13 w - Translate

Researchers have successfully revived algae that remained dormant within sediment at the bottom of the Baltic Sea for more than 7,000 years.
The tiny diatom cells have regained full biological activity despite thousands of years beneath the seafloor without light or oxygen, according to the paper, published in the ISME Journal.
Read more: https://abcnews.visitlink.me/kgDwLn

image

တကယ်တော့ လူ့ဘဝလောက် ရွေးချယ်စရာလမ်းတွေ ရှိတာ အခွင့်အရေးရှိတာက လူ့ဘဝပဲ ရှိပါတယ် ။ မင်းအနေနဲ့ ပထမဆုံး လက်ခံထားရမယ့် အချက်က အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ရတတ်တယ်ဆိုတာပါပဲ ။ အခက်အခဲမျိုးစုံကို တွေ့ကြုံခံစားရမှာတင်မကဘူး ။ အခက်အခဲဆိုတာ သူ့ချည်းလာတာမျိုးမဟုတ်ဘဲ အပေါင်းအဖော်နဲ့ လာတာဆိုသလိုပဲ ။ တခြားအခက်အခဲတွေကိုပါ ပါလာတတ်ပါတယ်။ မည်သို့ပင်ဆိုစေ ဘယ်လိုအခက်အခဲမှ ကြောက်စရာမလိုပါ ။ မင်းအနေနဲ့ ကောင်းကောင်းဖြေရှင်းနိုင်ပါတယ် ။
တချို့သော အခက်အခဲတွေက မင်းက တွေးကြောက်နေလို့ ပိုပြီး ခက်ခဲနေတာပါ ။ ဖြေရှင်းရမယ့်ကိစ္စကို ကြောက်ရွံ့နေတာကိုက လွဲချော်မှုပါပဲ ။ ကြောက်သင့်တာကို ကြောက်ရမှာပါ ။ မကြောက်သင့်တာကို ဘာလို့ကြောက်ရမှာလဲ ။ ကြောက်ရွံ့ခြင်းဟာ စိုးရိမ်မှုကို ဖြစ်ပေါ်စေတယ် ။ စိုးရိမ်မှုဟာ ပျော်ရွှင်မှုကို ပျက်ပြားစေပါတယ် ။ ဘယ်လောက်ပဲခက်ခဲပါစေ စိတ်မပျက်ပါနဲ့ ။
စိတ်မပျက်ခြင်းဟာ အခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်ဖို့အတွက် ခွန်အားတစ်ခုပါပဲ ။ စိတ်ပျက်တာများလာရင် ငြီးငွေ့တတ်တယ် ။ ငြီးငွေ့ခြင်းက ဘဝကို ပြိုလဲစေတတ်တယ် ။ ပြိုလဲစရာမလိုပါဘူး ။ စိတ်ပျက်အားငယ်နေတာတွေကို ဖယ်ရှားလိုက်ပါ ။ စိတ်ပျက်အားငယ်နေရင် အချိန်တွေကို သိပ်နှမြောဖို့ကောင်းပါတယ် ။
ဘယ်အခြေအနေမှာဖြစ်ဖြစ် မင်းစိတ်မပျက်ပါနဲ့ ၊ ရဲရဲရင့်ရင့်ရင်ဆိုင် ဖြေရှင်းပါ ။ အဆင်ပြေရင် မင်း ပျော်ရမယ် ။ အဆင်မပြေရင် မင်းသင်ခန်းစာရမယ် ။ နောက်ထပ် ဖြေရှင်းဖို့ နည်းစနစ်ရခြင်းဟာ တန်ဖိုးဖြတ်လို့မရတဲ့ အတွေ့အကြုံတွေပါပဲ ။
#ကောင်းပြည့်သော်

image
13 w - Translate

A narrowly divided Supreme Court issued an order Friday allowing the Trump administration to move forward with the cancellation of federal funding for teacher training initiatives in eight states, lifting a temporary restraining order by a district court judge who had said the pay-outs must continue.
Read more: https://abcnews.visitlink.me/I5FhBp

image
13 w - Translate

ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်
၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင်
ကလေးတွေရဲ့သ‌ဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည်
းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူ
လောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲ
သူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ်
ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီး
ဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့….
ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲ
ဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကို
ပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင်

The Rugrats Movie (1998)

