17 w - Translate

မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ် ကူးစက်မှုမရှိသေးဟု ကျန်းမာရေးဝန်ကြီးဌာန ပြော

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် ပြင်းထန်ဝမ်းရောဂါနှင့် ကာလဝမ်းရောဂါပိုး ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေသည့်အပေါ် ပေါ်ပြူလာနယူးစ်၏ မေးမြန်းချက်နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှုခံယူနေရသူများ ရှိနေပြီး အချို့လူနာများတွင် ပြင်းထန်ဝမ်းရောဂါ နှင့် ကာလဝမ်းရောဂါပိုး တွေ့ရှိရကြောင်း ကျန်မာရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နိုရိုဗိုင်းရပ်စ် ကူးစက်မှုမရှိသေးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဗိုင်းရပ်စ်ကူးစက်မှုမရှိစေရန် ပြည်ထောင်စုနယ်မြေနေပြည်တော်၊တိုင်းဒေသကြီး၊ပြည်နယ်အလိုက် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအပြင် ကျန်းမာရေးဝန်ကြီးဌာနသည် (International Coordinating Group-ICG)သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှတဆင့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး (Oral Cholera Vaccine-OCV)များ တောင်းခံ၍ တိုက်ကျွေးခြင်းကို ဦးတည်အုပ်စုများသတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြားရောဂါဖြစ်ပွားရာ ဒေသများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆေးရုံများတွင် ဆေးကုသမှုပေးခြင်း၊ ဆေးရုံမှတဆင့် ရောဂါပိုး ပြန့်ပွားမှုမရှိစေရေး ရောဂါပိုးထိန်းချုပ်ခြင်း၊ သက်ဆိုင်ရာဒေသအလိုက် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနများမှ ကွင်းဆင်းအဖွဲ့များသည် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည် သူလူထုပူးပေါင်းပါဝင်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်သည့် ကလိုရင်းဆေးခတ်ခြင်း (Mass & Con tinuous Chlorination) လုပ်ငန်း၊ ရေသန့်ဆေးပြားများ ဖြန့်ဝေခြင်းလုပ်ငန်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး (OCV)တိုက်ကျွေးခြင်းလုပ်ငန်း၊ ရောဂါဖြ စ်ပွားသူ၏ နေအိမ်သို့သွားရောက်၍ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရေးအတွက် အနီးကပ်ထိတွေ့သူများအား ပဋိဇီဝဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို အထူးအလေးပေး၍ အချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အင်တာနက်စာမျက်နှာတွင်လည်း အပတ်စဉ် သတင်းထုတ်ပြန်ပေး လျက်ရှိပြီး ပြည်သူလူထုအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရ မည့်အချက်များနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသအလိုက် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများကလည်း ပြည်သူလူထုအား အသိပညာပေးဟောပြောခြင်း၊ ဗီနိုင်းများဖြင့် အသိပညာပေးခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image
17 w - Translate

