14 w - Translate

ဒုတိယကမ္ဘာစစ်အမေရိကန်ပိုင်းလော့တစ်ဦး၏ဂျာကင်ပေါ်မှ "ဗမာ၊ ရှမ်း၊ တရုတ်၊ ကရင်" လေးဘာသာအကူအညီတောင်းစာ

#crd

image
14 w - Translate

ရန်ကုန်တိုင်း၊ မြို့နယ်တိုင်းတွင် လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့ (လုံ/ကြမ်း)များ ဖွဲ့စည်းရန် ညွှန်ကြား၊ လစာအဖြစ် တစ်ဦးလျှင် တစ်လ ငွေကျပ် နှစ်သိန်းနှင့်ရိက္ခာအပြည့် ပေးမည်
ရန်ကုန်၊ ဧပြီ ၂
ရန်ကုန်တိုင်း၊ မြို့နယ်တိုင်းတွင် လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့ (လုံ/ကြမ်း)များ ဖွဲ့စည်းရန် ညွှန်ကြားထားပြီး လစာအဖြစ် တစ်ဦးလျှင် တစ်လ ငွေကျပ် နှစ်သိန်း ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများထံသို့ ညွှန်ကြားချက် ထုတ်ပြန်သည်။
စစ်ကောင်စီက ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်သော်လည်း လုံ/ကြမ်းအဖွဲ့များကို ထပ်မံ ဖွဲ့စည်းရန် ညွှန်ကြားလာခြင်းဖြစ်ပြီး ယင်းအဖွဲ့များသည် အဓိကအားဖြင့် မြို့နယ်များ၏ လုံခြုံရေးကို စစ်တပ်၊ ရဲတို့နှင့်အတူပူးတွဲ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တစ်မြို့နယ်လျှင် လုံ/ကြမ်းအဖွဲ့ဝင် ၅၀ ဦး ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရှိရသည်။
"မြို့နယ်တိုင်းမှာ လုံ/ကြမ်းအဖွဲ့တွေ ဖွဲ့စည်းရမှာဖြစ်ပြီးတော့ တစ်မြို့နယ်မှာ အဖွဲ့ဝင် ၅၀ ဦးနဲ့ ဖွဲ့စည်းမယ်။ ပါဝင်မယ့် အမည်စာရင်း၊ တစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အပြည့်အစုံ၊ ကိုယ်လုံးပေါ် ပုံ ၊ ရှေ့၊ ဝဲ၊ ယာ ၃ ဖက်မြင်ဓာတ် ပုံတွေတောင်းပါတယ်။ အသက်ကတော့ ၁၈ နှစ်ကနေ အသက် ၆၅ နှစ်အထိ မည်သူမဆို ပါဝင်လို့ရပါတယ်။ လစာကတော့ တစ်လကို တစ်ဦး ၂ သိန်းနှုန်းနဲ့ ရိက္ခာအပြည့် ထောက်ပံ့မယ်လို့သိရတယ်"ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးနှင့် တိုက်ရိုက်ဆက်စပ်နေရသော သတင်းရင်းမြစ်က ပြောဆိုသည်။
လုံ/ကြမ်းအဖွဲ့ဝင်များသည် မြို့ပြလုံခြုံရေးကို အထူးဦးစားပေး၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် လုံ/ကြမ်းအဖွဲ့တွင် တာဝန်ထမ်းဆောင်ပါက စစ်မှုထမ်းတာဝန်များမှလည်း ရွှေ့ဆိုင်းခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီက ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

