11 w - Translate

နွေရာသီရဲ့အပူဒဏ်ကိုဘယ်လိုကာကွယ်ကြမလဲ
အခုလိုပူပြင်းတဲ့နွေရာသီကိုရောက်လာရင် အပူဒဏ်ကြောင့်များစွာစိတ်ညစ်ရပါတယ်။အပြင်သွားခါနီး အဝတ်အစားဝတ်တာကအစ အိမ်မှာနေတာအဆုံး ချွေးထွက်များရင်စိတ်အတော်ကိုညစ်ရတာပါ။ဒါကြောင့်ဘယ်လို နည်းလမ်းလေးတွေနဲ့ကာကွယ်ရမလဲ ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ရေများများသောက်ပါ
အဓီကအရေးကြီးဆုံးအချက်တစ်ခုဟာရေများများသောက်ဖို့ပါပဲ။ရေသောက်များလို့အကျိုးမဲ့စေတာမရှိပါဘူး ကုန်ဆုံးသွားတဲ့ချွေးဓာတ်တွေကြောင့် ရေကိုမဖြစ်မနေကိုသောက်သုံးပေးဖို့လိုအပ်ပါတယ်။
• ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration) မဖြစ်အောင် တစ်နေ့ကို အနည်းဆုံး ၂-၃ လီတာ ရေသောက်ပါ။
• အချိုရည်နဲ့ ကဖင်းဓာတ်များတဲ့ အအေးတွေထက် သန့်ရှင်းသောရေ၊ သစ်သီးဖျော်ရည် (ဥပမာ သံပုရာရည်,ရာသီပေါ်သီးနှံတွေနဲ့ဖျော်ထားတဲ့ဖျော်ရည်) ကို ပိုသောက်ပါ။

၂။ သင့်တော်သော ပွပွယောင်းယောင်းအဝတ်အစားများဝတ်ပါ
• ပွပွချောင်ချောင်၊ဒါမှမဟုတ် အဖြူရောင် (သို့) အရောင်ဖျော့ဖျော့ အဝတ်တွေက နွေရာသီအတွက် သင့်တော်ပါတယ်။အပူစုပ်တဲ့ အရောင်တောက်တောက်တွေ၊အမဲရောင်၊ကျပ်လွန်းတဲ့အဝတ်အစားတွေကိုရှောင်ရပါမယ်
• ချည်သား၊ လီနင်သား လို လေဝင်လေထွက်ကောင်းတဲ့ အထည်တွေကို ရွေးချယ်ဝတ်ဆင်ပါ။

၃။ အေးမြသော အစားအစာများစားပါ
• သခွားသီး၊ ဖရဲသီး၊ သံပုရာသီး သ ‌ေင်္ဘာသီး ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေ စားပေးရပါမယ်။
• အပူအစပ်နဲ့ အဆီများတဲ့ အစားအစာတွေ ဥပမာ- ခေါက်ဆွဲအစပ်တွေ၊ငရုပ်သီးနဲ့လုပ်ထားတဲ့အစားစားတွေ ကို ရှောင်ပါ။
၄။ အပူဒဏ်ကို ရှောင်ပါ
• နေ့လည် ၁၁:၀၀ မှ ၄:၀၀ အထိ နေပူထဲ အလုပ်လုပ်ခြင်း၊ လမ်းလျှောက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။ ခရမ်းလွန်ရောင်ခြည် (UV) ကာကွယ်သည့် နေကာမျက်မှန်၊ ဦးထုပ်နဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ။ အေးမြတဲ့အရိပ်ရှိတဲ့အပင်အောက် ဒါမှမဟုတ် အရိပ်ကောင်းကောင်းရတဲ့နေရာအောက်မှာ အလုပ်လုပ်ပါ
• အပြင်သွားရင် ထီး၊ ဦးထုပ် ဆောင်းပါ။ SPF 30+ ပါဝင်တဲ့ ဒါမှမဟုတ် အဲ့ထက်မြင့်တဲ့ နေလောင်ကာခရင်မ် (Sunscreen) ကို အသုံးပြုပါ။ မဖြစ်မနေအပြင်ထွက်ရင်လိုအပ်တဲ့အကာကွယ်တွေဆောင်သွားပါ။
၅။ အိမ်/အခန်းကို အေးမြအောင်ထားပါ
• မနက်ခင်း/ညနေ လေအေးပေးစက်ဖွင့်ပါ မရှိရင် ပြတင်းပေါက်ဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ပါ။မနက်ပိုင်းမှာရေဖြန်းထားပေးပါ။
• အခန်းအပူချိန် ၂၄-၂၆°C အတွင်း ထိန်းထားပါ။
• သင်ပင်တွေကဒီနေရာမှာအကျိုးပြုပါတယ် ဒါကြောင့် အပင်များများစိုက်ပါ။
နွေရာသီကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ! ☀️💦

