မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တဲ့ AP Bren
===============================
World Champion ဆုကို ၂ ကြိမ်တိတိရရှိထားတဲ့ AP Bren / Bren Esports ကတော့ ဒီ MPL Season မှာ အသင်းက ကစားသမားတွေအားလုံးကို Team Falcons ကိုရောင်းချခဲ့ပြီး လူငယ်ကစားသမားတွေနဲ့ အသင်းကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
ဒါပေမယ့် ဒီ Plan ကတော့အလုပ်မဖြစ်ခဲ့ပဲ အခုဆိုရင် AP Bren အနေနဲ့ လက်ရှိကျင်းပနေတဲ့ MPL Philippines Season 15 ကနေ စောစီးစွာထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
သူတို့အနေနဲ့ 1-11 ရလဒ်နဲ့ ဇယားအောက်ဆုံးမှာရပ်တည်လျက်ရှိပြီး Smart Omega တစ်သင်းထဲကိုသာအနိုင်ရရှိခဲ့သလို ကျန်အသင်းအားလုံးကို ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။
AP Bren အနေနဲ့လာမယ့် Season မှာ Roster အပြောင်းအလဲပဲလုပ်မလား၊ ဒါမှမဟုတ်ဒီလူငယ်စီမံကိန်းကိုပဲ ဆက်လက်အသက်သွင်းမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