image

မုန်တိုင်းဖြစ်လာနိုင်ချေရှိပြီးမြေကျွံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင်
ဧပြီ ၁
လာမယ့် သုံးရက်အတွင်း မုန်တိုင်းဖြစ်ပေါ်လာနိုင် ချေရှိတယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က နိုင်ငံတ ကာ မိုးလေဝသဌာနတွေနဲ့ ဂြိုလ်တုတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီးခန့်မှန်းပြောကြားထားပါတယ်။
မြန်မာနိုင်ငံအတွက် မိုးလေဝသ ခန့်မှန်းချက်တွေ ထုတ်ပေးနေတဲ့ မိုးဇလကျွမ်းကျင်သူဦးဝင်းနိုင်ကမုန်တိုင်းကြောင်း မိုးရွာသွန်းလာခဲ့ရင် Liquefaction ဆိုတဲ့ မြေအောက်ရေတိုးခြင်း သက်ရောက်မှုရှိလာမှာ ဖြစ်ပြီး ငလျင်လှုပ်ထားတာကြောင့် ပျက်ယွင်းနေတဲ့ မြေအနေအထား တွေကြောင့် မြေကျွံခြင်းတွေ ရှိလာနိုင်တယ်လို့သတိပေးထားတာပါ။
မြေအောက်ရေတိုးလာပြီး Liquefaction ဖြစ်လာရင် မြေတွေကျွံ့ကျသွားနိုင်တယ်။ ဒါကြောင့် မုန် တိုင်းဟာ အရေးတကြီးစောင့်ကြည့်ရမယ့် အနေအ ထားဖြစ်တယ် လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနေရာတချို့မှာ မြေကြီးထဲက ရေတွေ ပန်းထွက်လာတာ၊ နုန်းရေတွေပန်းထွက် လျှံထွက်တာတွေရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင်မုန်တိုင်းဖြစ် မဖြစ်ကို လာမယ့် ဧပြီ ၃ ရက် နေ့မှ အတိအကျသိနိုင်မှာဖြစ်ပေမယ့် အဲ့ဒီအချိန်မှ သတိပေးမှု ပြုလုပ်မယ်ဆိုရင် နောက်ကျသွားနိုင် တာကြောင့် ကြိုတင်သတိထားနိုင်ဖို့ သတိပေးနေရတာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိအခြေအနေအရ မုန်တိုင်းဖြစ်လာနိုင်ချေဟာ ၄၀ ရာခိုင်နူန်းကနေ ၆၀ ရာခိုင်နူန်းကြားမှာရှိနေပြီး မြစ်ဝကျွန်း ပေါ်ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အနောက် ခြမ်းဒေသတွေကို သက်ရောက်မှုရှိလာနိုင်တယ်လို့ သိရပါတယ်။
သူများတွေငလျင်ကြောင့် ဒုက္ခရောက်နေကြတာကြည့်မခံစားနိုင်ဘူး၊အခုမုန်တိုင်းဆိုပြီးဒီဖက်(ဧရာ ဝတီ) ကိုဗဟိုဝင်မယ်ဘာညာပြောနေကြတော့စိတ်ပူတယ်၊ငါတို့ကအနိမ့်ပိုင်းမြစ်ကမ်းနားတွေလေလို့ မြောင်းမြဒေသခံတဦးကပြောပါတယ်။

image
14 w - Translate

တိုက်စစ်မှူး ဟာလန်း အနေနဲ့ ပြီးခဲ့တဲ့ ပွဲက ဒဏ်ရာကြောင့်တော့ ၅ ပတ်ကနေ ၇ ပတ်အထိ အနားယူရတော့မယ်လို့ ဂွာဒီယိုလာ က အတည်ပြုလိုက်ပါတယ် ။
ဒီသတင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ရုန်းနေရချိန် ဖလား လက်မဲ့ မဖြစ်ဖို့ FA ဖလားကို အရယူဖို့ လိုအပ်နေတဲ့ စီးတီးအတွက် တော့ သတင်းဆိုး တစ်ခု ဖြစ်နေခဲ့ပါတယ် ။

image
14 w - Translate

ကိုယ့်အနားမှာ တကယ်နေချင်တဲ့သူက
ခက်ခဲပင်ပန်းရရင်တောင်
ကိုယ့်နားမှာနေဖို့ နည်းလမ်းရှာလိမ့်မယ်။

အချစ်မှာအကြောင်းပြချက်တွေမရှိဘူး
မင်းအတွက်....မင်းနဲ့အတူဆိုတာတွေပဲရှိတယ်။

ကိုယ့်ကိုတကယ်ချစ်တဲ့သူက ကိုယ့်ဆီကိုပဲလာပါတယ်။
အချစ်တွေက ရိုးရှင်းပါတယ် စစ်မှန်ခဲ့ရင်ပေါ့ ..🌻

