Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထွက်ထားတာတော့နည်းနည်းကြာပြီဆိုပေမယ့် အခုမှကြည့်ဖြစ်လို့ပါ။ အိန္ဒိယကားတွေအခုမှပြန်ကြည့်ဖြစ်တဲ့အထဲမှာမှ အပြောင်းအလဲလေးဖြစ်နေတဲ့ကားပေါ့။ သိပ္ပံခေတ်လွန်ဆန်ဆန်ရုပ်ရှင်တွေဟာ Bollywoodမှာမြင်ရခဲတဲ့အပြင် ရိုက်လိုက်တဲ့ကားတွေဆိုလည်း failတာများပါတယ်။ Actorတွေရှယ်သုံးထားရင်တောင်CGIများများသုံးရတဲ့ဇာတ်ကားတွေမှာ CGI တွေဂွမ်းနေရင် ပရိသတ်ကလက်မခံကြတာများလာပါတယ်။ ပရာဘတ်စ်အရှေ့မှာထွက်ခဲ့တဲ့ရာမကားဆိုတော်တော်ကြီးကို ဂွမ်းတာပါ။ဒါပေမဲ့ဒီကားကတော့ Marvel DCတို့ရဲ့စံနူန်းတွေနဲ့အပြည့်အဝမယှဥ်ပဲ နည်းနည်းတထစ်ချပြီးကြည့်မယ်ဆိုရင်တော့တော်တော်ကြီးအဆင်ပြေတယ်လို့ပြောရပါမယ်။CGI တွေ effectတွေသုံးထားတာတော်တော်အဆင်ပြေပြီး Doom vibeဆန်ဆန်ကိုမှ madmax styleလေးပါပြီး အိန္ဒိယ ပုံစံနဲ့နတ်ဘုရားတွေရဲ့တန်ခိုးစွမ်းအားတွေကိုချိတ်ဆက်ထားတဲ့ပုံစံမျိုးပါ။ ဇာတ်လမ်းလည်းကောင်းမွန်ပြီး အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ပရာဘတ်စ် ၊အမီတာဘဂျမ်း၊ဒီပိီကား တို့ထက် ဗီလိန်နေရာကလာမယ့် ကမားလ်ဟာစန်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ မကြိုက်တာကတော့ထုံးစံအတိုင်း ဖိုက်တင်ခန်းတွေကအိုဗာဖြစ်နေတာရယ်နဲ့ဇာတ်ကောင်တွေရဲ့ချိတ်ဆက်မူကို 1မှာသေချာမပြသွားတာရယ်ပါ။ Kalki 3အထိထွက်မှာဖြစ်ပြီး လက်ရှိမှာတော့ ကုဋေ၁၀၀၀ကေျာ်ရထားတဲ့ရုပ်ရှင်တခုလည်းဖြစ်လို့ ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
Crown နဲ့ Mark II ဘယ်ဟာပိုကောင်းလဲ?
ဆရာလုပ်ခြင်း မဟုတ်ပါ၊ Crown ဆိုတာ E Segment (Executive Car) ထဲ ကဖြစ်ပြီး Mark II ဆိုတာတော့ D segment (Large Family car ထဲက ပါ။
Crown နဲ့ Cedric ဘယ်ဟာ ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းမျိုးသာ မျှတပြီး အဓိပ္ပာယ်ရှိပါတယ်။ Crown နဲ့ Mark II ဟာ စျေးလဲ မတူ၊ size လဲ မတူသလို Segment လဲ မတူပါဘူး။
Mercedes စကားနဲ့ ပြောရရင် Crown ဟာ E-class ဖြစ်ပြီး Mark II ဟာ C-class ဖြစ်ပါတယ်။ ဒါဟာ အထင်ရှားအလွယ်ကူဆုံး ဥပမာပါ။
(Mark II ဟာ Segment အရတော့ D ဖြစ်ပေမယ့်၊ သူ့ခေတ်အခါက Mercedes C Class ထက် အတွင်းခန်းပိုသားနားပါတယ်) . D segment ထဲမှာ Toyota Camry, Kia Optima, BMW 3 series လိုကားတွေလဲပါဝင်ပါတယ်။
Crown Majesta ကိုတော့ Crown ထက်အနည်းငယ်သာရှည်ပေမယ့် အမျိုးအစားခွဲခြားမှုက F segment (Full size) လို့ ခေါ်ပါတယ်။ Full size ကားများကတော့ Toyota Celsior, Nissan CIMA, Mercedes S class, BMW 7 series , Audi A8, Lexus LS လိုကားတွေပါ။