13 w - Translate

July လ 3 ရက်နေ့မှာစတင်ထွက်ရှိမယ့် DAN DA DAN Season 2

S2 ရဲ့ပထမဆုံး ၃ ပိုင်းကို May လမှာစတင်ပြီး အရင်ဆုံးရုံတင်ပြသသွားဦးမှာဖြစ်ပါတယ်။

ရုံတင်မယ့်ရက်များ

• Asia: May 30
• North America: June 6
• Europe: June 7

image
13 w - Translate

အိမ်ခြေ ၁၈၅ အိမ်အတွက် ငွေသားကျပ်သိန်း ၄၀၀၀ ကို ရေစက်ချလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ
သူမကတော့ ငွေသား ကျပ်သိန်း ၄၀၀၀ ကို ရေစက်ချလှူဒါန်းခဲ့တာဖြစ်ပါတယ်။ ၇ ရက်သားသမီးများရဲ့ အလှူအဖြစ် ဝေမျှကူညီခဲ့တာဖြစ်ကြောင်း သူမကဆိုပါသေးတယ်။ ပျဉ်းမနားမှာရှိတဲ့ ငလျင်ဘေးသင့်ရာ အိမ်ခြေ ၁၈၅ အိမ်ကို ငွေသားတွေ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

image
13 w - Translate

#tattooideas

image
13 w - Translate

#tattooideas

image
13 w - Translate

#tattooideas

image
13 w - Translate

#tattooideas

image
13 w - Translate

#tattooideas

image
image
image
image
13 w - Translate

#ပြည်တွင်းသတင်း
◼ကျိုင်းတုံ-‌‌တောင်ကြီးလမ်း၌ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲကျ၊ ခုနစ်ဦးသေဆုံး
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၆၆/၆-၇) ကြားရှိ စပါယ်ရှယ်တောင်အဆင်း၌ ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲထိုးကျခဲ့ပြီးခုနစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းနေလူမှုကူညီရေးအသင်းထံမှသိရသည်။
အဆိုပါယာဉ်မှာ Rozer ‌ခြောက်ဘီးခရီးသည်တင်ယာဉ်ဖြစ်ပြီး ယမန်နေ့(ဧပြီ ၈ ရက်) ည ၁၁ နာရီ ခွဲခန့်တွင်လမ်း၏ယာဘက်ပေ (၅၀၀) ခန့် အနက်ရှိချောက်အတွင်းပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။
"ဘယ်လိုကြောင့်ချောက်ထဲကျတယ်ဆိုတာတော့မသိပါဘူး။ ကျွန်တော်တို့အသင်းကိုဆက်သွယ်လာလိုသွားပြီး မီးသတ်အဖွဲ့ကိုကူညီပေးခဲ့တာပါ။ ကားပေါ်မှာခရီးသည် ၁၀ ဦးပါလာတာ ခုနစ်ဦးက သေဆုံးပြီးသုံးဦးဒဏ်ရာရပါတယ်" ဟု တိုင်းနေလူမှုကူညီအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းဒဏ်ရာရရှိသူသုံးဦးကို တိုင်းနေလူမှုကူညီရေးအသင်းယာဉ်ဖြင့်ကျိုင်းတုံဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD

image
13 w - Translate

စံချိန်စံညွှန်းများအတိုင်း ဆောက်လုပ်ခဲ့ခြင်းမရှိသဖြင့် ငလျင်ကြောင့် ပေးဆပ်မှုကြီးမားခဲ့ရဟု နစကဥက္ကဋ္ဌပြော
ရန်ကုန်၊ ဧပြီ ၉
ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း ဆောက်လုပ်ခဲ့ခြင်းမရှိလို့ ငလျင်ကြောင့် ပေးဆပ်မှုတန်ဖိုးတွေ ကြီးမားခဲ့ရခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မနေ့က နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ရှိ ဆေးကုသဆောင်တွေနဲ့ ဝန်ထမ်းအိမ်ရာတွေမှာ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဖြစ်ပွားစဉ် ထိခိုက်ပျက်စီးခဲ့ရမှုများကို သွားရောက်ကြည့်ရှုရင်း အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။
ထိခိုက်ပျက်စီးခဲ့မှုတွေကို ဆောက်လုပ်ရေးပညာရှင်တွေနဲ့ စနစ်တကျစစ်ဆေးပြီး ပြုပြင်လို့ ရနိုင်တဲ့ အဆောက်အဦတွေကို ပြန်လည်ပြုပြင်ခြင်း၊ ပြုပြင်၍မရနိုင်တဲ့ အန္တရာယ်ရှိ အဆောက်အဦတွေကို ဖြိုချဖျက်ဆီးကာ အသစ်ပြန်လည်တည်ဆောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
အဆောက်အဦတွေ ဆောက်လုပ်ရာမှာ တာဝန်ခံအင်ဂျင်နီယာတွေ၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေရဲ့ ရေ/မီးပိုင်းဆိုင်ရာ တာဝန်ခံများအနေနဲ့ အချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီး ဖြစ်ပေါ်လာနိုင်မယ့် သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက်လည်း ထည့်သွင်းတွက်ချက်ဆောက်လုပ်သွားဖို့ တိုက်တွန်းထားပါတယ်။

image
13 w - Translate

(၉.၄.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊
ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၆၁၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၈၆၀,၀၀၀ ကျပ်
၁၅ ပဲရည်ပေါက်စျေး- ၆,၄၆၀,၀၀၀ ကျပ်
👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၃၇၀ ကျပ်(ဝယ်)၊ ၄၄၂၀ ကျပ်(ရောင်း)
👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၀၀၀ ကျပ်
Octane 95 - ၃၀၅၀ ကျ​ပ်
Premium Diesel - ၃၁၉၀ ကျပ်
Diesel - ၂၅၈၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
#news
#mmdbn

image