#crd

image
14 w - Translate

လူတွေဟာ နီးလွန်းရင် မမြင်နိုင်ကြတော့ဘူး
အထူးသဖြင့် ကိုယ့်ဘေးနားက
လူတွေရဲ့ တန်ဖိုးကိုပေါ့
ကိုယ့်အပေါ် အမြဲကောင်းတဲ့သူကို
ကြာလာတော့
သာမှန်ဖြစ်စဉ်တစ်ခုလို
အရေးမကြီးသလို
သဘောထားမိကြတယ်
ဒါဟာ
သူ့စေတနာကို စော်ကားခြင်း တစ်မျိုးပဲ
တန်ဖိုးကို နားမလည်ဘူး
ကိုယ်ရင်ဖွင့်တိုင်း
နားထောင်ပေးတဲ့ သူ့ရဲ့တန်ဖိုး
ကိုယ်ခက်ခဲတိုင်း ကူညီတတ်တဲ့ သူ့ရဲ့တန်ဖိုး
ဒါတွေကို
လစ်လျှူရှုမိတယ်
ဒါဟာ နီးကပ်လွန်းလို့ မမြင်တာ
လွယ်လွယ်ရနေလို့ ပေါသွားတာလို့ပဲ ထင်ပါတယ်
ဒါ့ကြောင့်နဲ့ပဲ လူတွေဟာ
ကိုယ့်အပေါ် နှစ်တွေများစွာတိုင်
ကောင်းပေးခဲ့သူကို ပစ်ပြီး
မနေ့တနေ့ကမှ တွေ့တဲ့ လူတစ်ယောက်ဆီ
ပါသွားတတ်ကြတယ်
ကိုယ်တိုင်ကရော အဲ့သလို လူမျိုးဖြစ်နေမလား
ကိုယ်စာပို့တိုင်း Reply တန်းပြန်ပေးတာဟာ
သူ့အတွက် အရေးကြီးလို့ မဟုတ်ဘူး
ကိုယ့်အပေါ် အလေးထားတဲ့စိတ်ရှိလို့
တန်ဖိုးထားလို့ပဲ
ကိုယ်ချိန်းတဲ့အခါတိုင်း
အမြဲလာတွေ့ပေးတာဟာ
သူအမြဲအားနေလို့ မဟုတ်ဘူး
သူ့ရဲ့ လုပ်စရာတစ်ချို့ကို ဖျက်ထား
ခဲ့ရတာလဲ ဖြစ်မှာပဲ ။
ကိုယ်လိုအပ်တိုင်း အကူညီပေးတာဟာ
သူသိပ်အဆင်ပြေနေလို့ မဟုတ်ဘူး
ကိုယ့်ကို အဆင်ပြေစေချင်တာ
ကိုယ်ပြောသမျှတိုင်း နားထောင်ပေးတာဟာ
သူ့မှာပြောစရာ မရှိလို့ မဟုတ်ဘူး
ကိုယ့်ရဲ့ မပြည့်ဝမှုတွေကို
သည်းခံပေးတာဟာ နုံအလို့ မဟုတ်ဘူး
ဆုံးရှုံးသွားမှ တန်ဖိုးနားလည်မဲ့သူ မဖြစ်စေနဲ့
ကိုယ်သိရှိနားလည်ချိန်ဆို သူတို့ဟာ
သင့်ဘေးနားမှာ
ရှိနေတော့မှာ မဟုတ်ဘူး
ကိုယ့်အတွက် အဖိုးတန်တဲ့ အရာတွေဟာ
ကိုယ့်ဘေးနားမှာပဲ ရှိနေတတ်ပါတယ်
ကိုယ့်အပေါ် ကောင်းပေးသူ
နွေးထွေးသူတွေကို
တန်ဖိုးထားဆက်ဆံပါ
ဒီလိုလူမျိုးဟာ
ဘဝမှာ များများစားစား မတွေ့ရတတ်ပါဘူး။