image
11 w - Translate

ဗလက္ကာရချုပ်ကွက် ဘယ်လိုလဲ
ကိုယ့်လူရဲ့ အကြိုက်ဆုံးချုပ်ကွက်က ဘာလဲဆိုပြီး Ilia Topuria က Islam Makhachev ကို ကြိုမေးမယ်တဲ့။ D'arce Choke လား၊ တခြားချုပ်ကွက်လား။ မေးပြီးရင် Khabib Nurmagomedov ရှေ့မှာတင် Ilia Topuria က Islam Makhachev ကို ဗလက္ကာရပြုကျင့်ပြမယ်။ Islam Makhachev ရဲ့အကြိုက်ဆုံးချုပ်ကွက်အတိုင်းပဲ Ilia Topuria က ချုပ်ပြမယ်တဲ့။ ဝင်လုံးပြီး ချုပ်ပြမယ်လို့ ပြောတာပါ။
Islam Makhachev က ခေသူမဟုတ်ဘူး။ ခေသူမဟုတ်လို့လည်း လိုက်ဝိတ်ချန်ပီယံဖြစ်လာတာပါဲလေ။ နောက်ဆုံးချုပ်ကွက်နိုင်ပွဲတွေမှာ Charles Oliveira ၊ Dustin Poirier နဲ့ Renato Moicano တို့ကို လည်ပင်းညှစ်ထားတာပါ။ ရှေ့ကညှစ်တာ၊ နောက်ကညှစ်တာ၊ ဘေးကညှစ်တာစသဖြင့် ညှစ်နည်းမတူလို့သာ ချုပ်ကွက်နာမည်မတူပေမယ့် လည်ပင်းညှစ်တာ အတူတူပါပဲ။
နောက်ဆုံးချုပ်ကွက်နိုင်ပွဲ (၃) ပွဲလုံးမှာ Islam Makhachev က Charles Oliveira ၊ Dustin Poirier နဲ့ Renato Moicano တို့လို BJJ Black Belt တွေကိုတောင် ချုပ်လာတယ်ဆိုတာပဲ။ ပေါ့သေးသေးမဟုတ်ဘူး။ ပေါ့ကြီးကြီး။ ဆမ်ဘိုနပန်းသမားဆိုပေမယ့် ကြမ်းပြင်ပေါ်မှာ ထုထောင်းပြီး ဒိုင်ပွဲရပ်စောင့်တာထက် ချုပ်ကွက်မှာတင် ပွဲသိမ်းနိုင်တယ်။ UFC အဖွဲ့အစည်းမှာ ချုပ်ကွက်အကောင်းဆုံးဖိုက်တာ Charles Oliveira ကိုတောင် Arm Triangle Choke လုပ်လာတာပဲမလား။
ဆမ်ဘိုက လွယ်တယ်ဆိုရင် ဘရာဇီးဂျူဂျစ်ဆုလို့ ခေါ်မှာပေါ့ဆိုတဲ့ Khabib Nurmagomedov ရဲ့ အာဘော်အတိုင်းပဲ ဆမ်ဘိုကမ္ဘာ့ချန်ပီယံ Islam Makhachev က ဘရာဇီးဂျူဂျစ်ဆုခါးပတ်နက်တွေကို ချုပ်ပြထားတဲ့ သာဓကတွေက ရှိခဲ့ပါပြီ။ Ilia Topuria ကလည်း ဘရာဇီးဂျူဂျစ်ဆုခါးပတ်နက်ပဲမလား။ မူလမှတ်တမ်းအတိုင်းပဲ Islam Makhachev ချုပ်လိုက်တဲ့ ဘရာဇီးဂျူဂျစ်ဆုခါးပတ်နက်စာရင်းမှာ Ilia Topuria ပါသွားမလား။ ကြိုပြောထားတဲ့အတိုင်းပဲ Khabib Nurmagomedov ရှေ့မှာတင် Ilia Topuria ကပဲ Islam Makhachev ကို ဗလက္ကာရပြုကျင့်သွားမလား စောင့်ကြည့်ပါဦးမယ်။

image
11 w - Translate

ကြည်လင်နေတဲ့စိတ်လေးတွေကို
နောက်ကျိသွားအောင် အလုပ်နိုင်ဆုံးဆု
မင်းတို့ EXP က ‌Player တွေ ကိုပေးရမယ်
:'

