။
မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။
မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။
အတင်းအဖျင်းစကား တောင်စဉ် ရေမရ
အဓိပ်ပါယျမရှိတဲ့စကားတှကေို
နားလည်း မထောင်ပါနဲ့ ။
လက်ဆင့်ကမ်းတဲ့သူလည်း မဖြစ်ပါစေနဲ့တဲ့
မန်ယူနိုက်တက်နည်းပြအဖြစ်ဆက်ရှိနေရင်လစာငွေ လျှော့ယူရတော့မယ်
တန်ဟတ်
မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်သည် လာမည့်ရာသီတွင် မန်ယူနိုက်တက်အသင်းနည်းပြအဖြစ်ဆက်ရှိနေမည်ဆိုပါက လက်ရှိရရှိနေသည့်လစာ၏ (၄)ပုံ(၁)ပုံကို လျှော့ယူရမည်ဖြစ်ကြောင်း သိရသည်။တန်ဟတ်နှင့် မန်ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားသော စာချုပ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရယူမပေးနိုင်ပါက လာမည့်ရာသီတွင် လစာ(၄)ပုံ(၁)ပုံ လျှော့ယူရမည့် အချက်ပါဝင်ကြောင်း သိရသည်။မန်ယူနိုက်တက်အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည့်အဆင့်(၄)နေရာနှင့် ရမှတ်များစွာ ကွာဟနေသည့်အပြင် ယခုရာသီဥရောပအဆင့်သတ်မှတ်ချက်အရ အင်္ဂလန်နိုင်ငံအနေဖြင့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အပိုတစ်နေရာ မရတော့ရန် သေချာသလောက်ဖြစ်နေရာ မန်ယူနိုက်တက်အသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်မှာ ပျက်ပြယ်ရန်သေချာနေပြီဖြစ်သည်။သို့ဖြစ်ရာ တန်ဟတ်အနေဖြင့် လာမည့်ရာသီတွင် မန်ယူနိုက်တက်အသင်းနည်းပြအဖြစ်ဆက်ရှိနေမည်ဆိုပါက လစာငွေလျှော့ယူရရန်လည်း သေချာနေခြင်းဖြစ်သည်။တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပွဲစဉ်(၃၅)အဖြစ် ဘန်လေအသင်းနဲ့ ကစားခဲ့သည့်ပွဲစဉ်တွင် နိုင်ပွဲမရခဲ့ဘဲ ဧည့်သည့်အသင်းရဲ့နောက်ကျဂိုးဖြင့် သရေသာရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၆)နေရာတွင် ရပ်တည်နေသည်။
#သုံးထပ်သားပြုတ်ကြော် အိအိလေးချက်စားရအောင်
===================================
ကိုယ့်လက်ရာ
တအိမ်လုံးအကြိုက်မို့ခနခနလုပ်ကျွေးဖြစ်တဲ့
သုံးထပ်သားပြုပ်ကြော်အိအိလေး
ချဉ်ငံစပ်လေးနဲ့တို့စားရအောင်နော့
သုံးထပ်သားအရွယ်တော်ဖြတ်ပြီးရေဆေးစစ်ထားပါ
အသင့်တည်ထားတဲ့ရေနွေးထဲကို
ရှမ်းနံနံကိုအမြစ်ရောပါရေဆေးပြီးဓားပြားရိုက်ထဲ့