ဇာတ်ကားလင့်
https://t.me/c/2186686827/225

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
13 w - Translate

ambi 2 ကတော့ Disney ရဲ့ ဂန္တဝင်ကာတွန်း (Bambi) ရဲ့
ကြည်နူးစရာကမ္ဘာဆီကိုပြန်လည်ခေါ်ဆောင်ပေးသွားမယ့်
နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။
Bambi 2 ရဲ့ ထူးခြားတဲ့အင်္ဂါရပ်တွေထဲကတစ်ခုကတော့
ရုပ်ရှင်ကိုအဆင့်မြင့်နည်းပညာတွေသုံးပြီးပြန်ရေးဆွဲတဲ့အချိန်မှာ မူ
ရင်းလက်နဲ့ရေးဆွဲထားတဲ့ကာတွန်းပုံစံကိုလည်းဂုဏ်ပြုတဲ့အနေနဲ့
မပျောက်ပျက်အောင်ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။
စိမ်းလန်းစိုပြေတဲ့တောအုပ်တွေ ချစ်စရာကောင်းတဲ့တောအုပ်ထဲက
သတ္တဝါလေးတွေနဲ့ ဘမ်ဘီနဲ့သမ်ပါတို့လိုအဓိကဇာတ်ကောင်လေးတွေဟာ
အရင်အတိုင်းတက်ကြွတဲ့ပုံစံနဲ့နှစ်ခြိုက်ဖွယ်ကောင်းနေတုန်းပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအမှန်တကယ်ထူးခြားစေတာက
သူ့ဖခင်ရဲ့စောင့်ရှောက်မှုအောက်မှာ အရွယ်ရောက်လာမယ့်
ဘမ်ဘီရဲ့ စိန်ခေါ်မှုတွေ အောင်မြင်မှုတွေပြသထားပြီး
အဖေနဲ့သားကြားက ဆက်ဆံရေးအပေါ်အာရုံစိုက်ဖော်ထုတ်ထားတဲ့အတွက်
ကြည်ရှုသူတွေကို အသက်အရွယ်မရွေးဘဲ
ဇာတ်ကောင်နဲ့ချိတ်ဆက်ခေါ်ဆောင်ပေးသွားနိုင်တာဖြစ်ပါတယ်။
Bambi 2 မှာ ရွန်နိုနဲ့မီနာတို့လိုဇာတ်ကောင်အသစ်တွေကိုလည်း
မိတ်ဆက်ပေးထားပြီးတော့ ဇာတ်လမ်းရဲ့ဆွဲဆောင်မှုရှိစေမယ့်
အစိတ်အပိုင်းတစ်ခုအနေနဲ့ ဘမ်ဘီနဲ့ရွန်နိုတို့ရဲ့ပြိုင်ဆိုင်မှုတွေ ပ
ဋိပက္ခတွေကိုလည်းပေါင်းထည့်ပေးထားပါတယ်။
မူရင်းကအရမ်းကောင်းမွန်နေရင် နောက်ဆက်တွဲထွက်လာတဲ့ဇာတ်ကားကပိုကောင်းမွန်တဲ့
မှတ်ချက်ရဖို့အင်မတန်ရုန်းကန်ရပါတယ်။
နောက်ဆက်တွဲဇာတ်ကားတွေကမူရင်းအရသာကိုဖျက်မိတဲ့
များပြားလှတဲ့ဇာတ်ကားတွေကြားထဲမှာ Bambi 2 လေးကတော့
ကောင်းမွန်တဲ့ဥပမာတစ်ခုရဲ့ပြယုဂ်တစ်ခုအနေနဲ့အခိုင်အမာရပ်တည်နေပါတယ်။
သင်နဲ့သင့်မိသားစုရဲ့အပြုံးတွေပြန်လည်အသက်ဝင်ပြီး ပျော်ရွှင်ကြည်နူးအေးချမ်းမှုဆိုတဲ့
ကောင်းမွန်တဲ့စိတ်ခံစားချက်လေးတွေပြန်လည်ခံစားနိုင်စေဖို့
Bambi 2 ကို တင်ဆက်ပေးလိုက်ပါတယ်။
 
Bambi 2

ဇာတ်ကားလင့်
https://t.me/c/2186686827/226

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
13 w - Translate

မိုင်ပေါင်း ၃.၇ ဘီလီယံ (ကီလိုမီတာ ၆ ဘီလီယံ) အကွာအဝေးကနေ ရိုက်ကူးထားတဲ့ ကမ္ဘာမြေရဲ့ဓါတ်ပုံ..📸
ဒီပုံကို "Pale Blue Dot" လို့ခေါ်ပြီး ၁၉၉၀ ခုနှစ်၊ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ Voyager 1 အာကာသ ယာဉ်ကနေ ပြန်လည်ရိုက်ကူးပေးပို့ခဲ့တာဖြစ်ပါတယ်။
#area51 #voyager #palebluedot #earth

image
13 w - Translate

Sydney မှာကျင်းပမယ့် ဖြူဖြူကျော်သိန်းရဲ့ Show ပွဲမှာ အတူရှိနေကြမယ့် အနုပညာရှင်များ
အဆိုတော်ဖြူဖြူကျော်သိန်း၊ ယုဇန ၊ အလှမယ် ထားထက်ထက် နဲ့ ဆရာဝန် မြဝတ်ရည်တို့က ဖြူဖြူရဲ့ပွဲကိုလာရောက်အားပေးရင်း အတူတကွ ရှိနေကြမှာပဲဖြစ်ပါတယ်။ အဆိုတော်ဖြူဖြူကျော်သိန်းဟာ နိုင်ငံတကာပွဲတွေကို ကျင်းပစီစဉ်နေခဲ့တာ ယခုဆိုရင် Sydney မြို့မှာကျင်းပမယ့် ပွဲထိဖြစ်လာခဲ့ပါတယ်။ April လ ၅ ရက်နေ့မှာကျင်းပမှာဖြစ်ပြီး စိတ်တူကိုယ်တူရှိကြတဲ့ သူတို့အနုပညာမောင်နှမတွေ အတူတကွ ရှိနေကြမယ်လို့ ဖြူဖြူကပြောလိုက်ပါတယ်။