image
11 w - Translate

lee chou လို့ခေါ်လို့ရပြီ

image

blade runner 2049

11 w - Translate

သူနဲ့လိုက်ဖက်တဲ့ Hero က ဘယ် Hero
ဖြစ်မလဲ ... ။
🤔

image
11 w - Translate

UFC အဖွဲ့အစည်းရဲ့ ကြီး (၄) ကြီး
UFC အဖွဲ့အစည်းရဲ့ အကြီးအကဲတွေက ဆွေးနွေးခန်းဝင်နေတယ်။ ဇွန်လ (၂၈) ရက်မှာ ကျင်းပမယ့် UFC 317 ပြိုင်ပွဲအတွက် ဆွေးနွေးနေကြတယ်လို့ နားလည်မိတယ်။ ညာအစွန်က Dana White ဖြစ်ပါတယ်။ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ပါ။ UFC အဖွဲ့အစည်းမှာ ရာထူးအကြီးဆုံးပါပဲ။
မျက်မှန်တပ်ထားတာက UFC အဖွဲ့အစည်းရဲ့ စီးပွားရေးအရာရှိ Hunter Campbell ဖြစ်ပါတယ်။ UFC အဖွဲ့အစည်းမှာ Dana White ပြီးရင် ရာထူးအကြီးဆုံးပါပဲ။ တကယ်လို့ Dana White နှုတ်ထွက်သွားရင် အိမ်ရှေ့စံ Hunter Campbell က ရာထူးဆက်ခံမယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ ဘဏ္ဍာရေးကိစ္စအဝဝကို စီမံခန့်ခွဲရပါတယ်။
ပိုလိုရှပ်ဝတ်ထားတဲ့ ကိုလူချောက တွဲဆိုင်းတာဝန်ခံ Mick Maynard ဖြစ်ပါတယ်။ Vice President of Talent Relations ရာထူးကို တာဝန်ယူထားပါတယ်။ ဆရာသမားကလည်း ခေသူမဟုတ်ပါဘူး။ Legacy Fighting Championship (Legacy FC) ရဲ့ ဥက္ကဌဟောင်းပါ။ Legacy FC အဖွဲ့အစည်းမှာ Henry Cejudo ၊ Holly Holm နဲ့ Valentina Shevchenko တို့လို ထင်ရှားတဲ့ ကစားသမားတွေကို မွေးထုတ်ပေးဖူးတယ်။
အခုချိန်မှာ UFC အဖွဲ့အစည်းမှာ Mick Maynard တွဲဆိုင်းတာဝန်ခံလုပ်နေပါတယ်။ အမျိုးသားတွေအတွက် ဖလိုင်းဝိတ်၊ မစ်ဒယ်ဝိတ်၊ လိုက်ဟဲဗီးဝိတ်နဲ့ ဟဲဗီးဝိတ်တွဲဆိုင်းတွေကို တာဝန်ယူရပါတယ်။ အဲဒါကြောင့်မို့ ဖလိုင်းဝိတ်ဖိုက်တာ ချင်းလေးမောင်ဗန်က ပွဲတောင်းရင် Mick Maynard ကို Mention ခေါ်တာပါ။ Twitter (X) မှာ သတိထားကြည့်ရင် သိနိုင်ပါတယ်။ ဒါက ဗဟုသုတရအောင် ဖြည့်စွက်ပြောတာပါ။
ဘယ်အစွန်က တွဲဆိုင်းတာဝန်ခံ Sean Shelby ဖြစ်ပါတယ်။ UFC အဖွဲ့အစည်းမှာ Senior Vice President of Talent Relations ရာထူးကို တာဝန်ယူထားတယ်။ UFC အဖွဲ့အစည်းက WEC အဖွဲ့အစည်းကို ဝယ်လိုက်တော့ တွဲဆိုင်းတာဝန်ခံ Sean Shelby ကိုလည်း ခေါ်ထားလိုက်တယ်။ WEC အဖွဲ့အစည်းမှာရှိတဲ့ ဖယ်သာဝိတ်နဲ့ ဘင်တန်ဝိတ်တန်းတွေ ပါလာတော့ UFC အဖွဲ့အစည်းမှာ ဝိတ်တန်းပိုများလာတယ်။ နောက်ပိုင်းမှာ ဖလိုင်းဝိတ်တန်းကို ထပ်တိုးလိုက်တဲ့အပြင် အမျိုးသမီးတွေပါ ယှဉ်ပြိုင်ခွင့်ပြုလိုက်လို့ UFC အဖွဲ့အစည်းမှာ လူအင်အားက အုံလိုက်ကျင်းလိုက်ပဲ။
Sean Shelby က အမျိုးသားတွေအတွက် ဖယ်သာဝိတ်၊ ဘင်တန်ဝိတ်၊ လိုက်ဝိတ်နဲ့ ဝယ်တာဝိတ်တန်းတွေကို တွဲဆိုင်းကပ်ရသလို အမျိုးသမီးတွေဝိတ်တန်းတွေကိုလည်း တွဲဆိုင်းကပ်ရတယ်။ Sean Shelby က အလုပ်များနေရင် Mick Maynard က ကူညီပေးရတယ်။ (မှတ်ချက် - Sean Shelby က Mick Maynard ထက် ရာထူးပိုကြီးပါတယ်) ဆွေးနွေးပွဲအပြီးမှာ တွဲဆိုင်းသတင်းတွေ ကြားရကောင်းပါရဲ့။ စ

image

အိုကေပါ

image

image
11 w - Translate

Land Cruiser 250 series (Prado) ကို Light Duty Land Cruiser လို့ခေါ်ပါတယ်။ ဒါ့ဖြင့် Heavy Duty Land Cruiser က ဘာလဲ? Heavy Duty Land Cruiser ကတော့ Land Cruiser 70 series ကို ခေါ်တာပါတဲ့။
သူဌေးတွေစီးတဲ့ Land Cruiser 300 series ကို တော့ Land Cruiser Station wagon လို့ခေါ်ပါတယ်။

image