image
14 w - Translate

မန္တလေးနှင့်စစ်ကိုင်းတွင် နောက်ဆက်တွဲငလျင်ဘေးစိုးရိမ်၍ ပြည်သူများ လမ်းပေါ်ထွက်အိပ်စဉ် သူခိုးနှင့်ဓားပြတိုက်မှုများ စိုးရိမ်နေရပြီး အိမ်အများအပြား သူခိုး အခိုးခံနေရ ၊ စစ်တပ်၊ရဲနှင့်ပျူစောထီးများ ပျောက်ချင်းမလှ ပျောက်နေ
ရန်ကုန်၊ ဧပြီ ၂
မန္တလေးတွင် နောက်ဆက်တွဲ ငလျင်ဘေးစိုးရိမ်၍ ပြည်သူများ လမ်းပေါ်ထွက်အိပ်စဉ် သူခိုးနှင့်ဓားပြတိုက်မှုများ စိုးရိမ်နေရပြီး နေအိမ်အများအပြားမှာ သူခိုးခိုးခံနေရကြောင်း မန္တလေးနှင့်စစ်ကိုင်းတို့တွင် ကူညီကယ်ဆယ်ရေး လုပ်နေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂ ရက်နေ့ညပိုင်း မန္တလေးမြို့၊ ၃၈ လမ်းနှင့် ၄၁ လမ်းအကြား ၈၉ လမ်းမပေါ်တွင် မျက်နှာဖုံးစွပ်ထားသော ဓားကိုင် လူ ၅ ဦးက သွားလာလှုပ်ရှားနေသဖြင့် ပြည်သူများ စုဝေးကာ ယင်းလူ ၅ ဦးကို လိုက်လံ ရှာဖွေခဲ့ရကြောင်း၊ ထို့ပြင် ငလျင်လှုပ်ခတ်၍ ပြိုကျပျက်စီးနေသော နေအိမ်များ၊ ပျက်စီးမှုမရှိသော်လည်း နောက်ဆက်တွဲ ငလျင်စိုးရိမ်၍ လမ်းပေါ် ထွက်အိပ်ချိန် သူခိုးခံရမှုများရှိနေကြောင်း သိရှိရသည်။
"မန္တလေးမှာ ငလျင်လှုပ်ပြီးနောက် အိမ်တွေ အဖောက်ခံရတယ်။ လူသူပြတ်တဲ့ လမ်းကြိုလမ်းကြားများတွင် ဓားထောက် ဓားပြတိုက်တာ၊ လုယက်တာတွေ၊ အရမ်းကို ပေါလာတယ်။ တစ်နေ့ညကလည်း ၃၈ လမ်း ၊ ၄၁ လမ်းကြားမှာရှိတဲ့ ၈၉ လမ်းမပေါ်မှာ မျက်နှာဖုံးစွပ်တွေနဲ့ လူ ၅ ဦး ပြီးရင် ဓားတွေ ကိုယ်စီ လွယ်ထားလို့ အဲဒါလိုက်ရသေးတယ်" ဟု မန္တလေး၊ဒေသပြည်သူတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုထားသည်။
မန္တလေးနှင့် စစ်ကိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်နေပြီး ယင်းကြောင့် ညပိုင်းတွင် စစ်ကိုင်းနှင့်မန္တလေးမြို့တစ်ခုလုံးမှာ မှောင်မိုက်နေကြောင်း၊ ယင်းအခြေအနေကို အခွင့်အကောင်းယူကာ သူခိုးနှင့်လူဆိုးများက လှုပ်ရှားဓားပြတိုက် ခိုးယူမှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
"စစ်ကိုင်း ဇေယျာကွက်သစ်ဘက်မှာ ညတိုင်း သူခိုးကပ်တယ်။ အဲဒီတော့ ရပ်ရွာက လူငယ်တွေ စုစည်းပြီး ကိုယ့်အိမ် လုံခြုံရေး၊ ကိုယ့်ရပ်ရွာလုံခြုံရေး အဲဒီလိုမျိုး ပြန်ပြီး လုံခြုံရေးယူရတယ်။ ဘယ်သူမှလည်း လာမလုပ်ပေးဘူး။ တပ်နဲ့ရဲလည်း ညဘက် ကင်းလှည့်တာဘာညာမရှိပါဘူး။ တစ်မြို့လုံးကလည်း ညဆိုရင် မှောင်နဲ့ မည်းမည်းပဲ" ဟု ဇေယျာကွက်သစ်မှ ကူညီကယ်ဆယ်ရေးလုပ်နေသူ အဝေးသင်တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးက ရှင်းပြသည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးနှင့် စစ်ကိုင်းမြို့ကြီးများမှာ မြို့ပျက်ကြီးကဲ့သို့ ဖြစ်နေပြီး အပုတ်နံ့များမှာ ယခုရက်ပိုင်း ပို၍ နံလာကြောင်း၊ စစ်ကောင်စီကလည်း ရံဖန်ရံခါ လုံခြုံရေး သွားလာမှုများရှိသော်လည်း ညပိုင်းအချိန်များတွင်မူ လမ်းပေါ်တွင် လုံး၀ မတွေ့ရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
"အရင်ဆို ဟန်ရေးပြ လမ်းသလားနေတဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ်တွေလည်း ညပိုင်းဆို တစ်ဦးမှ မတွေ့ရတော့ဘူး။ ပြည်သူကတော့ ကိုယ့်လုံခြုံရေး ကိုယ်ယူရတာပဲ" ဟု မန္တလေးမြို့၊ မဟာအောင်မြေမြို့မှ ဆွမ်းလောင်းအသင်းအဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
ဓာတ်ပုံ- ၃၈ လမ်းနှင့် ၄၁ လမ်းအကြား ၈၉ လမ်းတွင် ဓားကိုင်လူအုပ်စုကို မြို့ခံ ပြည်သူများနှင့် သံဃာတော်များ ပူးပေါင်း ရှာဖွေနေကြစဉ်။