#crd
#celenews

image
13 w - Translate

မန္တလေးငလျင်ပျက်စီးမှု အကဲဖြတ်ဖို့ Microsoft AI နည်းပညာ အသုံးပြု
မန္တလေးငလျင် ပျက်စီးဆုံးရှုံးမှုအခြေအနေကို အကဲဖြတ်ရာမှာ Microsoft က ဂြိုဟ်တုဓာတ်ပုံများနှင့် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
Microsoft ရဲ့ AI for Good Lab အဖွဲ့က AI နည်းပညာ သုံးပြီး ဘယ်နေရာမှာ အဆောက်အဦဘယ်လောက် ပြိုကျပျက်စီးခဲ့တယ်/ဘယ်နေရာတွေက အပျက်အစီးများတယ်ဆိုတာ ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်သိအောင် Planet Labs ဂြိုလ်တုကနေ ဓါတ်ပုံတွေ ရိုက်တာပါ။
Microsoft ရဲ့ ငလျင်ဘေး ပျက်စီးမှုဆန်းစစ်ချက်ဟာ အစပိုင်းမှာ တိမ်တွေကြောင့် အခက်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ Microsoft ရဲ့ AI for Good Lab အဖွဲ့က အရင်ကလည်း ဒါမျိုး AI နည်းပညာနဲ့ ထိခိုက်ပျက်စီးမှု ကြည့်ပေးတာတွေ လုပ်ဖူးပါတယ်။ ဥပမာ - ၂၀၂၃ လစ်ဗျား ရေကြီးမှုနဲ့ အခုနှစ် LA တောမီးဘေးတွေမှာပါ။ မန္တလေးငလျင်ဘေးအပျက်အစီးကြည့်ဖို့အတွက်တော့ AI ကွန်ပျူတာအမြင်အာရုံမော်ဒယ်ကို ပြန် customize တည်ဆောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
Microsoft AI analysis မှာတော့ မန္တလေးမှာ ပျက်စီးမှု ၈၀% ကနေ ၁၀၀% ရှိ အဆောက်အဦ ၅၁၅ လုံး ၊ ပျက်စီးမှု ၂၀% ကနေ ၈၀% ကြား အဆောက်အဦပေါင်း ၁၅၂၄ လုံး ရှိတယ်လို့ ပြထားပါတယ်။ Microsoft က ရလာတဲ့ သတင်းအချက်အလက်တွေကို မြေပြင်မှာ ပြန် အတည်ပြုဖို့ လိုတယ်လို့ ပြောပါတယ်။
Microsoft ရဲ့ AI analysis နည်းပညာက ရလာတဲ့ အချက်အလက်တွေကို ကြက်ခြေနီလိုမျိုး ကူညီရေးအဖွဲ့တွေဆီ မျှဝေခဲ့တယ်လို့လည်း သိရပါတယ်။

image
13 w - Translate

ပဲခူးမြို့စွန်မှ ဗြိတိသျှရှားမန်းတင့်ကားများ(1945)

#crd

image
13 w - Translate

မန္တလေး၌ ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲက ယာယီဆေးရုံတည်ဆောက်ပြီး အခမဲ့ကုသမှုများ ဆောင်ရွက်ပေး
********************
(ပြည်တွင်း) ဧပြီ ၅
ဧပြီလ ၄ ရက်မှစ၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးဝန်းအတွင်း၌ Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ့က ယာယီဆေးရုံတည်ဆောက်ပြီး ကုသမှုများ ဆောင်ရွက်ပေးနေခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအကြီးအကဲ Mr. Shogo Yoshitake က မတ်လ ၂၈ ရက်က လှုပ်ခတ် ခဲ့တဲ့ မြေငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသူများအတွက် များစွာဝမ်းနည်းကြေကွဲ ရကြောင်း ပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR)က မန္တလေးမြို့တွင်းမှာ ဆေးကုသရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို ဧပြီလ ၄ ရက်မှစ၍ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

လက်ရှိတွင် မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးဝန်း အတွင်း၌ ဧပြီလ ၄ ရက် မွန်းလွဲ ၁နာရီမှ စတင်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူလူထုများကို Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ့မှ ဆေးရုံတည်ဆောက်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ပြင်ပထိခိုက်ဒဏ်ရာများ၊ အရိုးကျိုးခြင်းနှင့် အထွေထွေရောဂါများအတွက် ဆေးအဖွဲ့ဝင် ၃၁ ဦး နဲ့ အခမဲ့စမ်းသပ် ကုသပေးလျက်ရှိကြောင်း သိရပါတယ်။

image