ဂျင်းနဲနဲနဲ့ကြက်သွန်ဖြူ၅မွှာလဲရိုက်ပြားထဲ့ပါ
အရသာထည့်ပြီးဆေးထားတဲ့အသားပါရောထဲ့ပါ
အသားနူးရင်တော့ဆယ်ပြီးပြုပ်ရေသီးသန့်ယူထားပါ
မကပ်အိုးထဲကိုဆယ်ထားတဲ့အသားနဲ့ပြုပ်ရေနဲနဲလေးထဲ့
ငြုပ်ကောင်းနဲ့ခြောက်ကောနဲနဲစီထဲ့
abc ကြာညို့လေးထည့်ပြီးအရောင်ညီအကျက်ညီအောင်လှည့်ပေးပါ
ကိုယ်ကတော့ခရုဆီလေးလဲနဲနဲထဲ့လိုက်သေးတယ်နော်
ရေခမ်းသွားပြီးစိတ်ကြိုက်အရောင်လဲရပြီဆိုရင်တော့ဆယ်ထားပြီး
လိုသလိုပုံစံဖြတ်စိတ်ကြိုက်သုံးဆောင်နိုင်ဘီပေါ့
ပိုပြီးစိုစိုလေးဖြစ်အောင်
ခုနကသီးသန့်ဖယ်ထားတဲ့ပြုပ်ရေလေးကိုယူပွက်အောင်တည်
ကော်မုန့်နဲနဲရေဖျော်ထဲ့အရောင်လေးရအောင်မြင်းပျံကြာညို့လေးနဲနဲထည့်ပြီး
ကြိုလိုက်တော့ကော်ရည်မပျစ်မကျဲလေးရဘီပေါ့သူကအရသာထဲ့ပြီးသားမို့
ထပ်ထဲ့စရာမလိုဘူးနော်
ပြီးရင်ကိုယ်ဖြတ်ထားတဲ့အသားတွေပေါ်လောင်းလိုက်ရုံပါ
ချဉ်ငံစပ်ကတော့ကြက်သွန်ဖြူညက်ညက်ထောင်းထဲရေနွေးပွက်ဆူအရင်ထဲ့မွှေထားငံပြာရေဟင်းခပ်မှုန့်ထဲ့သံပုရာသီးညစ်ထဲ့
အရသာစိတ်ကြိုက်ရရင်တော့
နံနံပင်ဖြတ်ငြုပ်သီးဖြတ်ထားတာတွေရောထဲ့လိုက်ရင်ပြည့်စုံဘီလေ...နော့
ချက်ဟင်းမစားချင်တဲ့နေ့ဆိုအဲ့လိုလေးလဲအဆင်ပြေပါတယ်လို့..
ချဉ်ပေါင်ဟင်း ချဉ်စပ်စပ်လေး
🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶
ချဉ်ပေါင်ကိုရေဆေးပြီး သင်ထားပါ
မျှစ်ကိုလည်း သေးသေးလေးတွေရအောင် ခြစ်ပါ
ငရုတ်သီးစိမ်း (ပင်အပ်သီး) လေးကို နှစ်ခြမ်းခွဲထားပေးပါ
ပြီးရင် အိုးထဲကို ချဉ်ပေါင် မျှစ် ငရုတ်သီးသီးစိမ်းခွဲထားတာရယ် ငါးပိနည်းနည်း ကြက်သွန်နီတစ်ဥ ခရမ်းချဉ်သီးတစ်လုံး (ပါးပါးလှီး) ပုဇွန်ခြောက်မှုန့်နည်းနည်း ဆား အသားမှုန့် ဆီ အားလုံးပစ်ထည့်ပြီး နယ်ပေးပါ
မီးဖိုပေါ်တင်ခါနီး လက်ဆေးရေ အနည်းငယ်ထည့်ပါ
လက်ဆေးရေဆိုတာလေ ခုနနယ်ထားလို့ လက်မှာ ပေနေတာတွေကို ရေလေး နည်းနည်း ဆေးချပြီး ထည့်ရတာပါနော် 😁
မင်မင် ငယ်ငယ်က မေမေက ခက်ဆေးရေ ထည့်ဆိုတာကို ဆပ်ပြာနဲ့ အကျအနဆေးပြီး ဆပ်ပြာရည်တွေ အိုးထဲထည့်လို့ အရိုက်ခံရဖူးတယ် 😜😜😜
လက်ဆေးရည်လေး ခမ်းလို့ ဆီသံလေးဖျစ်ဖျစ်မြည်ရင် ရေနွေးနည်းနည်းထည့်ပြီး ခဏဆက်တည်ထားပါ ပွက်လာရင်အပေည့အငန်မြည်းပြီး သုံးဆောင်လို့ရပါပြီရှင့်
အားလုံးပဲ ထမင်းမြိန်ကြပါစေရှင်...