ဆဋ္ဌ သင်္ဂါယနာ မဟာဓမ္မသဘင်

#oldburma
#ရှေးရှေးတုန်းကဗမာပြည်

image
17 w - Translate

စိတ်နှင့်ဆိုင်သော စကား​ပြောလေးများ

#englisheverywhere

image
17 w - Translate

စိတ်နှင့်ဆိုင်သော စကား​ပြောလေးများ

#englisheverywhere

image
17 w - Translate

စိတ်နှင့်ဆိုင်သော စကား​ပြောလေးများ

#englisheverywhere

image
17 w - Translate

စိတ်နှင့်ဆိုင်သော စကား​ပြောလေးများ

#englisheverywhere

image
17 w - Translate

စိတ်နှင့်ဆိုင်သော စကား​ပြောလေးများ

#englisheverywhere

image
image
image
image
17 w - Translate

ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် အထူးရထားများပြေးဆွဲမည်

နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝနထမ်းတွေ အဆင်ပြေစွာ ခရီးသွားလာနိုင်ဖို့အတွက် ရန်ကုန်-ပြည်နဲ့ ရန်ကုန်-မော်လမြိုင် အထူးရထားခရီးစဉ်တွေကို ပြေးဆွဲပေးမယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ၂၇ရက်မှာ ရန်ကုန်-မော်လမြိုင်အဆန် အထူးရထား၊ မော်လမြိုင်-ရန်ကုန်အစုန်အထူးရထား၊ ဒီဇင်ဘာ၂၈ရက်မှာ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထား၊ မော်လမြိုင်-ရန်ကုန် အစုန်အထူးရထား၊ ရန်ကုန်-ပြည် အဆန်အထူးရထား၊ ၂၀၂၅ခုနှစ် ဇန်နဝါရီ၁ရက်မှာ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထား၊ မော်လမြိုင်-ရန်ကုန် အစုန်အထူးကထားနဲ့ ပြည်-ရန်ကုန် အစုန်အထူးရထားတွေကို ပြေးဆွဲသွားမှာဖြစ်နယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်-မော်လမြိုင်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက်၇နာရီ၄၅မိနစ်၊ မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားဟာ မော်လမြိုင်ဘူတာကနေ မနက်၉နာရီ၁၅မိနစ်၊ ရန်ကုန်-ပြည် အဆန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မွန်းလွဲ၁နာရီ၊ ပြည်-ရန်ကုန်အထူးရထားဟာ ပြည်ဘူတာကနေ ည၁၀နာရီခွဲတို့မှာ အသီးသီးထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့တွေမှာ အထူးရထားတွေအပြင် နေ့စဉ်ပြေးဆွဲနေတဲ့ အမှတ်၈၉အဆန်/ အမှတ်၉၀အစုန် ရန်ကုန်-မော်လမြိုင်ရထား၊ အမှတ်၇၁အဆန်/၇၂အစုန် ရန်ကုန်-ပြည်ရထားတွေလည်း ပုံမှန်အတိုင်းပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမှတ်၂၅အဆန်/၂၆အစုန်နေပြည်တော်-မန္တလေး RBEရထားကို ဒီဇင်ဘာ၂၃ရက်ကစပြီး နေ့စဉ်ပြေးဆွဲပေးနေသလို အမှတ်၃၀၁အဆန် သာစည်-မန္တလေး RBEရထားကိုလည်း နိုဝင်ဘာ၁၁ရက်ကစပြီး နေ့စဉ်ပြေးဆွဲပေးနေတယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်-မ‌န္တလေး-ရန်ကုန် ပုံမှန်ပြေးဆွဲနေတဲ့ရထားတွေမှာလည်း ခရီးသွားပြည်သူတွေ လိုက်ပါစီးနင်းမှုအပေါ်မူတည်ပြီး ဝန်ချိန်ပြည့်တွဲဆိုင်းတွေ တိုးချဲ့ချိတ်ဆက်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရထားလက်မှတ်တွေကို အထက်တန်းအတွက် ၃ရက်ကြို၊ ရိုးရိုးတန်းအတွက် ၁ရက်ကြို ရောင်းချပေးသွားမှာဖြစ်ပြီး လက်မှတ်ခနှုန်းထားတွေကတော့ ပုံမှန်ပြေးဆွဲနေတဲ့ ရထားလက်မှတ်ခနှုန်းထာတွေအတိုင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

image
17 w - Translate

ရာသီမှန်ချင်လား? အဖြူဆင်းသက်သာချင်လား? ကိတ်ပြီးလှ၊ အသားဖြူချင်လား? 💁 မိန်းမကိုယ်ကျဥ်းပြီး အမျိုးသမီးကျန်းမာရေးကို ကောင်းမွန်စေမဲ့ Daily Need သောက်ဆေးလေးရှိပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ အားနည်းလာတဲ့ ဟော်မုန်းဓာတ်တွေကို Daily Need သောက်ဆေးလေးသောက်ပြီး အားဖြည့်ပေးလိုက်ပါ 💗

နေ့စဥ်ပုံမှန်သောက်သုံးပေးရင်း
မိမိကိုယ်ကိုယ်ချစ် မိမိကျန်းမာရေးကို ထိန်းသိမ်းပြီး ကျန်းမာတက်ကြွစွာ နေ့ရက်တိုင်းမှာ ပျော်ရွှင်ဖို့ ရယ်ဒီပဲလား?

အသားအရေလေးလည်း လှ
ကျန်းကျန်းမာမာနဲ့ အမြဲတောက်ပနေဖို့ အခုပဲ Daily Need လေးကို သောက်လိုက်တော့နော်။

မှာယူလိုပါက Message Box မှာသာ ဆက်သွယ်လိုက်ပါ။

#dailyneed #သောက်ဆေး #dailyneedmyanmar

image
17 w - Translate

Never get married

image