No Reason to stay is a good reason to leave.
"နေစရာအကြောင်းရင်းမရှိတာက ထွက်သွားဖို့ အကြောင်းရင်းကောင်းပဲလေ။"
#စာတို
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
No Reason to stay is a good reason to leave.
"နေစရာအကြောင်းရင်းမရှိတာက ထွက်သွားဖို့ အကြောင်းရင်းကောင်းပဲလေ။"
#စာတို
ဒီနှစ် မှာ ရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုက
ဘဝမှာ ဘယ်ဟာကိုမှ အတင်းလုပ်မယူဖို့ပဲ
အထူးသဖြင့် လူတစ်ယောက်ရဲ့ Attention ၊ အချစ်၊ သံယောဇဉ်၊ သစ္စာရှိမှု၊ သိတတ်မှု တွေပေါ့
အဲ့ဒါတွေက အတင်းလုပ်ယူဖို့လည်း မတန်ဘူး။
Push လို့ Force လုပ်လို့ ရလာခဲ့ရင်လည်း ကြာကြာမခံဘူး။
မပေးရင်မယူနဲ့
ပေးရင်ယူလိုက်..မငြင်းနဲ့
အဲ့လိုလေးနေတာပဲ အဆင်ပြေတယ်
"ထုံးစံ"
အလုပ်မလုပ်ချင်တဲ့ လူတွေကြားမှာ
အလုပ်ကိုတာဝန်ကျေချင်သူက
အမုန်းခံရတာ ထုံးစံ။
မဟုတ် မမှန် အမုန်းစကားပြောတတ်တဲ့
လူတွေကြားမှာ
မှန်ရာကိုပဲပြောတတ်သူက
အမုန်းခံရတာ ထုံးစံ။
အပျော်အပျက် မက်မော ခုံမင်တဲ့ လူတွေကြားမှာ
ထိန်းထိန်းသိမ်းသိမ်း ပျော်တတ်သူက
အမုန်းခံရတာ ထုံးစံ။
စည်းလွတ် ဝါးလွတ်နေတတ်တဲ့ လူတွေကြားမှာ
ကျင့်ဝတ်စောင့်ထိန်းတတ်သူက
အမုန်းခံရတာ ထုံးစံ။
ဘယ်သူပျက်ပျက်
ဘယ်လိုမုန်းမုန်း
လူမုန်းများမှာ ကြောက်တဲ့ စိတ်နဲ့
ကိုယ့်သိက္ခာနဲ့ကိုယ်ကျင့်တရားကို မဖျက်စီးလိုက်နဲ့ ။
မနောသီရိ
အတွေးနဲ့အမြင်စာစုလေးများ
🌸❤