image

ဟင်း(ခရမ်သီး၊ဗူသီး၊သခွတ်ပွင့်) ခြောက်ချက်
ငြုပ်သီးစိမ်းစပ်စပ်အုပ်ဆီလည်ရည်လည်ဟင်း

အသားဟင်းနဲ့မလဲနိုင်တဲ့ထမင်းမြိန်တဲ့ဟင်းလေးတခွက်ဆိုတာအမှန်ပါ။
အမကိုယ်တိုင် ပထမဦးဆုံးချက်စားဖူးတာပါ
မကြာခဏချက်စားဖြစ်မဲ့ဟင်းတခွက်ပါ
ချက်ရတာလဲလွယ် ငွေကုန်သက်သာပြီး
နေမကောင်းလို့ ပါးစပ်ပျက်နေသူတွေထမင်းထပ်တောင်းမဲ့ဟင်းလေးပါ ချက်စားကြည့်ကြပါ ချစ်တဲ့သူတွေချက်ကျွေးကြည့်ပါ
ဟင်းတခွက် လူ၂ယောက် တနပ်စာ ပါဝင်ပစ္စည်း
၁) ခရမ်းသီးခြောက် လက်တဆုပ်
၂) ဗူးသီးခြောက် လက်ဆုပ်တဝက်
၃) သခွတ်ပွင့်ခြောက် လက်ဆုပ်တဝက်
အထက်ပါ အခြောက်တွေကို သဲတွေအမှုန်တွေကုန်စင်အောင် ရေအငြိမ်ခဏစိမ်လိုက် ရေဆေးလိုက် ၃ခါလောက်လုပ်ပြီး နောက်ဆုံးရေသန့်စိမ်ထားပါ
၄) ခရမ်းချဉ်သီး အရွယ်တော်တလုံး ၁၆ စိပ် စီပ်ထားပါ
၅) ကြက်သွန်နီတခြမ်း ခပ်ကြမ်းကြမ်းလှီးထား
၆) ကြက်သွန်ဖြူ ၂တက် ဓါးပြားရိုက်ပြီး ပြန်လှီးထား
၇) ငပိ လက်မတဆစ်လောက် ပုဇွန်ခြောက်မှုန့် ဇွန်းတကော် ငြုပ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်းတဝက် ဆီ ဟင်းစားဇွန်း ၁ဇွန်း
၈) ဆား ဆနွမ်း သင့်ရုံစီ (အရသာမှုန့်သုံးရင်လဲသင့်ရုံပေါ့ အမကတော့ ပုဇွန်ခြောက်မှုန့်ပါလို့မသုံး)
၉) ရေနွေးပူ သင့်ရုံ
၁၀) နံနံပင် ၃-၄ ပင်ကိုက်ထား ငြုပ်သီးစိမ်း ၅-၆တောင့် ခြမ်းထား လှီးထား

ဒီလိုလေးချက်
၁) အမှတ်စဉ် ၁ ကနေ ၈ အားလုံးကို ဟင်းချက်မဲ့ဒယ်အိုးထဲမှာ အကုန်ရောပြီး မီးအလည်အလတ်နဲ့ လုံးချက်ချက်
ငပိကြေ ခရမ်းချဉ်သီး ကြက်သွန်ဖြူ နီတွေနွမ်းပြီး ငပိစိမ်းနံ့ ပျောက်အောင်း ဟင်းကိုသေချာလုံးချက်
၂) ဟင်းအိုးအလုံးနာပြီးစိတ်ကြိုက်ဖြစ်ပြီဆိုတော့မှ ဟင်းခြောက်တွေနူးလောက်မဲ့ ရေနွေးပူလေးထည့်ပြီး ဆီပြန်ရေကျန် အရည်စပ်စပ်လေးမှာမီးပိတ်ချ မီးမပိတ်ခင် ငြုပ်သီးစိမ်းနဲ့ နံနံပင်အုပ်
အရမ်းစားကောင်း
ပိုစားကောင်းချင်ရင် ဒီလိုချက်စရာတွေအကုန်အသင့်ပြင်ထား မိသားစု ထမင်းပွဲမပြင်ခင် ၁၀မိနစ်လောက်မှချက် အိုးချတာနဲ့ ထမင်းပူပူနဲ့စား
အိမ်သားတွေ အိုးပြောင်ရှင်းမဲ့ဟင်းတခွက်ဆိုတာအမှန်ပါ..😋😋😋
Enjoy! ကျန်းမာကြပါစေ
နေမကောင်းသူတွေအမြန်ပျောက်ကင်းကျန်းမာကြပါစေ

#ခရမ်သီးဗူသီးသခွတ်ပွင့်ခြောက်ချက်နည်း

Credit Angle Pii

image
14 w - Translate

လက်ကျန် မိနစ် မှာ အထောင် တိုက်စစ်မှူး နေရာ ကစားခွင့် ရခဲ့တဲ့ မက်ကွိုင်းယား
အပိုင် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့ပါတယ် ။
FT နော့တင်ဟမ် 1-0 ယူနိုက်တက်

image
14 w - Translate

ဆာကာ ပါဝင်တဲ့ အာဆင်နယ် ဟာ ရှုံးပွဲ ၈%သာ ရှိထားပြီး မပါဝင်နိုင်ချိန် မှာတော့ ၂၄% အထိ ရှုံးပွဲတွေ့ထားခဲ့တာ ဖြစ်ပါတယ် ။
ဒါဟာ ဆာကာ အနေနဲ့ အသင်းအတွက် ဘယ်လောက်ထိ အရေးပါကြောင်း ဖော်ပြနေတဲ့ အချက်တစ်ခု ဖြစ်နေပြီး ဆာကာ ပြန်လည်ပါဝင်လာမှုနဲ့အတူ ဒီနေ့မနက် လန်ဒန်ဒါဘီ မှာလည်း နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ် ။
ဆာကာလည်း ဂိုးသွင်းနိုင်ခဲ့တာကြောင့် ရှေ့ဆက် အရေးကြီးလှတဲ့ ပွဲစဥ်တွေကြားမှာ အာဆင်နယ် တို့အတွက် အားတက်စရာ လည်း ဖြစ်ပြီး ချန်ပီယံလိဂ် မှာ ရီးရဲလ်ကို ကျော်ဖြတ်ဖို့ ခွန်အားတစ်ခု ဖြစ်နေနိုင်ပါတယ် ။

image